မိခင္ျဖစ္သူ မ်က္ရည္က်တဲ့အထိ ေပ်ာ္ရႊင္သြားတဲ့ The Rock ရဲ႕ ခရစၥမတ္လက္ေဆာင္

0
3606
The Rock
The Rock

WWE Smart Down ေလာကမွာ စတားျဖစ္တဲ့အျပင္ သ႐ုပ္ေဆာင္ေလာကမွာပါ နာမည္ႀကီး လူႀကိဳက္မ်ားတဲ့ The Rock ဟာဆိုရင္ ၿပီးခဲ့တဲ့ ခရစၥမတ္မွာ သူ႔ရဲ႕ မိခင္ကို ခရစၥမတ္လက္ေဆာင္ေပးၿပီး မိခင္ခ်စ္တဲ့သားႀကီးအျဖစ္ သက္ေသျပခဲ့ပါတယ္။ The Rock လို႔ လူသိမ်ားတဲ့ Dwayne Johnson ဟာ ၿပီးခဲ့တဲ့ ရက္အနည္းငယ္က မိခင္ျဖစ္သူကို ခရစၥမတ္လက္ေဆာင္ေပးၿပီး Suprise လုပ္ထားတဲ့ ဗီဒီယိုဖိုင္ကို သူ႔ရဲ႕Instagram အေကာင့္မွာ ပို႔စ္တင္ခဲ့ပါတယ္။

ဗီဒီယိုထဲမွာေတာ့ မိခင္ျဖစ္သူ Ata Johnson ဟာ သားျဖစ္သူေပးတဲ့ စာလက္ေဆာင္ကို အသံထြက္ဖတ္ေနတုန္း အံ့အားသင့္ၿပီး ဝမ္းသာလြန္းလို႔ မ်က္ရည္က်တဲ့အထိျဖစ္ခဲ့ရပါတယ္။ The Rock ေရးထားတဲ့ စာထဲမွာေတာ့ “မယ္ရီခရစၥမတ္ပါအေမေရ” ဆိုၿပီး မိခင္အတြက္ အိမ္အသစ္တစ္လုံးလက္ေဆာင္ေပးခဲ့တာပဲျဖစ္ပါတယ္။ The Rock တင္ထားတဲ့ ပို႔စ္ထဲမွာေတာ့ ငယ္ငယ္တုန္းက ကၽြန္ေတာ္တို႔ မိသားစုဟာ တိုက္ခန္းက်ဥ္းက်ဥ္းေလးမွာေနၿပီး လမ္းေပၚက Gypsy တစ္ေယာက္လိုေနထိုင္ႀကီးျပင္းခဲ့ရပါတယ္။ ကၽြန္ေတာ့္ ၁၉၉၉ ခုႏွစ္မွာေတာ့ ကၽြန္ေတာ္မိဘေတြအတြက္ ပထမဦးဆုံး အိမ္ေလးတစ္လုံးဝယ္ေပးခဲ့ႏိုင္ပါတယ္။ ဒါေပမဲ့ ေနာက္ ၅ႏွစ္ၾကာမွာေတာ့ အေမနဲ႔ အေဖက ကြာရွင္းျပတ္စဲသြားခဲ့ၾကတယ္။ အဲ့ဒီေနာက္ပိုင္းမွာလည္း အေမနဲ႔ အေဖလိုအပ္တဲ့ အိမ္၊ ကား စတဲ့ မိဘေတြရဲ႕ လိုအင္ဆႏၵေတြကို အစဥ္မျပတ္ျဖည္းဆည္းေပးခဲ့ပါတယ္။

အခုေပးတဲ့ လက္ေဆာင္က သူ႔အတြက္ ပိုၿပီး အဓိပၸာယ္ရွိတယ္လို႔ ဆိုပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ မိခင္အတြက္ ဘယ္ေနရာမဆို သူႀကိဳက္ႏွစ္သက္တဲ့ အိမ္ဝယ္လို႔ရတဲ့ “Willy Wonka’s” ေရႊလက္မွတ္ကို လက္ေဆာင္ေပးခဲ့ လို႔ပဲျဖစ္ပါတယ္။ ဗီဒီယိုရဲ႕ အေနာက္ဘက္မွာေတြ႕ရတဲ့ ကေလးမေလးကေတာ့ The Rock ရဲ႕ သမီးေလးပဲျဖစ္ပါတယ္။ ဒီ ဗီဒီယို ေလးကို ၾကည့္ၿပီး The Rock ဟာ မိခင္ကို ဘယ္ေလာက္ခ်စ္တယ္၊ မိဘေက်းဇူးကို ဘယ္ေလာက္သိတတ္လဲဆိုတာကို သင္ကိုယ္တိုင္ေတြ႕ျမင္ရမွာျဖစ္ၿပီး သူတို႔ရဲ႕အျပဳအမူေလးက သင့္အတြက္ ၾကည္ႏူးမႈကို ရရွိေစအမွန္ပါပဲ။

#Lifestyle_Myanmar

#Thar_Nage

Ref-Shared

Realme C1 စမတ္ဖုန္းသစ္ မိတ္ဆက္ပြဲမွာ တက္ေရာက္ခဲ့ၾကတဲ့ အႏုပညာရွင္မ်ား

Unicode

မိခင်ဖြစ်သူ မျက်ရည်ကျတဲ့အထိ ပျော်ရွှင်သွားတဲ့ The Rock ရဲ့ ခရစ္စမတ်လက်ဆောင်
WWE Smart Down လောကမှာ စတားဖြစ်တဲ့အပြင် သရုပ်ဆောင်လောကမှာပါ နာမည်ကြီး လူကြိုက်များတဲ့ The Rock ဟာဆိုရင် ပြီးခဲ့တဲ့ ခရစ္စမတ်မှာ သူ့ရဲ့ မိခင်ကို ခရစ္စမတ်လက်ဆောင်ပေးပြီး မိခင်ချစ်တဲ့သားကြီးအဖြစ် သက်သေပြခဲ့ပါတယ်။ The Rock လို့ လူသိများတဲ့ Dwayne Johnson ဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်က မိခင်ဖြစ်သူကို ခရစ္စမတ်လက်ဆောင်ပေးပြီး Suprise လုပ်ထားတဲ့ ဗီဒီယိုဖိုင်ကို သူ့ရဲ့Instagram အကောင့်မှာ ပို့စ်တင်ခဲ့ပါတယ်။

ဗီဒီယိုထဲမှာတော့ မိခင်ဖြစ်သူ Ata Johnson ဟာ သားဖြစ်သူပေးတဲ့ စာလက်ဆောင်ကို အသံထွက်ဖတ်နေတုန်း အံ့အားသင့်ပြီး ဝမ်းသာလွန်းလို့ မျက်ရည်ကျတဲ့အထိဖြစ်ခဲ့ရပါတယ်။ The Rock ရေးထားတဲ့ စာထဲမှာတော့ “မယ်ရီခရစ္စမတ်ပါအမေရေ” ဆိုပြီး မိခင်အတွက် အိမ်အသစ်တစ်လုံးလက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။ The Rock တင်ထားတဲ့ ပို့စ်ထဲမှာတော့ ငယ်ငယ်တုန်းက ကျွန်တော်တို့ မိသားစုဟာ တိုက်ခန်းကျဉ်းကျဉ်းလေးမှာနေပြီး လမ်းပေါ်က Gypsy တစ်ယောက်လိုနေထိုင်ကြီးပြင်းခဲ့ရပါတယ်။ ကျွန်တော့် ၁၉၉၉ ခုနှစ်မှာတော့ ကျွန်တော်မိဘတွေအတွက် ပထမဦးဆုံး အိမ်လေးတစ်လုံးဝယ်ပေးခဲ့နိုင်ပါတယ်။ ဒါပေမဲ့ နောက် ၅နှစ်ကြာမှာတော့ အမေနဲ့ အဖေက ကွာရှင်းပြတ်စဲသွားခဲ့ကြတယ်။ အဲ့ဒီနောက်ပိုင်းမှာလည်း အမေနဲ့ အဖေလိုအပ်တဲ့ အိမ်၊ ကား စတဲ့ မိဘတွေရဲ့ လိုအင်ဆန္ဒတွေကို အစဉ်မပြတ်ဖြည်းဆည်းပေးခဲ့ပါတယ်။

အခုပေးတဲ့ လက်ဆောင်က သူ့အတွက် ပိုပြီး အဓိပ္ပာယ်ရှိတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ မိခင်အတွက် ဘယ်နေရာမဆို သူကြိုက်နှစ်သက်တဲ့ အိမ်ဝယ်လို့ရတဲ့ “Willy Wonka’s” ရွှေလက်မှတ်ကို လက်ဆောင်ပေးခဲ့ လို့ပဲဖြစ်ပါတယ်။ ဗီဒီယိုရဲ့ အနောက်ဘက်မှာတွေ့ရတဲ့ ကလေးမလေးကတော့ The Rock ရဲ့ သမီးလေးပဲဖြစ်ပါတယ်။ ဒီ ဗီဒီယို လေးကို ကြည့်ပြီး The Rock ဟာ မိခင်ကို ဘယ်လောက်ချစ်တယ်၊ မိဘကျေးဇူးကို ဘယ်လောက်သိတတ်လဲဆိုတာကို သင်ကိုယ်တိုင်တွေ့မြင်ရမှာဖြစ်ပြီး သူတို့ရဲ့အပြုအမူလေးက သင့်အတွက် ကြည်နူးမှုကို ရရှိစေအမှန်ပါပဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here