မိခင္အတြက္ ေတာင္းပန္စာေရးထားခဲ့ၿပီ လူ႔ေလာကႀကီးက အၿပီးအပိုင္ထြက္သြားခဲ့တဲ့ ၅နွစ္အရြယ္ကေလးငယ္

0
3355

ခ်ာလီဆိုတဲ့ ၅ႏွစ္အရြယ္ေကာင္ေလးဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ ည ၁၁နာရီ ၁၄မိနစ္မွာ လူ႔ေလာကႀကီးကေန အၿပီးအပိုင္ထြက္ခြာသြားခဲ့ရပါတယ္။ ခ်ာလီဟာ ၿပီးခဲ့တဲ့ ၂၀၁၆ခုႏွစ္က ရွားပါကင္ဆာေရာဂါမ်ိဳးခံစားခဲ့ရၿပီး အသည္းအစားထိုးကုသဖို႔လိုအပ္ခဲ့ပါတယ္။ ဒါ့ေၾကာင့္ အေမရိကန္မွာ ခြဲစိတ္ကုသဖို႔အတြက္ ေပါင္ ၈၅၅၅၈၀ အကုန္က်ခံၿပီး ကုသခဲ့ေပမဲ့ စိတ္မေကာင္းစြာနဲ႔ပဲ ဇာတ္သိမ္းခဲ့ရပါတယ္။ မိခင္ျဖစ္သူ Amber Schofield ဟာ သူ႔သား ေသဆုံးသြားတဲ့အခါ ဆိုရွယ္မီဒီယာေပၚ ပို႔စ္ တစ္ပို႔တင္ခဲ့ပါတယ္။ ဒါကေတာ့ ခ်ာလီမေသခင္ေရးသြားတဲ့ စာေလးတစ္ေစာင္ပဲျဖစ္ပါတယ္။

ခ်ာလီ မေသဆုံးခင္မွာ ” ေစာေစာစီးစီးထြက္ခြာသြားရလို႔ ေတာင္းပန္ပါတယ္ အေမ” ဆိုၿပီး သူ႔အေမအတြက္ ေတာင္းပန္စာေလးတစ္ေစာင္ ေရးေပးထားခဲ့တာပဲျဖစ္ပါတယ္။ ခ်ာလီဟာ မိဘႏွစ္ပါးရဲ႕ လက္ေပၚတင္ ဆုံးပါးသြားခဲ့တာျဖစ္ပါတယ္။ Amber ကေတာ့ ကေလးဟာ သူ႔အေဖရဲ႕ လက္ေပၚမွာ ဆိုးရြားတဲ့ေရာဂါေဝဒနာကို ခုံခံၿပီး ၿငိမ္းခ်မ္းစြာ ေလာကႀကီးထဲက ထြက္ခြာသြားတယ္လို႔ ဆိုပါတယ္။

Amber ဟာ သားျဖစ္သူရဲ႕ ေနာက္ဆုံးပုံကို ပို႔စ္တင္ခဲ့ၿပီး သားျဖစ္သူရဲ႕ ေရာဂါေၾကာင့္ သူမ အႀကီးအက်ယ္ စိတ္ဆင္းရဲမႈကို ခံစားေနရပါတယ္လို႔လည္း ဆိုထားပါေသးတယ္။ ဒါ့အျပင္ Amber ဟာ “သူ႔မႏွလုံးသာေတြ အရမ္းနာက်င္ရပါၿပီ။ ” ဘယ္ကေလးမ်ိဳးမွ သားေလးလို႔ မစားေစခ်င္ဘူး။ မိဘေတြအေနနဲ႔ ကိုယ့္မ်က္စိေရွ႕မွာ ကိုယ့္သားသမီး တျဖည္းျဖည္းခ်င္း အသက္ဆုံး႐ႈံးရတာကို ထိုင္ၾကည့္ေနရတာေလာက္ စိတ္ဆင္းရဲတာမ်ိဳးမရွိဘူးလို႔ သူမရဲ႕ ခံစားခ်က္ေတြကို ေရးသားေဖာ္ျပခဲ့ပါတယ္။ မိခင္ျဖစ္သူ Amber က သားျဖစ္သူ က်န္းမာတုန္းက ပုံေလးကို ေနာက္ဆုံးပို႔စ္အျဖစ္တင္ခဲ့ၿပီး ေသဆုံးသြားတဲ့အခ်ိန္မွာေတာ့ သားျဖစ္သူေသဆုံးသြားၿပီျဖစ္ေၾကာင္းကို ေကာင္းကင္တမန္ရဲ႕ အေတာင္ပံေလးေတြတပ္ဆင္ထားတဲ့ ခ်ာလီရဲ႕ ဓာတ္ပုံေလးကို ပုိ႔စ္ထပ္တင္ေပးခဲ့ပါတယ္။

ခ်ာလီဟာ ၿပီးခဲ့တဲ့ ၂၀၁၆ခုႏွစ္က Hepatoblastoma လို႔ေခၚတဲ့ ရွားပါး အသည္းအက်ိတ္ကင္ဆာကို ခံစားခဲ့ရတာျဖစ္ၿပီး ေနာက္ဆုံးေရာဂါအဆင့္မွာေတာ့ အခ်ိန္ ၂ပတ္ (၃၆၆ နာရီ) သာ အသက္ရွင္ခြင့္ရခဲ့တယ္လို႔ မိခင္ျဖစ္သူက ဆိုပါတယ္။

#Lifestyle_Myanmar

Ref- Shared, ladbible

#Thar_Nage

ေရခဲေတာင္ေပၚက ၅၉ႏွစ္ၾကာမွ ျပန္လည္ဆယ္ယူရတဲ့ ေတာင္တက္သမား အေလာင္း


Unicode

မိခင်အတွက် တောင်းပန်စာရေးထားခဲ့ပြီ လူ့လောကကြီးက အပြီးအပိုင်ထွက်သွားခဲ့တဲ့ ၅နှစ်အရွယ်ကလေးငယ်
ချာလီဆိုတဲ့ ၅နှစ်အရွယ်ကောင်လေးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ည ၁၁နာရီ ၁၄မိနစ်မှာ လူ့လောကကြီးကနေ အပြီးအပိုင်ထွက်ခွာသွားခဲ့ရပါတယ်။ ချာလီဟာ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်က ရှားပါကင်ဆာရောဂါမျိုးခံစားခဲ့ရပြီး အသည်းအစားထိုးကုသဖို့လိုအပ်ခဲ့ပါတယ်။ ဒါ့ကြောင့် အမေရိကန်မှာ ခွဲစိတ်ကုသဖို့အတွက် ပေါင် ၈၅၅၅၈၀ အကုန်ကျခံပြီး ကုသခဲ့ပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ ဇာတ်သိမ်းခဲ့ရပါတယ်။ မိခင်ဖြစ်သူ Amber Schofield ဟာ သူ့သား သေဆုံးသွားတဲ့အခါ ဆိုရှယ်မီဒီယာပေါ် ပို့စ် တစ်ပို့တင်ခဲ့ပါတယ်။ ဒါကတော့ ချာလီမသေခင်ရေးသွားတဲ့ စာလေးတစ်စောင်ပဲဖြစ်ပါတယ်။

ချာလီ မသေဆုံးခင်မှာ ” စောစောစီးစီးထွက်ခွာသွားရလို့ တောင်းပန်ပါတယ် အမေ” ဆိုပြီး သူ့အမေအတွက် တောင်းပန်စာလေးတစ်စောင် ရေးပေးထားခဲ့တာပဲဖြစ်ပါတယ်။ ချာလီဟာ မိဘနှစ်ပါးရဲ့ လက်ပေါ်တင် ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ Amber ကတော့ ကလေးဟာ သူ့အဖေရဲ့ လက်ပေါ်မှာ ဆိုးရွားတဲ့ရောဂါဝေဒနာကို ခုံခံပြီး ငြိမ်းချမ်းစွာ လောကကြီးထဲက ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

Amber ဟာ သားဖြစ်သူရဲ့ နောက်ဆုံးပုံကို ပို့စ်တင်ခဲ့ပြီး သားဖြစ်သူရဲ့ ရောဂါကြောင့် သူမ အကြီးအကျယ် စိတ်ဆင်းရဲမှုကို ခံစားနေရပါတယ်လို့လည်း ဆိုထားပါသေးတယ်။ ဒါ့အပြင် Amber ဟာ “သူ့မနှလုံးသာတွေ အရမ်းနာကျင်ရပါပြီ။ ” ဘယ်ကလေးမျိုးမှ သားလေးလို့ မစားစေချင်ဘူး။ မိဘတွေအနေနဲ့ ကိုယ့်မျက်စိရှေ့မှာ ကိုယ့်သားသမီး တဖြည်းဖြည်းချင်း အသက်ဆုံးရှုံးရတာကို ထိုင်ကြည့်နေရတာလောက် စိတ်ဆင်းရဲတာမျိုးမရှိဘူးလို့ သူမရဲ့ ခံစားချက်တွေကို ရေးသားဖော်ပြခဲ့ပါတယ်။ မိခင်ဖြစ်သူ Amber က သားဖြစ်သူ ကျန်းမာတုန်းက ပုံလေးကို နောက်ဆုံးပို့စ်အဖြစ်တင်ခဲ့ပြီး သေဆုံးသွားတဲ့အချိန်မှာတော့ သားဖြစ်သူသေဆုံးသွားပြီဖြစ်ကြောင်းကို ကောင်းကင်တမန်ရဲ့ အတောင်ပံလေးတွေတပ်ဆင်ထားတဲ့ ချာလီရဲ့ ဓာတ်ပုံလေးကို ပို့စ်ထပ်တင်ပေးခဲ့ပါတယ်။

ချာလီဟာ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်က Hepatoblastoma လို့ခေါ်တဲ့ ရှားပါး အသည်းအကျိတ်ကင်ဆာကို ခံစားခဲ့ရတာဖြစ်ပြီး နောက်ဆုံးရောဂါအဆင့်မှာတော့ အချိန် ၂ပတ် (၃၆၆ နာရီ) သာ အသက်ရှင်ခွင့်ရခဲ့တယ်လို့ မိခင်ဖြစ်သူက ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here