မိကျောင်းစားပြီး ကျန်တဲ့ သမီးဖြစ်သူဦးခေါင်းကို ပိုက်ပြီး ငိုကျွေးနေရတဲ့ မိခင်တစ်ဦးရဲ့ အဖြစ်ဆိုး

0
417
မိကျောင်းအန္တရာယ်

အိမ်မှာ ခွေးတွေ၊ ကြောင်တွေ မွေးရင်တောင် အခက်မသင့်ရင် ကိုယ့်ကလေးကို ဒုက္ခပေးစေနိုင်တာ မိမိအသက်ကို အန္တရာယ်ပြုစေနိုင်တဲ့ တိရိစ္ဆာန်မျိုးကို မွေးမိရင်တော့ တကယ့်ကို ထိတ်လန့်စရာပါ။ အခုလည်း ကမ္ဘောဒီးယားနိုင်ငံ Siem Reap မြို့မှာ အန္တရာယ်ရှိတဲ့ တွားသွားသတ္တဝါမွေးမြူမိလို့ကြေကွဲရင်နင့်ဖွယ် အဖြစ်ဆိုးတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

-Advertisement-

ဒါကတော့ ကိုယ်ပိုင်မွေးမြူထားတဲ့ မိကျောင်းကန်ထဲကို သူတို့ရဲ့ ၂နှစ်အရွယ်သမီးလေး မတော်တဆ ပြုတ်ကျသေဆုံးခဲ့တာပဲဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက် ၁၀နာရီပိုင်းလောက်မှာဖြစ်ပွားခဲ့တာပါ။ ဒေသခံရဲတွေရဲ့ စစ်ဆေးဖော်ပြချက်အရ ဖခင်ဖြစ်သူဟာ အိမ်မှာ မရှိတာကိုသတိထားမိပြီး လိုက်ရှာကြည့်ရာမှ မိကျောင်းကန်ထဲမှာ သမီးဖြစ်သူကို တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

ဒါ့ကြောင့် ဖခင်ဖြစ်သူဟာ သမီးရဲ့ ဇောနဲ့ မိကျောင်းကန်ထဲကို ခုန်ချပြီး ကယ်တင်ခဲ့ပေမဲ့ သမီးဖြစ်သူရဲ့ ဦးခေါင်းပဲ ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် သမီးဖြစ်သူရဲ့ ဦးခေါင်းကို ယူတက်ပြီး ဇနီးဖြစ်သူကို ပေးခဲ့ပါတယ်။ မိခင်တစ်ယောက်အနေနဲ့ သမီးဖြစ်သူရဲ့ဦးခေါင်းကို မြင်တော့ ဖြေမဆည်နိုင်ဘဲသတိလစ်မေ့မျောတဲ့အထိဖြစ်ခဲ့ရပါတယ်။ ပုံထဲမှာလည်း သမီးဖြစ်သူရဲ့ ဦးခေါင်းကို ရင်မှာပိုက်ပြီး ငိုကျွေးနေတာ တွေ့ရမှာပါ။

သမီးဖြစ်သူဟာ မိကျောင်းကန်ကို ကာထားတဲ့ ခြံစည်းရိုးကို ကျော်တက်ရင်း ခြေချော်ပြုတ်ကျခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒေသခံအာဏာပိုင်များအနေနဲ့ အခုလိုအန္တရာယ်ရှိစေတဲ့ သတ္တဝါမျိုးကို မွေးမြူမယ်ဆို အထူးဂရုစိုက်ဖို့၊ ကိုယ်အပါအဝင် အခြားပတ်ဝန်းကျင်ရှိသူတွေကိုပါ အန္တရာယ်မပြုအောင် အထူးလေ့လာစောင့်ကြည့်ရမယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

အလကားဆို ဘာမှမလိုချင်လို့ အသက် ၈၈နှစ်အထိ အလုပ်လုပ်နေတဲ့ စစ်မှုထမ်းဟောင်းအဖိုးကြီး

Zawgyi Fonts

မိေက်ာင္းစားၿပီး က်န္တဲ့ သမီးျဖစ္သူဦးေခါင္းကို ပိုက္ၿပီး ငိုေကၽြးေနရတဲ့ မိခင္တစ္ဦးရဲ့ အျဖစ္ဆိုး
အိမ္မွာ ေခြးေတြ၊ ေၾကာင္ေတြ ေမြးရင္ေတာင္ အခက္မသင့္ရင္ ကိုယ့္ကေလးကို ဒုကၡေပးေစနိုင္တာ မိမိအသက္ကို အႏၲရာယ္ျပဳေစနိုင္တဲ့ တိရိစၧာန္မ်ိဳးကို ေမြးမိရင္ေတာ့ တကယ့္ကို ထိတ္လန္႔စရာပါ။ အခုလည္း ကေမၻာဒီးယားနိုင္ငံ Siem Reap ၿမိဳ႕မွာ အႏၲရာယ္ရွိတဲ့ တြားသြားသတၱဝါေမြးျမဴမိလို႔ေၾကကြဲရင္နင့္ဖြယ္ အျဖစ္ဆိုးတစ္ခုနဲ႔ ၾကဳံေတြ႕ခဲ့ရပါတယ္။

ဒါကေတာ့ ကိုယ္ပိုင္ေမြးျမဴထားတဲ့ မိေက်ာင္းကန္ထဲကို သူတို႔ရဲ့ ၂ႏွစ္အရြယ္သမီးေလး မေတာ္တဆ ျပဳတ္က်ေသဆုံးခဲ့တာပဲျဖစ္ပါတယ္။ ဒီအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ မနက္ ၁၀နာရီပိုင္းေလာက္မွာျဖစ္ပြားခဲ့တာပါ။ ေဒသခံရဲေတြရဲ့ စစ္ေဆးေဖာ္ျပခ်က္အရ ဖခင္ျဖစ္သူဟာ အိမ္မွာ မရွိတာကိုသတိထားမိၿပီး လိုက္ရွာၾကည့္ရာမွ မိေက်ာင္းကန္ထဲမွာ သမီးျဖစ္သူကို ေတြ႕ရွိခဲ့တယ္လို႔ဆိုပါတယ္။

ဒါ့ေၾကာင့္ ဖခင္ျဖစ္သူဟာ သမီးရဲ့ ေဇာနဲ႔ မိေက်ာင္းကန္ထဲကို ခုန္ခ်ၿပီး ကယ္တင္ခဲ့ေပမဲ့ သမီးျဖစ္သူရဲ့ ဦးေခါင္းပဲ ရရွိခဲ့ပါတယ္။ အဲ့ဒီေနာက္ သမီးျဖစ္သူရဲ့ ဦးေခါင္းကို ယူတက္ၿပီး ဇနီးျဖစ္သူကို ေပးခဲ့ပါတယ္။ မိခင္တစ္ေယာက္အေနနဲ႔ သမီးျဖစ္သူရဲ့ဦးေခါင္းကို ျမင္ေတာ့ ေျဖမဆည္နိုင္ဘဲသတိလစ္ေမ့ေမ်ာတဲ့အထိျဖစ္ခဲ့ရပါတယ္။ ပုံထဲမွာလည္း သမီးျဖစ္သူရဲ့ ဦးေခါင္းကို ရင္မွာပိုက္ၿပီး ငိုေကၽြးေနတာ ေတြ႕ရမွာပါ။

သမီးျဖစ္သူဟာ မိေက်ာင္းကန္ကို ကာထားတဲ့ ၿခံစည္းရိုးကို ေက်ာ္တက္ရင္း ေျခေခ်ာ္ျပဳတ္က်ခဲ့တာျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ေဒသခံအာဏာပိုင္မ်ားအေနနဲ႔ အခုလိုအႏၲရာယ္ရွိေစတဲ့ သတၱဝါမ်ိဳးကို ေမြးျမဴမယ္ဆို အထူးဂ႐ုစိုက္ဖို႔၊ ကိုယ္အပါအဝင္ အျခားပတ္ဝန္းက်င္ရွိသူေတြကိုပါ အႏၲရာယ္မျပဳေအာင္ အထူးေလ့လာေစာင့္ၾကည့္ရမယ္လို႔ သတိေပးေျပာၾကားခဲ့ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here