သင့်မှာ ၀က်ခြံပေါက်နေလျှင် မိတ်ကပ်နဲ့ ဘယ်လိုဖုံးကွယ်မလဲ?
#Lifestyle_Myanmar
#TB_Nandar
Source- brightside
Unicode
မိတ်ကပ်လိမ်းတဲ့အခါ အချိန်ကုန်သက်သာမယ့် အလွယ်နည်းလမ်းလေးတွ
ပျိုမေတို့အတွက် မိတ်ကပ်လိမ်းရာမှာ ရိုးရှင်းလွယ်ကူပြီး အချိန်ကုန်သက်သာတဲ့ အသုံးပြုနည်းလေးတွေကို မျှဝေပေးချင်ပါတယ်။
၁။ Eye Pencil နဲ့ အိုင်းလိုင်နာဂျယ်ပုံစံ ဖန်တီးမယ်
Eye Pencil နဲ့ လုံးဝဖြောင့်ပြီး လိုင်းပါးပါးလေး ရနိုင်ဖို့အတွက် ခဲတံကို မီးနဲ့ အပူပေးပါ။ ဒီနည်းလမ်းက ခဲတံကို အရည်ပျော်စေပြီး ဂျယ်လ်ပုံစံ ဆွဲလို့ ရစေမှာပါ။ သင့်မှာ အိုင်းလိုင်နာ အရည်မရှိလျှင် ဒီနည်းလမ်းလေးကို သုံးကြည့်ပါ။
၂။ မျက်တောင်ပိုထူစေဖို့ မျက်တောင်ကော့ဆေးအကြားမှာ ပေါင်ဒါသုံးပါ။
မျက်တောင်ကပါးနေလို့ ထူထူလေးလိုချင်ရင် မျက်နှာလိမ်းပေါင်ဒါက သင့်ကိုကူညီပေးပါလိမ့်မယ်။ မျက်တောင်ကော့ဆေးကို ပထမအလွှာအရင်ဆိုးပါ။ သင့်မျက်တောင်တွေပေါ်မှာ ဘရပ်တစ်ခုနဲ့ ပေါင်ဒါကို အလွှာပါးပါးလေး လိမ်းပါ။ ပြီးမှ မျက်တောင်ကော့ဆေးကို ဒုတိယအလွှာ ဆိုးပေးပါ။
၃။ မျက်တောင်ကော့ရင်း အိုင်းလိုင်နာပါ တခါတည်းဆိုးမယ်
သင်မျက်တောင်ကော့ကိရိယာ အသုံးပြုလျှင် မနက်ခင်း အလှပြင်တဲ့အခါ အချိန်အများကြီး ချွေတာနိုင်မယ့် နည်းလမ်းလေး ရှိပါတယ်။ Eye Pencil ဒါမှမဟုတ် လိုင်နာနဲ့ မျက်တောင်ကော့ ကိရိယာရဲ့ အပေါ်မှာ လိုင်းတစ်ခုဆွဲပါ။ သင်မျက်တောင်ကော့တဲ့အခါ သင့်မျက်တောင်ရဲ အရင်းကို လိုင်နာဆွဲပြီးသား ဖြစ်သွားပါလိမ့်မယ်။
၄။ သင့်ရဲ့မျက်လုံးကို အမြင်မှာပိုကြီးသယောင် ပြုလုပ်မယ်
Smokey Eye Makeup က အမြင်အာရုံမှာ သင့်မျက်လုံးတွေကို ပိုကျယ်စေနိုင်ပါတယ်။ ဓါတ်ပုံထဲမှာ ပြထားတဲ့ အဆင့်အတိုင်း ကိရိယာအများကြီး မသုံးဘဲ ပြီးပြည့်စုံတဲ့ ညနေခင်းမိတ်ကပ်ရနိုင်ပါတယ်။ လိုချင်တဲ့ အကျိုးသက်ရောက်မှု ရရှိရန် အိုင်းလိုင်နာအသုံးပြုခြင်းနှင့် ရှဲဒိုးလိမ်းခြင်းအပြင် မျက်ခုံးအောက်ဧရိယာကို ဟိုက်လိုက်လုပ်ဖို့ အမြဲတမ်း မမေ့ပါနဲ့။
၅။ မျက်ခုံးထူထူလေးဖြစ်သယောင် ဖန်တီးမယ်
မျက်ခုံးထူထူလေးဖြစ်နေသယောင် ဖန်တီးဖို့ မိတ်ကပ်အနုပညာရှင်တွေရဲ့ လျှို့ဝှက်လှည့်ကွက်လေးကို သုံးနိုင်ပါတယ်။ ဂျယ် သို့မဟုတ် eyebrow waxနှင့် သင့်မျက်ခုံးများကို ဖြည့်တဲ့အခါ Wax လိမ်းပြီးနောက် မခြောက်ခင်မှာ ညာဘက်အရေပြားသို့ မျက်ခုံးမွှေးတွေကို ဖိဆွဲပါ။ ဒါက သင့်ကို သဘာဝမျက်ခုံးထူထူလေးရအောင် ဖန်တီးပေးပါလိမ့်မယ်။
၆။ ဝက်ခြံတွေနဲ့ အသားအရေနီခြင်းအတွက် Eyedrop ကိုသုံးမယ်
ရိုးရိုး မျက်စဉ်းခပ်ဆေးတွေက မျှော်လင့်မထားတဲ့ အချိန်မှာ ပေါ်ထွက်လာတဲ့ ဝက်ခြံတွေကို ဖယ်ရှားဖို့ ကူညီနိုင်ပါတယ်။ ဒါက အရေးပေါ်ဆေးတစ်လက်က မျက်လုံးတွေမှာ နီမြန်းခြင်းကို လျော့ချဖို့ ကူညီပေးပြီး အသားအရေရောင်ရမ်းခြင်းကြောင့်ဖြစ်တဲ့ နီမြန်းခြင်းကိုလည်း လျော့ကျဖို့ ကူညီပေးပါတယ်။
၇။ face sculpting powders ရဲ့အကူအညီနဲ့ နှုတ်ခမ်းဖူးဖူးလေး ဖန်တီးမယ်
face sculpting powders နှင့် ဘရပ်အပါးတစ်ခုကို သုံးပြီး သင့်ရဲ့နှုတ်ခမ်းပါးတွေကို အမြင်အာရုံမှာ ပြည့်ပြည့်လုံးလုံးလေး ပြုလုပ်နိုင်ပါတယ်။ ဒါက နာမည်ကြီး ဆယ်လီတွေရဲ့ လျှို့ဝှက်လှည့်ကွက်လေးပါ။ အပေါ်နှုတ်ခမ်းထက်ကို ဟိုက်လိုက်တစ်ခုနှင့် အောက်နှုတ်ခမ်းအောက်မှာ အရိပ်တစ်ခုဖန်တီးခြင်းဖြင့် နည်းနညး်ထူစေဖို့ ပြုလုပ်နိုင်ပါတယ်။ ပုံထဲမှာ ပြထားတဲ့အတိုင်း 2-3မီလီမီတာမျဉ်းခပ်ပါးပါးတစ်ကြောင်း ဖန်တီးပါ။ ပြီးမှ ပြည့်ဖြိုးတဲ့ အကျိုးသက်ရောက်မှုအတွက် အပေါ်နှုတ်ခမ်းကို highlighter ထည့်ပေးပါ။
၈။ highlighter တစ်ခုရဲ့အကူအညီနှင့် တောက်ပနေစေဖို့ ဖန်တီးမယ်
သင့်မျက်နှာလေး ဝင်းလဲ့တောက်ပနေအောင် အိုင်းရှဲဒိုးအဖြူကိုသုံးပြီး မျက်ခုံးတွေအောက်မှာ highlighter လိမ်းပေးခြင်းအပြင် သင့်မျက်ခမ်းရဲ့အလယ်နှင့် သင့်မျက်လုံးရဲ့ အတွင်းထောင့်ကိုပါ လိမ်းပေးပါ။
၉။ မိတ်ကပ်တာရှည်ခံအောင် ပေါင်ဒါသုံးမယ်
ဒီနညး်လမ်းက သင့်မိတ်ကပ်ကို တာရှည်ခံအောင် ကူညီပေးပြီး မျက်နှာဖုံးစွပ်ထားသလို မဖြစ်စေပဲ သင့်အောက်ခံမိတ်ကပ်အလွှာကို ပိုပြီး သိပ်သည်းစေပါလိမ့်မယ်။ ဒီနည်းလမ်းကို မင်္ဂလာဆောင် သတို့သမီး မိတ်ကပ်တွေမှာ အသုံးပြုပါတယ်။
၁၀။ တစ်မိနစ်အတွင်း မိတ်ကပ်ရေမြှုပ်တွေကို သန့်ရှင်းမယ်
မိတ်ကပ်ရေမြှုပ်တွေကို သန့်ရှင်းဖို့ ပန်းကန်လုံးတစ်လုံးထဲမှာ ဆပ်ပြာရည်ကို ထည့်ပြီး မိတ်ကပ်ရေမြှုပ်တွေကို ထည့်ပါ။ ပန်းကန်လုံးကို ၁မိနစ်လောက် မိုက်ခရိုဝေ့ထဲ ထည့်ပေးပါ။ ပြီးမှ ရေမြှူပ်တွေကို ရေဖြင့် ပြန်ဆေးပါ။
#Lifestyle_Myanmar
#TB_Nandar
Source- brightside