မနာလိုမှုက သင့်လုပ်ငန်းခွင်မှာ သင့်ကို များစွာကူညီပေးနိုင်ကြောင်း သုတေသီတွေ ပြောကြား

မနာလိုမှုက သင့်လုပ်ငန်းခွင်မှာ သင့်ကို များစွာကူညီပေးနိုင်ကြောင်း သုတေသီတွေ ပြောကြား

0
32
- Advertisement -

သင့်လုပ်ဖော်ကိုင်ဖက်ကို အလွန့်အလွန်မနာလိုဖြစ်ဖူးပါသလား။ ပြီးတော့ သင်ဟာ မနာလိုစိတ်ကို ကျော်ဖြတ်ဖို့ ကြိုးစားတာက မကောင်းတဲ့ခံစားချက်ကို ချက်ခြင်းခံစားခဲ့ရပါတယ်။ ဒီလိုမနာလိုမှုနှင့် တစ်ခြားသူတွေအပေါ်မှာ ဆက်ဆံပုံကို ဘယ်တော့မှ မထိခိုက်စေသင့်ပေမယ့် သုတေသနပြုချက်တွေအရ သင်ဟာ ဒါကို လျစ်လျူမရှုသင့်ကြောင်းဖော်ပြထားပါတယ်။

-Advertisement-

မင်းဖြတ်သန်းခဲ့တဲ့ ပရော်ဖက်ရှင်ဆန်သောဘ၀မှာ မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာ ဘယ်လိုစိတ်ခံစားချက်ရှိတယ်ဆိုတာ လေ့လာဖို့ သုံးနှစ်ကြာခဲ့တယ်။ ကျွန်တော်တို့ သိခဲ့ရသော အံ့ဩစရာအကောင်းဆုံးအချက်တစ်ခုကတော့ မနာလိုမှုဆိုတာ ဘယ်သူမှ မပြောသောလျှို့၀ှက်ဆုံးဖြတ်ချက်ချတဲ့ စူပါပါ၀ါကြီးတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဒီမနာလိုမှုဆိုတာကို ဘယ်လိုအသုံးချရမှန်းမသိတဲ့အတွက် နာမည်ဆိုးရကြရတယ်။ သူတို့က စိတ်ပျက်စရာအဖြစ်မှတ်ယူကြတာကြောင့် ကျွန်တော်တို့ဟာ စိတ်ခံစားမှုများကို နှိမ်နင်းကြတယ်။ အဲ့သလိုမဟုတ်ဘဲ ကျွန်တော်တို့ဟာ ဒီစိတ်ခံစားချက်ဆီက သင်ခန်းစာယူမယ်ဆိုရင် ကျွန်တော်တို့ကို အလုပ်အပေါ်မှာ ကောင်းမွန်သော ရွေးချယ်မှုတွေ ပြုလုပ်နိုင်ဖို့ ကူညီနိုင်ပါလိမ့်မယ်။ The Happiness Projectမှ စာရေးဆရာ Gretchen Rubinက ”တစ်ယောက်ယောက်ကို ခင်ဗျားမနာလိုဖြစ်နေတယ်ဆိုရင် သူ့ဆီမှာ ခင်ဗျားလိုချင်တာ တစ်ခုခုရှိနေလို့ဆိုတာ သိလိုက်ရတယ်”လို့ ပြောခဲ့ပါတယ်။

မနာလိုမှုဟာ သင့်ရဲ့ တန်ဖိုးတွေကို ဖော်ထုတ်ပါတယ်။ ကျွန်တော်တို့ဟာ မနာလိုဖြစ်တဲ့အခါ အများစုက အခြားသူတွေက ကျွန်တော်တို့ထက် တစ်ခုခုသာလွန်နေတယ်လို့ ဆိုလိုတာကြောင့် ရှက်တတ်ကြပါတယ်။

သင်မနာလို၀န်တိုကြောင်း၀န်ခံပါ

သင့်ရဲ့ မနာလိုမှုကို ဖော်ပြနိုင်သောအခါ သင်ကိုယ်တိုင်ငြူစူခြင်းကြောင့် သင်ကိုယ်တိုင်အရှုံးမပေးနိုင်တော့ပါဘူး။ ကိုယ့်ကိုယ်ကို သတိပေးပါ။ မနာလို၀မ်းနည်းပူဆွေးမှုကို ကြုံတွေ့ရပြီး ဒီခံစားချက်တွေကနေတစ်ဆင့် သင်ခန်းစာယူနိုင်ဖို့ ကြိုးစားပါ။

မနာလိုခံရအောင် ပြုလုပ်ပါ

သင်မနာလိုတဲ့ သူဆီမှာ သင်လိုချင်တာ ဘာတွေရှိသလဲ၊ သူမဟာ လေးစားခံရတဲ့ မန်နေဂျာတစ်ယောက်လား၊ သူမဟာ အမြဲတမ်းကောင်းမွန်သော စိတ်နေစိတ်ထားရှိသလား။ များသောအားဖြင့် ကျွန်တော်တို့တွေဟာ တော်သော၊ ကောင်းသော လူများကိုသာ မနာလိုဖြစ်တတ်ကြတာပါ။ သင်ဘာကြောင့်မနာလိုဖြစ်နေတယ်ဆိုတာ အတိအကျ မသိဘူးဆိုရင် သင့်ဘ၀ရဲ့ လိုချင်တဲ့ သူရဲ့ အကောင်းဆုံးအရည်အသွေးတွေနဲ့ အောင်မြင်မှုတွေကို စာရင်းပြုစုပါ။ တကယ်လို့ တစ်စုံတစ်ရာကို တွေ့ရှိတယ်ဆိုရင် သင့်ပြဿနာအကြောင်းရင်းကို သင်တွေ့ကောင်းတွေ့ပါလိမ့်မယ်။

တရား၀င်အစီအစဥ်တစ်ခုပြုလုပ်ပါ

ယခုသင်လိုချင်တာကို ဖော်ထုတ်ပြီးပြီဆိုရင် ကိုယ်တိုင်ထွက်လုပ်ပါ။ ကျွမ်းကျင်မှုအသစ်ရရှိဖို့ သင်တန်းတက်ဖို့လိုသလား။ တက်ပါ။ ဒါမှမဟုတ် သင်မနာလိုတဲ့သူကို သင့်အနေနဲ့ ဆရာတင်ဖို့အတွက် တောင်းဆိုဖို့ လိုအပ်ပါသလား။ ဘာပဲဖြစ်ဖြစ်လုပ်ပါ။

သင့်မှာ အရည်အချင်းကောင်းများစွာရှိနေတာ သတိရပါ

တစ်ယောက်ယောက်က သင်လိုချင်နေတဲ့အရာတစ်ခုကို ရသွားတဲ့အခါ စိတ်ဓာတ်အနည်းငယ်ကျတတ်တာ ပုံမှန်ပါပဲ။ ဒီအချိန်မှာ သင့်အနေနဲ့ သင့်စိတ်ဓာတ်ကို အမြန်ပြန်ကောက်ပါ။ ပြီးရင် သင့်အနေနဲ့ အသက်ရှုလေ့ကျင့်ခန်းကို လုပ်ကြည့်ပါ။ ဒါမှမဟုတ် သင့်ရဲ့ စိတ်ဓာတ်အမှန်ကို မြှင့်တင်ပါ။ သင့်ရဲ့ နှိုင်းယှဥ်တတ်တဲ့စိတ်ကို အနည်းငယ်လျော့ပါ။ ဒီရိုးရှင်းသော လုပ်ရပ်တွေက ပျော်ရွှင်မှုအတွက် အကြီးမားဆုံးနှင့် အရှည်လျားဆုံးသော တိုးတက်မှုကို ပေးစွမ်းနိုင်ပြီး သင့်အား တစ်လအထိကောင်းမွန်သော ခံစားချက်အမျိုးမျိုးကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

Lifestyle_Myanmar

Nyein_Thu

sources-cosmopolitan

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here