မိန်းကလေးတွေ အများစုက ယောကျာ်းလေးတွေနဲ့ ပတ်သတ်လာရင် အဝတ်အစားဖက်ရှင်တွေ အမွေးနံ့သာတွေ ခန္ဓာကိုယ်အချိုးအစားတွေကိုပဲ အလေးထားတယ်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ မိန်းကလေးတွေဟာ တကယ်တော့ အဝတ်အစားတွေ ခန္ဓာကိုယ်အချိုးစားတွေထက် စိတ်နေစိတ်ထား အကျင့်စရိုက်တွေကိုပိုပြီး အလေးထားကြတာဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ မိန်းကလေးတွေသဘောမကျတဲ့ အမျိုးသားတွေရဲ့ အကျင့်စရိုက်နဲ့ အမူအကျင့်လေးတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။
(၁) အပျော်အပါးမက်ခြင်း
ယောကျာ်းလေးအများစုက အပျော်အပါးအသောက်အစားနဲ့ မကင်းနိုင်ကြပါဘူး။ ဒါပေမယ့်လည်း သာမာန်အပျော်အပါး မကင်းတဲ့သူတွေထက်ကိုပိုပြီး အပျော်အပါးအတွက်ပဲ စိတ်အားထက်သန်နေသူ သောက်ပွဲစားပွဲတွေ ပါတီတွေ ကလပ်တွေနဲ့ အပျော်အပါးအတွက်ဆို ရှေ့ဆုံးကပါဝင်နေသူတစ်ယောက်ဆိုရင်တော့ မိန်းကလေးတွေအနေနဲ့ လုံးဝမကြိုက်််ပါဘူး။ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေအပျော်အပါးနဲ့ မကင်းတာကို အတိုင်းအတာတစ်ခုအထိတော့ ခွင့်လွတ်နားလည်ပေးကြပါတယ်။

(၂) မိန်းကလေးတွေနဲ့ ရောရောနှောနှောနေခြင်း
တစ်ချို့သောယောကျာ်းလေးတွေကို တွေ့ဖူးကြမယ်ထင်ပါတယ်။ BFF အမည်ခံနဲ့ မိန်းကလေးတွေကို အရမ်းတွေခင်ပြ အရမ်းတွေရင်နှီးပြတတ်တဲ့ သူတွေမျိုးတွေရှိပါတယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ယောကျာ်းလေးနဲ့ မိန်းကလေးတွေဆိုတာ အတူတွဲရှိတတ်နေပေမယ့် ဘယ်ပဲသွားသွား မိန်းကလေးတွေ တရုန်းရုန်းနဲ့ သွားလာသူ မိန်းကလေးတွေနဲ့ ခြေပုတ်ခေါင်းပုတ် စကားပြောဆိုတတ်သူ မိန်းကလေးတွေနဲ့ အရမ်းကြီး ရောရောနှောနှောနေသူတွေကိုတော့ သူတို့ရဲ့ လက်တွဲဖော်အဖြစ် ရွေးချယ်ကြမှာမဟုတ်ပါဘူး။

(၃) အလေးအနက်မရှိခြင်း
ဘယ်အရာအဆို ပေါ့ပေါ့ပျက်ပျက်နိုင်ခြင်း အလေးအနက်မရှိခြင်း ပြီးပြီးရောလုပ်တက်ခြင်း စတဲ့ အကျင့်စရိုက်ရှိသူတွေကို မိန်းကလေးတွေအနေနဲ့ လုံးဝလုံးဝ သဘောမကျကြပါဘူး။ မိန်းကလေးအနေနဲ့ သူတို့ထက်အသက်ကြီးတဲ့သူဖြစ်စေ ငယ်တဲ့သူဖြစ်စေ အသက်အရွယ်ကို ထည့်စဉ်းစားကြမှာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့အားကိုးအားထားပြုနိုင်သူ လူကြီးလူကောင်းဆန်သူ အရာရာကိုလေးလေးနက်နက် တွေးခေါ်ဆုံးဖြတ်တတ်သူတွေကိုသာ ပိုပြီးသဘောကျတတ်ကြတာဖြစ်ပါတယ်။

(၄) တစ်ကိုယ်ကောင်းဆန်ခြင်း
မိန်းကလေးအများစုက သူတို့ရဲ့လက်တွဲဖော်နဲ့ နှစ်ကိုယ့်တစ်စိတ်ဖြစ်ချင်ကြတာပါ။ ဘယ်အရာမဆို သူတို့နဲ့ တိုင်ပင်တာမျိုး အသိပေးတာမျိုးကိုပဲ လိုချင်တာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ ငါဆိုတဲ့အတ္တကိုရှေ့တန်းတင်ပြီး တစ်ကိုယ်ကောင်းဆန်တတ်တယ်ဆိုရင်တော့ ဝေးဝေးက ရှောင်ကျဉ်ပါလိမ့်မယ်။
(၅) ဒေါသကြီးခြင်း
ဒေါသစိတ်ဆိုတာတော့ လူတိုင်းမှာရှိတက်ပါတယ်။ ယောကျာ်းလေးမှ ဒေါသစိတ်ရှိတာမဟုတ်ပါဘူး မိန်းကလေးတွေမှာလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် ယောကျာ်းလေးတွေဒေါသကြီးပြီဆိုရင် အများစုက ဝုန်းဒိုင်းကျဲသောင်းကျန်းတတ်တာမျိုးပါ။ ဒီလိုမျိုး ဒေါသကြီးတဲ့ အကျင့်စရိုက်ကလည်း မိန်းကလေးအတွက် ဘယ်လိုမှအဆင်ပြေမှာမဟုတ်ပါဘူး။ ဒေါသကြီးမှုရဲ့ နောက်ဆက်တွဲဖြစ်တဲ့ စိတ်တိုတဲ့အခါ လက်ပါခြေပါတာမျိုးတွေကို လုံးဝလက်မခံနိုင်ကြပါဘူးနော်။

Lifestyle_Myanmar
ref-timesofindia.indiatimes.com