နာမည္ႀကီး ဆယ္လီေတြရဲ႕ အသားအေရနဲ႔ အလွအပကို သင္အားက်ေနလား? သူတို႔လုိမလွရင္ေတာင္ အသားအေရကို က်န္းမာေစမယ့္ ထိေရာက္တဲ့ ေစာင့္ေရွာက္မႈေပးႏိုင္ေသာ အေျခခံရိုးရွင္းတဲ့နည္းလမ္းမ်ားကို ဘယ္သူမဆို ျပဳလုပ္ႏိုင္ပါတယ္။ အနည္းဆံုးေတာ့ ဒီနည္းလမ္းေလးေတြကို လိုက္နာဖို႔ လုိအပ္ပါတယ္။
၁။ ေနေရာင္ကာကြယ္ေဆး၏ အက်ိဳးေက်းဇူးမ်ားကို မေမ့ပါနဲ႔
ေနေရာင္ကာကြယ္ေဆး ပံုမွန္အသံုးျပဳမႈမပါပဲ လွပၿပီး က်န္းမာတဲ့ အသားအေရရရွိဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ အလွကုန္ကၽြမ္းက်င္သူမ်ားက သင္သည္ဒီစည္းမ်ဥ္းကို လ်စ္လ်ဴရႈလွ်င္ အျခားအားထုတ္မႈက အခ်ည္းႏွီးျဖစ္လိမ့္မယ္လို႔ ဆိုပါတယ္။ က်န္းမာတဲ့အသားအေရအတြက္ တစ္ေန႔တာအတြင္း SPF 30ထက္မနည္းတဲ့ ခရမ္ကို အသံုးျပဳဖို႔ အႀကံေပးထားပါတယ္။
၂။ သင့္လည္ပင္းကို ဘယ္ေတာ့မွ မေမ့ပါနဲ႔
လည္ပင္းသည္ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ အလွအပနဲ႔အတူ အသက္အရြယ္ကို ေဖာ္ျပေနတာေၾကာင့္ ေကာင္းေကာင္းဂရုစိုက္ဖို႔ အလြန္အေရးႀကီးပါတယ္။ ဒီအေရျပားက ပါးလႊာၿပီး သင့္မ်က္ႏွာလိုပဲ ႏူးည့ံသိမ္ေမြ႕တာေၾကာင့္ ေစာင့္ေရွာက္မႈ လိုအပ္ပါတယ္။
၃။ သင့္အသားအေရကို ေရခဲတံုးျဖင့္ ပြတ္သပ္ေပးပါ။
စန္တာေမာ္နီကာ အေရျပားေရာဂါအထူးကု ေဒါက္တာ Avaa Shambanသည္ မြဲေျခာက္တဲ့အသားအေရကို တားဆီးဖို႔ စကၠန္႔အနညး္ငယ္ေလာက္ ေရခဲတံုးႏွင့္အတူ မ်က္ႏွာကို ပြတ္တိုက္ေပးဖို႔ အႀကံျပဳထားပါတယ္။ ဒါကရိုးရွင္းၿပီး သင့္အသားအေရကို အမွန္တကယ္ေတာက္ပေစမွာပါ။
၄။ အလွကုန္ပစၥည္းမ်ားကို မွန္ကန္စြာ သိမ္းထားပါ။
ပူေႏြးၿပီး စိုစြတ္တဲ့ေလထုက သူတို႔ကို ပိုမိုလ်င္ျမန္စြာ ကုန္ဆံုးေစတာေၾကာင့္ ေဒါက္တာ Debra jaliman သည္ ေရခ်ိဳးခန္းမွာ သင့္အလွအပပစၥည္းမ်ားကို သိမ္းဆည္းျခင္းမျပဳဖို႔ သတိေပးထားပါတယ္။ မ်က္ႏွာလိမ္းေဆးႏွင့္ သင္မၾကာခဏ အသံုးမျပဳတဲ့ တျခားအလွအပပစၥည္းမ်ားကို ေရခဲ့ေသတၱာထဲမွာ သိမ္းဆည္းထားရပါမယ္။
၅။ သင့္ရဲ႕ သန္႔ရွင္းတဲ့ အသားအေရနဲ႔ ထိေတြ႕တဲ့အရာအားလံုးကို ထိန္းသိမ္းပါ
ေဒါက္တာ Lancer သည္ ညစ္ေပတဲ့လက္နဲ႔ သင့္မ်က္ႏွာကို ဘယ္ေတာ့မွ မထိသင့္ဘူးလို႔ ဆိုပါတယ္။ အသားအေရ အဆီျပန္ေနရင္ သံုးရက္တစ္ႀကိမ္ ဒါမွမဟုတ္ ပံုမွန္အသားအေရ သို႔မဟုတ္္ ေျခာက္ေသြ႕တဲ့အသားအေရရွိလွ်င္ တစ္ပတ္ကို အနည္းဆံုးတစ္ႀကိမ္ ေခါင္းအုံးစြပ္ေတြကို လဲေပးပါ။ အခါအားေလွ်ာ္စြာ သင့္စမတ္ဖုန္းမ်က္ႏွာျပင္ကို သန္႔ရွင္းေပးပါ။
၆။ ၀က္ၿခံထြက္ေနရင္ အထူးသျဖင့္ scrubs ႏွင့္ မ်က္ႏွာေရျမဳပ္ကို မသံုးပါနဲ႔
အသားအေရကိုအထူးကုမ်ားက ၀က္ၿခံထြက္လို႔ ေရာင္ရမ္းေနလွ်င္ ( Scrubs, တို႔ပတ္ေတြ၊ ဘရပ္မ်ား)ကို အသံုးျပဳဖို႔ ဘယ္ေတာ့မွ အႀကံမျပဳပါဘူး။
ဘယ္အသားအေရအမ်ိဳးအစားမဆို ဆပ္ျပာမသံုးဘဲ ႏူးည့ံသိမ္ေမြ႕စြာ သန္႔စင္ဖို႔ လိုအပ္ပါတယ္။ ေရာင္ရမ္းျခင္းႏွင့္ နီျမန္းမႈကို ေလွ်ာ့ခ်ဖို႔ ေရအနည္းငယ္နဲ႔ အက္စပရင္ကို ေဖ်ာ္ၿပီး လိမ္းေပးပါ။
၇။ သင့္လက္ေတြကို ဂရုစိုက္ပါ
လက္ေတြက ပါးလႊာၿပီးႏူးညံ့တဲ့ အေရျပားျဖစ္တာေၾကာင့္ လည္ပင္းကို ဂရုစိုက္သလိုပဲ လိုအပ္ပါတယ္။ အိမ္အလုပ္ေတြလုပ္တဲ့အခါ လက္အိတ္ကို အသံုးျပဳၿပီး အသားအေရအစိုဓါတ္လိမ္းေဆးကို ပံုမွန္လိမ္းေပးပါ။ သင့္ရဲ႕လက္ေတြကို မ်က္ႏွွာလိုပဲ anti -ace cream ေတြကို လိမ္းေပးႏိုင္ပါတယ္။ ေနေရာင္ကာကြယ္ေဆးလိမ္းဖို႔လည္း မေမ့သင့္ပါဘူး။
#TB_Nandar
#Lifestyle_Myanmar
Unicode
မိန်းကလေးတိုင်း သိထားသင့်တဲ့ အလှအပဆိုင်ရာ လျှို့ဝှက်ချက်လေးတွေ
နာမည်ကြီး ဆယ်လီတွေရဲ့ အသားအရေနဲ့ အလှအပကို သင်အားကျနေလား? သူတို့လိုမလှရင်တောင် အသားအရေကို ကျန်းမာစေမယ့် ထိရောက်တဲ့ စောင့်ရှောက်မှုပေးနိုင်သော အခြေခံရိုးရှင်းတဲ့နည်းလမ်းများကို ဘယ်သူမဆို ပြုလုပ်နိုင်ပါတယ်။ အနည်းဆုံးတော့ ဒီနည်းလမ်းလေးတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။
၁။ နေရောင်ကာကွယ်ဆေး၏ အကျိုးကျေးဇူးများကို မမေ့ပါနဲ့
နေရောင်ကာကွယ်ဆေး ပုံမှန်အသုံးပြုမှုမပါပဲ လှပပြီး ကျန်းမာတဲ့ အသားအရေရရှိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အလှကုန်ကျွမ်းကျင်သူများက သင်သည်ဒီစည်းမျဉ်းကို လျစ်လျူရှုလျှင် အခြားအားထုတ်မှုက အချည်းနှီးဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ ကျန်းမာတဲ့အသားအရေအတွက် တစ်နေ့တာအတွင်း SPF 30ထက်မနည်းတဲ့ ခရမ်ကို အသုံးပြုဖို့ အကြံပေးထားပါတယ်။
၂။ သင့်လည်ပင်းကို ဘယ်တော့မှ မမေ့ပါနဲ့
လည်ပင်းသည် အမျိုးသမီးတစ်ယောက်ရဲ့ အလှအပနဲ့အတူ အသက်အရွယ်ကို ဖော်ပြနေတာကြောင့် ကောင်းကောင်းဂရုစိုက်ဖို့ အလွန်အရေးကြီးပါတယ်။ ဒီအရေပြားက ပါးလွှာပြီး သင့်မျက်နှာလိုပဲ နူးည့ံသိမ်မွေ့တာကြောင့် စောင့်ရှောက်မှု လိုအပ်ပါတယ်။
၃။ သင့်အသားအရေကို ရေခဲတုံးဖြင့် ပွတ်သပ်ပေးပါ။
စန်တာမော်နီကာ အရေပြားရောဂါအထူးကု ဒေါက်တာ Avaa Shambanသည် မွဲခြောက်တဲ့အသားအရေကို တားဆီးဖို့ စက္ကန့်အနညး်ငယ်လောက် ရေခဲတုံးနှင့်အတူ မျက်နှာကို ပွတ်တိုက်ပေးဖို့ အကြံပြုထားပါတယ်။ ဒါကရိုးရှင်းပြီး သင့်အသားအရေကို အမှန်တကယ်တောက်ပစေမှာပါ။
၄။ အလှကုန်ပစ္စည်းများကို မှန်ကန်စွာ သိမ်းထားပါ။
ပူနွေးပြီး စိုစွတ်တဲ့လေထုက သူတို့ကို ပိုမိုလျင်မြန်စွာ ကုန်ဆုံးစေတာကြောင့် ဒေါက်တာ Debra jaliman သည် ရေချိုးခန်းမှာ သင့်အလှအပပစ္စည်းများကို သိမ်းဆည်းခြင်းမပြုဖို့ သတိပေးထားပါတယ်။ မျက်နှာလိမ်းဆေးနှင့် သင်မကြာခဏ အသုံးမပြုတဲ့ တခြားအလှအပပစ္စည်းများကို ရေခဲ့သေတ္တာထဲမှာ သိမ်းဆည်းထားရပါမယ်။
၅။ သင့်ရဲ့ သန့်ရှင်းတဲ့ အသားအရေနဲ့ ထိတွေ့တဲ့အရာအားလုံးကို ထိန်းသိမ်းပါ
ဒေါက်တာ Lancer သည် ညစ်ပေတဲ့လက်နဲ့ သင့်မျက်နှာကို ဘယ်တော့မှ မထိသင့်ဘူးလို့ ဆိုပါတယ်။ အသားအရေ အဆီပြန်နေရင် သုံးရက်တစ်ကြိမ် ဒါမှမဟုတ် ပုံမှန်အသားအရေ သို့မဟုတ်် ခြောက်သွေ့တဲ့အသားအရေရှိလျှင် တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် ခေါင်းအုံးစွပ်တွေကို လဲပေးပါ။ အခါအားလျှော်စွာ သင့်စမတ်ဖုန်းမျက်နှာပြင်ကို သန့်ရှင်းပေးပါ။
၆။ ဝက်ခြံထွက်နေရင် အထူးသဖြင့် scrubs နှင့် မျက်နှာရေမြုပ်ကို မသုံးပါနဲ့
အသားအရေကိုအထူးကုများက ဝက်ခြံထွက်လို့ ရောင်ရမ်းနေလျှင် ( Scrubs, တို့ပတ်တွေ၊ ဘရပ်များ)ကို အသုံးပြုဖို့ ဘယ်တော့မှ အကြံမပြုပါဘူး။
ဘယ်အသားအရေအမျိုးအစားမဆို ဆပ်ပြာမသုံးဘဲ နူးည့ံသိမ်မွေ့စွာ သန့်စင်ဖို့ လိုအပ်ပါတယ်။ ရောင်ရမ်းခြင်းနှင့် နီမြန်းမှုကို လျှော့ချဖို့ ရေအနည်းငယ်နဲ့ အက်စပရင်ကို ဖျော်ပြီး လိမ်းပေးပါ။
၇။ သင့်လက်တွေကို ဂရုစိုက်ပါ
လက်တွေက ပါးလွှာပြီးနူးညံ့တဲ့ အရေပြားဖြစ်တာကြောင့် လည်ပင်းကို ဂရုစိုက်သလိုပဲ လိုအပ်ပါတယ်။ အိမ်အလုပ်တွေလုပ်တဲ့အခါ လက်အိတ်ကို အသုံးပြုပြီး အသားအရေအစိုဓါတ်လိမ်းဆေးကို ပုံမှန်လိမ်းပေးပါ။ သင့်ရဲ့လက်တွေကို မျက်နှှာလိုပဲ anti -ace cream တွေကို လိမ်းပေးနိုင်ပါတယ်။ နေရောင်ကာကွယ်ဆေးလိမ်းဖို့လည်း မမေ့သင့်ပါဘူး။
#TB_Nandar
#Lifestyle_Myanmar