မိန္းကေလးေတြ ႏွစ္သက္တဲ့ ကိုရီးယားဖက္ရွင္စတုိင္က ဘာေတြျဖစ္မလဲ?

0
80

ကမာၻတစ္ဝွမ္းက လူအေတာ္မ်ားမ်ား ႏွစ္သက္ၾကတဲ့ ဖက္ရွင္စတိုင္တစ္ခုကေတာ့ ကိုရီးယားဖက္ရွင္စတိုင္ေလးေတြပဲ ျဖစ္ပါတယ္။ ပ်ိဳေမတို႔လည္း ႏွစ္သက္ၾကမွာပါေနာ္။ ကိုရီးယားဖက္ရွင္ဆိုလို႔ အတိုအျပတ္ေတြခ်ည္းပဲ မဟုတ္ပါဘူး။ လံုလံုၿခံဳၿခံဳနဲ႔ စတိုင္က်တဲ့ ဖက္ရွင္ေလးေတြလညး္ ရွိတာေၾကာင့္ ပ်ိဳေမတို႔ရဲ႕ အသက္အရြယ္အလိုက္ ေရြးခ်ယ္ဝတ္ဆင္လို႔ရပါတယ္။

၁။ Girlish Style

ကိုရီးယား Girlish Styleဟာ ငယ္ရြယ္ၿပီး ျဖတ္ျဖတ္လတ္လတ္ပံုစံ အျပည့္အဝေပးထားပါတယ္။ မတူညီတဲ့ မိုႏိုခရုမ္ဝတ္စံုေတြကို ခ်စ္စရာေကာင္းေအာင္ ဘယ္လုိေပါင္းစပ္လို႔ရသလဲဆိုတာ ျပသေနပါတယ္။ မိန္းကေလးအမ်ားစုက ကိုယ့္ရဲ႕ေျခေထာက္အရွည္ကို ပိုၿပီးရွည္သြယ္တဲ့ ပံုေပါက္ေစဖို႔အတြက္ ဘယ္လိုေပၚလြင္ေအာင္လုပ္ရမယ္ဆိုတာ နားလည္ပါတယ္။ ဒူးအထိဂါဝန္ေလးေတြ၊ မီနီစကပ္ေလးေတြ၊ ေဘာင္းဘီအတိုေလးေတြက ကိုရီးယားစတိုင္မွာ အရပ္ရွည္ရွည္နဲ႔ ခ်စ္စရာေကာင္းၿပီး မိန္းကေလးဆန္ဆန္ ဒီဇိုင္းေလးေတြပဲျဖစ္ပါတယ္။

အျဖဴေရာင္ဖိနပ္နဲ႔ တြဲဖက္ျခင္းက စိတ္ေနစိတ္ထားကို ေပၚလြင္ေစၿပီး အဝတ္အစား ဘယ္အေရာင္မဆို ေကာင္းေကာင္း လိုက္ဖက္ႏိုင္ပါတယ္။

၂။ All Black Style

All Black ထသြားထလာ ဝတ္စံုေတြကလည္း မတူပါဘူးေနာ္။ classical black က အရမ္းလန္းၿပီး “မရိုးလြန္း မဆန္းလြန္းတဲ့ အလွတရား” အဓိပၸာယ္တစ္ခုကို ေပးပါတယ္။ သတၱဳ accessories တခ်ိဳ႕နဲ႔ တြဲဖက္တဲ့အခါ look တစ္ခုလံုးကို ၿငီးေငြ႕စရာမေကာင္းပဲ ပိုၿပီးဆန္းသစ္ေစပါတယ္။

၃။ Boyish Style

Boyish Style မွာ အဓိကအေရာင္ေတြက ေဖ်ာ့ေဖ်ာ့ေလးေတြျဖစ္ၿပီး အေျခခံအားျဖင့္ အဝတ္အစားရဲ႕fittingက ခပ္ပြပြေလးေတြျဖစ္ပါတယ္။ အျဖဴေရာင္ေျခအိတ္နဲ႔ ကင္းဗက္ဖိနပ္မ်ားက ဖက္ရွင္ Look ကုိ အေခ်ာသတ္ဖို႔ မရွိမျဖစ္လိုအပ္တာေတြပဲျဖစ္ပါတယ္။ အဝတ္အစားေတြက အစင္းေလးေတြ၊ စာတမ္းေလးေတြႏွင့္အတူ ရိုးရွင္းၿပီး လွပပါတယ္။ ေဘာင္းဘီေတြက boyfriend jeans ဒါမွမဟုတ္ leg cropped trousersလို အိတ္နဲ႔တူတဲ့ဒီဇိုင္းေတြ ျဖစ္ပါတယ္။

၄။ Retro Sports Style

Retro Sports Styleဟာ အေပၚက မိန္းကေလးဆန္ဆန္နဲ႔ ေအာက္က ေယာက်ာ္းေလးဆန္ဆန္ ေပါင္းစပ္ထားျခင္းျဖစ္ပါတယ္။ ဒီLook ရဲ႕အေရာင္ေတြက အမ်ိဳးမ်ိဳးရွိၿပီး အမ်ားစုကေတာ့ တျခားရိုးရွင္းတဲ့ပံုစံေလးေတြ ၊ အစင္းေတြနဲ႔ အစက္ဒီဇုိင္းေလးေတြ ျဖစ္ပါတယ္။

၅။ Korean OL Style

Korean OL Style ဆိုတာကေတာ့ ရံုးတတ္ေနတဲ့ ေလဒီေလးေတြရဲ႕ ဖက္ရွင္ပံုရိပ္ကို ျပသေနတဲ့ ဒီဇိုင္းေတြပဲျဖစ္ပါတယ္။ အရမ္းလညး္ formal မက်ပါဘူး။ ဒီစတိုင္ရဲ႕ပိြဳင့္ကေတာ့ အသြင္အျပင္တစ္ခုလံုးကို ေျပာင္းဖို႔ accessories ကိုအသံုးခ်တာ ျဖစ္ပါတယ္။ ေပါ့ေပါ့ပါးပါးဖိနပ္တစ္စံု၊ သတၱဳလက္ေကာက္တစ္ရံ၊ ေခတ္ဆန္ဆန္အိတ္တစ္လံုးက ပိုၿပီးေပါ့ေပါ့ပါးပါး ျဖစ္ေစသလို ကိုယ္ေရာင္ကိုယ္ဝါကိုလည္း ေတာက္ပေစပါတယ္။

ပိုၿပီးေပါ့ေပါ့ပါးပါးဝတ္ဆင္ဖုိ႔အတြက္ ကိုရီးယား အိုဗာဆိုဒ္အက်ၤီ၊ suit pants၊ ဘေလဇာကုတ္ ေလးေတြ တြဲဖက္လို႔ရပါတယ္။

အခ်ဳပ္ေျပာရရင္ ကိုရီးယားဖက္ရွင္စတိုင္ရဲ႕အသြင္အျပင္က ၁။ မိုႏိုခရုမ္အဝတ္အစားေတြ အမ်ားစုျဖစ္ၿပီး ၊ ၂။ ၿပီးျပည့္စံုတဲ့ ခႏၶာကိုယ္အခ်ိဳးအစားကို ဖန္တီးဖို႔ ဖက္ရွင္ပစၥည္းေတြကို ေကာင္းေကာင္းအသံုးျပဳၿပီး ၊ ၃။ ခါးနဲ႔ ေျခေထာက္အရွည္ကို ေပၚလြင္ေစတာ ျဖစ္ပါတယ္။

Lifestyle_Myanmar

LM_Nandar

Unicode

မိန်းကလေးတွေ နှစ်သက်တဲ့ ကိုရီးယားဖက်ရှင်စတိုင်က ဘာတွေဖြစ်မလဲ?
ကမ္ဘာတစ်ဝှမ်းက လူအတော်များများ နှစ်သက်ကြတဲ့ ဖက်ရှင်စတိုင်တစ်ခုကတော့ ကိုရီးယားဖက်ရှင်စတိုင်လေးတွေပဲ ဖြစ်ပါတယ်။ ပျိုမေတို့လည်း နှစ်သက်ကြမှာပါနော်။ ကိုရီးယားဖက်ရှင်ဆိုလို့ အတိုအပြတ်တွေချည်းပဲ မဟုတ်ပါဘူး။ လုံလုံခြုံခြုံနဲ့ စတိုင်ကျတဲ့ ဖက်ရှင်လေးတွေလည်း ရှိတာကြောင့် ပျိုမေတို့ရဲ့ အသက်အရွယ်အလိုက် ရွေးချယ်ဝတ်ဆင်လို့ရပါတယ်။

၁။ Girlish Style

ကိုရီးယား Girlish Styleဟာ ငယ်ရွယ်ပြီး ဖြတ်ဖြတ်လတ်လတ်ပုံစံ အပြည့်အဝပေးထားပါတယ်။ မတူညီတဲ့ မိုနိုခရုမ်ဝတ်စုံတွေကို ချစ်စရာကောင်းအောင် ဘယ်လိုပေါင်းစပ်လို့ရသလဲဆိုတာ ပြသနေပါတယ်။ မိန်းကလေးအများစုက ကိုယ့်ရဲ့ခြေထောက်အရှည်ကို ပိုပြီးရှည်သွယ်တဲ့ ပုံပေါက်စေဖို့အတွက် ဘယ်လိုပေါ်လွင်အောင်လုပ်ရမယ်ဆိုတာ နားလည်ပါတယ်။ ဒူးအထိဂါဝန်လေးတွေ၊ မီနီစကပ်လေးတွေ၊ ဘောင်းဘီအတိုလေးတွေက ကိုရီးယားစတိုင်မှာ အရပ်ရှည်ရှည်နဲ့ ချစ်စရာကောင်းပြီး မိန်းကလေးဆန်ဆန် ဒီဇိုင်းလေးတွေပဲဖြစ်ပါတယ်။

အဖြူရောင်ဖိနပ်နဲ့ တွဲဖက်ခြင်းက စိတ်နေစိတ်ထားကို ပေါ်လွင်စေပြီး အဝတ်အစား ဘယ်အရောင်မဆို ကောင်းကောင်း လိုက်ဖက်နိုင်ပါတယ်။

၂။ All Black Style

All Black ထသွားထလာ ဝတ်စုံတွေကလည်း မတူပါဘူးနော်။ classical black က အရမ်းလန်းပြီး “မရိုးလွန်း မဆန်းလွန်းတဲ့ အလှတရား” အဓိပ္ပာယ်တစ်ခုကို ပေးပါတယ်။ သတ္တု accessories တချို့နဲ့ တွဲဖက်တဲ့အခါ look တစ်ခုလုံးကို ငြီးငွေ့စရာမကောင်းပဲ ပိုပြီးဆန်းသစ်စေပါတယ်။

၃။ Boyish Style

Boyish Style မှာ အဓိကအရောင်တွေက ဖျော့ဖျော့လေးတွေဖြစ်ပြီး အခြေခံအားဖြင့် အဝတ်အစားရဲ့fittingက ခပ်ပွပွလေးတွေဖြစ်ပါတယ်။ အဖြူရောင်ခြေအိတ်နဲ့ ကင်းဗက်ဖိနပ်များက ဖက်ရှင် Look ကို အချောသတ်ဖို့ မရှိမဖြစ်လိုအပ်တာတွေပဲဖြစ်ပါတယ်။ အဝတ်အစားတွေက အစင်းလေးတွေ၊ စာတမ်းလေးတွေနှင့်အတူ ရိုးရှင်းပြီး လှပပါတယ်။ ဘောင်းဘီတွေက boyfriend jeans ဒါမှမဟုတ် leg cropped trousersလို အိတ်နဲ့တူတဲ့ဒီဇိုင်းတွေ ဖြစ်ပါတယ်။

၄။ Retro Sports Style

Retro Sports Styleဟာ အပေါ်က မိန်းကလေးဆန်ဆန်နဲ့ အောက်က ယောကျာ်းလေးဆန်ဆန် ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ ဒီLook ရဲ့အရောင်တွေက အမျိုးမျိုးရှိပြီး အများစုကတော့ တခြားရိုးရှင်းတဲ့ပုံစံလေးတွေ ၊ အစင်းတွေနဲ့ အစက်ဒီဇိုင်းလေးတွေ ဖြစ်ပါတယ်။

၅။ Korean OL Style

Korean OL Style ဆိုတာကတော့ ရုံးတတ်နေတဲ့ လေဒီလေးတွေရဲ့ ဖက်ရှင်ပုံရိပ်ကို ပြသနေတဲ့ ဒီဇိုင်းတွေပဲဖြစ်ပါတယ်။ အရမ်းလည်း formal မကျပါဘူး။ ဒီစတိုင်ရဲ့ပွိုင့်ကတော့ အသွင်အပြင်တစ်ခုလုံးကို ပြောင်းဖို့ accessories ကိုအသုံးချတာ ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးဖိနပ်တစ်စုံ၊ သတ္တုလက်ကောက်တစ်ရံ၊ ခေတ်ဆန်ဆန်အိတ်တစ်လုံးက ပိုပြီးပေါ့ပေါ့ပါးပါး ဖြစ်စေသလို ကိုယ်ရောင်ကိုယ်ဝါကိုလည်း တောက်ပစေပါတယ်။

ပိုပြီးပေါ့ပေါ့ပါးပါးဝတ်ဆင်ဖို့အတွက် ကိုရီးယား အိုဗာဆိုဒ်အင်္ကျီ၊ suit pants၊ ဘလေဇာကုတ် လေးတွေ တွဲဖက်လို့ရပါတယ်။

အချုပ်ပြောရရင် ကိုရီးယားဖက်ရှင်စတိုင်ရဲ့အသွင်အပြင်က ၁။ မိုနိုခရုမ်အဝတ်အစားတွေ အများစုဖြစ်ပြီး ၊ ၂။ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်အချိုးအစားကို ဖန်တီးဖို့ ဖက်ရှင်ပစ္စည်းတွေကို ကောင်းကောင်းအသုံးပြုပြီး ၊ ၃။ ခါးနဲ့ ခြေထောက်အရှည်ကို ပေါ်လွင်စေတာ ဖြစ်ပါတယ်။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here