မိခင်ဆေးရုံတက်ချိန် အိမ်မှာကျန်ခဲ့တဲ့ ကလေး၅ယောက်ကို ညစာသွားလုပ်ကျွေးတဲ့ ရဲ၂ဦး

0
103
နယ်သာလန်
နယ်သာလန်

နယ်သာလန် Eindhoven မှာရှိတဲ့ ရဲ ၂ဦးဟာ သွေးအတွင်း သကြားဓာတ်ကျဆင်းတဲ့ (Hypoglycemia) ရောဂါခံစားနေရတဲ့ ဝေဒနာရှင်အမျိုးသမီးကို အရေးပေါ်ဆေးရုံ ပို့ဆောင်ပြီးတဲ့နောက်မှာတော့ အကူအညီမဲ့နေတဲ့ ထိုအမျိုးသမီးရဲ့ သားသမီး ၅ယောက်ကို သူမ ဆေးရုံတက်နေစဉ်အတောအတွင်း သွားရောက်စောင့်ရှောက်ခဲ့တဲ့သူတွေပဲဖြစ်ပါတယ်။ အဲ့ဒီနောက် အဆိုပါရဲ ၂ဦးဟာ သူတို့ရဲ့ အဖြစ်အပျက်လေးကို Facebook စာမျက်နှာပေါ်မှာ post တင်ခဲ့ပြီး like ပေးသူ ၁သိန်း ၃ထောင်ကျော်နဲ့ မျှဝေသူ ၅၂၀၀ အထိ ပြန့် နှံ့သွားခဲ့ပါတယ်။

ဝေဒနာရှင်အမျိုးသမီးကို အရေးပေါ်ဆေးရုံကို ခေါ်ဆောင်သွားခဲ့တဲ့အခါ သူမရဲ့ အိမ်မှာ ကလေးငယ် ၅ယောက် ကျန်ခဲ့ပါတယ်။ ထိုအခါ ရဲအရာရှိ ၂ဦးက အကူအညီမဲ့နေတဲ့ ကလေး ၅ ယောက်ကို မိခင်ဖြစ်သူ ဆေးရုံတက်နေစဥ်အတောအတွင်း သွားရောက်စောင့်ရှောက်ဖို့ စိတ်ကူးရခဲ့ပြီး ကလေးငယ်တွေအတွက် ညစာပြင်ဆင်ပေးတာတွေ၊ အဝတ်လျှော်ဖွတ် တာတွေ၊ ပန်ကန်းဆေးတာတွေ စတဲ့ အိမ်မှုကိစ္စအားလုံးကို သွားရောက်ကူညီပေးခဲ့ပါတယ်။ မိခင်တစ်ဦးလိုတော့ ဖွယ်ဖွယ်ရာရာ မချက်ပြုတ်တတ်ပေမဲ့ ကလေးတွေ စားဖို့အတွက် ကြက်ဥကြော်၊ အသားညှပ်ပေါင်မုန့်၊ အသီးအနှံ စတဲ့ အလွယ်တကူ စားလို့ရတဲ့အစားအစာတွေ ပြင်ဆင်ပေးရပြီးသန့်ရှင်းရေးကအစ ပြုလုပ်ပေးခဲ့တယ်လို့ဆိုပါတယ်။

တာဝန်အရမဟုတ်ဘဲ ပြည်သူတစ်ဦး တကယ့်လိုအပ်နေတဲ့အချိန်မှာ အလိုက်တသိနဲ့ ကူညီပေးတဲ့အတွက် facebook သုံးစွဲသူတွေကလည်း ထိုရဲ ၂ဦးကို အတိုင်းမသိ ဝမ်းသာကြောင်း၊ သနားကြင်နာတတ်တဲ့စိတ်ကို လေးစားမိကြောင်း စတဲ့ ကောင်းမွန်တဲ့ မှတ်ချက်တွေပေးခဲ့ကြပါတယ်။ အခု သင်ပုံထဲမှာမြင်နေရတဲ့ ကလေးတွေရဲ့ စားပြီးသား ပန်ကန်တွေကို ဆေးကြောနေတဲ့ ရဲ၂ဦးကတော့ တကယ့်ကို လေးစားချင်စရာကောင်းတဲ့ Stan နဲ့ Jeroen အမည်ရှိ ရဲ၂ဦးပဲဖြစ်ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

Mobile Legends အကောင့် နှစ်ပေါင်း ၃၀ အထိ အပိတ်ခံရလို့ ငိုယိုနေတဲ့ကလေး

Zawgyi fonts

မိခင္ေဆး႐ုံတက္ခ်ိန္ အိမ္မွာက်န္ခဲ့တဲ့ ကေလး၅ေယာက္ကို ညစာသြားလုပ္ေကၽြးတဲ့ ရဲ၂ဦး
နယ္သာလန္ Eindhoven မွာရွိတဲ့ ရဲ ၂ဦးဟာ ေသြးအတြင္း သၾကားဓာတ္က်ဆင္းတဲ့ (Hypoglycemia) ေရာဂါခံစားေနရတဲ့ ေဝဒနာရွင္အမ်ိဳးသမီးကို အေရးေပၚေဆး႐ုံ ပို႔ေဆာင္ၿပီးတဲ့ေနာက္မွာေတာ့ အကူအညီမဲ့ေနတဲ့ ထိုအမ်ိဳးသမီးရဲ့ သားသမီး ၅ေယာက္ကို သူမ ေဆး႐ုံတက္ေနစဥ္အေတာအတြင္း သြားေရာက္ေစာင့္ေရွာက္ခဲ့တဲ့သူေတြပဲျဖစ္ပါတယ္။ အဲ့ဒီေနာက္ အဆိုပါရဲ ၂ဦးဟာ သူတို႔ရဲ့ အျဖစ္အပ်က္ေလးကို Facebook စာမ်က္ႏွာေပၚမွာ post တင္ခဲ့ၿပီး like ေပးသူ ၁သိန္း ၃ေထာင္ေက်ာ္နဲ႔ မၽွေဝသူ ၅၂၀၀ အထိ ျပန္႔ ႏွံ့သြားခဲ့ပါတယ္။

ေဝဒနာရွင္အမ်ိဳးသမီးကို အေရးေပၚေဆး႐ုံကို ေခၚေဆာင္သြားခဲ့တဲ့အခါ သူမရဲ့ အိမ္မွာ ကေလးငယ္ ၅ေယာက္ က်န္ခဲ့ပါတယ္။ ထိုအခါ ရဲအရာရွိ ၂ဦးက အကူအညီမဲ့ေနတဲ့ ကေလး ၅ ေယာက္ကို မိခင္ျဖစ္သူ ေဆး႐ုံတက္ေနစဥ္အေတာအတြင္း သြားေရာက္ေစာင့္ေရွာက္ဖို႔ စိတ္ကူးရခဲ့ၿပီး ကေလးငယ္ေတြအတြက္ ညစာျပင္ဆင္ေပးတာေတြ၊ အဝတ္ေလၽွာ္ဖြတ္ တာေတြ၊ ပန္ကန္းေဆးတာေတြ စတဲ့ အိမ္မွုကိစၥအားလုံးကို သြားေရာက္ကူညီေပးခဲ့ပါတယ္။ မိခင္တစ္ဦးလိုေတာ့ ဖြယ္ဖြယ္ရာရာ မခ်က္ျပဳတ္တတ္ေပမဲ့ ကေလးေတြ စားဖို႔အတြက္ ၾကက္ဥေၾကာ္၊ အသားညႇပ္ေပါင္မုန္႔၊ အသီးအႏွံ စတဲ့ အလြယ္တကူ စားလို႔ရတဲ့အစားအစာေတြ ျပင္ဆင္ေပးရၿပီးသန္႔ရွင္းေရးကအစ ျပဳလုပ္ေပးခဲ့တယ္လို႔ဆိုပါတယ္။

တာဝန္အရမဟုတ္ဘဲ ျပည္သူတစ္ဦး တကယ့္လိုအပ္ေနတဲ့အခ်ိန္မွာ အလိုက္တသိနဲ႔ ကူညီေပးတဲ့အတြက္ facebook သုံးစြဲသူေတြကလည္း ထိုရဲ ၂ဦးကို အတိုင္းမသိ ဝမ္းသာေၾကာင္း၊ သနားၾကင္နာတတ္တဲ့စိတ္ကို ေလးစားမိေၾကာင္း စတဲ့ ေကာင္းမြန္တဲ့ မွတ္ခ်က္ေတြေပးခဲ့ၾကပါတယ္။ အခု သင္ပုံထဲမွာျမင္ေနရတဲ့ ကေလးေတြရဲ့ စားၿပီးသား ပန္ကန္ေတြကို ေဆးေၾကာေနတဲ့ ရဲ၂ဦးကေတာ့ တကယ့္ကို ေလးစားခ်င္စရာေကာင္းတဲ့ Stan နဲ႔ Jeroen အမည္ရွိ ရဲ၂ဦးပဲျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here