သဝန်တိုတယ်ဆိုတာက လူတစ်ယောက်မှာရှိတဲ့ ပုံမှန်ခံစားချက်တစ်ခုပါ။ ဒါပေမယ့် ယောကျ်ားလေးတွေထက် မိန်းကလေးတွေက ပိုပြီးတော့ သဝန်တိုလေ့ရှိပါတယ်။ တကယ်ချစ်တဲ့ အတွဲတွေမှာ ပြဿနာဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကလည်း ဒီကိစ္စကြောင့်ပါပဲ။ မိန်းကလေးတွေ သူ့ချစ်သူအပေါ်မှာ သဝန်တိုတာဟာ ကောင်းတဲ့အရာတစ်ခုပါ။ ဒါက ရှင့်ကို ဆုံးရှုံးရမှာ ကြောက်တယ်လို့ ပြောနေတာနဲ့တူတူပါပဲ။ အခု ဒီဆောင်းပါးလေးမှာတော့ မိန်းကလေးတွေ သဝန်တိုရင် လုပ်လေ့ရှိတတ်တဲ့ အရာတွေကို ပြောပြပေးသွားမှာပါ။
လိမ်ညာပြောမယ်
မိန်းကလေးတွေက သူတို့ရဲ့ ခံစားမှုကို ဖုံးကွယ်တဲ့နေရာမှာ အင်မတန်တော်ပါတယ်။ ယောက်ကျားလေးတွေကတော့ သူတို့ ဘာကြောင့် ဒီလိုလုပ်ရလဲဆိုတာ မစဉ်းစားမိတတ်အောင်ဖြစ်တတ်ပါတယ်။ မိန်းကလေးတစ်ယောက် သဝန်တိုနေမယ်ဆိုရင် ရိုးရှင်းတဲ့ မေးခွန်းတွေအပေါ်မှာ မယုံကြည်နိုင်လောက်တဲ့ အဖြေတွေ ပြန်ကြားရတတ်ပါတယ်။

ရုတ်တရက် စိတ်နေစိတ်ထားပြောင်းလာမယ်
သူ့ချစ်သူသာ တခြားမိန်းကလေးတယောက်ယောက်ကို ချီးမွမ်းစကားပြောတာ ဒါမှမဟုတ် စကားပြောဖို့ကြိုးစားတဲ့အခါ ကောင်မလေးရဲ့ ရုတ်တရက် Mood ပြောင်းသွားတာ တွေ့ ပါလိမ့်မယ်။ မိန်းကလေးတွေက စိတ်ပြောင်းလွယ်ကြပါတယ်။ ဒါပေမယ့် သူသာမနာလိုစိတ်တွေ ဝင်နေမယ်ဆိုရင် ထူးဆန်းတာတွေ လုပ်လာပါလိမ့်မယ်။
အလုပ်များသယောင် လုပ်နေမယ်
တခါတလေ မိန်းကလေးတွေ သဝန်တိုနေမယ်ဆိုရင် သူတို့ကို ဂရုစိုက်လာအောင် အလုပ်များချင်ယောင် ဆောင်နေတတ်ပါတယ်။ နှစ်ဦးသား သူငယ်ချင်းတွေနဲ့အတူ အပြင်သွားတဲ့အခါမှာ ချစ်သူကောင်လေးက တခြားမိန်းကလေးသူငယ်ချင်းနဲ့ စကားပြောနေရင် ကောင်မလေးက ဖုန်းကိုတစ်ချိန်လုံးကြည့်ပြီး အလုပ်များချင်ယောင် ဆောင်တတ်ပါတယ်။ ပြီးတော့ တခြားကောင်လေးတွေနဲ့ စကားပြောဖို့ ကြိုးစားပါလိမ့်မယ်။ ဒါက ချစ်သူကောင်လေးရဲ့ အာရုံစိုက်မှုကို လိုချင်လို့ လုပ်တာပါ။
နောက်ပြီး သူ မနာစိတ်ရှိသလိုမျိုး ချစ်သူကောင်လေးလည်း သူ့ကို မနာလိုစိတ်ရှိမလားဆိုပြီး စမ်းကြည့်တာလည်းဖြစ်နိုင်ပါတယ်။ မိန်းကလေးတွေက စုံထောက်ပညာမှာ တော်ကြပါတယ်။ တခြားမိန်းလေးနဲ့ ဒိတ်နေပြီလို့ သံသယရှိရင် ဒါမှမဟုတ် တခြားမိန်းကလေးနဲ့ သဝန်တိုနေမယ်ဆိုပါစို့။ ချစ်သူကောင်လေးရဲ့ဖုန်းကို စစ်ဆေးဖို့ နှစ်ခါပြန်စဉ်းစားမှာ မဟုတ်တော့ပါဘူး။ ဘယ်သူနဲ့စကားပြောထားလဲ။ ဘာအကြောင်းတွေ ပြောထားလဲ။ ဘယ်မိန်းကလေးရဲ့ပုံတွေ ဖုန်းထဲမှာ သိမ်းထားလဲ စသဖြင့် အသေးစိတ်ကအစ လိုက်စစ်နေမှာပါ။

တခြားမိန်းကလေးအကြောင်း မကောင်းပြောမယ်
ဒါက သူသဝန်တိုသလိုမျိုး ချစ်သူကောင်လေးကိုလည်း သဝန်တိုလာအောင် တမင်ရည်ရွယ်ပြီးလုပ်နေတာပါ။ သဝန်တိုတာက ချစ်ကြတဲ့စုံတွဲတိုင်းမှာ ဖြစ်တတ်ကြပါတယ်။ ပုံမှန်သဝန်တိုတာက Relationship တစ်ခုကို အရမ်းကြီးမထိခိုက်စေပါဘူး။ ဒါပေမယ့် ပုံမှန်ထက်များနေရင်တော့ အတွဲတွေကြားမှာ ပြဿနာကြီးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သဝန်တိုစိတ်တွေမဖြစ်အောင် စိတ်ကို အတတ်နိုင်ဆုံး ထိန်းဖို့လိုအပ်ပါတယ်။

Lifestyle_Myanmar
ref-lifehack