ဘဝရဲ့ အဆိုးဝါးဆုံးနဲ့ အခက်ခဲဆုံးအမှန်တရားတွေထဲက တစ်ခုက သင်ဟာ စိတ်ရင်းမှန်သူတွေထက် ပိုပြီးမယုံကြည်ထိုက်သူတွေနဲ့ အမှတ်မထင် တွေ့လာမှာကိုပဲ ဖြစ်ပါတယ်။ သင့်အတွက် ကောင်းတာတွေပဲ သူတို့ လိုချင်ကြတယ်လို့ သင်ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ကံမကောင်းတာက သူတို့လိုချင်တာက သင့်ကို အမြတ်ထုတ်ဖို့၊ သူတို့လိုတာရသွားပြီးတဲ့အခါ သင့်ကို ဘေးဖယ်ထားဖို့ပဲဖြစ်ပါတယ်။
” ယုံကြည်မှုက ဘဝရဲ့ကော်ဖြစ်ပါတယ်၊ ၎င်းက ထိရောက်တဲ့ ပြောဆိုဆက်ဆံရေးတွေမှာ မဖြစ်မနေလိုအပ်တဲ့အရာဖြစ်ပါတယ်။ ဒါဟာ ပေါင်းသင်းဆက်ဆံရေးအားလုံးကို ချုပ်ကိုင်ထားတဲ့ အခြေခံနိယာမပါပဲ” – Stephen Covey
ပေါင်းသင်းဆက်ဆံရေးမှာ ရေရှည်တည်မြဲစေချင်ရင် ယုံကြည်မှုထက် ပိုအရေးကြီးတဲ့အရာ မရှိပါဘူး။ အကောင်းဆုံးကတော့ သင်ဟာ အခြားသူပေါ်မှာ စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်နိုင်သင့်ပြီး သူတို့သည်လည်း သင့်ကို အလားတူ ယုံကြည်နိုင်သင့်ပါတယ်။ သို့သော် လူတိုင်းက ကိုယ်ထင်သလို မဟုတ်ကြပါဘူး။ လူတိုင်းကို ယုံကြည်စိတ်ချထားရင် ဆိုးရွားတဲ့ အကျိုးဆက်တွေကို ခံစားရနိုင်ပါတယ်။ လူအနည်းငယ်က ဒါကို ကောင်းကောင်းဖုံးကွယ်ထားနိုင်မှာဖြစ်လို့ သင့်ရဲ့ယုံကြည်မှုကို သူတို့မချိုးဖောက်ခင်အထိ သင်မသိနိုင်ပါဘူး။ လူတစ်ယောက်က မယုံကြည်ထိုက်သူတစ်ယောက်ဖြစ်ကြောင်း ဒီလက္ခဏာအချို့ကို ကြည့်ပြီး သိနိုင်ပါတယ်။

၁။ သူတို့က နှစ်လိုဖွယ်အရမ်းကောင်းနေတတ်ပြီး တူညီတဲ့ အပြန်အလှန်တုံ့ပြန်မှုမျိုးမရှိဘဲ သင့်အကြောင်းနှင့် ပတ်သတ်ပြီး အရာရာတိုင်းကို သိချင်ကြပါတယ်။
၂။ စာနာမှုကင်းမဲ့မှုကို ဖော်ပြတတ်ကြပြီး အရမ်းလှည့်ဖြားတတ်ကြပါတယ်။
၃။ ကိုယ့်ကိုယ်ကိုသာ ဂရုစိုက်တတ်ကြတဲ့ အရိုးစွဲနေသော narcissists တွေပါ။
၄။ တခြားသူတွေက သူတို့ကို ယုံကြည်စိတ်ချလို့သာ ပြောပြတတ်တဲ့ သတင်းအချက်အလက်တွေကို ဖွင့်ချတတ်ကြပါတယ်။
၅။ အရာရာတိုင်းနှင့်ပတ်သတ်ပြီး စိတ်ပြောင်းလွယ်တယ်၊ ဆုံးဖြတ်ချက်မပြတ်သားတတ်ကြပါဘူး
၆။ yes-man သမား (ပုတ်သင်ညိုလိုလူ)ဖြစ်ခြင်းဖြင့် တခြားသူတွေဆီကနေ တစ်ခုခု အနိုင်ရဖို့သာ အမြဲတမ်းကြည့်တတ်ကြပါတယ်။
၇။ လူတွေကို အမြဲတမ်းနောက်ကျောဓါးနဲ့ထိုးတတ်ပြီး မျက်နှာနှစ်ဖက်ရှိသူတွေပါ။
၈။ တခြားသူတွေအပေါ် ရင့်သီးသော စိတ်ခံစားမှုတွေရှိပါတယ်။
၉။ သင့်ကို လူကြားထဲမှာ ရှောင်ပေမယ့် နှစ်ယောက်တည်းရှိချိန်မှာ attention ပေးတတ်ပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-powerofpositivity