မိခင္ဆီကေန သမီးေတြမွာ အေမြဆက္ခံရႏိုင္တဲ့ မ်ိဳးရိုးလိုက္ေရာဂါ ၁၀ခု

0
17343
ဲ့ မ်ိဳးရိုးလိုက္ေရာဂါ

ကၽြႏု္ပ္တို႔ရဲ႕ဗီဇဟာ ကၽြႏု္ပ္တို႔ရဲ႕ ရုပ္ဆင္းသ႑ာန္ႏွင့္ ကိုယ္ရည္ကိုယ္ေသြးကိုသာ သတ္မွတ္တာမဟုတ္ဘဲ ကၽြႏု္ပ္တို႔ ခႏၶာကိုယ္အတြက္ အားနည္းခ်က္မ်ားကိုလည္း သတ္မွတ္ေပးပါတယ္ ။ ဥပမာမိဘမွာဆီးခ်ိဳ/ေသြးခ်ိဳေရာဂါရွိရင္ သားသမီးမွာ မ်ိဳးရိုးလိုက္ျဖစ္တတ္တာမ်ိဳး ျဖစ္ပါတယ္။ ဒီေဆာင္းပါးမွာ သမီးတစ္ေယာက္ဟာ မိခင္ဆီကေန အေမြရႏိုင္တဲ့ မ်ိဳးဗီဇခ်ိဳ႕ယြင္းမႈ အေၾကာင္းကို မွ်ေဝေပးခ်င္ပါတယ္။ မ်ိဳးရိုးလိုက္တာဟာ သင့္ရဲ႕က်န္းမာေရးကို ပိုၿပီးဂရုစိုက္ဖို႔ လိုအပ္ေၾကာင္း သတိေပးတာ ျဖစ္ေပမယ့္ မလႊဲမေရွာင္ေနမေကာင္းျဖစ္လိမ့္မယ္လို႔ မဆိုလိုပါဘူး။

-Advertisement-

၁။ အရိုးပြေရာဂါ


အရိုးပြေရာဂါဟာ အရိုးက်ိဳးျခင္းအႏၱရာယ္ကို တိုးပြားေစတဲ့ အရိုးအားနည္းတဲ့ ေရာဂါတစ္ခုျဖစ္ပါတယ္။ အမ်ားအားျဖင့္ မိခင္ျဖစ္သူဟာ အရုိးပြေရာဂါျဖစ္ၿပီး အရိုးက်ိဳးဖူးတယ္ဆိုရင္ သမီးျဖစ္သူမွာလည္း မ်ိဳးရိုးလိုက္တတ္ပါတယ္။ အရိုးပြေရာဂါဟာ အရိုးမွာ ကယ္လစီယမ္ ဆံုးရံႈံးၿပီး အရိုးပ်က္စီးလြယ္လာတဲ့ကာလျဖစ္တဲ့ ေသြးဆံုးၿပီးေနာက္မွာ အျဖစ္မ်ားပါတယ္။
ႀကိဳတင္ကာကြယ္မႈ ေဆာင္ရြက္ခ်က္မ်ား
ကယ္လစီယမ္ၾကြယ္ဝတဲ့ အစားအစာမ်ားကို ပိုစားသင့္ပါတယ္။ ဒါေပမယ့္ ကယ္လစီယမ္ဟာ ဗီတာမင္ဒီနဲ႔ ေပါင္းစပ္တဲ့အခါမွသာ သင့္ခႏၶာကိုယ္က စုပ္ယူႏိုင္တယ္ဆိုတာ မေမ့ပါနဲ႔။ သင့္ရဲ႕ကုထံုးပညာရွင္ေတြနဲ႔ တိုင္ပင္ၿပီး လိုအပ္တဲ့ ဗီတာမင္ ျဖည့္စြက္စာ ညႊန္ၾကားဖို႔ ေမးပါ။ ဒါ့အျပင္ မၾကာခဏ အျပင္ထြက္ၿပီး လမ္းေလွ်ာက္ပါ။
ေဆးလိပ္မေသာက္ပါနဲ႔။ ဒီအက်င့္ဆိုးက အရိုးသိပ္သည္းဆလႊမ္းမိုးမႈႏွင့္ ကယ္လစီယမ္စုပ္ယူဖို႔ ခႏၶာကိုယ္ရဲ႕ စြမ္းေဆာင္ရည္ကို ေလ်ာ့က်ေစပါတယ္။
ဆိုဒါမေသာက္ပါနဲ႔ ။ ဆိုဒါပံုမွန္ေသာက္သုံးျခငး္က တင္ပါးဆံုးရိုးက်ိဳးမႈအႏၱရာယ္ကို ၁၄%တိုးေစပါတယ္။
သင့္ခႏၶာကိုယ္အေလးခ်ိန္ကို ထိန္းခ်ဳပ္ၿပီး အားကစားလုပ္ပါ။ 19ႏွင့္ 64ႏွစ္ၾကားလူေတြဟာ ပုခံုးအတြက္ တစ္ပတ္ကို 2ႀကိမ္၊ ေျခေထာက္၊ တင္ပါး၊ေနာက္ေက်ာ၊ ရင္ဘက္၊ လက္ေမာင္းအတြက္ ၾကြက္သားတည္ေဆာက္မႈေလ့က်င့္ခန္းအျဖစ္ အပတ္စဥ္ ေအရိုးဗစ္လႈပ္ရွားမႈ 150မိနစ္ခန္႔လုပ္ေပးဖုိ႔ အႀကံျပဳပါတယ္။

၂။ ေသြးေလးဖက္နာေရာဂါ


ေသြးေလးဖက္နာေရာဂါ ျဖစ္ပြားရတဲ့ အေၾကာင္းရငး္ကို ရွင္းရွငး္လင္းလင္းမသိရေပမယ့္ သိပၸံပညာရွင္မ်ားက မ်ိဳးဗီဇႏွင့္ လူတစ္ဦးရဲ႕ကိုယ္ခံအားစနစ္ကို သက္ေရာက္ေစတဲ့ ပတ္ဝန္းက်င္ဆိုင္ရာ အေၾကာင္းရင္းတို႔ ေပါင္းစပ္ ပါဝင္တာေၾကာင့္လို႔ အႀကံျပဳထားပါတယ္။
ႀကိဳတင္ကာကြယ္မႈ ေဆာင္ရြက္ခ်က္မ်ား
ေဆးလိပ္ျဖတ္ၿပီး အနီေရာင္အသား၊ ေကာ္ဖီေသာက္သံုးျခင္း ေလွ်ာ့ခ်ေပးပါ။
သင့္သြားနဲ႔ သြားဖံုးေတြကို ေသေသခ်ာခ်ာဂရုစိုက္ပါ။ သြားဆရာဝန္ဆီသြားၿပီး သြားပံုမွန္စစ္ေဆးမႈ ျပဳလုပ္ပါ။
Periodontal ေရာဂါက ေသြးေလးဖက္နာဖြံ႕ၿဖိဳးမႈကို ဦးတည္ႏိုင္ပါတယ္။
သင့္ရဲ႕အစားအေသာက္ထဲမွာ ဗီတာမင္စီၾကြယ္ဝတဲ့ အစားအစာမ်ားကို ထည့္သြင္းပါ။ ဒီအင္တိီေအာက္ဆီဒင့္က သင့္ခႏၶာကိုယ္မွာ ေရာင္ရမ္းမႈအႏၱရာယ္ကို ေလ်ာ့က်ေစပါတယ္။

၃။ အရြယ္မတုိင္ခင္ အိုမင္းျခင္း


သိပၸံပညာရွင္မ်ားက အခ်ိဳ႕ေသာမ်ိဳးဗီဇဟာ ကၽြန္ေတာ္တို႔ခႏၶာကိုယ္မွာ အိုမင္းျခင္းျဖစ္စဥ္ကို ဘယ္ေလာက္ၾကာၾကာ တားဆီးႏိုင္ဖို႔အတြက္ တာဝန္ရွိတယ္ဆိုတာကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ ဒီမ်ိဳးဗီဇဟာ မိခင္ရဲ႕ဘက္ကေန မ်ိဳးဆက္တစ္ဆက္မွ တစ္ဆက္သို႔ ကူးစက္ပါတယ္။ သင္ဟာ သင့္အေမရဲ႕ပ်က္စီးသြားေသာ DNAကို အေမြခံရလွ်င္ သင့္ရဲ႕အိုမင္းျခင္းျဖစ္စဥ္က ပိုျမန္လာပါလိမ့္မယ္။ ကာကြယ္ဖို႔ကေတာ့ ေနေရာင္ထဲထြက္တဲ့အခါ SPF ျမင့္မားတဲ့ ေနေရာင္ကာကြယ္ေဆးကို သံုးဖို႔လိုပါတယ္။

၄။ စိတ္က်ေရာဂါ


လူဦးေရသန္း ၃၀၀ေလာက္က ႏွစ္စဥ္ႏွစ္တိုင္း စိတ္က်ေရာဂါခံစားေနၾကရပါတယ္။ မ်ိဳးရိုးလိုက္ႏိုင္ၿပီး စိတ္က်ေရာဂါအတြက္ တာဝန္ရွိတဲ့ မ်ိဳးဗီဇ Slc6a15ကို သိပၸံပညာရွင္မ်ားက ရွာေဖြေတြ႕ရွိႏိုင္ခဲ့ပါတယ္။ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားထက္ စိတ္က်ေရာဂါခံစားရဖို႔ ႏွစ္ဆပိုမ်ားပါတယ္။ ဒါက နာတာရွည္ေရာဂါတစ္ခုေတာင္ ျဖစ္လာႏိုင္ပါတယ္။ . Postpartum depression (ကေလးေမြးဖြားၿပီးျဖစ္တဲ့ စိတ္က်ေရာဂါ)ကလည္း မ်ိဳးရိုးလိုက္ေစႏိုင္ပါတယ္။
ႀကိဳတင္ကာကြယ္မႈ ေဆာင္ရြက္ခ်က္မ်ား
သင့္ရဲ႕ရုပ္ပိုင္းဆုိင္ရာအဆင့္ကို ဂရုစိုက္ပါ။ ေကာင္းေကာင္းအိပ္ဖို႔လိုၿပီး ေကာင္းမြန္မွ်တတဲ့ အစားအစာ စားဖို႔ လုိပါတယ္။ ကိုယ္လက္လႈပ္ရွားမႈ ပံုမွန္ျပဳလုပ္ေပးဖုိ႔ လိုပါတယ္။
သင့္ရဲ႕အတြင္းျပႆနာေတြကို ၿမိဳသိပ္မထားပါနဲ႔။ သင့္သူငယ္ခ်င္းေတြ၊ မိသားစုေတြကို အကူအညီေတာင္းႏိုင္ပါတယ္။ တခါတရံ တစ္ေယာက္ေယာက္နဲ႔ စကားေျပာဖို႔လိုပါတယ္။
သင့္ရဲ႕အေျခအေနဟာ ပိုဆိုးလာတယ္လို႔ ခံစားေနရလွ်င္ စိတ္ေရာဂါကုဆရာဝန္ဆီ သြားဖို႔မရွက္ပါနဲ႔။

၅။ ေရတိမ္


ဒီေရာဂါဟာ မ်ိဳးရိုးလိုက္တာနဲ႔ ဆက္စပ္ေနၿပီး အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ ပိုၿပီး ေရတိမ္ျဖစ္တတ္ပါတယ္။
ႀကိဳတင္ကာကြယ္မႈ ေဆာင္ရြက္ခ်က္မ်ား
ႀကိဳတင္စစ္ေဆးမႈ ျပဳလုပ္ပါ။ အသက္ ၄၀မတိုင္ခင္ (၂ႏွစ္- ၄ႏွစ္တိုင္း) ၊ အသက္၄၀ကေန ၅၄ႏွစ္အထိ (၁ႏွစ္- ၃ႏွစ္တိုင္း)၊ အသက္ ၅၅ႏွစ္မွ ၆၄ႏွစ္အထိဆိုရင္ (၁ႏွစ္- ၂ႏွစ္တိုင္း)၊ အသက္ ၆၅ႏွစ္ျပည့္ၿပီးရင္ (၆လ- ၁၂လတိုင္း) မ်က္စိဆရာဝန္ႏွင့္ စမ္းသပ္ဖို႔ လုိပါတယ္။ တစ္ပတ္ကို ၃ႀကိမ္ ရြရြေျပးျခင္း သို႔မဟုတ္လမ္းေလွ်ာက္ျခင္းကဲ့သို႔ ရုပ္ပိုင္းဆိုင္ရာေလ့က်င့္ခန္းလုပ္ေပးဖို႔ လိုအပ္ပါတယ္။ ေယာဂေလ့က်င့္ခန္းလုပ္ေပးႏိုင္ေသာ္လည္း လည္ပင္းႏွင့္ ပခံုးေတြကို တင္းမာေစႏိုင္တဲ့ upside down poses ျပဳလုပ္ျခင္းကို ေရွာင္ရွားပါ။

၆။ ႏွလံုးေသြးေၾကာဆိုင္ရာေရာဂါမ်ား


ႏွလံုးေသြးေၾကာဆိုင္ရာေရာဂါမ်ားကလည္း မိခင္ကေန သမီးဆီသို႔ မ်ိဳးရိုးလိုက္တတ္ပါတယ္။
ႀကိဳတင္ကာကြယ္မႈ ေဆာင္ရြက္ခ်က္မ်ား
အဝလြန္ျခင္းက ေလသင္တုန္းျဖတ္ျခင္း၊ heart attack၊ ေသြးတိုးျခင္းႏွင့္ ဆီးခ်ိဳေရာဂါရွိျခင္း အႏၱရာယ္ကို တိုးေစပါတယ္။ သင့္ေတာ္မယ့္ ကိုယ္လက္လႈပ္ရွားမႈေလ့က်င့္ခန္းကို ရွာေဖြၿပီး တစ္ပတ္ကို ၃-၄ႀကိမ္ ျပဳလုပ္ပါ။
အခ်ိဳ၊ အငန္ႏွင့္ အဆီမ်ားတဲ့ အစားအေသာက္ေတြ စားသံုးျခင္းကို စီစစ္ၿပီး အသီးအႏွံ၊ ဟင္းသီးဟင္းရြက္ေတြကို ပိုၿပီးစားပါ။
ေဆးလိပ္ျဖတ္ျခင္းက ႏွလံုးေသြးေၾကာဆိုင္ရာေရာဂါမ်ားအႏၱရာယ္ကို ေလ်ာ့ခ်ေပးပါလိမ့္မယ္။
ပံုမွန္check-upsလုပ္ၿပီး ကိုလက္စထေရာႏွင့္ arterial pressure အဆင့္ကို ထိန္းသိမ္းပါ။

၇။ ေခါင္းတစ္ျခမ္းကိုက္ျခင္း


အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ ေခါင္းတစ္ျခမ္းကိုက္ေရာဂါကို ၃ဆပိုၿပီး ခံစားရပါတယ္။ ဒီေရာဂါဟာ မ်ိဳးရိုးလိုက္ႏိုင္ေပမယ့္ ေခါင္းကိုက္မႈအေရအတြက္ႏွင့္ အေျခအေနကို ေလွ်ာ့ခ်လို႔ရပါတယ္။
ႀကိဳတင္ကာကြယ္မႈ ေဆာင္ရြက္ခ်က္မ်ား
အရက္၊ ေခ်ာကလက္၊ ဒိန္ခဲ၊ ေကာ္ဖီနဲ႔ အခ်ဥ္ဓါတ္ပါတဲ့အသီး စားသံုးမႈကို ေလွ်ာ့ခ်ပါ။ ဒီအစားအစာမ်ားက ေခါင္းတျခမ္းကိုက္မႈကို ျဖစ္ေစႏိုင္ပါတယ္။
အနံ႔ျပင္းၿပီး အလင္းေရာင္စူးရွတဲ့ေနရာေတြကို ေရွာင္ရွားဖို႔ ႀကိဳးစားပါ။
ေရမ်ားမ်ားေသာက္ပါ။
ေန႔တိုင္း အပန္းေျဖျခင္းႏွင့္ အနားယူဖို႔ အခ်ိန္ေပးပါ။

၈။ အိပ္မေပ်ာ္ျခင္း


သိပၸံပညာရွင္မ်ားက အိပ္မေပ်ာ္ျခင္းဟာ စိတ္ပိုင္းဆိုင္ရာ ျပႆနာမ်ားေၾကာင့္သာ ျဖစ္ပြားႏိုင္တာမဟုတ္ဘဲ မ်ိဳးရိုးလိုက္တာေၾကာင့္လည္း ျဖစ္ႏိုင္တယ္လို႔ ေတြ႕ရွိခဲ့ပါတယ္။ စိတ္က်ေရာဂါ၊ စိုးရိမ္စိတ္ပံုမွန္မဟုတ္ျခင္းႏွင့္ neuroticism ကဲ့သို႔ေသာ တျခားလကၡဏာမ်ားႏွင့္အတူ မ်ိဳးဗီဇဟာ တစ္ထပ္တည္းျဖစ္တာကို ေတြ႕ရွိခဲ့ပါတယ္။
ႀကိဳတင္ကာကြယ္္မႈ ေဆာင္ရြက္ခ်က္မ်ား
စိတ္ထဲမွာ မေကာင္းတဲ့အေတြးေတြနဲ႔အတူ အိပ္ရာမဝင္ပါနဲ႕။
ေကာ္ဖီႏွင့္ ေဆးလိပ္မေသာက္ပါနဲ႔။
ညေနေႏွာင္းပိုင္းမွ ကိုယ္လက္ေလ့က်င့္ခန္းမလုပ္ပါနဲ႔။
အိပ္ေပ်ာ္ေအာင္ ႀကိဳးစားၿပီး ေန႔တိုင္းအခ်ိန္မွန္ အိပ္ရာကထပါ။

၉။ အယ္လ္ဇိုင္းမားေရာဂါ


အယ္လ္ဇိုင္းမားေရာဂါဟာ အမ်ိဳးသားထက္ အမ်ိဳးသမီးေတြမွာ ပိုျဖစ္ၿပီး မွတ္ဥာဏ္ခ်ိဳ႕ယြင္းျခင္းရဲ႕ အျဖစ္အမ်ားဆံုးပံုစံျဖစ္ပါတယ္။ ဒီေရာဂါဟာ ေပ်ာက္ကင္းမႈမရွိေပမယ့္ က်န္းမာတဲ့လူေနမႈဘဝမွာ ေနထိုင္ရင္ ဒီေရာဂါျဖစ္မႈ အႏၱရာယ္ကို ေလ်ာ့ခ်ႏိုင္ပါတယ္။
ႀကိဳတင္ကာကြယ္မႈ ေဆာင္ရြက္ခ်က္မ်ား
ေသြးတုိးႏွင့္ ကိုလက္စထေရာအဆင့္ကို ထိန္းခ်ဳပ္ပါ။
ေဆးလိပ္ေသာက္ျခင္းက မွတ္ဥာဏ္ခ်ိဳ႕တဲ့ျခင္းအႏၱရာယ္ကို တိုးပြားေစတာေၾကာင့္ ေဆးလိပ္ျဖတ္ပါ။
အားကစားလုပ္ပါ။ သၾကားႏွင့္ ျပည့္ဝဆီစားသံုးမႈကို ကန္႔သတ္ၿပီး သစ္သီးမ်ားႏွင့္ ဟင္းသီးဟင္းရြက္မ်ားကို ပိုစားပါ။

၁၀။ ရင္သားကင္ဆာနဲ႕ သားအိမ္ကင္ဆာ


2013 ခုႏွစ္မွာ နာမည္ႀကီးမင္းသမီး အိန္ဂ်လီနာဂ်ိဳလီဟာ မ်ိဳးဗီဇစစ္ေဆးမႈ စမ္းသပ္ခံယူခဲ့ပါတယ္။ အမ်ိဳးသမီးေတြမွာ ျဖစ္ပြားေလ့ရွိတဲ့ ရင္သားႏွင့္ သားအိမ္ကင္ဆာကိဳတင္ကာကြယ္ေရးအတြက္ စမ္းသပ္စစ္ေဆးျခင္းျဖစ္ပပါတယ္။ သူမရဲ႕ႏွစ္စဥ္စမ္းသပ္မႈရလဒ္က အေစာပိုင္းသားအိမ္ကင္ဆာ ျဖစ္ႏိုင္ေျခ လကၡဏာကို ညြန္ျပခဲၿပီးၿပီးေနာက္ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ သူမရဲ႕ရင္သားနဲ႔ သားအိမ္ကို ခြဲစိတ္ဖယ္ရွားခဲ့ပါတယ္။ သူမရဲ႕မိခင္နဲ႔ အဖြားဟာ ယခင္က ကင္ဆာေရာဂါနဲ႔ ကြယ္လြန္ခဲ့တာေၾကာင့္ ကင္ဆာေရာဂါအႏၱရာယ္ကို ေလ်ာ့ခ်ဖို႔ ဒါကိုျပဳလုပ္ခဲ့တာပါ။ ဂ်ိဳလီမွာ ရင္သားႏွင့္ သားအိမ္ကင္ဆာ ျဖစ္ႏုိင္ေျခကို တိုးပြားေစတဲ့ BACA1 မ်ိဳးဗီဇ ရွိပါတယ္။ ဒါေပမယ့္ သိပၸံပညာရွင္မ်ားက ဗီဇေျပာင္းလဲမႈအားလံုးက ကင္ဆာကိုဦးတည္ေနတာ မဟုတ္တာေၾကာင့္ သင္ဟာ ျပင္းထန္တဲ့ ႀကိဳတင္ကာကြယ္ေဆာင္ရြက္မႈေတြ လုပ္ေဆာင္ဖို႔ မလိုဘူးလို႔ ဆိုပါတယ္။
ႀကိဳတင္ကာကြယ္မႈ ေဆာင္ရြက္ခ်က္မ်ား
အရက္ေသာက္သံုးမႈကို ေလ်ာ့ခ်ပါ။
အသက္ ၃၀မွာ ကေလးယူပါ။ အသက္၃၀မွာ ပထမကေလးကို ေမြးဖြားျခင္းက ရင္သားကင္ဆာအႏၱရာယ္ကို ေလ်ာ့က်ေစတယ္လို႔ ေလ့လာမႈမွာ အႀကံျပဳထားပါတယ္။
ေဆးလိပ္မေသာက္ပါနဲ။
ပံုမွန္ က်န္းမာေရးစစ္ေဆးမႈ ျပဳလုပ္ပါ။
#Lifestyle_Myanmar
#LM_Nandar
Source-brightside

Unicode

မိခင်ဆီကနေ သမီးတွေမှာ အမွေဆက်ခံရနိုင်တဲ့ မျိုးရိုးလိုက်ရောဂါ ၁၀ခု
ကျွနု်ပ်တို့ရဲ့ဗီဇဟာ ကျွနု်ပ်တို့ရဲ့ ရုပ်ဆင်းသဏ္ဍာန်နှင့် ကိုယ်ရည်ကိုယ်သွေးကိုသာ သတ်မှတ်တာမဟုတ်ဘဲ ကျွနု်ပ်တို့ ခန္ဓာကိုယ်အတွက် အားနည်းချက်များကိုလည်း သတ်မှတ်ပေးပါတယ် ။ ဥပမာမိဘမှာဆီးချို/သွေးချိုရောဂါရှိရင် သားသမီးမှာ မျိုးရိုးလိုက်ဖြစ်တတ်တာမျိုး ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ သမီးတစ်ယောက်ဟာ မိခင်ဆီကနေ အမွေရနိုင်တဲ့ မျိုးဗီဇချို့ယွင်းမှု အကြောင်းကို မျှဝေပေးချင်ပါတယ်။ မျိုးရိုးလိုက်တာဟာ သင့်ရဲ့ကျန်းမာရေးကို ပိုပြီးဂရုစိုက်ဖို့ လိုအပ်ကြောင်း သတိပေးတာ ဖြစ်ပေမယ့် မလွှဲမရှောင်နေမကောင်းဖြစ်လိမ့်မယ်လို့ မဆိုလိုပါဘူး။

၁။ အရိုးပွရောဂါ
အရိုးပွရောဂါဟာ အရိုးကျိုးခြင်းအန္တရာယ်ကို တိုးပွားစေတဲ့ အရိုးအားနည်းတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အများအားဖြင့် မိခင်ဖြစ်သူဟာ အရိုးပွရောဂါဖြစ်ပြီး အရိုးကျိုးဖူးတယ်ဆိုရင် သမီးဖြစ်သူမှာလည်း မျိုးရိုးလိုက်တတ်ပါတယ်။ အရိုးပွရောဂါဟာ အရိုးမှာ ကယ်လစီယမ် ဆုံးရှုံံးပြီး အရိုးပျက်စီးလွယ်လာတဲ့ကာလဖြစ်တဲ့ သွေးဆုံးပြီးနောက်မှာ အဖြစ်များပါတယ်။
ကြိုတင်ကာကွယ်မှု ဆောင်ရွက်ချက်များ
ကယ်လစီယမ်ကြွယ်ဝတဲ့ အစားအစာများကို ပိုစားသင့်ပါတယ်။ ဒါပေမယ့် ကယ်လစီယမ်ဟာ ဗီတာမင်ဒီနဲ့ ပေါင်းစပ်တဲ့အခါမှသာ သင့်ခန္ဓာကိုယ်က စုပ်ယူနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ သင့်ရဲ့ကုထုံးပညာရှင်တွေနဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ ဗီတာမင် ဖြည့်စွက်စာ ညွှန်ကြားဖို့ မေးပါ။ ဒါ့အပြင် မကြာခဏ အပြင်ထွက်ပြီး လမ်းလျှောက်ပါ။
ဆေးလိပ်မသောက်ပါနဲ့။ ဒီအကျင့်ဆိုးက အရိုးသိပ်သည်းဆလွှမ်းမိုးမှုနှင့် ကယ်လစီယမ်စုပ်ယူဖို့ ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်ရည်ကို လျော့ကျစေပါတယ်။
ဆိုဒါမသောက်ပါနဲ့ ။ ဆိုဒါပုံမှန်သောက်သုံးခြငး်က တင်ပါးဆုံးရိုးကျိုးမှုအန္တရာယ်ကို ၁၄%တိုးစေပါတယ်။
သင့်ခန္ဓာကိုယ်အလေးချိန်ကို ထိန်းချုပ်ပြီး အားကစားလုပ်ပါ။ 19နှင့် 64နှစ်ကြားလူတွေဟာ ပုခုံးအတွက် တစ်ပတ်ကို 2ကြိမ်၊ ခြေထောက်၊ တင်ပါး၊နောက်ကျော၊ ရင်ဘက်၊ လက်မောင်းအတွက် ကြွက်သားတည်ဆောက်မှုလေ့ကျင့်ခန်းအဖြစ် အပတ်စဉ် အေရိုးဗစ်လှုပ်ရှားမှု 150မိနစ်ခန့်လုပ်ပေးဖို့ အကြံပြုပါတယ်။

၂။ သွေးလေးဖက်နာရောဂါ
သွေးလေးဖက်နာရောဂါ ဖြစ်ပွားရတဲ့ အကြောင်းရငး်ကို ရှင်းရှငး်လင်းလင်းမသိရပေမယ့် သိပ္ပံပညာရှင်များက မျိုးဗီဇနှင့် လူတစ်ဦးရဲ့ကိုယ်ခံအားစနစ်ကို သက်ရောက်စေတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းတို့ ပေါင်းစပ် ပါဝင်တာကြောင့်လို့ အကြံပြုထားပါတယ်။
ကြိုတင်ကာကွယ်မှု ဆောင်ရွက်ချက်များ
ဆေးလိပ်ဖြတ်ပြီး အနီရောင်အသား၊ ကော်ဖီသောက်သုံးခြင်း လျှော့ချပေးပါ။
သင့်သွားနဲ့ သွားဖုံးတွေကို သေသေချာချာဂရုစိုက်ပါ။ သွားဆရာဝန်ဆီသွားပြီး သွားပုံမှန်စစ်ဆေးမှု ပြုလုပ်ပါ။
Periodontal ရောဂါက သွေးလေးဖက်နာဖွံ့ဖြိုးမှုကို ဦးတည်နိုင်ပါတယ်။
သင့်ရဲ့အစားအသောက်ထဲမှာ ဗီတာမင်စီကြွယ်ဝတဲ့ အစားအစာများကို ထည့်သွင်းပါ။ ဒီအင်တိီအောက်ဆီဒင့်က သင့်ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုအန္တရာယ်ကို လျော့ကျစေပါတယ်။

၃။ အရွယ်မတိုင်ခင် အိုမင်းခြင်း
သိပ္ပံပညာရှင်များက အချို့သောမျိုးဗီဇဟာ ကျွန်တော်တို့ခန္ဓာကိုယ်မှာ အိုမင်းခြင်းဖြစ်စဉ်ကို ဘယ်လောက်ကြာကြာ တားဆီးနိုင်ဖို့အတွက် တာဝန်ရှိတယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီမျိုးဗီဇဟာ မိခင်ရဲ့ဘက်ကနေ မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ ကူးစက်ပါတယ်။ သင်ဟာ သင့်အမေရဲ့ပျက်စီးသွားသော DNAကို အမွေခံရလျှင် သင့်ရဲ့အိုမင်းခြင်းဖြစ်စဉ်က ပိုမြန်လာပါလိမ့်မယ်။ ကာကွယ်ဖို့ကတော့ နေရောင်ထဲထွက်တဲ့အခါ SPF မြင့်မားတဲ့ နေရောင်ကာကွယ်ဆေးကို သုံးဖို့လိုပါတယ်။

၄။ စိတ်ကျရောဂါ
လူဦးရေသန်း ၃၀၀လောက်က နှစ်စဉ်နှစ်တိုင်း စိတ်ကျရောဂါခံစားနေကြရပါတယ်။ မျိုးရိုးလိုက်နိုင်ပြီး စိတ်ကျရောဂါအတွက် တာဝန်ရှိတဲ့ မျိုးဗီဇ Slc6a15ကို သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိနိုင်ခဲ့ပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားထက် စိတ်ကျရောဂါခံစားရဖို့ နှစ်ဆပိုများပါတယ်။ ဒါက နာတာရှည်ရောဂါတစ်ခုတောင် ဖြစ်လာနိုင်ပါတယ်။ . Postpartum depression (ကလေးမွေးဖွားပြီးဖြစ်တဲ့ စိတ်ကျရောဂါ)ကလည်း မျိုးရိုးလိုက်စေနိုင်ပါတယ်။
ကြိုတင်ကာကွယ်မှု ဆောင်ရွက်ချက်များ
သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာအဆင့်ကို ဂရုစိုက်ပါ။ ကောင်းကောင်းအိပ်ဖို့လိုပြီး ကောင်းမွန်မျှတတဲ့ အစားအစာ စားဖို့ လိုပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပေးဖို့ လိုပါတယ်။
သင့်ရဲ့အတွင်းပြဿနာတွေကို မြိုသိပ်မထားပါနဲ့။ သင့်သူငယ်ချင်းတွေ၊ မိသားစုတွေကို အကူအညီတောင်းနိုင်ပါတယ်။ တခါတရံ တစ်ယောက်ယောက်နဲ့ စကားပြောဖို့လိုပါတယ်။
သင့်ရဲ့အခြေအနေဟာ ပိုဆိုးလာတယ်လို့ ခံစားနေရလျှင် စိတ်ရောဂါကုဆရာဝန်ဆီ သွားဖို့မရှက်ပါနဲ့။

၅။ ရေတိမ်
ဒီရောဂါဟာ မျိုးရိုးလိုက်တာနဲ့ ဆက်စပ်နေပြီး အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုပြီး ရေတိမ်ဖြစ်တတ်ပါတယ်။
ကြိုတင်ကာကွယ်မှု ဆောင်ရွက်ချက်များ
ကြိုတင်စစ်ဆေးမှု ပြုလုပ်ပါ။ အသက် ၄၀မတိုင်ခင် (၂နှစ်- ၄နှစ်တိုင်း) ၊ အသက်၄၀ကနေ ၅၄နှစ်အထိ (၁နှစ်- ၃နှစ်တိုင်း)၊ အသက် ၅၅နှစ်မှ ၆၄နှစ်အထိဆိုရင် (၁နှစ်- ၂နှစ်တိုင်း)၊ အသက် ၆၅နှစ်ပြည့်ပြီးရင် (၆လ- ၁၂လတိုင်း) မျက်စိဆရာဝန်နှင့် စမ်းသပ်ဖို့ လိုပါတယ်။ တစ်ပတ်ကို ၃ကြိမ် ရွရွပြေးခြင်း သို့မဟုတ်လမ်းလျှောက်ခြင်းကဲ့သို့ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းလုပ်ပေးဖို့ လိုအပ်ပါတယ်။ ယောဂလေ့ကျင့်ခန်းလုပ်ပေးနိုင်သော်လည်း လည်ပင်းနှင့် ပခုံးတွေကို တင်းမာစေနိုင်တဲ့ upside down poses ပြုလုပ်ခြင်းကို ရှောင်ရှားပါ။

၆။ နှလုံးသွေးကြောဆိုင်ရာရောဂါများ
နှလုံးသွေးကြောဆိုင်ရာရောဂါများကလည်း မိခင်ကနေ သမီးဆီသို့ မျိုးရိုးလိုက်တတ်ပါတယ်။
ကြိုတင်ကာကွယ်မှု ဆောင်ရွက်ချက်များ
အဝလွန်ခြင်းက လေသင်တုန်းဖြတ်ခြင်း၊ heart attack၊ သွေးတိုးခြင်းနှင့် ဆီးချိုရောဂါရှိခြင်း အန္တရာယ်ကို တိုးစေပါတယ်။ သင့်တော်မယ့် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းကို ရှာဖွေပြီး တစ်ပတ်ကို ၃-၄ကြိမ် ပြုလုပ်ပါ။
အချို၊ အငန်နှင့် အဆီများတဲ့ အစားအသောက်တွေ စားသုံးခြင်းကို စီစစ်ပြီး အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို ပိုပြီးစားပါ။
ဆေးလိပ်ဖြတ်ခြင်းက နှလုံးသွေးကြောဆိုင်ရာရောဂါများအန္တရာယ်ကို လျော့ချပေးပါလိမ့်မယ်။
ပုံမှန်check-upsလုပ်ပြီး ကိုလက်စထရောနှင့် arterial pressure အဆင့်ကို ထိန်းသိမ်းပါ။

၇။ ခေါင်းတစ်ခြမ်းကိုက်ခြင်း
အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ၃ဆပိုပြီး ခံစားရပါတယ်။ ဒီရောဂါဟာ မျိုးရိုးလိုက်နိုင်ပေမယ့် ခေါင်းကိုက်မှုအရေအတွက်နှင့် အခြေအနေကို လျှော့ချလို့ရပါတယ်။
ကြိုတင်ကာကွယ်မှု ဆောင်ရွက်ချက်များ
အရက်၊ ချောကလက်၊ ဒိန်ခဲ၊ ကော်ဖီနဲ့ အချဉ်ဓါတ်ပါတဲ့အသီး စားသုံးမှုကို လျှော့ချပါ။ ဒီအစားအစာများက ခေါင်းတခြမ်းကိုက်မှုကို ဖြစ်စေနိုင်ပါတယ်။
အနံ့ပြင်းပြီး အလင်းရောင်စူးရှတဲ့နေရာတွေကို ရှောင်ရှားဖို့ ကြိုးစားပါ။
ရေများများသောက်ပါ။
နေ့တိုင်း အပန်းဖြေခြင်းနှင့် အနားယူဖို့ အချိန်ပေးပါ။

၈။ အိပ်မပျော်ခြင်း
သိပ္ပံပညာရှင်များက အိပ်မပျော်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာများကြောင့်သာ ဖြစ်ပွားနိုင်တာမဟုတ်ဘဲ မျိုးရိုးလိုက်တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ စိတ်ကျရောဂါ၊ စိုးရိမ်စိတ်ပုံမှန်မဟုတ်ခြင်းနှင့် neuroticism ကဲ့သို့သော တခြားလက္ခဏာများနှင့်အတူ မျိုးဗီဇဟာ တစ်ထပ်တည်းဖြစ်တာကို တွေ့ရှိခဲ့ပါတယ်။
ကြိုတင်ကာကွယ််မှု ဆောင်ရွက်ချက်များ
စိတ်ထဲမှာ မကောင်းတဲ့အတွေးတွေနဲ့အတူ အိပ်ရာမဝင်ပါနဲ့။
ကော်ဖီနှင့် ဆေးလိပ်မသောက်ပါနဲ့။
ညနေနှောင်းပိုင်းမှ ကိုယ်လက်လေ့ကျင့်ခန်းမလုပ်ပါနဲ့။
အိပ်ပျော်အောင် ကြိုးစားပြီး နေ့တိုင်းအချိန်မှန် အိပ်ရာကထပါ။

၉။ အယ်လ်ဇိုင်းမားရောဂါ
အယ်လ်ဇိုင်းမားရောဂါဟာ အမျိုးသားထက် အမျိုးသမီးတွေမှာ ပိုဖြစ်ပြီး မှတ်ဉာဏ်ချို့ယွင်းခြင်းရဲ့ အဖြစ်အများဆုံးပုံစံဖြစ်ပါတယ်။ ဒီရောဂါဟာ ပျောက်ကင်းမှုမရှိပေမယ့် ကျန်းမာတဲ့လူနေမှုဘဝမှာ နေထိုင်ရင် ဒီရောဂါဖြစ်မှု အန္တရာယ်ကို လျော့ချနိုင်ပါတယ်။
ကြိုတင်ကာကွယ်မှု ဆောင်ရွက်ချက်များ
သွေးတိုးနှင့် ကိုလက်စထရောအဆင့်ကို ထိန်းချုပ်ပါ။
ဆေးလိပ်သောက်ခြင်းက မှတ်ဉာဏ်ချို့တဲ့ခြင်းအန္တရာယ်ကို တိုးပွားစေတာကြောင့် ဆေးလိပ်ဖြတ်ပါ။
အားကစားလုပ်ပါ။ သကြားနှင့် ပြည့်ဝဆီစားသုံးမှုကို ကန့်သတ်ပြီး သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို ပိုစားပါ။

၁၀။ ရင်သားကင်ဆာနဲ့ သားအိမ်ကင်ဆာ
2013 ခုနှစ်မှာ နာမည်ကြီးမင်းသမီး အိန်ဂျလီနာဂျိုလီဟာ မျိုးဗီဇစစ်ဆေးမှု စမ်းသပ်ခံယူခဲ့ပါတယ်။ အမျိုးသမီးတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ ရင်သားနှင့် သားအိမ်ကင်ဆာကိုတင်ကာကွယ်ရေးအတွက် စမ်းသပ်စစ်ဆေးခြင်းဖြစ်ပပါတယ်။ သူမရဲ့နှစ်စဉ်စမ်းသပ်မှုရလဒ်က အစောပိုင်းသားအိမ်ကင်ဆာ ဖြစ်နိုင်ခြေ လက္ခဏာကို ညွန်ပြခဲပြီးပြီးနောက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ သူမရဲ့ရင်သားနဲ့ သားအိမ်ကို ခွဲစိတ်ဖယ်ရှားခဲ့ပါတယ်။ သူမရဲ့မိခင်နဲ့ အဖွားဟာ ယခင်က ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာကြောင့် ကင်ဆာရောဂါအန္တရာယ်ကို လျော့ချဖို့ ဒါကိုပြုလုပ်ခဲ့တာပါ။ ဂျိုလီမှာ ရင်သားနှင့် သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို တိုးပွားစေတဲ့ BACA1 မျိုးဗီဇ ရှိပါတယ်။ ဒါပေမယ့် သိပ္ပံပညာရှင်များက ဗီဇပြောင်းလဲမှုအားလုံးက ကင်ဆာကိုဦးတည်နေတာ မဟုတ်တာကြောင့် သင်ဟာ ပြင်းထန်တဲ့ ကြိုတင်ကာကွယ်ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ မလိုဘူးလို့ ဆိုပါတယ်။
ကြိုတင်ကာကွယ်မှု ဆောင်ရွက်ချက်များ
အရက်သောက်သုံးမှုကို လျော့ချပါ။
အသက် ၃၀မှာ ကလေးယူပါ။ အသက်၃၀မှာ ပထမကလေးကို မွေးဖွားခြင်းက ရင်သားကင်ဆာအန္တရာယ်ကို လျော့ကျစေတယ်လို့ လေ့လာမှုမှာ အကြံပြုထားပါတယ်။
ဆေးလိပ်မသောက်ပါနဲ။
ပုံမှန် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပါ။
#Lifestyle_Myanmar
#LM_Nandar
Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here