မယားႀကီးလာလို႔ ေျပးပုန္းရာမွ ဝါယာႀကိဳးေတြနဲ႔ၿငိၿပီး ေဇာက္ထိုးျဖစ္ေနတဲ့ ေကာင္မေလး

0
5162
မယားႀကီး
မယားႀကီး

တကယ္ေတာ့ ဒီအျဖစ္အပ်က္ဟာ အိမ္ေထာင္ေရးေဖာက္ျပန္တဲ့ ျပႆနာတစ္ခုျဖစ္ေပမဲ့ လူမႈကြန္ယက္ေပၚမွာေတာ့ ရယ္စရာအျဖစ္အပ်က္လို႔ပဲ ထင္ျမင္ခဲ့ပါတယ္။ ဒီသတင္းဟာတ႐ုတ္မီဒီယာအခ်ိဳ႕မွာ ပ်ံႏွံခဲ့ၿပီး တ႐ုတ္အမ်ိဳးသားတစ္ဦးရဲ႕ အိမ္ေထာင္ေရးေဖာက္ျပန္တဲ့ အျဖစ္အပ်က္တစ္ခုပဲျဖစ္ပါတယ္။

အဆိုပါတ႐ုတ္အမ်ိဳးသားတစ္ဦးဟာ အိမ္မွာသူရဲ႕ တရားဝင္မိန္းမ မရွိတုန္း အငယ္အေႏွာင္းနဲ႔ ေပ်ာ္ပါးေနရင္း ႐ုတ္တရက္ သူ႔ရဲ႕ မိန္းမေရာက္လာခဲ့တာျဖစ္ပါတယ္။ မထင္မွတ္ထားတဲ့အခ်ိန္မွာ ေရာက္လာခဲ့တာေၾကာင့္ ႏွစ္ေယာက္စလုံး အံ့အားသင့္သြားၿပီ ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိျဖစ္ခဲ့ပါတယ္။

ဒီအေျခအေနကေနလြတ္ေျမာက္ဖို႔အတြက္ အငယ္အေႏွာင္းေကာင္မေလးကို ျပတင္းေပါက္ေပၚတက္ခိုင္းၿပီး နံရံအစြန္းမွာ ပုန္းခိုင္းေပမ့ဲ ကံမေကာင္းစြာဘဲ ထို ျပတင္းေပါက္နံရံေပၚကေန ျပဳတ္က်သြားခဲ့ပါတယ္။ ဒါေပမဲ့ ေျမႀကီးေပၚမေရာက္ဘဲ ဝါယာႀကိဳးနဲ႔ ေျခေထာက္ခ်ိတ္မိေနတာေၾကာင့္ လမ္းသြားလမ္းလာေတြ ျမင္ၿပီး သတင္းက ဟိုေလးတေက်ာ္ျဖစ္သြားခဲ့တာပါ။ ပတ္ဝန္းက်င္က လူအမ်ားအျပားက အုံၿပီးၾကည့္ေနခ်ိန္ အခ်ိဳ႕သူေတြက ေလွကားေတြနဲ႔ တက္ၿပီး သူမကို အကူအညီေပးခဲ့လို႔ အသက္ေဘးကေန လြတ္ေျမာက္ခဲ့ပါတယ္။ သိရွိရသေလာေတာ့ ဒူးေခါင္းမွာ ဒဏ္ရာအနည္းငယ္သာရရွိၿပီး ႀကီးႀကီးမားမားဒဏ္ရာေတာ့ မရွိဘူးလို႔ဆိုပါတယ္။

ဒါေပမဲ့ သူမရဲ႕ ျဖစ္ပ်က္ေနတဲ့ ပုံရိပ္အခ်ိဳ႕ကိုသား မွတ္တမ္းတင္ထားၿပီး သူတို႔ရဲ႕ အိမ္ေထာင္ေရးျပႆနာေနာက္ဆက္တြဲကေတာ့ ဘယ္လိုေတြျဖစ္မယ္ဆိုတာ မသိရေသးပါဘူး။

#Lifestyle_Myanmar

#Thar_Nage

သင့္အၾကည့္ကို လွည့္စားတတ္ၿပီး ႏွစ္ခါျပန္ၾကည့္ရေလာက္ေအာင္ ထင္႐ုံထင္မွားျဖစ္ေစတဲ့ ပုံရိပ္အခ်ိဳ႕

Unicode

မယားကြီးလာလို့ ပြေးပုန်းရာမှ ဝါယာကြိုးတွေနဲ့ငြိပြီး ဇောက်ထိုးဖြစ်နေတဲ့ ကောင်မလေး
တကယ်တော့ ဒီအဖြစ်အပျက်ဟာ အိမ်ထောင်ရေးဖောက်ပြန်တဲ့ ပြဿနာတစ်ခုဖြစ်ပေမဲ့ လူမှုကွန်ယက်ပေါ်မှာတော့ ရယ်စရာအဖြစ်အပျက်လို့ပဲ ထင်မြင်ခဲ့ပါတယ်။ ဒီသတင်းဟာတရုတ်မီဒီယာအချို့မှာ ပျံနှံခဲ့ပြီး တရုတ်အမျိုးသားတစ်ဦးရဲ့ အိမ်ထောင်ရေးဖောက်ပြန်တဲ့ အဖြစ်အပျက်တစ်ခုပဲဖြစ်ပါတယ်။

အဆိုပါတရုတ်အမျိုးသားတစ်ဦးဟာ အိမ်မှာသူရဲ့ တရားဝင်မိန်းမ မရှိတုန်း အငယ်အနှောင်းနဲ့ ပျော်ပါးနေရင်း ရုတ်တရက် သူ့ရဲ့ မိန်းမရောက်လာခဲ့တာဖြစ်ပါတယ်။ မထင်မှတ်ထားတဲ့အချိန်မှာ ရောက်လာခဲ့တာကြောင့် နှစ်ယောက်စလုံး အံ့အားသင့်သွားပြီ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်ခဲ့ပါတယ်။

ဒီအခြေအနေကနေလွတ်မြောက်ဖို့အတွက် အငယ်အနှောင်းကောင်မလေးကို ပြတင်းပေါက်ပေါ်တက်ခိုင်းပြီး နံရံအစွန်းမှာ ပုန်းခိုင်းပေမဲ့ ကံမကောင်းစွာဘဲ ထို ပြတင်းပေါက်နံရံပေါ်ကနေ ပြုတ်ကျသွားခဲ့ပါတယ်။ ဒါပေမဲ့ မြေကြီးပေါ်မရောက်ဘဲ ဝါယာကြိုးနဲ့ ခြေထောက်ချိတ်မိနေတာကြောင့် လမ်းသွားလမ်းလာတွေ မြင်ပြီး သတင်းက ဟိုလေးတကျော်ဖြစ်သွားခဲ့တာပါ။ ပတ်ဝန်းကျင်က လူအများအပြားက အုံပြီးကြည့်နေချိန် အချို့သူတွေက လှေကားတွေနဲ့ တက်ပြီး သူမကို အကူအညီပေးခဲ့လို့ အသက်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်။ သိရှိရသလောတော့ ဒူးခေါင်းမှာ ဒဏ်ရာအနည်းငယ်သာရရှိပြီး ကြီးကြီးမားမားဒဏ်ရာတော့ မရှိဘူးလို့ဆိုပါတယ်။

ဒါပေမဲ့ သူမရဲ့ ဖြစ်ပျက်နေတဲ့ ပုံရိပ်အချို့ကိုသား မှတ်တမ်းတင်ထားပြီး သူတို့ရဲ့ အိမ်ထောင်ရေးပြဿနာနောက်ဆက်တွဲကတော့ ဘယ်လိုတွေဖြစ်မယ်ဆိုတာ မသိရသေးပါဘူး။

LEAVE A REPLY

Please enter your comment!
Please enter your name here