အဝတ္အစားေတြမွာ ဖက္ရွင္စည္းမ်ဥ္းစည္းကမ္းရွိသလိုပဲ အတြင္းခံအဝတ္စားေတြမွာ စည္းမ်ဥ္းစည္းကမ္းေတြ ရွိပါတယ္။ အဝတ္အစားေတြမွာ ဘယ္အကၤ်ီနဲ႔ ဘယ္ေဘာင္းဘီ၊ စကတ္ကို တြဲဝတ္ရမယ္ဆိုတဲ့ ေရြးခ်ယ္မႈ စည္းကမ္းေတြ ရွိသလို ကိုယ္ဝတ္တဲ့ အဝတ္အစားေပၚမႈတည္ၿပီး အတြင္းခံအဝတ္အစားကို ေရြးခ်ယ္ဝတ္ရမွာျဖစ္ပါတယ္။ ဥပမာ- ပခံုးေဖာ္ထားတဲ့ အဝတ္အစားေတြ၊ ရင္အေပၚပိုင္းဗလာက်င္းအဝတ္အစားမ်ိဳးေတြမွာ ႀကိဳးပါတဲ့ ဘရာေတြဝတ္ဆင္လို႔မရတာျဖစ္ပါတယ္။ ကၽြန္မတို႔မိန္းကေလးေတြအတြက္ အတြင္းခံအဝတ္အစားက ခႏၶာကိုယ္ရဲ႕ မစံုလင္မႈေတြကို ဖံုးကြယ္တဲ့ေနရာမွာ ေတာ္ေတာ္ေလး အလုပ္ျဖစ္ပါတယ္။ မွန္ကန္တဲ့ အရြယ္အစား၊ စတိုင္ကို ေရြးခ်ယ္မႈ မေအာင္ျမင္ခဲ့ရင္ ကိုယ့္ရဲ႕ပံုပန္းသ႑န္ကိုလည္း ပ်က္စီးေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ လွပေက်ာ့ရွင္းတဲ့ အသြင္သ႑ာန္ကို ဖန္တီးခ်င္ရင္ေတာ့ ဒီေခတ္ေပၚအတြင္းခံဓေလ့ စည္းမ်ဥ္းေတြနဲ႔ပတ္သတ္ၿပီး သတိရေနရပါမယ္။
၁။ ဘေလာက္အကၤ်ီပါးပါး စည္းမ်ဥ္း
ဘေလာက္အကၤ်ီပါးပါးဝတ္တဲ့အခါ ဘရာကို ဘေလာက္အကၤ်ီနဲ႔ အေရာင္တူ ေရြးခ်ယ္ရပါမယ္။အနက္ေရာင္ ဘရာစီယာႏွင့္ အျဖဴေရာင္ဘေလာက္အကၤ်ီေပါင္းစပ္မႈက အတိတ္ကာလမွာတုန္းက ဖက္ရွင္က်ခဲ့ေပမယ့္ ယေန႔မွာ ၾကည့္ရတာေတာ္ေတာ္ဆုိးပါတယ္။
အကၤ်ီမွာဘာေရာင္စံု patternsမွမပါဘူးဆိုရင္ အသားေရာင္ဘရာစီယာကို ဝတ္ဆင္တာက အေကာင္းဆံုးပါ။
သင့္ရဲ႕ဘေလာက္အကၤ်ီက အရမ္းပါးလြန္းလွ်င္ သင့္ရဲ႕ဘရာကို bralette ဇာဘရာနဲ႔ အစားထိုးဝတ္ဆင္ပါ။
ဒီအေရာင္က အရမ္းကို သိသာလြန္းရင္ အျဖဴေရာင္အတြင္းခံအဝတ္အစား ဝတ္ဆင္ျခင္းမွ ေရွာင္ၾကဥ္ပါ။
၂။ ဘရာစည္းမ်ဥ္းမ်ား
ဘရာတစ္ထည္ဟာ မျမင္ရတာပဲ ျဖစ္သင့္တယ္ဆိုတဲ့ အဓိကစည္းမ်ဥ္းတစ္ခုရွိတယ္လို႔ Stylists အားလံုးက ဆိုၾကပါတယ္။ ပထမဆံုး သင့္ဘရာနဲ႔ အဝတ္အစားေတြကို ျပဳလုပ္တဲ့ ခ်ည္သားအေနအထားကို ဂရုျပဳရပါမယ္။
သင့္အဝတ္အစားက ခပ္ပြပြေခ်ာင္ေခ်ာင္ဆိုရင္ သင့္ဘရာက ပိုၿပီးအေသးစိတ္အလွဆင္ထားတာ ျဖစ္ရပါမယ္။
အဝတ္အစားက ခပ္က်ပ္က်ပ္ဆိုရင္ ဘာအဖုအထစ္မွမပါတဲ့ ေခ်ာမြတ္တဲ့ ဘရာကို ေရြးခ်ယ္ဖို႔ အႀကံျပဳပါတယ္။
၃။ အသားကပ္ေဘာင္းဘီရွည္စည္းမ်ဥ္း
အသားကပ္ေဘာင္းဘီရွည္ေတြက သင့္ရဲ႕အသြင္အျပင္ကို ပိုၿပီးေက်ာ့ရွင္းေစႏိုင္ပါတယ္။ ဒါေပမယ့္ သင့္ေတာ္တဲ့အသားကပ္ေဘာင္းဘီကို ေရြးခ်ယ္မႈ မေအာင္ျမင္ခဲ့ရင္ သူတို႔က သင့္ရဲ႕အသြင္အျပင္တစ္ခုလံုးကို ပ်က္စီးေစႏိုင္ပါတယ္။ သင္သြားမယ့္ ပြဲအမ်ိဳးအစားႏွင့္ သင့္ရဲ႕ဖိနပ္ေတြကို ဂရုျပဳေပးရပါမယ္။
ရံုးသြားမွာဆိုရင္ ၾကားေနအေရာင္ေလးေတြ ေရြးခ်ယ္ရပါမယ္။ အေရာင္ေဖ်ာ့ေဖ်ာ့အဝတ္အစားႏွင့္အတူ nude ကာလာအသားကပ္ေဘာင္းဘီကို ဝတ္ဆင္တာ၊ အနက္ေရာင္အဝတ္အစားကို အညိဳေရာင္သို႔မဟုတ္ အနက္ေရာင္အသားကပ္ေဘာင္းဘီနဲ႔ ဝတ္ဆင္တာတို႔ျဖစ္ပါတယ္။ စိတ္ထဲမွာ မွတ္ထားရမွာက သင့္အသားကပ္ေဘာင္းဘီက သင့္စကတ္ထက္ ပိုမရင့္သင့္ပါဘူး။
Patterns ႏွင့္ prints ေတြပါတဲ့ အသားကပ္ေဘာင္းဘီေတြက ပါတီတစ္ခုအတြက္ပဲေကာင္းၿပီး ေန႔တိုင္းဝတ္ဆင္လို႔မရပါဘူး။
အသားကပ္ထူထူေတြက ဘြတ္ဖိနပ္အျမင့္ေတြနဲ႔ ၾကည့္ေကာင္းေပမယ့္ ကြငး္ထိုးရႈးဖိနပ္ေတြနဲ႔ ၾကည့္မေကာင္းပါဘူး။
၄။ Stockings စည္းမ်ဥ္း
ေႏြရာသီမွာ စေတာ္ကင္ေတြက အလုပ္မွာ ဂါဝန္တို/စကတ္တိုဝတ္ရမယ္ဆိုတဲ့ အမ်ိဳးသမီးေတြကို ကူညီေပးပါတယ္။ ကို႔ရိုးကားယားႏိုင္တဲ့ အေျခအေနကို ေရွာင္ၾကဥ္ဖို႔ သင့္ရဲ႕အသြင္အျပင္ကို ေက်ာ့ရွင္းၿပီး ဆြဲေဆာင္မႈရွိလိမ့္မယ့္ စည္းမ်ဥ္းအနည္းငယ္ကို သိထားသင့္ပါတယ္။
စေတာ္ကင္ေရြးခ်ယ္တဲ့အခါ အျဖဴေရာင္မဟုတ္ဘဲ အသားေရာင္လိုမ်ိဳးၾကားေနအေရာင္ေလးေတြကို ေ၇ြးခ်ယ္တာက ပိုေကာင္းပါတယ္။
တကယ္လို႔ ကိုယ္ရဲ႕ဝေနတဲ့ခႏၶာကိုယ္အသြင္အျပင္ကို ေလ်ာ့ခ်ခ်င္ရင္ patterns ပါတဲ့ စေတာ္ကင္ေတြကို မဝတ္ဖို႔ အႀကံျပဳပါတယ္။
၅။ အတြင္းခံေဘာင္းဘီစည္းမ်ဥ္း
ဆြဲသားစကတ္ေတြလို၊ အသားအိအိ ေျပာင္ထမီေတြလို အဝတ္အစားေတြ ဝတ္ဆင္တဲ့အခါ အတြင္းခံေဘာင္းဘီကို လိုင္းမပါတာေတြ ေရြးခ်ယ္ပါ။ ပင္တီလိုင္းေတြက ျမင္ရႏိုင္တာေၾကာင့္ သင့္ရဲ႕အသြင္အျပင္ကိို ၾကည့္ရဆိုးေစပါတယ္။
သင့္ပင္တီရဲ႕ အရြယ္အစားနဲ႔ပံုသ႑ာန္က သင့္ရဲ႕တင္ပါးပံုသ႑ာန္ေပၚမွာ အမ်ားအားျဖင့္ မူတည္ပါတယ္။
သင့္အတြင္းခံရဲ႕ textureနဲ႔ အဝတ္အစားက လိုက္ဖက္ေနသင့္ပါတယ္။ ဥပမာ- အေရာင္ေဖ်ာ့ေဖ်ာ့ ဆြဲသားအဝတ္အစားကို ဝတ္မယ္ဆိုရင္ ပင္တီကလည္းအလားတူ အထည္သားမ်ိဳး ျဖစ္ေနသင့္ပါတယ္။
ပင္တီေရြးခ်ယ္တဲ့အခါ လိုက္နာရမယ့္ စည္းမ်ဥ္းႏွစ္ခုက (၁) ခါးျမင့္ပင္တီေတြကို ေရြးခ်ယ္ပါ။(၂) ဘီကီနီပင္တီမ်ားႏွင့္ thongs ေဘာင္းဘီေတြအစား စပ္ေၾကာင္းမရွိတဲ့ ေဘာင္းဘီတိုမ်ားကို ေရြးခ်ယ္ပါ။
၆။ Bralette စည္းမ်ဥ္းမ်ား
Bralette တစ္ထည္က wiresႀကိဳးေတြ၊ ပံုသြင္းခြက္ေတြမပါတဲ့ အကၤ်ီ တစ္ထည္ျဖစ္ပါတယ္။ အတြင္းခံအျဖစ္ သို႔မဟုတ္ အေပၚကထပ္ၿပီးဝတ္ဆင္တာပဲျဖစ္ျဖစ္ ဝတ္လို႔ရပါတယ္။
brallete ဘရာက ရင္သားေသးတဲ့ မိန္းကေလးေတြနဲ႔ ၾကည့္ေကာင္းပါတယ္။
braletteကို စကတ္တစ္ထည္ ဒါမွမဟုတ္ ခါးျမင့္ေဘာင္းဘီေတြနဲ႔ တြဲဝတ္ႏိုင္ပါတယ္။ braletteတစ္ထည္ကို ဘေလာက္အကၤ်ီပါးပါးေအာက္မွာ ဝတ္ဆင္တာက လူတိုင္းရဲ႕အျမင္ကို ဖမ္းစားႏိိုင္မယ့္ ဖက္ရွင္မ်ိဳးပါ။ ဇာပိတ္စမဟုတ္တဲ့ ဘေလာက္အကၤ်ီနဲ႔ တြဲဝတ္ရတာပါ။
#Lifestyle_Myanmar
#LM_Nandar
Source-brightside
Unicode
မိန်းကလေးတွေ သိထားရမယ့် ခေတ်ပေါ်အတွင်းခံအဝတ်အစား ရွေးချယ်နည်း စည်းမျဉ်းစည်းကမ်းများ
အဝတ်အစားတွေမှာ ဖက်ရှင်စည်းမျဉ်းစည်းကမ်းရှိသလိုပဲ အတွင်းခံအဝတ်စားတွေမှာ စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ အဝတ်အစားတွေမှာ ဘယ်အင်္ကျီနဲ့ ဘယ်ဘောင်းဘီ၊ စကတ်ကို တွဲဝတ်ရမယ်ဆိုတဲ့ ရွေးချယ်မှု စည်းကမ်းတွေ ရှိသလို ကိုယ်ဝတ်တဲ့ အဝတ်အစားပေါ်မှုတည်ပြီး အတွင်းခံအဝတ်အစားကို ရွေးချယ်ဝတ်ရမှာဖြစ်ပါတယ်။ ဥပမာ- ပခုံးဖော်ထားတဲ့ အဝတ်အစားတွေ၊ ရင်အပေါ်ပိုင်းဗလာကျင်းအဝတ်အစားမျိုးတွေမှာ ကြိုးပါတဲ့ ဘရာတွေဝတ်ဆင်လို့မရတာဖြစ်ပါတယ်။ ကျွန်မတို့မိန်းကလေးတွေအတွင်း အတွင်းခံအဝတ်အစားက ခန္ဓာကိုယ်ရဲ့ မစုံလင်မှုတွေကို ဖုံးကွယ်တဲ့နေရာမှာ တော်တော်လေး အလုပ်ဖြစ်ပါတယ်။ မှန်ကန်တဲ့ အရွယ်အစား၊ စတိုင်ကို ရွေးချယ်မှု မအောင်မြင်ခဲ့ရင် ကိုယ့်ရဲ့ပုံပန်းသဏ္ဍန်ကိုလည်း ပျက်စီးစေနိုင်ပါတယ်။ ဒါ့ကြောင့် လှပကျော့ရှင်းတဲ့ အသွင်သဏ္ဍာန်ကို ဖန်တီးချင်ရင်တော့ ဒီခေတ်ပေါ်အတွင်းခံဓလေ့ စည်းမျဉ်းတွေနဲ့ပတ်သတ်ပြီး သတိရနေရပါမယ်။
၁။ ဘလောက်အင်္ကျီပါးပါး စည်းမျဉ်း
ဘလောက်အင်္ကျီပါးပါးဝတ်တဲ့အခါ ဘရာကို ဘလောက်အင်္ကျီနဲ့ အရောင်တူ ရွေးချယ်ရပါမယ်။အနက်ရောင် ဘရာစီယာနှင့် အဖြူရောင်ဘလောက်အင်္ကျီပေါင်းစပ်မှုက အတိတ်ကာလမှာတုန်းက ဖက်ရှင်ကျခဲ့ပေမယ့် ယနေ့မှာ ကြည့်ရတာတော်တော်ဆိုးပါတယ်။
အင်္ကျီမှာဘာရောင်စုံ patternsမှမပါဘူးဆိုရင် အသားရောင်ဘရာစီယာကို ဝတ်ဆင်တာက အကောင်းဆုံးပါ။
သင့်ရဲ့ဘလောက်အင်္ကျီက အရမ်းပါးလွန်းလျှင် သင့်ရဲ့ဘရာကို bralette ဇာဘရာနဲ့ အစားထိုးဝတ်ဆင်ပါ။
ဒီအရောင်က အရမ်းကို သိသာလွန်းရင် အဖြူရောင်အတွင်းခံအဝတ်အစား ဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်ပါ။
၂။ ဘရာစည်းမျဉ်းများ
ဘရာတစ်ထည်ဟာ မမြင်ရတာပဲ ဖြစ်သင့်တယ်ဆိုတဲ့ အဓိကစည်းမျဉ်းတစ်ခုရှိတယ်လို့ Stylists အားလုံးက ဆိုကြပါတယ်။ ပထမဆုံး သင့်ဘရာနဲ့ အဝတ်အစားတွေကို ပြုလုပ်တဲ့ ချည်သားအနေအထားကို ဂရုပြုရပါမယ်။
သင့်အဝတ်အစားက ခပ်ပွပွချောင်ချောင်ဆိုရင် သင့်ဘရာက ပိုပြီးအသေးစိတ်အလှဆင်ထားတာ ဖြစ်ရပါမယ်။
အဝတ်အစားက ခပ်ကျပ်ကျပ်ဆိုရင် ဘာအဖုအထစ်မှမပါတဲ့ ချောမွတ်တဲ့ ဘရာကို ရွေးချယ်ဖို့ အကြံပြုပါတယ်။
၃။ အသားကပ်ဘောင်းဘီရှည်စည်းမျဉ်း
အသားကပ်ဘောင်းဘီရှည်တွေက သင့်ရဲ့အသွင်အပြင်ကို ပိုပြီးကျော့ရှင်းစေနိုင်ပါတယ်။ ဒါပေမယ့် သင့်တော်တဲ့အသားကပ်ဘောင်းဘီကို ရွေးချယ်မှု မအောင်မြင်ခဲ့ရင် သူတို့က သင့်ရဲ့အသွင်အပြင်တစ်ခုလုံးကို ပျက်စီးစေနိုင်ပါတယ်။ သင်သွားမယ့် ပွဲအမျိုးအစားနှင့် သင့်ရဲ့ဖိနပ်တွေကို ဂရုပြုပေးရပါမယ်။
ရုံးသွားမှာဆိုရင် ကြားနေအရောင်လေးတွေ ရွေးချယ်ရပါမယ်။ အရောင်ဖျော့ဖျော့အဝတ်အစားနှင့်အတူ nude ကာလာအသားကပ်ဘောင်းဘီကို ဝတ်ဆင်တာ၊ အနက်ရောင်အဝတ်အစားကို အညိုရောင်သို့မဟုတ် အနက်ရောင်အသားကပ်ဘောင်းဘီနဲ့ ဝတ်ဆင်တာတို့ဖြစ်ပါတယ်။ စိတ်ထဲမှာ မှတ်ထားရမှာက သင့်အသားကပ်ဘောင်းဘီက သင့်စကတ်ထက် ပိုမရင့်သင့်ပါဘူး။
Patterns နှင့် prints တွေပါတဲ့ အသားကပ်ဘောင်းဘီတွေက ပါတီတစ်ခုအတွက်ပဲကောင်းပြီး နေ့တိုင်းဝတ်ဆင်လို့မရပါဘူး။
အသားကပ်ထူထူတွေက ဘွတ်ဖိနပ်အမြင့်တွေနဲ့ ကြည့်ကောင်းပေမယ့် ကွငး်ထိုးရှုးဖိနပ်တွေနဲ့ ကြည့်မကောင်းပါဘူး။
၄။ Stockings စည်းမျဉ်း
နွေရာသီမှာ စတော်ကင်တွေက အလုပ်မှာ ဂါဝန်တို/စကတ်တိုဝတ်ရမယ်ဆိုတဲ့ အမျိုးသမီးတွေကို ကူညီပေးပါတယ်။ ကို့ရိုးကားယားနိုင်တဲ့ အခြေအနေကို ရှောင်ကြဉ်ဖို့ သင့်ရဲ့အသွင်အပြင်ကို ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိလိမ့်မယ့် စည်းမျဉ်းအနည်းငယ်ကို သိထားသင့်ပါတယ်။
စတော်ကင်ရွေးချယ်တဲ့အခါ အဖြူရောင်မဟုတ်ဘဲ အသားရောင်လိုမျိုးကြားနေအရောင်လေးတွေကို ရွေးချယ်တာက ပိုကောင်းပါတယ်။
တကယ်လို့ ကိုယ်ရဲ့ဝနေတဲ့ခန္ဓာကိုယ်အသွင်အပြင်ကို လျော့ချချင်ရင် patterns ပါတဲ့ စတော်ကင်တွေကို မဝတ်ဖို့ အကြံပြုပါတယ်။
၅။ အတွင်းခံဘောင်းဘီစည်းမျဉ်း
ဆွဲသားစကတ်တွေလို၊ အသားအိအိ ပြောင်ထမီတွေလို အဝတ်အစားတွေ ဝတ်ဆင်တဲ့အခါ အတွင်းခံဘောင်းဘီကို လိုင်းမပါတာတွေ ရွေးချယ်ပါ။ ပင်တီလိုင်းတွေက မြင်ရနိုင်တာကြောင့် သင့်ရဲ့အသွင်အပြင်ကိို ကြည့်ရဆိုးစေပါတယ်။
သင့်ပင်တီရဲ့ အရွယ်အစားနဲ့ပုံသဏ္ဍာန်က သင့်ရဲ့တင်ပါးပုံသဏ္ဍာန်ပေါ်မှာ အများအားဖြင့် မူတည်ပါတယ်။
သင့်အတွင်းခံရဲ့ textureနဲ့ အဝတ်အစားက လိုက်ဖက်နေသင့်ပါတယ်။ ဥပမာ- အရောင်ဖျော့ဖျော့ ဆွဲသားအဝတ်အစားကို ဝတ်မယ်ဆိုရင် ပင်တီကလည်းအလားတူ အထည်သားမျိုး ဖြစ်နေသင့်ပါတယ်။
ပင်တီရွေးချယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်းနှစ်ခုက (၁) ခါးမြင့်ပင်တီတွေကို ရွေးချယ်ပါ။(၂) ဘီကီနီပင်တီများနှင့် thongs ဘောင်းဘီတွေအစား စပ်ကြောင်းမရှိတဲ့ ဘောင်းဘီတိုများကို ရွေးချယ်ပါ။
၆။ Bralette စည်းမျဉ်းများ
Bralette တစ်ထည်က wiresကြိုးတွေ၊ ပုံသွင်းခွက်တွေမပါတဲ့ အင်္ကျီ တစ်ထည်ဖြစ်ပါတယ်။ အတွင်းခံအဖြစ် သို့မဟုတ် အပေါ်ကထပ်ပြီးဝတ်ဆင်တာပဲဖြစ်ဖြစ် ဝတ်လို့ရပါတယ်။
brallete ဘရာက ရင်သားသေးတဲ့ မိန်းကလေးတွေနဲ့ ကြည့်ကောင်းပါတယ်။
braletteကို စကတ်တစ်ထည် ဒါမှမဟုတ် ခါးမြင့်ဘောင်းဘီတွေနဲ့ တွဲဝတ်နိုင်ပါတယ်။ braletteတစ်ထည်ကို ဘလောက်အင်္ကျီပါးပါးအောက်မှာ ဝတ်ဆင်တာက လူတိုင်းရဲ့အမြင်ကို ဖမ်းစားနိိုင်မယ့် ဖက်ရှင်မျိုးပါ။ ဇာပိတ်စမဟုတ်တဲ့ ဘလောက်အင်္ကျီနဲ့ တွဲဝတ်ရတာပါ။
#Lifestyle_Myanmar
#LM_Nandar
Source-brightside