မိခင်နို့တိုက်ကျွေးခြင်းက တကယ့် စူပါ ပါဝါတစ်ခု ဖြစ်ကြောင်း သက်သေပြနေတဲ့ အချက်များ

0
99

လေ့ကျင့်ခန်း လုပ်စရာမလိုဘဲ သူ့ဘာသာ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်တယ်ဆိုရင် စူပါပါဝါရှိတယ်လို့ ပြောလို့ရပါတယ်။ မိခင်နို့ချိုတိုက်ကျွေးခြင်းက ဒီအတိုင်းဖြစ်နိုင်ပါတယ်နော်။ ဒီစွမ်းအားက မိခင်နှင့် ကလေးနှစ်ယောက်စလုံးအတွက် အံ့သြဖွယ်ကောင်းတဲ့ ဇီဝကမ္မနှင့် စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပါတယ်။

-Advertisement-

၁။ ကိုယ်အလေးချိန်ကျစေနိုင်ပါတယ်

သားဖွားမီးယပ် အထူးကုဆရာဝန်များရဲ့အဆိုအရ မိခင်နို့တိုက်ကျွေးခြင်းဟာ တစ်နေ့ကို ကယ်လိုရီ ၅၀၀အထိ လောင်ကျွမ်းစေနိုင်တယ်လို့ ဆိုပါတယ်။ မိခင်လောင်းအများစုဟာ ကလေးမွေးဖွားပြီးနောက် ဘာ့ကြောင့် ကိုယ်အလေးချိန်ကျလာကြောင်း သတိပြုမိတဲ့ အကြောင်းရင်း ဖြစ်ပါတယ်။ ဘာလေ့ကျင့်ခန်းအပိုမှ လုပ်စရာမလိုပဲ ပေါင်အချို့ လျော့သွားပြီး သူတို့ စားသုံးနေတာထက် ကယ်လိုရီတွေ ပိုပြီးလောင်ကျွမ်းလာပါတယ်။

၂။ မိခင်ရဲ့ ခန္ဓာကိုယ်ဟာ အရသာနှင့် အရောင်ကို ပြောင်းလဲစေသော နို့ကို ထုတ်လုပ်ပါတယ်

မိခင်နို့ရဲ့ အနံ့နှင့် အရသာဟာ မိခင်စားတဲ့ အစားအစာပေါ်မူတည်ပြီး ကွဲပြားပါတယ်။ ၎င်းက အထူးသဖြင့် ကလေးငယ်တွေကို နို့တိုက်ကျွေးတဲ့ ကာလအတွင်းမှာ မတူညီတဲ့ အရသာများကို ထိတွေ့စေနိုင်ပြီး အစာမာနှင့် မိတ်ဆက်ပေးတဲ့အခါ အစားအစာတွေကို ဇီဇာကြောင်မှု နည်းစေနိုင်ပါတယ်။ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က မိခင်နို့ဟာ အမြဲတမ်းအဖြူရောင်မဟုတ်ပါဘူး။ မိခင်ရဲ့ အစားအစာနှင့် ဗီတာမင် စားသုံးမှုပေါ်မှာ မူတည်ပြီး အရောင်တွေ ပြောင်းလဲပါတယ်။

၃။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဟာ ကလေးရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ နို့ရည် ပေါင်းစပ်ဖွဲ့စည်းမှုကို ပြောင်းလဲပေးပါတယ်

ကလေးတွေ မြန်မြန်ဖွံ့ဖြိုးပြီး အအေးမိခြင်းကဲ့သို့သော ဖျားနာမှု တစ်ချို့ကို တိုက်ဖျက်ဖို့အတွက် သူတို့ရဲ့ ဖွံ့ဖြိုးမှုအဆင့်ပေါ် မူတည်ပြီး ပရိုတိန်း၊ ဗီတာမင်၊ သတ္တုဓါတ်များ လိုအပ်ပါတယ်။ မိခင်နို့ဟာ ကလေးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ၎င်းရဲ့ ပုံသေနည်းကို ပြောင်းလဲစေပါတယ်။ ဒါက တစ်နေ့မှ တစ်နေ့ (သို့) တစ်ပတ်မှ တစ်ပတ် ဖြစ်နိုင်ပါတယ်။

၄။ ကလေးအား ပင်မဆဲလ်များကို ထောက်ပံ့ပေးပါတယ်

ထွားလာတဲ့ ကလေးဟာ သူတို့ရဲ့ ခန္ဓာကိုယ် ဆက်ပြီး ဖွံ့ဖြိုးဖို့ အမေဆီကနေ အကူအညီတစ်ချို့ လိုအပ်နေပါသေးတယ်။ မိခင်နို့ဟာ သူတို့ရဲ့ ဦးနှောက်အစိတ်အပိုင်း၊ နှလုံး၊ ကျောက်ကပ် သို့မဟုတ် အရိုးတစ်သျှူးတွေ ဖြစ်လာဖို့ ကလေးရဲ့ ခန္ဓာကိုယ်မှတဆင့် သွားတဲ့ အရေးကြီးသော ပင်မဆဲလ်များနှင့် သက်ရှိဆဲလ်များ ပါဝင်တာကြောင့် ဒီလုပ်ငန်းစဉ်ရဲ့ သော့ချက်ဖြစ်ပါတယ်။

၅။ ကလေးနှင့် မိခင်ကို ပျော်ရွှင်စေပါတယ်

မိခင်နို့တိုက်ကျွေးခြင်းဟာ မိခင်နှင့် ကလေးရဲ့ ဦးနှောက်ကို ပျော်ရွှင်မှုနှင့် လုံခြုံမှုကို ခံစားရစေသော oxytocin ဟော်မုန်းတွေ ထုတ်လွှင့်ဖို့ လှုံ့ဆော်ပေးပါတယ်။ မိခင်ကိုလည်း အေးဆေး တည်ငြိမ်စေပြီး သူမရဲ့ စိတ်ဖိစီးမှုနှင့် စိုးရိမ်စိတ်အဆင့်ကိုလည်း တည်ငြိမ်စေပါတယ်။

၆။ ကင်ဆာရောဂါနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါတယ်

မွေးဖွားပြီး စိတ်ဓါတ်ကျခြင်း၊ လေဖြတ်ခြင်းနှင့် နှလုံးရောဂါ ကဲ့သို့သော တခြားရောဂါများ၊ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ ကဲ့သို့သော ကင်ဆာအမျိုးအစားတစ်ချို့ ဖွံ့ဖြိုးမယ့် အန္တရာယ်ကို နည်းပါးစေပါတယ်။ မိခင်ဟာ ကလေးများများမွေးပြီး နို့တိုက်လေ ၊သူမအတွက် အကာအကွယ်ရလေ ဖြစ်ပါတယ်။

၇။ ကလေးကို ရောဂါတွေကနေ ကာကွယ်ပေးပါတယ်

နား၊ အသက်ရှူလမ်းကြောင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း ကူးစက်ခြင်းကဲ့သို့သော မွေးကင်းစကလေး မကျန်းမာမှုများနှင့် ကူးစက်ရောဂါများဟာ မိခင်နို့စို့တဲ့ ကလေးတွေအတွက် အခွင့်အလမ်းနည်းပါးကြောင်း သိပ္ပံပညာရှင်များက အတည်ပြုထားပါတယ်။ မိခင်နို့ရည်ဟာ ကူးစက်မှု အမျိုးအစားများစွာမှ ကာကွယ်ပေးသော ဂုဏ်သတ္တိများ ရှိပါတယ်။

၈။ ကလေးရဲ့ အိုင်ကျူနှင့် မှတ်ဉာဏ်ကို တိုးမြှင့်ပေးပါတယ်

မိခင်နို့ဟာ ကလေးရဲ့ ဉာဏ်ရည်ကို ထက်မြက်စေပါတယ်။ လေ့လာမှုများအရ အထူးသဖြင့် မွေးဖွားပြီးနောက် ပထမ ၂၈ရက်မှာ မိခင်နို့ များများတိုက်လေ ဦးနှောက်ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုအပေါ် အပြုသဘော သက်ရှောက်မှု များလေလေ ဖြစ်ပါတယ်။ သူတို့ရဲ့ သိမြင်မှုစွမ်းရည်နှင့် ဉာဏ်ရည်ကိုလည်း မြင့်တတ်စေပါတယ်။

၉။ အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာဟာ နို့စို့အရွယ် ကလေးငယ်တွေအတွက် ပရိုတိန်းပိုများသော နို့ကိုထုတ်လုပ်ပါတယ်

လေ့လာမှုများအရ လမစေ့ကလေးတွေရဲ့ မိခင်တွေဟာ ကလေးကြီးထွားစေဖို့ ပရိုတိန်း ပိုများတဲ့ နို့ကို ထုတ်လုပ်ပါတယ်။ ဖျားနာခြင်းနှင့် ကူးစက်ရောဂါများကို ကာကွယ်ဖို့ နှင့် အရိုးနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုရဲ့ အဓိကသော့ချက်ဖြစ်သော ကယ်လစီယမ်၊ အဆီနှင့် အခြားဓါတ်သတ္တုများ ကြွယ်ဝသော နို့ကိုလည်း ထုတ်ပေးပါတယ်။

၁၀။ ကလေးအား ကျန်းမာသော ကိုယ်အလေးချိန်ကို တိုးစေပါတယ်

မိခင်နို့ဟာ ကျန်းမာသော ကိုယ်အလေးချိန်တိုးခြင်းကို အားပေးပြီး ကလေးတွေမှာ အဝလွန်ခြင်းကို တားဆီးပေးပါတယ်။ သုတေသနတွေ့ရှိချက်အရ မိခင်နို့ရည် တိုက်ကျွေးသော ကလေးတွေဟာ အဝလွန်နှုန်း ၃၀ရာခိုင်နှုန်းအောက် နိမ့်ပါတယ်။ မိခင်နို့ကို လတိုင်းသောက်သုံးတဲ့ ကလေးဟာ အဝလွန်မှု အန္တရာယ် ၄ရာခိုင်နှုန်းအထိ လျော့နည်းစေပါတယ်။
မိခင်နို့စို့တဲ့ ကလေးဟာ အဆီသိုလှောင်မှုကို လွှမ်းမိုးစေသော အူဘက်တီးရီးယားကောင်း ပမာဏကို များပြားစေတာကြောင့် သိပ္ပံပညာရှင်များက ဒါကို ဖြစ်နိုင်ချေရှိတယ်လို့ ယုံကြည်ကြပါတယ် ။

၁၁။ ကလေးနှင့် မိခင်ကြားက သံယောဇဉ်ကို ခိုင်မာစေပါတယ်

မိခင်နို့တိုက်ကျွေးခြင်းက မိခင်နှင့် ကလေးရဲ့ သံယောဇဉ် နှောင်ကြိုးအတွက် အဓိကနည်းလမ်းတစ်ခုဖြစ်တယ်လို့ သုတေသနများစွာမှာ ပြသထားပါတယ်။ Oxytocin ဟာ ကလေးနှင့်မိခင်နှစ်ယောက်စလုံးကို စည်းလုံးမှုရှိစေပြီး ချစ်မြတ်နိုးမှုကို ခံစားရစေပါတယ်။

၁၂။ အရိုးတွေကို ပိုမိုအားကောင်းစေပါတယ်

ကလေးကို နို့တိုက်တဲ့အခါ သင့်ခန္ဓာကိုယ်ထဲက ကယ်လစီယမ်အားလုံး ကလေးဆီရောက်သွားမှာကို စိတ်ပူနေတယ်ဆိုရင် စိတ်မပူပါနဲ့တော့။ ကျွမ်းကျင်သူများက အမျိုးသမီးတစ်ယောက်ဟာကိုယ်ဝန်ဆောင်ပြီး နို့တိုက်ကျွေးခြင်းဖြင့် ကယ်လစီယမ် ပိုမိုရရှိစေကြောင်း သိထားပါတယ်။ ကလေး ၆လသားအရွယ်မှာ ကိုယ်ဝန်မရှိသေးခင်ကထက် မိခင်ရဲ့ အရိုးတွေ ပိုမိုထူထပ်လာပါတယ်။ အရိုးပွရောဂါ ဖြစ်နိုင်ချေကို လျော့ချပေးနိုင်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

Zawgyi

မိခင္ႏို႔တိုက္ေကြၽးျခင္းက တကယ့္ စူပါ ပါဝါတစ္ခု ျဖစ္ေၾကာင္း သက္ေသျပေနတဲ့ အခ်က္မ်ား
ေလ့က်င့္ခန္း လုပ္စရာမလိုဘဲ သူ႔ဘာသာ ကိုယ္အေလးခ်ိန္ကို ထိန္းထားႏိုင္တယ္ဆိုရင္ စူပါပါဝါရွိတယ္လို႔ ေျပာလို႔ရပါတယ္။ မိခင္ႏို႔ခ်ိိုတိုက္ေကြၽးျခင္းက ဒီအတိုင္းျဖစ္ႏိုင္ပါတယ္ေနာ္။ ဒီစြမ္းအားက မိခင္ႏွင့္ ကေလးႏွစ္ေယာက္စလုံးအတြက္ အံ့ၾသဖြယ္ေကာင္းတဲ့ ဇီဝကမၼႏွင့္ စိတ္ပိုင္းဆိုင္ရာ အက်ိဳးေက်းဇူးမ်ားကို ေပးစြမ္းႏိုင္ပါတယ္။

၁။ ကိုယ္အေလးခ်ိန္က်ေစႏိုင္ပါတယ္

သားဖြားမီးယပ္ အထူးကုဆရာဝန္မ်ားရဲ႕အဆိုအရ မိခင္ႏို႔တိုက္ေကြၽးျခင္းဟာ တစ္ေန႔ကို ကယ္လိုရီ ၅၀၀အထိ ေလာင္ကြၽမ္းေစႏိုင္တယ္လို႔ ဆိုပါတယ္။ မိခင္ေလာင္းအမ်ားစုဟာ ကေလးေမြးဖြားၿပီးေနာက္ ဘာ့ေၾကာင့္ ကိုယ္အေလးခ်ိန္က်လာေၾကာင္း သတိျပဳမိတဲ့ အေၾကာင္းရင္း ျဖစ္ပါတယ္။ ဘာေလ့က်င့္ခန္းအပိုမွ လုပ္စရာမလိုပဲ ေပါင္အခ်ိဳ႕ ေလ်ာ့သြားၿပီး သူတို႔ စားသုံးေနတာထက္ ကယ္လိုရီေတြ ပိုၿပီးေလာင္ကြၽမ္းလာပါတယ္။

၂။ မိခင္ရဲ႕ ခႏၶာကိုယ္ဟာ အရသာႏွင့္ အေရာင္ကို ေျပာင္းလဲေစေသာ ႏို႔ကို ထုတ္လုပ္ပါတယ္

မိခင္ႏို႔ရဲ႕ အနံ႔ႏွင့္ အရသာဟာ မိခင္စားတဲ့ အစားအစာေပၚမူတည္ၿပီး ကြဲျပားပါတယ္။ ၎က အထူးသျဖင့္ ကေလးငယ္ေတြကို ႏို႔တိုက္ေကြၽးတဲ့ ကာလအတြင္းမွာ မတူညီတဲ့ အရသာမ်ားကို ထိေတြ႕ေစႏိုင္ၿပီး အစာမာႏွင့္ မိတ္ဆက္ေပးတဲ့အခါ အစားအစာေတြကို ဇီဇာေၾကာင္မႈ နည္းေစႏိုင္ပါတယ္။ ေနာက္ထပ္ စိတ္ဝင္စားဖို႔ေကာင္းတဲ့အခ်က္က မိခင္ႏို႔ဟာ အၿမဲတမ္းအျဖဴေရာင္မဟုတ္ပါဘူး။ မိခင္ရဲ႕ အစားအစာႏွင့္ ဗီတာမင္ စားသုံးမႈေပၚမွာ မူတည္ၿပီး အေရာင္ေတြ ေျပာင္းလဲပါတယ္။

၃။ အမ်ိဳးသမီးေတြရဲ႕ ခႏၶာကိုယ္ဟာ ကေလးရဲ႕ လိုအပ္ခ်က္ကို ျဖည့္ဆည္းဖို႔ ႏို႔ရည္ ေပါင္းစပ္ဖြဲ႕စည္းမႈကို ေျပာင္းလဲေပးပါတယ္

ကေလးေတြ ျမန္ျမန္ဖြံ႕ၿဖိဳးၿပီး အေအးမိျခင္းကဲ့သို႔ေသာ ဖ်ားနာမႈ တစ္ခ်ိဳ႕ကို တိုက္ဖ်က္ဖို႔အတြက္ သူတို႔ရဲ႕ ဖြံ႕ၿဖိဳးမႈအဆင့္ေပၚ မူတည္ၿပီး ပ႐ိုတိန္း၊ ဗီတာမင္၊ သတၱဳဓါတ္မ်ား လိုအပ္ပါတယ္။ မိခင္ႏို႔ဟာ ကေလးရဲ႕ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းဖို႔ ၎ရဲ႕ ပုံေသနည္းကို ေျပာင္းလဲေစပါတယ္။ ဒါက တစ္ေန႔မွ တစ္ေန႔ (သို႔) တစ္ပတ္မွ တစ္ပတ္ ျဖစ္ႏိုင္ပါတယ္။

၄။ ကေလးအား ပင္မဆဲလ္မ်ားကို ေထာက္ပံ့ေပးပါတယ္

ထြားလာတဲ့ ကေလးဟာ သူတို႔ရဲ႕ ခႏၶာကိုယ္ ဆက္ၿပီး ဖြံ႕ၿဖိဳးဖို႔ အေမဆီကေန အကူအညီတစ္ခ်ိဳ႕ လိုအပ္ေနပါေသးတယ္။ မိခင္ႏို႔ဟာ သူတို႔ရဲ႕ ဦးေႏွာက္အစိတ္အပိုင္း၊ ႏွလုံး၊ ေက်ာက္ကပ္ သို႔မဟုတ္ အ႐ိုးတစ္သွ်ဴးေတြ ျဖစ္လာဖို႔ ကေလးရဲ႕ ခႏၶာကိုယ္မွတဆင့္ သြားတဲ့ အေရးႀကီးေသာ ပင္မဆဲလ္မ်ားႏွင့္ သက္ရွိဆဲလ္မ်ား ပါဝင္တာေၾကာင့္ ဒီလုပ္ငန္းစဥ္ရဲ႕ ေသာ့ခ်က္ျဖစ္ပါတယ္။

၅။ ကေလးႏွင့္ မိခင္ကို ေပ်ာ္႐ႊင္ေစပါတယ္

မိခင္ႏို႔တိုက္ေကြၽးျခင္းဟာ မိခင္ႏွင့္ ကေလးရဲ႕ ဦးေႏွာက္ကို ေပ်ာ္႐ႊင္မႈႏွင့္ လုံၿခဳံမႈကို ခံစားရေစေသာ oxytocin ေဟာ္မုန္းေတြ ထုတ္လႊင့္ဖို႔ လႈံ႕ေဆာ္ေပးပါတယ္။ မိခင္ကိုလည္း ေအးေဆး တည္ၿငိမ္ေစၿပီး သူမရဲ႕ စိတ္ဖိစီးမႈႏွင့္ စိုးရိမ္စိတ္အဆင့္ကိုလည္း တည္ၿငိမ္ေစပါတယ္။

၆။ ကင္ဆာေရာဂါႏွင့္ အျခားေရာဂါမ်ား ျဖစ္ပြားႏိုင္ေျခကို ေလ်ာ့နည္းေစပါတယ္

ေမြးဖြားၿပီး စိတ္ဓါတ္က်ျခင္း၊ ေလျဖတ္ျခင္းႏွင့္ ႏွလုံးေရာဂါ ကဲ့သို႔ေသာ တျခားေရာဂါမ်ား၊ ရင္သားကင္ဆာ၊ သားအိမ္ကင္ဆာ ကဲ့သို႔ေသာ ကင္ဆာအမ်ိဳးအစားတစ္ခ်ိဳ႕ ဖြံ႕ၿဖိဳးမယ့္ အႏၲရာယ္ကို နည္းပါးေစပါတယ္။ မိခင္ဟာ ကေလးမ်ားမ်ားေမြးၿပီး ႏို႔တိုက္ေလ ၊သူမအတြက္ အကာအကြယ္ရေလ ျဖစ္ပါတယ္။

၇။ ကေလးကို ေရာဂါေတြကေန ကာကြယ္ေပးပါတယ္

နား၊ အသက္ရႉလမ္းေၾကာင္း၊ အစာအိမ္ႏွင့္ အူလမ္းေၾကာင္း ကူးစက္ျခင္းကဲ့သို႔ေသာ ေမြးကင္းစကေလး မက်န္းမာမႈမ်ားႏွင့္ ကူးစက္ေရာဂါမ်ားဟာ မိခင္ႏို႔စို႔တဲ့ ကေလးေတြအတြက္ အခြင့္အလမ္းနည္းပါးေၾကာင္း သိပၸံပညာရွင္မ်ားက အတည္ျပဳထားပါတယ္။ မိခင္ႏို႔ရည္ဟာ ကူးစက္မႈ အမ်ိဳးအစားမ်ားစြာမွ ကာကြယ္ေပးေသာ ဂုဏ္သတၱိမ်ား ရွိပါတယ္။

၈။ ကေလးရဲ႕ အိုင္က်ဴႏွင့္ မွတ္ဉာဏ္ကို တိုးျမႇင့္ေပးပါတယ္

မိခင္ႏို႔ဟာ ကေလးရဲ႕ ဉာဏ္ရည္ကို ထက္ျမက္ေစပါတယ္။ ေလ့လာမႈမ်ားအရ အထူးသျဖင့္ ေမြးဖြားၿပီးေနာက္ ပထမ ၂၈ရက္မွာ မိခင္ႏို႔ မ်ားမ်ားတိုက္ေလ ဦးေႏွာက္ႀကီးထြားမႈႏွင့္ ဖြံ႕ၿဖိဳးမႈအေပၚ အျပဳသေဘာ သက္ေရွာက္မႈ မ်ားေလေလ ျဖစ္ပါတယ္။ သူတို႔ရဲ႕ သိျမင္မႈစြမ္းရည္ႏွင့္ ဉာဏ္ရည္ကိုလည္း ျမင့္တတ္ေစပါတယ္။

၉။ အမ်ိဳးသမီးေတြရဲ႕ ကိုယ္ခႏၶာဟာ ႏို႔စို႔အ႐ြယ္ ကေလးငယ္ေတြအတြက္ ပ႐ိုတိန္းပိုမ်ားေသာ ႏို႔ကိုထုတ္လုပ္ပါတယ္

ေလ့လာမႈမ်ားအရ လမေစ့ကေလးေတြရဲ႕ မိခင္ေတြဟာ ကေလးႀကီးထြားေစဖို႔ ပ႐ိုတိန္း ပိုမ်ားတဲ့ ႏို႔ကို ထုတ္လုပ္ပါတယ္။ ဖ်ားနာျခင္းႏွင့္ ကူးစက္ေရာဂါမ်ားကို ကာကြယ္ဖို႔ ႏွင့္ အ႐ိုးနဲ႔ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈရဲ႕ အဓိကေသာ့ခ်က္ျဖစ္ေသာ ကယ္လစီယမ္၊ အဆီႏွင့္ အျခားဓါတ္သတၱဳမ်ား ႂကြယ္ဝေသာ ႏို႔ကိုလည္း ထုတ္ေပးပါတယ္။

၁၀။ ကေလးအား က်န္းမာေသာ ကိုယ္အေလးခ်ိန္ကို တိုးေစပါတယ္

မိခင္ႏို႔ဟာ က်န္းမာေသာ ကိုယ္အေလးခ်ိန္တိုးျခင္းကို အားေပးၿပီး ကေလးေတြမွာ အဝလြန္ျခင္းကို တားဆီးေပးပါတယ္။ သုေတသနေတြ႕ရွိခ်က္အရ မိခင္ႏို႔ရည္ တိုက္ေကြၽးေသာ ကေလးေတြဟာ အဝလြန္ႏႈန္း ၃၀ရာခိုင္ႏႈန္းေအာက္ နိမ့္ပါတယ္။ မိခင္ႏို႔ကို လတိုင္းေသာက္သုံးတဲ့ ကေလးဟာ အဝလြန္မႈ အႏၲရာယ္ ၄ရာခိုင္ႏႈန္းအထိ ေလ်ာ့နည္းေစပါတယ္။
မိခင္ႏို႔စို႔တဲ့ ကေလးဟာ အဆီသိုေလွာင္မႈကို လႊမ္းမိုးေစေသာ အူဘက္တီးရီးယားေကာင္း ပမာဏကို မ်ားျပားေစတာေၾကာင့္ သိပၸံပညာရွင္မ်ားက ဒါကို ျဖစ္ႏိုင္ေခ်ရွိတယ္လို႔ ယုံၾကည္ၾကပါတယ္ ။

၁၀။ ကေလးႏွင့္ မိခင္ၾကားက သံေယာဇဥ္ကို ခိုင္မာေစပါတယ္

မိခင္ႏို႔တိုက္ေကြၽးျခင္းက မိခင္ႏွင့္ ကေလးရဲ႕ သံေယာဇဥ္ ေႏွာင္ႀကိဳးအတြက္ အဓိကနည္းလမ္းတစ္ခုျဖစ္တယ္လို႔ သုေတသနမ်ားစြာမွာ ျပသထားပါတယ္။ Oxytocin ဟာ ကေလးႏွင့္မိခင္ႏွစ္ေယာက္စလုံးကို စည္းလုံးမႈရွိေစၿပီး ခ်စ္ျမတ္ႏိုးမႈကို ခံစားရေစပါတယ္။

၁၁။ အ႐ိုးေတြကို ပိုမိုအားေကာင္းေစပါတယ္

ကေလးကို ႏို႔တိုက္တဲ့အခါ သင့္ခႏၶာကိုယ္ထဲက ကယ္လစီယမ္အားလုံး ကေလးဆီေရာက္သြားမွာကို စိတ္ပူေနတယ္ဆိုရင္ စိတ္မပူပါနဲ႔ေတာ့။ ကြၽမ္းက်င္သူမ်ားက အမ်ိဳးသမီးတစ္ေယာက္ဟာကိုယ္ဝန္ေဆာင္ၿပီး ႏို႔တိုက္ေကြၽးျခင္းျဖင့္ ကယ္လစီယမ္ ပိုမိုရရွိေစေၾကာင္း သိထားပါတယ္။ ကေလး ၆လသားအ႐ြယ္မွာ ကိုယ္ဝန္မရွိေသးခင္ကထက္ မိခင္ရဲ႕ အ႐ိုးေတြ ပိုမိုထူထပ္လာပါတယ္။ အ႐ိုးပြေရာဂါ ျဖစ္ႏိုင္ေခ်ကို ေလ်ာ့ခ်ေပးႏိုင္ပါတယ္။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here