ဆောင်းပါးလေးမစခင် စာဖတ်သူတို့ကို မေးကြည့်ချင်တာက ဘယ်လိုအမျိုးသားတွေရဲ့ ဝါသနာက အမျိုးသမီးတွေကို ဆွဲဆောင်နိုင်တယ်လို့ ထင်ပါသလဲ။ တချို့တွေက ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းရှိတဲ့ အမျိုးသားတွေဆိုရင် အမျိုးသမီးတွေ မငြင်းဆန်နိုင်ကြဘူးလို့ ပြောကောင်းပြောနိုင်ပါတယ်။ တချို့အတွက်ကျတော့လည်း ပိုက်ဆံရှာနိုင်တဲ့၊ ရုပ်ချောတဲ့ အမျိုးသားတွေကို ကြိုက်မယ်လို့ တွေးနိုင်ပါတယ်။ ဒါတွေက မှားလားဆိုတော့လည်း မမှားနိုင်ပါဘူး။
ဘာလို့လဲဆိုတော့ လူတစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းမတူနိုင်ကြတာမို့ပါ။ အခုတစ်ခါမှာတော့ ဒီဆောင်းပါးလေးမှာ ပြောပြချင်တာက အမျိုးသားတွေရဲ့ အသွင်အပြင်နဲ့ အရည်အချင်းတွေမဟုတ်ဘဲ ဝါသနာတွေအကြောင်းပဲဖြစ်ပါတယ်။ တချို့ရှာဖွေတွေ့ရှိချက်တွေမှာဆိုရင် အမျိုးသားတွေရဲ့ပင်ကိုယ်ဝါသနာတွေဟာ မရည်ရွယ်ထားပါပဲနဲ့ မိန်းကလေးတွေကို ဆွဲဆောင်နိုင်တယ် ဆိုတာကို တွေ့ရှိရပါတယ်။ ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတစ်ယောက်ဟာ အနုပညာကို ဝါသနာပါတတ်ကြပါတယ်။
ပန်းချီဆွဲခြင်း
စိတ်တည်ငြိမ်စွာနဲ့ အာရုံစူးစိုက်ပြီး ဆေးရောင်စုံခြယ် ပုံဖော်နေတဲ့ ယောကျ်ားတစ်ယောက်ရဲ့စတိုင်ဟာ ဆွဲဆောင်မှုအပြည့်ရှိနေတယ်ဆိုတာ သိပါသလား။ တကယ်လို့ သင်ဟာပန်းချီဝါသနာပါသူတစ်ဦးဖြစ်ပြီး ပန်းချီကားတွေကို ဖန်တီးပုံဖော်တတ်သူဖြစ်ပါက အနားမှာမိန်းကလေးတွေ ဝိုင်းနေတတ်ပါတယ်။

သီချင်းဆိုခြင်း
ကိုယ့်စိတ်ထဲမှာရှိတဲ့ခံစားချက်တွေကို သီချင်းစာသားတွေနဲ့ ထုတ်ဖော်ပြသနိုင်ချင်းဟာအကောင်းဆုံး စိတ်ထွက်ပေါက်တစ်ခုဖြစ်ပါတယ်။ ခံစားမှုထဲနစ်မျောပျော်ဝင်ပြီး တေးသီချင်းသီဆိုနေတဲ့ ယောကျ်ားတစ်ယောက်ရဲ့ဟန်ပန်ဟာ မိန်းကလေးတွေ ကြွေဆင်းသွားနိုင်တာပေ့ါ။

ဓါတ်ပုံရိုက်ခြင်း
တချို့အမျိုးသားတွေရဲ့ဝါသနာက အနုပညာကိုသက်ဝင်ခံစားပြီး အလှအပတွေကို မှတ်တမ်းတင်တတ်ကြပါတယ်။ သူတို့ရဲ့ အားလပ်ချိန်မှာ ကင်မရာတစ်လုံးနဲ့ရှိသမျှ အလှအပတွေကို ခံစားတတ်ပါတယ်။ ဒီလိုဝါသနာအရင်းခံတဲ့ အမျိုးသားတွေဟာ သူတို့မရည်ရွယ်ပါပဲလျက် အမျိုးသမီးတွေကို ဆွဲဆောင်ပြီးသားဖြစ်နေတတ်ပါတယ်။

ဂီတာတီးခြင်း
ဂီတာတီးတတ်တဲ့အမျိုးသားတစ်ယောက်ဟာ မိန်းကလေးတွေရဲ့စိတ်ဝင်စားမှုကို သေချာပေါက်ရရှိနိုင်မှာ ဖြစ်ပါတယ်။ မိန်းကလေးအများစုဟာ ဂီတကိုခုံမင်ရူးသွပ်တတ်ကြပါတယ်။

Lifestyle_Myanmar
ref-stylecraze