ခန္ဓာကိုယ်မှာ အဆီအများဆုံး နေရာကို ပြောပါဆိုရင် ဗိုက်ကိုပဲ ပြောရပါလိမ့်မယ်။ ဗိုက်မှာရှိတဲ့ ဗိုက်အဆီ ကို ဖယ်ရှားဖို့ နည်းလမ်းအမျိုးမျိုးရှိပေမယ့် တကယ်တမ်း Proven ဖြစ်တဲ့ နည်းက သိပ်အများကြီးမရှိပါဘူး။
(၁) အစားအသောက်အလေ့အကျင့် ပြင်ပါ
ညရောက်လို့ မအိပ်ခင် ဘာတွေ စားခဲ့လဲက အရေးကြီးပါတယ်။ ညရောက်ရင် ပေါ့ပေါ့ပါးပါး စားတာက ခန္ဓာကိုယ်ကနေ ပိုလျှံအဆီတွေကို ဖယ်ရှားပေးနိုင်ပြီး ညစာများများ စားလိုက်ပြီဆိုရင် အဆီများများ စုဝေးဖို့ဖြစ်လာပါတယ်။ အိပ်ရာဝင်ဖို့နဲ့ ၂ နာရီကနေ ၃ နာရီ အနည်းဆုံး ခွာပြီး စားပေးပါ။

(၂) သဘာဝအဆီလောင်ကျွမ်းစေမယ့် အစားအသောက်ကို ဂရုစိုက်ပါ
အစားအသောက်နဲ့ ဖြည့်စွက်အစာတွေက အစာအိမ်ကနေတစ်ဆင့် ဝိတ်ကျစေဖို့ မြန်မြန်ဆန်ဆန် ကူညီပေးပါလိမ့်မယ်။ နေ့လည်ခင်းတွေမှာ Green Tea သောက်ပေးဖို့နဲ့ တစ်နေ့တာမှာ အမျှင်ဓါတ်များတဲ့အစားအစာတွေ စားပေးဖို့လိုပါတယ်။

(၃) နေ့တိုင်း လမ်းလျှောက်ပါ
လမ်းလျှောက်တာနဲ့ ပြေးတာဟာ Belly အဆီတွေ ကျဖို့အဓိကကျပါတယ်။ မနက် ၈ နာရီကနေ နေ့လည်ခင်းအတွင်း လမ်းလျှောက်ဖြစ်မယ်ဆိုရင် တစ်လအတွင်း ဗိုက်အဆီတွေကျဖို့ အကူအညီ ဖြစ်စေပါတယ်။ ဒိုက်ထိုးတာ ၊ Belly ရိုက်တာတွေအပြင် လမ်းလည်း လျှောက်ဖို့လိုပါတယ်။

(၄) အုန်းဆီ သုံးပါ
အုန်းဆီကို နေ့စဉ် လက်ဖက်ရည်စားဇွန်း ၂ ဇွန်း စားသုံးတာဟာ ဗိုက်မှာ စုနေတဲ့ အဆီတွေ အမြန်ကျစေနိုင်ပါတယ်။ အုန်းဆီမှာ သွေးတွင်းထဲကနေ တိုက်ရိုက်စုပ်ယူနိုင်တဲ့ Triglycerides အက်ဆစ် ပါရှိပါတယ်။ ရှိပြီးသား အဆီတွေကို ချေဖျက်နိုင်လေလေ ဗိုက်အဆီ ကျတာ မြန်လေလေပါပဲ။

(၅) လေ့ကျင့်ခန်း လုပ်ပါ။
တစ်ပတ်ကို ၄ ရက် ပုံမှန် Workout လုပ်မယ်ဆိုရင်တောင် အဆီက ကျနိုင်ပါတယ်။ တစ်ခုရှိတာက WorkOut လုပ်ချိန်မှာ အစားအသောက် ၊ အနေအထိုင်ကို ပိုပြီး ဂရုစိုက်ရမှာပါ။
Lifestyle_Myanmar
ref-healthline