ပျိုမေတို့အနေနဲ့ ခရီး တစ်ခုသွားတော့မယ်ဆိုရင် အဝတ်အစားတွေကို သေချာထည့်သွားဖို့နဲ့ ဘယ်နေ့မှာ ဘာဝတ်မယ်ဆိုပြီး သေချာစီစဉ်သွားဖို့က အရေးကြီးပါတယ်။ ဒါကြောင့် ပျိုမေတို့အနေနဲ့ ခရီးတစ်ခုသွားတော့မယ်ဆိုရင် ထည့်သွားသင့်တဲ့ ဖက်ရှင်အမျိုးအစားတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဦးထုပ်
ခရီးသွားတဲ့အခါမှာတော့ ဦးထုပ်လေးတွေက အရမ်းကိုအသုံးဝင်ပါတယ်။ ရိုးရိုးဦးထုပ်လေးတွေပဲဖြစ်ဖြစ်၊ Floppy ဦးထုပ်လေးတွေပဲဖြစ်ဖြစ် နေရာ၊ အဝတ်အစားနဲ့လိုက်ဖက်အောင် ရွေးချယ်တတ်ရင် ဖက်ရှင်ကျစေပါတယ်။

နေကာမျက်မှန်
ခရီးသွားရင် မဖြစ်မနေယူသွားရမှာကတော့ နေကာမျက်မှန်ပါပဲ။ နေကာမျက်မှန်နဲ့ ရှိုးထုတ်လို့လည်းရတဲ့အတွက် သယ်သွားဖို့ဘယ်တော့မှမမေ့နဲ့နော်။
Jeans Jacket
Jeans Jacket ကတော့ ပြောနေစရာတောင်မလိုပါဘူး။ ခရီးသွားတဲ့သူတိုင်း ယူသွားနေကျအဝတ်အစားလေးပဲ ဖြစ်မှာပါ။ Jeans Jacket လေးတွေနဲ့ အမျိုးမျိုးရှိုးထုတ်နိုင်တာမို့ ယူသွားဖို့ မမေ့သင့်ပါဘူး။

Cute Tracksuit/joggers Set
ခရီးသွားတဲ့အခါမှာ အလိုက်ဖက်ဆုံးဖက်ရှင်ကတော့ Cute Tracksuit/joggers Set လေးပါပဲ။ ဝတ်ရတာသက်တောင့်သက်သာရှိပြီး ဖက်ရှင်ကျကာ မိုက်နေစေပါတယ်။ ဒါကြောင့် ဒီဖက်ရှင်လေးကိုလည်း ထည့်သွားဖို့မမေ့ပါနဲ့။
Tennis Shoes
Tennis Shoes လေးတွေကလည်း ခရီးသွားတဲ့အခါမှာ ထည့်သွားသင့်ပါတယ်။ ဓာတ်ပုံရိုက်ရင်လည်း ဖက်ရှင်ကျစေလို့ ခရီးသွားတဲ့အခါမှာ ထည့်သွားဖို့မမေ့သင့်ပါဘူး။

ရေကူးဝတ်စုံ
Hotel တိုင်းကတော့ ရေကူးကန်ပါတာတွေချည်းပါပဲ။ ဒါကြောင့် ခရီးသွားလို့ Hotel မှာတည်းမယ်ဆိုရင် ရေကူးဝတ်စုံလေးထည့်သွားဖို့မမေ့ပါနဲ့။ ရေကူးဝတ်စုံလေးနဲ့ကျတော့ လှလည်းလှသလို၊ ဓာတ်ပုံလည်းရိုက်လို့ကောင်းတာပေါ့။
Pajama Set
Hotel မှာအပ်ရင် ရိုးရိုးညဝတ်ဘောင်းဘီအရှည်တွေနဲ့ တီရှပ်တွေလည်း ဝတ်လို့ရပေမယ့် Pajama Set လေးကျတော့ ဝတ်ထားရင် အရမ်းဖက်ရှင်ကျပြီး ချစ်စရာကောင်းစေတာမို့ ညအိပ်မှမဟုတ်ဘူး၊ အခန်းထဲမှာနေရင်လည်း ဝတ်ထားလို့ရတယ်။ ဒါလေးက ဓာတ်ပုံရိုက်ရင်လည်း ချစ်စရာကောင်းပါတယ်။

Lifestyle_Myanmar
ref-thetravel