မိခင်နို့တိုက်ကျွေးနေချိန်မှာ မေမေတို့ရဲ့ ကိုယ်အလေးချိန်ကို လျှော့ချဖို့ ကူညီနိုင်တဲ့ အကြံပြုချက် (၇)ခု

0
200

ကလေးမွေးပြီးနောက်ပိုင်းမှာ မေမေတို့အနေနဲ့ ကိုယ်ဝန်မဆောင်ခင်အချိန်က ကိုယ်အလေးချိန်ကို ပြန်လိုချင်ကြမှာပါ။ ကလေးမွေးပြီးနောက်မှာ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ဖို့ အချိန်ပေးရပါမယ်။ ကလေးအသက် ၂လလောက်ရောက်မှ ကိုယ်အလေးချိန်ချဖို့ ကြိုးစားသင့်ပါတယ်။ မေမေတို့အနေနဲ့ ကိုယ်အလေးချိန်ချဖို့ အဆောတလျင် မလုပ်သင့်ပါဘူးနော်။ မိခင်နို့တိုက်ကျွေးခြင်းကလည်း ကလေးအတွက် အရမ်းအရေးပါတဲ့ အဆင့်ဖြစ်တာကြောင့် ကိုယ်အလေးချိန်ကျအောင် အစားရှောင်တာမျိုးမလုပ်ဘဲ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်ဝတဲ အစားအသောက်တွေ စားပေးသင့်ပါတယ်။ ကလေးကို နို့တိုက်နေချိန်မှာ ကိုယ်အလေးချိန်ကို အန္တရာယ်ကင်းကင်းနဲ့ ကျစေချင်ရင်တော့ အောက်ပါအကြံပြုချက်လေးတွေကို ဂရုစိုက်ပေးပါ။

-Advertisement-

၁။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးများ

ကလေးနို့တိုက်နေတဲ့အချိန်မှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို စားဖို့ မမေ့သင့်ပါဘူးနော်။ ဒါတွေက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်တွေ၊ သတ္တုဓါတ်တွေ အများဆုံးပေးစွမ်းပြီး မွေးကင်းစကလေးအတွက်လည်း သွယ်ဝိုက်ပြီး အကျိုးရှိစေပါတယ်။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေက သင့်ခန္ဓာကိုယ်ကို မိခင်နို့ ဖွဲ့စည်းခြင်းမှာ အများကြီး အရေးပါတဲ့ အရည် အစိတ်အပိုင်းကို ပေးပါတယ်။

၂။ ပရိုတိန်း

မေမေတို့ စားတဲ့ အစားအသောက်ဟာ ပရိုတိန်းကြွယ်ဝတဲ့ အစားအသောက်တွေ ဖြစ်သင့်ပါတယ်။ ပရိုတိန်းက ကလေးငယ်ရဲ့ ကြွက်သားတွေကို သန်မာစေပြီး လိုအပ်တဲ့ စွမ်းအင်နှင့် ခွန်အားတွေကိုလည်း ပေးပါတယ်။ ပရိုတိန်းစားသုံးမှု လျော့နည်းတဲ့အခါ မောပန်းတာကို အလွယ်တကူခံစားရပြီး မိခင်နို့ထွက်မှုကို ထိခိုက်စေနိုင်ပါတယ်။

၃။ နှံစားသီးနှံများ

ဂျုံမှုန့်တွေကို စားသုံးတာထက် စီရီရယ်နှင့် ကောက်ပဲသီးနှံများကို စားသုံးပါ။ စွမ်းအင်ထုတ်လုပ်ဖို့ သင့်ခန္ဓာကိုယ်က လိုအပ်တဲ့ ကာဗိုဟိုက်ဒရိတ်တွေကို ပေးစွမ်းပါတယ်။ သူတို့မှာ သကြားနှင့် သဘာဝကစီဓါတ်ပုံစံရှိပါတယ်။

၄။ ကောင်းတဲ့ အဆီတွေ

မိခင်နို့တိုက်နေစဉ်အတွင်းမှာ သင့်ခန္ဓာကိုယ်က အဆီလည်း လိုအပ်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီတွေ မဖြစ်ရပါဘူး။ ကျန်းမာရေးနှင့် မညီညွတ်တဲ့အဆီတွေကို စားသုံးခြင်းက နှလုံးရောဂါ ရစေယုံသာမက ကိုယ်အလေးချိန်ကိုလည်း တိုးစေပါတယ်။

၅။ ရေ

ရေက နို့တိုက်ကျွေးနေတဲ့ မေမေတို့အတွက် မရှိမဖြစ် အရေးပါပါတယ်။ နို့တိုက်နေတဲ့ မိခင်တွေဟာ ပျမ်းမျှအားဖြင့် နေ့စဉ်နေ့တိုင်း အနည်းဆုံး ရေမတ်ခွက် ၁၂ခွက်ကနေ ၁၆ခွက်အထိ သောက်သင့်ပါတယ်။ တစ်ခွက်စီဟာ ၁၅၀မီလီ- ၁၈၀ မီလီခန့် ဖြစ်သင့်ပါတယ်။ ရေဟာ ခန္ဓာကိုယ်က အဆိပ်အတောက်များကို ကင်းစင်စေပြီး ရေဓါတ်ပြန်လည်ဖြည့်တင်းပေးပါတယ်။

၆။ အသားနဲ့ ငါး

အိုမီဂါ ၃ဖက်တီးအက်ဆစ်နှင့် ပရိုတိန်းတို့ပေးစွမ်းတာကြောင့် အသားငါးစားဖို့ မမေ့သင့်ပါဘူး။သင့်အစားအသောက်ထဲမှာ အသားငါးထည့်စားခြင်းက နို့တိုက်နေစဉ်မှာ ကိုယ်အလေးချိန်ကျစေပါတယ်။ ကြက်သားလို အဆီနည်းတဲ့ အသားတွေ စားပေးသင့်ပါတယ်။

၇။ လေ့ကျင့်ခန်း

အထက်ပါဖော်ပြထားတဲ့ အစားအသောက်များကို စားသုံးပေးပြီး နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းတချို့ကို လုပ်ပေးပါ။ တစ်ရက်ကို အနည်းဆုံး မိနစ် ၃၀- ၄၅ မိနစ်လောက် လမ်းလျှောက်ဖို့ အကြံပြုပါတယ်။
နို့တိုက်ကျွေးနေတဲ့ ကနဦးအဆင့်မှာ တင်းကျပ်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်သင့်သေးပေမယ့် ကိုယ်လက်လှုပ်ရှားမှု ပမာဏအနည်းငယ်က သင့်ကိုပိုပြီး active ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ သင့်အတွက် သင့်လျှော်တဲ့ လေ့ကျင့်ခန်းကို ဆရာဝန်နှင့် တိုင်ပင်နိုင်ပါတယ်။

ရှောင်ကြဉ်ရမယ့်အရာများ

နို့တိုက်နေစဉ်မှာ သင်ဘာပဲစားစား မိခင်နို့မှတဆင့် ကလေးဆီရောက်တာကြောင့် သတိထားသင့်ပါတယ်။ အထူးသဖြင့် အစားအစာတွေက သင့်ကလေးအတွက် မကျန်းမာတဲ့အစားအစာတွေဖြစ်လျှင် ရှောင်ကြဉ်ရပါမယ်။

အရက်။ ။ ကလေးမွေးပြီး ပထမ ၂လမှာ လုံးဝအရက်မသောက်မိအောင် ထိန်းချုပ်သင့်ပါတယ်။ အဲ့ဒီအချိန်ကာလကျော်သွားရင်တောင် ရံဖန်ရံခါ ၁-၂ခွက်ကလွဲရင် အများကြီးမသောက်သင့်ပါဘူး။ အရက်သောက်ပြီးနောက် ချက်ချင်းနို့တိုက်လို့ မရပါဘူး။ အနည်းဆုံး ၄-၅နာရီကြာမှ နို့တိုက်လို့ရတာကြောင့် ကလေးအတွက် ရှောင်ကြဉ်တာက အကောင်းဆုံးပါ။

ကဖိန်းဓါတ်။ ။ ကဖိန်းဓါတ်က မွေးကင်းစကလေးရဲ့ ကျန်းမာရေးအတွက် မကောင်းပါဘူး။ ကော်ဖီ သို့ လက်ဖက်ရည်ကို နို့တိုက်ကျွေးစဉ်မှာ မသောက်သုံးသင့်ပါဘူး။ မသောက်ရမနေနိုင်သူ ဖြစ်ရင်တော့ မနက်ခင်းမှာ တစ်ခွက်လောက်သာ သောက်ပါ။ တစ်နေ့ကို ၃၀၀ မီလီဂရမ်ထက် မပိုသင့်ပါဘူးနော်။

အာဟာရပါဝင်မှုနည်းပြီး ကိုလက်စထရောများတဲ့ အစားအစာများ။ ။ ကလေး နို့တိုက်နေတုန်း အဆင့်မှာ မေမေတို့အနေနဲ့ ခဏခဏ ဗိုက်ဆာတာကို ရင်ဆိုင်ရပါလိမ့်မယ်။ ဒါပေမယ့် အာဟာရမရှိဘဲ ကိုလက်စထရောများတဲ့ သရေစာမုန့်တွေ မစားပါနဲ့။ ကျန်းမာရေးနှင့် ညီညွတ်တဲ့ မုန့်တွေ၊ အခွံမာသီးတွေစားပေးပါ။ ကယ်လိုရီများတဲ့ fast foods တွေ၊ အချိုရည်တွေ၊ အချိုပွဲတွေနဲ့ ဝေးဝေးနေသင့်ပါတယ်။ ဒီအစားအစာတွေက ကိုယ်အလေးချိန်ကျမှုအတွက် အတားအဆီးဖြစ်ပြီး ခန္ဓာကိုယ်အတွက် မကျန်းမာတဲ့ ကယ်လိုရီနဲ့ အဆီတွေ တတ်စေနိုင်ပါတယ်။
မိခင်နို့တိုက်နေစဉ်မှာ စိတ်ရှည်ရှည်နဲ့ ဖြည်းဖြည်းချင်း ကိုယ်အလေးချိန်ချဖို့ လိုအပ်ပါတယ်။ ဒီလမ်းညွန်ချက်လေးတွေက သင့်အတွက် အဆင်ပြေမယ်လို့လည်း မျှော်လင့်မိပါတယ်နော်။

Lifestyle_Myanmar

LM_Nandar

Source-momjunction

ZawGyi

မိခင္ႏို႔တိုက္ေကြၽးေနခ်ိန္မွာ ေမေမတို႔ရဲ႕ ကိုယ္အေလးခ်ိန္ကို ေလွ်ာ့ခ်ဖို႔ ကူညီႏိုင္တဲ့ အႀကံျပဳခ်က္ (၇)ခု
ကေလးေမြးၿပီးေနာက္ပိုင္းမွာ ေမေမတို႔အေနနဲ႔ ကိုယ္ဝန္မေဆာင္ခင္အခ်ိန္က ကိုယ္အေလးခ်ိန္ကို ျပန္လိုခ်င္ၾကမွာပါ။ ကေလးေမြးၿပီးေနာက္မွာ ခႏၶာကိုယ္ကို ျပန္လည္တည္ေဆာက္ဖို႔ အခ်ိန္ေပးရပါမယ္။ ကေလးအသက္ ၂လေလာက္ေရာက္မွ ကိုယ္အေလးခ်ိန္ခ်ဖို႔ ႀကိဳးစားသင့္ပါတယ္။ ေမေမတို႔အေနနဲ႔ ကိုယ္အေလးခ်ိန္ခ်ဖို႔ အေဆာတလ်င္ မလုပ္သင့္ပါဘူးေနာ္။ မိခင္ႏို႔တိုက္ေကြၽးျခင္းကလည္း ကေလးအတြက္ အရမ္းအေရးပါတဲ့ အဆင့္ျဖစ္တာေၾကာင့္ ကိုယ္အေလးခ်ိန္က်ေအာင္ အစားေရွာင္တာမ်ိဳးမလုပ္ဘဲ က်န္းမာေရးနဲ႔ ညီၫြတ္ၿပီး အာဟာရျပည့္ဝတဲ အစားအေသာက္ေတြ စားေပးသင့္ပါတယ္။ ကေလးကို ႏို႔တိုက္ေနခ်ိန္မွာ ကိုယ္အေလးခ်ိန္ကို အႏၲရာယ္ကင္းကင္းနဲ႔ က်ေစခ်င္ရင္ေတာ့ ေအာက္ပါအႀကံျပဳခ်က္ေလးေတြကို ဂ႐ုစိုက္ေပးပါ။

၁။ ဟင္းသီးဟင္း႐ြက္နဲ႔ သစ္သီးမ်ား

ကေလးႏို႔တိုက္ေနတဲ့အခ်ိန္မွာ ဟင္းသီးဟင္း႐ြက္နဲ႔ သစ္သီးေတြကို စားဖို႔ မေမ့သင့္ပါဘူးေနာ္။ ဒါေတြက ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ ဗီတာမင္ေတြ၊ သတၱဳဓါတ္ေတြ အမ်ားဆုံးေပးစြမ္းၿပီး ေမြးကင္းစကေလးအတြက္လည္း သြယ္ဝိုက္ၿပီး အက်ိဳးရွိေစပါတယ္။ သစ္သီးနဲ႔ ဟင္းသီးဟင္း႐ြက္ေတြက သင့္ခႏၶာကိုယ္ကို မိခင္ႏို႔ ဖြဲ႕စည္းျခင္းမွာ အမ်ားႀကီး အေရးပါတဲ့ အရည္ အစိတ္အပိုင္းကို ေပးပါတယ္။

၂။ ပ႐ိုတိန္း

ေမေမတို႔ စားတဲ့ အစားအေသာက္ဟာ ပ႐ိုတိန္းႂကြယ္ဝတဲ့ အစားအေသာက္ေတြ ျဖစ္သင့္ပါတယ္။ ပ႐ိုတိန္းက ကေလးငယ္ရဲ႕ ႂကြက္သားေတြကို သန္မာေစၿပီး လိုအပ္တဲ့ စြမ္းအင္ႏွင့္ ခြန္အားေတြကိုလည္း ေပးပါတယ္။ ပ႐ိုတိန္းစားသုံးမႈ ေလ်ာ့နည္းတဲ့အခါ ေမာပန္းတာကို အလြယ္တကူခံစားရၿပီး မိခင္ႏို႔ထြက္မႈကို ထိခိုက္ေစႏိုင္ပါတယ္။

၃။ ႏွံစားသီးႏွံမ်ား

ဂ်ဳံမႈန္႔ေတြကို စားသုံးတာထက္ စီရီရယ္ႏွင့္ ေကာက္ပဲသီးႏွံမ်ားကို စားသုံးပါ။ စြမ္းအင္ထုတ္လုပ္ဖို႔ သင့္ခႏၶာကိုယ္က လိုအပ္တဲ့ ကာဗိုဟိုက္ဒရိတ္ေတြကို ေပးစြမ္းပါတယ္။ သူတို႔မွာ သၾကားႏွင့္ သဘာဝကစီဓါတ္ပုံစံရွိပါတယ္။

၄။ ေကာင္းတဲ့ အဆီေတြ

မိခင္ႏို႔တိုက္ေနစဥ္အတြင္းမွာ သင့္ခႏၶာကိုယ္က အဆီလည္း လိုအပ္ပါတယ္။ ဒါေပမယ့္ က်န္းမာေရးနဲ႔ မညီၫြတ္တဲ့ အဆီေတြ မျဖစ္ရပါဘူး။ က်န္းမာေရးႏွင့္ မညီၫြတ္တဲ့အဆီေတြကို စားသုံးျခင္းက ႏွလုံးေရာဂါ ရေစယုံသာမက ကိုယ္အေလးခ်ိန္ကိုလည္း တိုးေစပါတယ္။

၅။ ေရ

ေရက ႏို႔တိုက္ေကြၽးေနတဲ့ ေမေမတို႔အတြက္ မရွိမျဖစ္ အေရးပါပါတယ္။ ႏို႔တိုက္ေနတဲ့ မိခင္ေတြဟာ ပ်မ္းမွ်အားျဖင့္ ေန႔စဥ္ေန႔တိုင္း အနည္းဆုံး ေရမတ္ခြက္ ၁၂ခြက္ကေန ၁၆ခြက္အထိ ေသာက္သင့္ပါတယ္။ တစ္ခြက္စီဟာ ၁၅၀မီလီ- ၁၈၀ မီလီခန္႔ ျဖစ္သင့္ပါတယ္။ ေရဟာ ခႏၶာကိုယ္က အဆိပ္အေတာက္မ်ားကို ကင္းစင္ေစၿပီး ေရဓါတ္ျပန္လည္ျဖည့္တင္းေပးပါတယ္။

၆။ အသားနဲ႔ ငါး

အိုမီဂါ ၃ဖက္တီးအက္ဆစ္ႏွင့္ ပ႐ိုတိန္းတို႔ေပးစြမ္းတာေၾကာင့္ အသားငါးစားဖို႔ မေမ့သင့္ပါဘူး။သင့္အစားအေသာက္ထဲမွာ အသားငါးထည့္စားျခင္းက ႏို႔တိုက္ေနစဥ္မွာ ကိုယ္အေလးခ်ိန္က်ေစပါတယ္။ ၾကက္သားလို အဆီနည္းတဲ့ အသားေတြ စားေပးသင့္ပါတယ္။

၇။ ေလ့က်င့္ခန္း

အထက္ပါေဖာ္ျပထားတဲ့ အစားအေသာက္မ်ားကို စားသုံးေပးၿပီး ေန႔စဥ္ပုံမွန္ ေလ့က်င့္ခန္းတခ်ိဳ႕ကို လုပ္ေပးပါ။ တစ္ရက္ကို အနည္းဆုံး မိနစ္ ၃၀- ၄၅ မိနစ္ေလာက္ လမ္းေလွ်ာက္ဖို႔ အႀကံျပဳပါတယ္။
ႏို႔တိုက္ေကြၽးေနတဲ့ ကနဦးအဆင့္မွာ တင္းက်ပ္တဲ့ ေလ့က်င့္ခန္းေတြ မလုပ္သင့္ေသးေပမယ့္ ကိုယ္လက္လႈပ္ရွားမႈ ပမာဏအနည္းငယ္က သင့္ကိုပိုၿပီး active ျဖစ္ေစႏိုင္ပါတယ္။ ေလ့က်င့္ခန္းလုပ္ဖို႔ သင့္အတြက္ သင့္ေလွ်ာ္တဲ့ ေလ့က်င့္ခန္းကို ဆရာဝန္ႏွင့္ တိုင္ပင္ႏိုင္ပါတယ္။

ေရွာင္ၾကဥ္ရမယ့္အရာမ်ား

ႏို႔တိုက္ေနစဥ္မွာ သင္ဘာပဲစားစား မိခင္ႏို႔မွတဆင့္ ကေလးဆီေရာက္တာေၾကာင့္ သတိထားသင့္ပါတယ္။ အထူးသျဖင့္ အစားအစာေတြက သင့္ကေလးအတြက္ မက်န္းမာတဲ့အစားအစာေတြျဖစ္လွ်င္ ေရွာင္ၾကဥ္ရပါမယ္။

အရက္။ ။ ကေလးေမြးၿပီး ပထမ ၂လမွာ လုံးဝအရက္မေသာက္မိေအာင္ ထိန္းခ်ဳပ္သင့္ပါတယ္။ အဲ့ဒီအခ်ိန္ကာလေက်ာ္သြားရင္ေတာင္ ရံဖန္ရံခါ ၁-၂ခြက္ကလြဲရင္ အမ်ားႀကီးမေသာက္သင့္ပါဘူး။ အရက္ေသာက္ၿပီးေနာက္ ခ်က္ခ်င္းႏို႔တိုက္လို႔ မရပါဘူး။ အနည္းဆုံး ၄-၅နာရီၾကာမွ ႏို႔တိုက္လို႔ရတာေၾကာင့္ ကေလးအတြက္ ေရွာင္ၾကဥ္တာက အေကာင္းဆုံးပါ။

ကဖိန္းဓါတ္။ ။ ကဖိန္းဓါတ္က ေမြးကင္းစကေလးရဲ႕ က်န္းမာေရးအတြက္ မေကာင္းပါဘူး။ ေကာ္ဖီ သို႔ လက္ဖက္ရည္ကို ႏို႔တိုက္ေကြၽးစဥ္မွာ မေသာက္သုံးသင့္ပါဘူး။ မေသာက္ရမေနႏိုင္သူ ျဖစ္ရင္ေတာ့ မနက္ခင္းမွာ တစ္ခြက္ေလာက္သာ ေသာက္ပါ။ တစ္ေန႔ကို ၃၀၀ မီလီဂရမ္ထက္ မပိုသင့္ပါဘူးေနာ္။

အာဟာရပါဝင္မႈနည္းၿပီး ကိုလက္စထေရာမ်ားတဲ့ အစားအစာမ်ား။ ။ ကေလး ႏို႔တိုက္ေနတုန္း အဆင့္မွာ ေမေမတို႔အေနနဲ႔ ခဏခဏ ဗိုက္ဆာတာကို ရင္ဆိုင္ရပါလိမ့္မယ္။ ဒါေပမယ့္ အာဟာရမရွိဘဲ ကိုလက္စထေရာမ်ားတဲ့ သေရစာမုန္႔ေတြ မစားပါနဲ႔။ က်န္းမာေရးႏွင့္ ညီၫြတ္တဲ့ မုန္႔ေတြ၊ အခြံမာသီးေတြစားေပးပါ။ ကယ္လိုရီမ်ားတဲ့ fast foods ေတြ၊ အခ်ိဳရည္ေတြ၊ အခ်ိဳပြဲေတြနဲ႔ ေဝးေဝးေနသင့္ပါတယ္။ ဒီအစားအစာေတြက ကိုယ္အေလးခ်ိန္က်မႈအတြက္ အတားအဆီးျဖစ္ၿပီး ခႏၶာကိုယ္အတြက္ မက်န္းမာတဲ့ ကယ္လိုရီနဲ႔ အဆီေတြ တတ္ေစႏိုင္ပါတယ္။
မိခင္ႏို႔တိုက္ေနစဥ္မွာ စိတ္ရွည္ရွည္နဲ႔ ျဖည္းျဖည္းခ်င္း ကိုယ္အေလးခ်ိန္ခ်ဖို႔ လိုအပ္ပါတယ္။ ဒီလမ္းၫြန္ခ်က္ေလးေတြက သင့္အတြက္ အဆင္ေျပမယ္လို႔လည္း ေမွ်ာ္လင့္မိပါတယ္ေနာ္။

Lifestyle_Myanmar

LM_Nandar

Source-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here