မလေးရှားရောက်တုန်း ကစားကွင်းက အမှိုက်တွေကောက်ပြီး သန့်ရှင်းရေးလုပ်သွားတဲ့ နိုင်ငံခြားသား မိသားစု

0
51
အမှိုက်

မလေးရှားနိုင်ငံဟာ စင်္ကာပူနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်ပေမဲ့ စင်္ကာပူလိုတော့ သန့်ရှင်းမှု သိပ့်မရှိပါဘူး။ လမ်းတွေ၊ Public ဧရိယာတွေ တော်တော်များများမှာ အမှိုက်တွေ တွေ့နေရတတ်ပါတယ်။ စနစ်တကျ အမှိုက်ပစ်ဖို့ လိုက်လံတိုက်တွန်းတာထက် ကိုယ့်အနားမှာရှိတဲ့ အမှိုက် တစ်စကို ကောက်လိုက်တာ/ ကိုယ့်အမှိုက်ကို ကိုယ် သိမ်းတာ က ပိုပြီး အလုပ်ဖြစ်မယ်ထင်ပါတယ်။

-Advertisement-

ပြီးခဲ့တဲ့ Merdeka နှစ်သစ်ကြိုဆိုပွဲတုန်းကလည်း ပွဲအပြီးမှာ ကြွင်းကျန်တဲ့ အမှိုက်တွေကို ၁၈နှစ်အရွယ်ကောင်လေးတစ်ယောက်က လိုက်ကောက်ပြီး သန့်ရှင်းရေးပြုလုပ်ခဲ့ရပါတယ်။ တာဝန်ယူချင်စိတ်ရှိသူကတစ်ယောက်ထဲ ဖြစ်ပြီး အမှိုက်ပစ်တဲ့သူက အလွန်များနေတဲ့အခါ သိမ်းဆည်းမနိုင်ဖြစ်နေပါတယ်။ အခုလည်း မလေးရှားနိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား မိသားစုဟာ ကစားကွင်းထဲက အမှိုက်တွေကို ကောက်ပြီး သန့်ရှင်းရေးပြုလုပ်ခဲ့ပါတယ်။

ပြီးတဲ့အခါမှာတော့ သူတို့ မိသားစုလိုပဲ ဒေသခံ မိသားစုလေးတွေ တစ်နိုင်တစ်ပိုင် အမှိုက်ကောက်ကြဖို့ သူတို့သန့်ရှင်းရေး လုပ်နေတဲ့ ပုံရိပ်လေးနဲ့အတူ အွန်လိုင်းပေါ်တင်ပြီး တိုက်တွန်းထားခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ မိသားစုလေး ၁နာရီ အချိန်ပေးပြီး မလေးရှာမှာရှိတဲ့ ကစားကွင်းကို သန့်ရှင်ရေး ပြုလုပ်ခဲ့တာပါ။ ဒီလောက် အချိန်တိုလေးအတွင်းမှာတော့ ကစားကွင်းတစ်ကွင် သန့်စင်သွားတာ လူအင်အားအများကြီးနဲ့ဆို နေရာတော်တော်များများ သန့်စင်သွားမှာလို့ ဆိုထားပါတယ်။

သူတို့ မိသားစုတင်ထားတဲ့ ပို့စ်လေးဟာ အချိန်တိုအတွင်းမှာ ပျံ့နှံ့သွားခဲ့ပြီး မလေးရှားအင်တာနက်သုံးစွဲသူတွေအကြား အာရုံစူးစိုက်မှု အများကြီး ရရှိခဲ့ပါတယ်။ အမှိုက်မပစ်ဖို့နဲ့ အမှိုက်ကောက်ဖို့အတွက် လမ်းကြောင်း ခင်းပေးခဲ့သလို မလေးရှားလူမျိုးတွေအနေနဲ့ အမှိုက်ကင်းစင်ဖို့အတွက် သန့်ရှင်းရေးတွေ တစ်နိုင်တစ်ပိုင် လုပ်မယ်လို့လည်း အများကြီး မျှော်လင့်မိတယ်လို့ ဆိုပါတယ်။

#Lifestyle_Myanmar

#Thar_Nage

Zawgyi fonts

မေလးရွားေရာက္တုန္း ကစားကြင္းက အမွိုက္ေတြေကာက္ၿပီး သန္႔ရွင္းေရးလုပ္သြားတဲ့ နိုင္ငံျခားသား မိသားစု
မေလးရွားနိုင္ငံဟာ စကၤာပူနိုင္ငံနဲ႔ အိမ္နီးခ်င္းနိုင္ငံတစ္ခုျဖစ္ေပမဲ့ စကၤာပူလိုေတာ့ သန္႔ရွင္းမွု သိပ့္မရွိပါဘူး။ လမ္းေတြ၊ Public ဧရိယာေတြ ေတာ္ေတာ္မ်ားမ်ားမွာ အမွိုက္ေတြ ေတြ႕ေနရတတ္ပါတယ္။ စနစ္တက် အမွိုက္ပစ္ဖို႔ လိုက္လံတိုက္တြန္းတာထက္ ကိုယ့္အနားမွာရွိတဲ့ အမွိုက္ တစ္စကို ေကာက္လိုက္တာ/ ကိုယ့္အမွိုက္ကို ကိုယ္ သိမ္းတာ က ပိုၿပီး အလုပ္ျဖစ္မယ္ထင္ပါတယ္။

ၿပီးခဲ့တဲ့ Merdeka ႏွစ္သစ္ႀကိဳဆိုပြဲတုန္းကလည္း ပြဲအၿပီးမွာ ႂကြင္းက်န္တဲ့ အမွိုက္ေတြကို ၁၈ႏွစ္အရြယ္ေကာင္ေလးတစ္ေယာက္က လိုက္ေကာက္ၿပီး သန္႔ရွင္းေရးျပဳလုပ္ခဲ့ရပါတယ္။ တာဝန္ယူခ်င္စိတ္ရွိသူကတစ္ေယာက္ထဲ ျဖစ္ၿပီး အမွိုက္ပစ္တဲ့သူက အလြန္မ်ားေနတဲ့အခါ သိမ္းဆည္းမနိုင္ျဖစ္ေနပါတယ္။ အခုလည္း မေလးရွားနိုင္ငံကို လာေရာက္လည္ပတ္တဲ့ နိုင္ငံျခားသား မိသားစုဟာ ကစားကြင္းထဲက အမွိုက္ေတြကို ေကာက္ၿပီး သန္႔ရွင္းေရးျပဳလုပ္ခဲ့ပါတယ္။

ၿပီးတဲ့အခါမွာေတာ့ သူတို႔ မိသားစုလိုပဲ ေဒသခံ မိသားစုေလးေတြ တစ္နိုင္တစ္ပိုင္ အမွိုက္ေကာက္ၾကဖို႔ သူတို႔သန္႔ရွင္းေရး လုပ္ေနတဲ့ ပုံရိပ္ေလးနဲ႔အတူ အြန္လိုင္းေပၚတင္ၿပီး တိုက္တြန္းထားခဲ့ပါတယ္။ ဒါ့အျပင္ ကၽြန္ေတာ္တို႔ မိသားစုေလး ၁နာရီ အခ်ိန္ေပးၿပီး မေလးရွာမွာရွိတဲ့ ကစားကြင္းကို သန္႔ရွင္ေရး ျပဳလုပ္ခဲ့တာပါ။ ဒီေလာက္ အခ်ိန္တိုေလးအတြင္းမွာေတာ့ ကစားကြင္းတစ္ကြင္ သန္႔စင္သြားတာ လူအင္အားအမ်ားႀကီးနဲ႔ဆို ေနရာေတာ္ေတာ္မ်ားမ်ား သန္႔စင္သြားမွာလို႔ ဆိုထားပါတယ္။

သူတို႔ မိသားစုတင္ထားတဲ့ ပို႔စ္ေလးဟာ အခ်ိန္တိုအတြင္းမွာ ပ်ံ႕ႏွံ့သြားခဲ့ၿပီး မေလးရွားအင္တာနက္သုံးစြဲသူေတြအၾကား အာ႐ုံစူးစိုက္မွု အမ်ားႀကီး ရရွိခဲ့ပါတယ္။ အမွိုက္မပစ္ဖို႔နဲ႔ အမွိုက္ေကာက္ဖို႔အတြက္ လမ္းေၾကာင္း ခင္းေပးခဲ့သလို မေလးရွားလူမ်ိဳးေတြအေနနဲ႔ အမွိုက္ကင္းစင္ဖို႔အတြက္ သန္႔ရွင္းေရးေတြ တစ္နိုင္တစ္ပိုင္ လုပ္မယ္လို႔လည္း အမ်ားႀကီး ေမၽွာ္လင့္မိတယ္လို႔ ဆိုပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here