မိန့်ခွန်းတတ်ပြောရတဲ့အခါ သင့်ကို ဆွဲဆောင်မှု ပိုရှိစေနိုင်တဲ့ ကိုယ်ဟန်အမူအရာ (၁၆)မျိုး
0
299
စကားပြောနေစဉ် ဆံပင်တွေကို လိမ်နေတာ၊ လက်ပိုက်ထားတာ၊ လက်ချောင်းတွေကို ပွတ်သပ်နေတာတွေက သင့်ဆွဲဆောင်မှုကို ပျက်စီးစေနိုင်ပါတယ်။ အဲ့ဒီအစား ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေပြီး ပတ်ဝန်းကျင်ရှိ လူများကို ချက်ချင်းဆွဲဆောင်ဖို့ သင့်တော်တဲ့ အမူအရာတွေကိုသုံးရပါမယ်။ အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ဆိုရင် ကိုယ်ဟန်အမူအရာတွေကလည်း အရေးကြီးပါတယ်။လက်ဖဝါးတွေကို ဖြန့်ပြခြင်း၊ သင့်ရဲ့ လက်ကို ရင်ဘတ်ပေါ်မှာ တင်ခြင်းစတဲ့ အမူအယာများက သင့်ရဲ့ စကားပြောဆိုမှုကို ပိုပြီးဆွဲဆောင်မှု ဖြစ်စေပါလိမ့်မယ်။ ဒီလက်ဟန်အမူအယာတွေသုံးခြင်းက သင့်ကို တခြားသူတွေ ကြာရှည်အမှတ်ရနေစေမယ့် နည်းလမ်းလည်း ဖြစ်ပါတယ်။ အများရှေ့မှာ စကားပြောဆိုတဲ့အခါ၊ သူငယ်ချင်းနဲ့ စကားစမြည် ပြောဆိုတဲ့အခါ ၎င်းတို့ကို အသုံးပြုနိုင်ပါတယ်။
၁။ ကျွန်တော်တစ်ခု ပြောပါရစေ
ဒါက အခြေအနေရဲ့ အရေးပါမှုကို ချက်ချင်းထောက်ပြပြီး လူအများရဲ့ အာရုံကို ဖမ်းစားဖို့ ကူညီပေးမယ့် အစွမ်းထက်တဲ့ အမူအရာတစ်ခု ဖြစ်ပါတယ်။ လူအများစုက လက်ညိုးထိုးပြတာကို မနှစ်သက်ကြတာကြောင့် ၎င်းကို အသုံးပြုတဲ့အခါ သတိထားရပါမယ်။ သင့်ရဲ့မိန့်ခွန်းမှာ သိသာထင်ရှားတဲ့ အချက်တွေကို အလေးအနက်ဖော်ပြဖို့ လိုအပ်တဲ့အချိန်မှာသာ အသုံးပြုပါ။
၂။ လက်ဖဝါးတွေကို ဖြန့်ပြတဲ့ အမူအရာ
ဒီအမူအရာက သူတို့ကို သင်ပွင့်လင်းကြောင်း ဖော်ပြနေပါတယ်။ သင်ပြောနေသလိုမျိုး “ငါမှာဖုံးကွယ်စရာ ဘာမှမရှိဘူး”လို့ဖော်ပြနေတာ ဖြစ်တာကြောင့် တစ်ချိန်တည်းမှာပဲ ဒါက သင့်ကို နားထောင်နေတဲ့ သူတွေနှင့်အတူ စိတ်ရင်းမှန်ဖြင့် ရင်းနှီးမှုရစေပါလိမ့်မယ်။ သို့သော် ဒီအမူအယာကို အလွန်အကျွံ သုံးဖို့ မလိုအပ်ပါဘူး။ များလွန်းတာက ဘယ်တော့မှ မကောင်းပါဘူး။
၃။ “You”
ဒါက ခေါင်းစဉ်တစ်ခုကို မီးမောင်းထိုးပြတဲ့အခါမှာ၊ တစ်ယောက်ယောက်နဲ့ connection တည်ဆောက်တဲ့အခါမှာ အလွန်ကောင်းတဲ့ ကိုယ်ဟန်အမူအရာတစ်ခု ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ကို လက်ညိုးထိုးပြခြင်းဟာ မယဉ်ကျေးသလို ဖြစ်စေတာကြောင့် သင့်ရဲ့ interlocutors တွေ ပါဝင်ခံစားစေဖို့ အသုံးပြုနိုင်ပါတယ်။ သင်ပြောနေတာတွေထက်ပိုပြီး တစ်စုံတစ်ယောက်နဲ့ ရင်းနှီးချင်တဲ့ အခြေအနေမျိုးမှာ ညွှန်ပြခြင်းက အသုံးဝင်ပါလိမ့်မယ်။ ဒီအမူအယာက ဘယ့်သူကိုမဆို အချိန်မရွေး အာရုံဖမ်းစားပါလိမ့်မယ်။
၄။ Hand-on-heart
ကေပေါ့အဆိုတော်တွေ မိတ်ဆက်စကားပြောတဲ့အခါ လက်ကိုရင်ဘတ်ပေါ်မှာတင်ပြီး ပြောတာကို တွေ့ဘူးကြမှာပါ။ လူတစ်ယောက်က သူတို့ရင်ဘတ်ပေါ် လက်တင်ပြီး စကားပြောလိုက်တဲ့အခါ လူအများစုက ထိုသူဟာ အမှန်တရားကို ပြောနေတာလို့ အလိုအလျောက် ခံစားရပါလိမ့်မယ်။ ၎င်းဟာ ရိုးသားမှုကို ပြသဖို့ အသုံးပြုတဲ့ ကမ္ဘာလုံးဆိုင်ရာ အမူအယာတစ်ခုဖြစ်ပြီး သင်ပြောနေတဲ့ အရာတွေက အမှန်တွေလို့ ခံစားရစေပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ အမှန်တရားကို ညွှန်ပြနေပါတယ်။
ဒါက အသုံးအများဆုံးနဲ့ အဓိပ္ပါယ်ရှိသော အမူအရာတစ်ခု ဖြစ်ပါတယ်။ ကျော်ကြားတဲ့ အဆိုတော်များစွာ ကျင့်သုံးကြပြီး လူအများပေါ်မှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှု အမြဲတမ်း ရှိပါတယ်။
၅။ တချို့အချက်တွေနဲ့ ယှဉ်ကြည့်ခြင်း
ဒီလိုလက်ဟန်ခြေဟန်နှင့် ပြောဆိုရင် သင်ပြောတဲ့ point ကို ပိုကောင်းစေတယ်ဆိုတာ နားလည်သဘောပေါက်ပါလိမ့်မယ်။ ဒီအမှတ်အသားက အချက်၂ချက်ကို ပြသဖို့ အသုံးပြုပါတယ်။ သင့်ရဲ့ လက်များကို အပေါ်မှ အောက်သို့ ရွှေ့ခြင်းဖြင့် သင်ပြောနေတဲ့အရာကို နားထောင်သူတွေ နားလည်ဖို့ ပိုမိုလွယ်ကူစေပါတယ်။ ၎င်းက အကြောင်းအရာတစ်ခုနဲ့ တစ်ခုကို ခွဲခြားဖို့လည်း ကူညီပေးပါတယ်။
၆။ အချက်နည်းနည်းလေး
သင့်မိန့်ခွန်းရဲ့ အရေးအကြီးဆုံးအချက်များကို ထောက်ပြဖို့ ဒီအမူအယာကို အသုံးပြုသင့်ပါတယ်။ ပရိတ်သတ်က သူတို့ဟာ သတင်းအချက်အလက်ကို အာရုံစိုက်ဖို့ လိုတယ်လို့ ခံစားမိစေပါတယ်။ သင့်စကားလုံးတွေပေါ်မှာ သူတို့ရဲ့ အာရုံကို focus လုပ်နိုင်ပါတယ်။
၇။ အဝေးကို တွန်းပို့ခြင်း
အချို့သော အိုင်ဒီယာတွေ ဆွေးနွေးပြီးသား၊ မလိုအပ်တော့ဘူလို့ ခံစားရတဲ့အခါ သူတို့ကို အဝေးသို့ တွန်းပို့ထားဖို့ သင့်ရဲ့လက်တွေကို သုံးပါ။ သင်နှင့် နားထောင်သူများကြားရှိ အကွာအဝေးကို ရှင်းလင်းပြီးတဲ့ ပုံပေါက်စေပါတယ်။ စကားဝိုင်းတစ်ခုရဲ့ ကျိုးကြောင်းဆီလျော်သော နိဂုံးတစ်ခုအဖြစ် ရှုမြင်ပြီး နားထောင်သူများကို တခြားခေါင်းစဉ်ပေါ်မှာ အာရုံစိုက်လာစေဖို့ ကူညီပေးပါလိမ့်မယ်။
၈။ ရေတွက်ခြင်း
ဆွေးနွေးဖို့ လိုအပ်တဲ့ အချက်တွေ များစွာရှိရင် သင့်ရဲ့ အတွေးတွေကို စာရင်းလုပ်ဖို့ သင့်လက်ချောင်းတွေကို သုံးပါ။ သင့်ရဲ့ မိန့်ခွန်းထဲကို structure ထည့်ဖို့နှင့် သင့်ရဲ့ interlocutors များ သင့်စီးဆင်းမှုနောက်ကို လိုက်ဖို့ ပိုမိုလွယ်ကူစေပါလိမ့်မယ်။ အကောင်းဆုံးနည်းကတော့ သင့်လက်ချောင်းများကို လှုပ်ရှားပြီး အသံကျယ်ကျယ်နဲ့ ရေတွက်ဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် လူတွေဟာ သင်နောက်ထပ် ပြောမယ့်အချက်ကို စိတ်ဝင်စားလာတာကြောင့် သိလိုစိတ် အချို့ကို ဖန်တီးပေးပါတယ်။
၉။ မှတ်ဉာဏ်ကို အားပေးတိုက်တွန်းမှု
ပရိတ်သတ်ရဲ့ မှတ်ဉာဏ်ကို အားပေးဖို့ နောက်ထပ် အမူအယာတစ်ခုက သင့်ရဲ့လက်ချောင်းများဖြင့် သင့်နားထင်ကို ဖွဖွခေါက်ခြင်းဖြစ်ပါတယ်။ ဒါက အရေးကြီးတဲ့ အယူအဆတစ်ခု သို့မဟုတ် ဖော်ပြချက်တစ်ခုကို မှတ်မိဖို့ လိုအပ်တဲ့အခါ ညွန်ပြတဲ့ အမူအယာဖြစ်ပါတယ်။
၁၀။ အချက်တွေကို အဆင့်သတ်မှတ်ခြင်း
ဒီအမူအယာက တစ်ခုခုကို စာရင်းလုပ်ဖို့အတွက် သို့မဟုတ် အရေးအပါဆုံးနဲ့ အနည်းဆုံး အရေးပါတဲ့အချက်များကို အဆင့်သတ်မှတ်ဖို့ အခြေအနေ ၂ခုမှာ အသုံးပြုနိုင်ပါတယ်။ ဥပမာ- ဦးစားပေးအရာတစ်ခုခုကို ဖော်ပြဖို့ သင့်ရဲ့ လက်ဖဝါးကို အထက်သို့ မြင့်တင်နိုင်ပါတယ်။ ပြီးတော့ သင်ဟာ အဲ့ဒါကို ချလိုက်ခြင်းအားဖြင့် အဆင့်နိမ့်ပြီး အာရုံစိုက်စရာသိပ်မလိုဘူးလို့ ညွှန်ပြနိုင်ပါတယ်။
၁၁။ လက်ပြန်ရိုက်ပြခြင်း
တစ်ခါတစ်ရံ သင့်မိန့်ခွန်းရဲ့ အရေးအကြီးဆုံးအချက်တွေကို အနှစ်ချုပ်ဖို့နဲ့ ၎င်းရဲ့ အပိုင်းတစ်ချို့ကို အာရုံစိုက်ဖို့ လိုကောင်းလိုပါလိမ့်မယ်၊။ ဒီကိစ္စမှာ သင်ဟာ “နားထောင်ပါ”ဆိုတဲ့ အမူအယာကို သုံးနိုင်ပါတယ်။ ဒါက အပြီးသတ်လှုပ်ရှားမှုတစ်ခုဖြစ်ပြီး လူများအား သင်ပြောမယ့်အရာတွေပေါ်မှာ အာရုံစိုက်ဖို့နဲ့ သူတို့ကို မှတ်မိဖို့လိုကြောင်း နားလည်စေပါတယ်။
၁၂။ ဒါ ငါပြောတာမဟုတ်ဘူး
ပရိသတ်ကို ပြောတဲ့အခါ ပိုထိရောက်တဲ့ နည်းလမ်းတစ်ခုက ရိုးရှင်းတဲ့ ပြက်လုံးတွေကို လုပ်တာပါ။ သင်ပြောနေတဲ့ ဇာတ်လမ်းမှာ ကိုယ်နဲ့ပတ်သတ်တဲ့ အကြောင်းအရာတစ်ခုခုကို ငြင်းပယ်ဖို့ လိုအပ်လျှင် ဒီလှုပ်ရှားမှုကို သုံးနိုင်ပါတယ်။ ၊ သင်ပါဝင်ပတ်သတ်မှု မရှိကြောင်း ပြသလိုလျှင် သင့်လက်ဖဝါးတွေကို မြှင့်တင်လိုက်ပါ။ ဒီအမူအယာကို ရယ်စရာကောင်းတဲ့ မျက်နှာနှင့် ဟာသတစ်ခု တွဲဖက်ပြောခြင်းက သင်ပြောနေတဲ့ သူတွေအပေါ် အပြုသဘော သက်ရောက်စေပါတယ်။
၁၃။ လက်ထိပ်ဖျားလေးတွေ ထိခြင်း
လက်ချောင်းလေးတွေချင်း ထိထားခြင်းက ၎င်းရဲ့ နောက်ကွယ်မှာ အထူးအဓိပ္ပာယ် ရှိပါတယ်။ ၎င်းက သင့်ရဲ့ confidence ကို ပြသနေပြီး သင့်ကို သြဇာအာဏာရှိတဲ့ ပုံပေါက်စေပါတယ်။ သင်ဟာ တစ်ယောက်ယောက်ရဲ့ ယုံကြည်မှုကို ရလိုလျှင် ဒီအမူအယာကို မသုံးသင့်ပါဘူး။
တစ်ယောက်ယောက်နဲ့ ညှိနှိုင်းဆွေးနွေးဖို့၊ ဆွဲဆောင်ဖို့ လိုအပ်တဲ့အခါမျိုးမှာ သုံးတာပိုမိုကောင်းမွန်ပါတယ်။ ဒီအမူအယာက ရှေ့နေများနှင့် နိုင်ငံရေးသမားများ အကြားမှာ အလွန်
ရေပန်းစားပါတယ်။
၁၄။ ငါတို့လုပ်နိုင်တယ်
အထူးသဖြင့် ဒီအမူအယာက သင့်မိန့်ခွန်းထဲမှာ စိတ်ခံစားမှုအားတစ်ခု ထည့်သွင်းပါလိမ့်မယ်။ လက်သီးဆုပ်ခြင်းက သင့်အား strong ဖြစ်စေပုံရပြီး အားပေးအားမြှောက်မှုလည်း ဖြစ်စေပါတယ်။ သင့်ရဲ့စိတ်လှုပ်ရှားမှုက သင့်ပရိသတ်ကို ကျော်လွှားသွားပါလိမ့်မယ်။ ဒီလှုပ်ရှားမှုနှင့်အတူ “ငါတို့ဒါကို လုပ်နိုင်တယ် “၊ “ငါတို့ strong ဖြစ်ကြစို့” လို့ ပြောခြင်းဖြင့် သူတို့ဟာ သင်ပြောတဲ့အရာတွေကို အခိုင်အမာယုံကြည်ပြီး သင့်ရဲ့ အောင်မြင်မှုမှာ ယုံကြည်မှုရှိလာပါလိမ့်မယ်။
၁၅။ ခဏလေး နားထောင်ပါ
တစ်ယောက်ယောက်ဆီကို သင့်လက်ဖဝါးမြှောက်ပြမယ်ဆိုရင် သူတို့ကို စက္ကန့်အနည်းငယ်လောက် ငြိမ်သက်ပြီး နားထောင်ပေးစေချင်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ကိုယ်ပြောမယ့်စကားက အချိန်ကြာသွားရင် ရိုင်းပြတဲ့အသွင်ဖြစ်စေတာကြောင့်၊ ထိုးစစ်တောင် ဖြစ်လာနိုင်တာကြောင့် စကားအများကြီးပြောရမယ်ဆိုရင် ၎င်းကို မသုံးသင့်ပါဘူး။ ယဉ်ကျေးစွာပြောပြီး သုံးမယ်ဆိုရင် နားထောင်သူများဟာ သင်ပြောတဲ့ အချက်အလက်များကို အာရုံစိုက်လာစေနိုင်ပါတယ်။
၁၆။ လက်မထောင်ပြခြင်း
လူအများစုအတွက် လက်မထောင်ပြခြင်းက အတည်ပြုခြင်းကို ဖော်ပြနေပြီး ၎င်းနှင့် ပြောဆိုတဲ့ စကားလုံးများနောက်ကွယ်မှာ အပြုသဘောဆောာင်တဲ့ အဓိပ္ပာယ်ရှိပါတယ်။ ဒါကို လူတွေကို အားပေးတဲ့အခါ စကားပြောဆိုမှုရဲ့ အဆုံးမှာ သုံးနိုင်ပါတယ်။ ဒီအမူအယာကို နိုင်ငံရေးသမားများက လူတွေရဲ့ စိတ်နေစိတ်ထားကို တိုးတတ်စေဖို့နှင့် အားပေးတဲ့အခါမှာ အသုံးပြုပါတယ်။
Lifestyle_Myanmar
LM_Nandar
ZawGyi
၃။ “You”
၎။ Hand-on-heart
၆။ အချက်နည်းနည်းလေး
၈။ ရေတွက်ခြင်း
၁၁။ လက်ပြန်ရိုက်ပြခြင်း
၁၂။ ဒါ ငါပြောတာမဟုတ်ဘူး
ရေပန်းစားပါတယ်။
၁၄။ ငါတို့လုပ်နိုင်တယ်
၁၅။ ခဏလေး နားထောင်ပါ
၁၆။ လက်မထောင်ပြခြင်း
Lifestyle_Myanmar
LM_Nandar
LEAVE A REPLY
Please enter your comment!
Please enter your name here