မိန်းကလေးတွေ သိထားရမယ့် ဘရာစီယာဝတ်ဆင်တဲ့ နည်းလမ်းလေးတွေ

0
213

ဘရာစီယာက အမျိုးသမီးတွေအတွက် အရေးပါတဲ့ အဝတ်အထည်အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ နေ့စဉ်နေ့တိုင်း ဝတ်ဆင်ရတာဖြစ်တာကြောင့် ကိုယ်ဝတ်ဆင်တဲ့ ဘရာက သက်တောင့်သက်သာဖြစ်ဖို့နှင့် self-confidence ဖြစ်ဖို့ အရေးကြီးပါတယ်။ဒါ့ကြောင့် ဒီအတွင်းခံတွေကို ဝတ်ဆင်တဲ့အခါ သက်တောင့်သက်သာခံစားရစေဖို့ နှင့် ဘယ်လိုနည်းလမ်းတွေနဲ့ အသုံးချလို့ရမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။
၁။ သင့်ရဲ့ဘရာက လျှောကျမသွားပါစေနဲ့

-Advertisement-

ကြိုးမဲ့ဘရာတွေက သင့်ဗိုက်ပေါ်ကို လျှောကျတာ(သို့) သင့်ရင်သားကို ထောက်ပံ့ပေးမှုအားနည်းတာ ဖြစ်စေပါတယ်။ တခါတရံ ဆွဲတင်နေရတာကြောင့် တကယ့်ကိုအနှောက်အယှက်ဖြစ်စရာပါ။ ဒီလိုမဖြစ်အောင် ပြုလုပ်ဖို့ ဘရာကြိုးတစ်ချောင်းပဲလိုပါတယ်။ ဘရာကြိုးတစ်ချောင်းကို သင့်ရင်သားအောက်ကနေဖြတ်ပြီး ဘရာရဲ့အနောက်မှာ ချိတ်ပေးပါ။ တခြားတစ်ဖက်ကလည်း အနောက်မှာ ချိတ်ပေးထားရပါမယ်။ ဒါဆိုရင် သင်ဘယ်လိုပဲလှုပ်ရှားရှား ဘရာကလျှောမကျတော့ပါဘူး။


၂။ ရင်သား ပင့်တင်ပေးခြင်းရဲ့လှို့ဝှက်ချက်


ဒီနည်းပညာက ဓါတ်ပုံရိုက်ဖို့ သို့မဟုတ်အပြင်သွားဖို့အတွက် အကောင်းဆုံးဖြစ်ပါတယ်။ self-adhesive cups ကို ရင်သားတစ်ဖက်စီရဲ့ အောက်ခြေကနေ ပုံမှန်အလျားလိုက်အနေအထားအစား ထောင့်ဖြတ် ကပ်ပေးပါ။


၃။ ကြိုးက ပွတ်တိုက်နေလျှင်


ကြိုးတွေက သင့်အသားအရေကို ပွတ်တိုက်နေလျှင် အထူးစီလီကွန် pad လေးတွေနဲ့ ကြိုးအောက်မှာ ခံထားပေးပါ။


၎။ ကြိုးပျောက်ဂါဝန်တစ်ထည်ကို ပိုပြီးသက်တောင့်သက်သာရှိစေဖို့


ကြိုးပျောက်ဂါဝန်ဝတ်မယ်ဆိုရင် အထူးသဖြင့် ကျောလုံးဝပေါ်တဲ့ အင်္ကျီမျိုးဆို မှန်ကန်တဲ့ ဘရာကိုရွေးချယ်ဖို့ လွယ်တဲ့အရာတော့မဟုတ်ပါဘူး။ နည်းလမ်းကောင်းတစ်ခုကတော့ ဘရာတစ်ထည်ရဲ့ အရှေ့ကိုဖြတ်ယူပြီး ဂါဝန်ကိုယ်ထည်ထဲမှာ တွဲချုပ်ပေးဖို့ ဖြစ်ပါတယ်။
၅။ ကြိုးကိုဘယ်လိုချိန်ညှိမလဲ


ဘရာဝတ်တဲ့အခါ ကြိုးက တင်းလွန်းရင် မကောင်းသလို လျှော့လွန်းရင်လည်း မကောင်းပါဘူး။ အကောင်းဆုံးနည်းလမ်းတစ်ခုက သင့်ပုခုံးနဲ့ကြိုးအကြား လက်နှစ်ချောင်းလောက် ထည့်လို့ရရင် ကွက်တိဖြစ်နိုင်ပါတယ်။
၆။ရင်သားကို ပင့်တင်ပေးဖို့


သင့်ဘရာက ဝတ်ပါများလို့ ဆန့်နေလျှင် ရင်သားကို ပင့်တင်ပေးဖို့ အားနည်းပါတယ်။ ရင်သားကိုပိုပြီး ပင့်တင်ပေးခချင်ရင် ကြိုးတွေကို နောက်ကျောမှာ ကြက်ခြေခတ်ချိတ်ပေးပါ။
၇။ ဇာဘရာစီယာတစ်ထည်ကို ဘယ်လိုတိုးမြှင့်မလဲ


ဇာဘရာစီယာတွေက မျှော့ကြိုးနဲ့ အောက်ခံဝါယာမပါတာကြောင့် သက်တောင့်သက်သာနဲ့ ပျော့ပျောင်းပါတယ်။ ပုံစံခွက်က အပျော့ဖြစ်တာကြောင့် ရင်သားတွေကို မပေါ်လွင်စေပါဘူး။ ဒီပြဿနာကိုဖြေရှင်းဖို့ အတွင်းထဲမှာ swimsuit cup လေးတွေထည့်ပေးပါ။ ကပ်ခွာဘရာနှင့်လည်း ဝတ်ဆင်နိုင်ပါတယ်။
၈။ ကွာဟနေလျှင်


ရင်သားကြီးတဲ့ မိန်းကလေးအများစုဟာ ဒီပြဿနာကို ကြုံတွေ့ရပါတယ်။ သင့်ရဲ့လျှို့ဝှက်အပ်တဲ့အရာတွေကို တခြားသူမမြင်ရစေဖို့ ကြယ်သီးတွေအကြား တီရှပ်ရဲ့အစွန်းတွေမှာ double tape လေးတွေနဲ့ကပ်ပေးပါ။
၉။ ဘရာတွေကို အဆင်ပြေအောင် ဘယ်လိုသိမ်းမလဲ


ဘရာစီယာတွေကို သိမ်းဆည်းဖို့ အကောင်းဆုံးနည်းလမ်းက အဝတ်ချိတ်တစ်ခုအသုံးပြုဖို့ ဖြစ်ပါတယ်။ ဒီနည်းလမ်းက သင့်ဘရာပုံစံပျက်မှာကို မပူရတော့ပါဘူး။
#Lifestyle_Myanmar
#TB_Nandar
ှSource_brightside

LEAVE A REPLY

Please enter your comment!
Please enter your name here