မသန်စွမ်းဖြစ်နေတဲ့ ညီလေးကို အားကစားပြိုင်ပွဲတွေမှာ ပါဝင်ခွင့်ရအောင် စွမ်းဆောင်ပေးတတ်တဲ့ ၈ နှစ်အရွယ် ကိုကို

0
38

၈နှစ်အရွယ်ပဲ ရှိတဲ့ကလေးတစ်ယောက်ဟာ ဆော့ကစားခြင်းနဲ့ မိဘရဲ့စောင့်ရှောက်မှုကို ခုံမင်သူတစ်ယောက်ဖြစ်ကြောင်း သင်ယုံကြည်ထားပါလိမ့်မယ်။ ဒါပေမယ့် Noah Aldrich ဆိုတဲ့ ၈နှစ်အရွယ်ကောင်လေးတစ်ယောက်ကတော့ သူရဲ့မသန်စွမ်းညီလေးအတွက် သူရဲကောင်းတစ်ယောက် ဖြစ်ခဲ့ပါတယ်။

သူနေထိုင်တဲ့ မြို့လေးမှာ ကလေးတွေအတွက် အားကစားပြိုင်ပွဲတွေ ကျင်းပပေးမယ့် သတင်းကိုကြားကြားချင်းမှာပဲ သူ့ရဲ့ညီငယ်လေးနဲ့အတူ ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့ စိတ်ကူးခဲ့ပါတယ်။ Noah Aldrich ရဲ့ ညီလေး Lucas ဟာမွေးရာပါ ဦးနှောက်သာမန်မဟုတ်တဲ့ ရောဂါဖြစ်နေတာကြောင့် စကားပြောနိုင်ခြင်း လမ်းလျှောက်နိုင်ခြင်းနဲ့ စားခြင်းကို မပြုလုပ်နိုင်ပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လက သူ့ရဲ့ညီလေးကို ကိုယ်တိုင်သယ်ဆောင်ပြီး မီတာ၂၀၀ ရေကူးခြင်း၊ ၃ မိုင်ကိုစက်ဘီးစီးခြင်းနဲ့ တစ်မိုင်ပြေးခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ ရေကူးတဲ့အချိန်မှာ ညီလေးကို ရာဘာအသက်ကယ်လှေထဲထည့်ပြီး လက်တစ်ဖက်နဲ့ ဆွဲခဲ့ပါတယ်။ ပြေးတဲ့အချိန်မှာလည်း ညီလေးကိုလက်တွန်းလှည်းထဲထည့်ပြီး တွန်းခဲ့ပါတယ်။

Hero ဖြစ်ဖို့ဆိုတာ စူပါပါဝါတွေ ရှိနေဖို့မလိုအပ်ပဲ အရာရာကိုတာဝန်ယူတတ်ပြီး အနစ်နာခံတတ်တဲ့ စိတ်လေးရှိရင်ပဲ သူရဲကောင်းတစ်ယောက် ဖြစ်နိုင်ပါတယ်။ Lucus ကတော့ သူ့ရဲ့အကိုနဲ့ပတ်သတ်ပြီး ဘာမှမှတ်ချက်မပေးပေမယ့် သူ့ရဲ့မျက်နှာ တချိန်လုံး ပြုံးနေတာကို ကြည့်ခြင်းအားဖြင့် ကမ္ဘာ့အကောင်းဆုံးအကိုကို သူပိုင်ဆိုင်ထားကြောင်း သိရှိနိုင်ပါတယ်။

LM_Naung_Naung
Lifestyle_Myanmar

မသန္စြမ္းျဖစ္ေနတဲ့ ညီေလးကို အားကစားၿပိဳင္ပြဲေတြမွာ ပါဝင္ခြင့္ရေအာင္ စြမ္းေဆာင္ေပးတတ္တဲ့ ၈ ႏွစ္အ႐ြယ္ ကိုကို
၈ႏွစ္အ႐ြယ္ပဲ ရွိတဲ့ကေလးတစ္ေယာက္ဟာ ေဆာ့ကစားျခင္းနဲ႔ မိဘရဲ႕ေစာင့္ေရွာက္မႈကို ခုံမင္သူတစ္ေယာက္ျဖစ္ေၾကာင္း သင္ယုံၾကည္ထားပါလိမ့္မယ္။ ဒါေပမယ့္ Noah Aldrich ဆိုတဲ့ ၈ႏွစ္အ႐ြယ္ေကာင္ေလးတစ္ေယာက္ကေတာ့ သူရဲ႕မသန္စြမ္းညီေလးအတြက္ သူရဲေကာင္းတစ္ေယာက္ ျဖစ္ခဲ့ပါတယ္။ သူေနထိုင္တဲ့ ၿမိဳ႕ေလးမွာ ကေလးေတြအတြက္ အားကစားၿပိဳင္ပြဲေတြ က်င္းပေပးမယ့္ သတင္းကိုၾကားၾကားခ်င္းမွာပဲ သူ႔ရဲ႕ညီငယ္ေလးနဲ႔အတူ ပါဝင္ယွဥ္ၿပိဳင္ခြင့္ရဖို႔ စိတ္ကူးခဲ့ပါတယ္။ Noah Aldrich ရဲ႕ ညီေလး Lucas ဟာေမြးရာပါ ဦးေႏွာက္သာမန္မဟုတ္တဲ့ ေရာဂါျဖစ္ေနတာေၾကာင့္ စကားေျပာႏိုင္ျခင္း လမ္းေလွ်ာက္ႏိုင္ျခင္းနဲ႔ စားျခင္းကို မျပဳလုပ္ႏိုင္ပါဘူး။ ၿပီးခဲ့တဲ့ ဇူလိုင္လက သူ႔ရဲ႕ညီေလးကို ကိုယ္တိုင္သယ္ေဆာင္ၿပီး မီတာ၂၀၀ ေရကူးျခင္း၊ ၃ မိုင္ကိုစက္ဘီးစီးျခင္းနဲ႔ တစ္မိုင္ေျပးျခင္းတို႔ကို ျပဳလုပ္ခဲ့ပါတယ္။ ေရကူးတဲ့အခ်ိန္မွာ ညီေလးကို ရာဘာအသက္ကယ္ေလွထဲထည့္ၿပီး လက္တစ္ဖက္နဲ႔ ဆြဲခဲ့ပါတယ္။ ေျပးတဲ့အခ်ိန္မွာလည္း ညီေလးကိုလက္တြန္းလွည္းထဲထည့္ၿပီး တြန္းခဲ့ပါတယ္။ Hero ျဖစ္ဖို႔ဆိုတာ စူပါပါဝါေတြ ရွိေနဖို႔မလိုအပ္ပဲ အရာရာကိုတာဝန္ယူတတ္ၿပီး အနစ္နာခံတတ္တဲ့ စိတ္ေလးရွိရင္ပဲ သူရဲေကာင္းတစ္ေယာက္ ျဖစ္ႏိုင္ပါတယ္။ Lucus ကေတာ့ သူ႔ရဲ႕အကိုနဲ႔ပတ္သတ္ၿပီး ဘာမွမွတ္ခ်က္မေပးေပမယ့္ သူ႔ရဲ႕မ်က္ႏွာ တခ်ိန္လုံး ၿပဳံးေနတာကို ၾကည့္ျခင္းအားျဖင့္ ကမာၻ႔အေကာင္းဆုံးအကိုကို သူပိုင္ဆိုင္ထားေၾကာင္း သိရွိႏိုင္ပါတယ္။

LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here