နီဗားဒါး-ရီနိုတက္ကသိုလ်မှ သုတေသီတစ်စုက ကော်ဖီမှုန့်တွေကို ဇီဝလောင်စာအဖြစ် သုံးနိုင်တာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်၊ မဝေးတော့တဲ့ အနာဂတ်မှာ ကားအငွေ့တွေက လက်ဆက်တဲ့ ကပ်ပချီနိုကော်ဖီတစ်ခွက်နံ့နဲ့တောင် တူနိုင်ပါတယ်။ သို့သော် နံနက်ခင်းမှာ ကျွန်တော်တို့ သောက်သုံးတဲ့ ကော်ဖီတစ်ခွက်ဟာ တစ်နေ့တာကို စတင်ဖို့ အကောင်းဆုံးနည်းလမ်းမဟုတ်ပါဘူ။ တကယ်တော့ ဆရာဝန်တွေက ကော်ဖီတစ်ခွက်သောက်ဖို့ အကောင်းဆုံးအချိန်ဟာ မနက် ၉နာရီ ၃၀ မှ ၁၁နာရီ ၃၀အကြားလို့ယုံကြည်ကြပါတယ်။ မနက်တိုင်းမှာ ကော်ဖီသောက်တာက မမှားပေမယ့် ဗိုက်ထဲမှာ အစာမရှိဘဲသောက်ရင် သင့်ခန္ဓာကိုယ်အပေါ် ဒီလို ဆိုးကျိုးတွေ သက်ရောက်နိုင်ပါတယ်
။
၁။ အိပ်ချင်သလို ခံစားရနိုင်ပါတယ်
ကော်ဖီဟာ ကျွန်တော်တို့အများစုအတွက်တော့ လန်းဆန်းတတ်ကြွစေပေမယ့် အိပ်ရာမှ ထထချင်းသောက်ပါက ဆန့်ကျင်ဘက်အကျိုးသက်ရောက်နိုင်ပါတယ်။ ကဖိန်းဓါတ်ဟာ စိတ်ဖိစီးမှုဟော်မုန်းပမာဏကို နှစ်ဆတိုးစေပြီး အိပ်စက်ခြင်းနဲ့ပတ်သတ်တဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေပါတယ်။ ပင်ပန်းနွမ်းနယ်စေပါတယ်။ သင့်ရဲ့တစ်နေ့တာကို သကြားပါတဲ့ ကပ်ပချီနိုတစ်ခွက်ဖြင့် စတင်ပါက အချိန်တိုအတွင်း ပြန်အိပ်ချင်လာပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ခန္ဓာကိုယ်က သကြားကို offset လုပ်ဖို့ အင်ဆူလင်ကို ထုတ်ပေးပြီး သွေးဂလူးကို့စ်ပမာဏကို ကျဆင်းစေတဲ့အတွက် စွမ်းအင် ကင်းမဲ့စေပါတယ်။

၂။ သင့်ခန္ဓာကိုယ်က မရှိမဖြစ်လိုအပ်တဲ့ ဓါတ်သတ္တုတွေကို လျှင်မြန်စွာ ဆုံးရှုံးနိုင်ပါတယ်
နံနက်စောစော ကော်ဖီပုံမှန်သောက်ခြင်းက သင့်အား မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို များစွာဆုံးရှုံးစေနိုင်ပါတယ်။ ၎င်းက ကျွန်တော်တို့ရဲ့ ဦးနှောက်အာရုံကြောစနစ်အတွက် အရေးကြီးသော သံ၊ မဂ္ဂနီဆီယမ်နှင့် ဗီတာမင် ဘီဓါတ်တွေ စုပ်ယူမှုကို ဖျက်ဆီးပစ်နိုင်ပါတယ်။ ကဖိန်းဓါတ်လွန်ကျွံခြင်းက သင့်အရိုးတွေကနေ ကယ်လစီယမ်စိမ့်ထွက်ပြီး အရိုးကို အားနည်းစေပါတယ်။

၃။ ဗိုက်နာစေနိုင်ပါတယ်
မနက်ခင်းမှာ ကော်ဖီသောက်ပြီးရင် အိပ်သာတတ်ချင်လာတာကို ကြုံကြရမှာပါ။ ကော်ဖီဟာ ကျွန်ုပ်တို့ ရဲ့ အစာအိမ်အတွင်းမှာ ရှိတဲ့ အက်ဆစ် ပမာဏ ကိုလည်း လှုံ့ဆော်ပေးနေပါတယ်။ အဲဒီကနေမှတဆင့် ကော်ဖီဟာ ကျွန်ုပ်တို့ရဲ့ အူလမ်းကြောင်းအတွင်းမှာ တုံ့ပြန်မှု တစ်ခုကို ဖန်တီးလိုက်တဲ့အတွက် ကျွန်ုပ်တို့ဟာ ကော်ဖီသောက်ပြီးချိန်မှာ အိမ်သာ တက်ဖို့ လိုအပ်ရတာပဲ ဖြစ်ပါတယ်။

၄။ အသားအရေကို ခြောက်သွေ့စေနိုင်ပါတယ်
ကော်ဖီက ဆီးရွှင်စေတာကြောင့် မကြာခဏ ဆီးသွားရတဲ့အတွက် ခန္ဓာကိုယ်ရေဓါတ်ကို ခန်းခြောက်စေပါတယ်။ ရေဓါတ်ခန်းခြောက်လာတဲ့အခါ အဆိပ်အတောက်တွေဟာ သင့်အသားအရေမှတဆင့် ထွက်ဖို့ ခက်ခဲလာပါတယ်။ ဒါက အသားအရေကို ခြောက်သွေ့စေပြီး အရွယ်မတိုင်မီ အရေးအကြောင်းဖြစ်ခြင်းကဲ့သို့သော ပြဿနာများဖြစ်လာပါတယ်။

၅။ သွေးတွင်းသကြားဓါတ်ကို မြင့်တတ်စေနိုင်ပါတယ်
နံနက်ခင်းမှာ ကော်ဖီတစ်ခွက်က သွေးတွင်းသကြားဓါတ်ကို ထိန်းသိမ်းဖို့ သင့်ဆဲလ်တွေအတွက် ခက်ခဲစေပါတယ်။ ၎င်းက ရောဂါအမျိုးမျိုးကိုဖြစ်ပေါ်စေပါတယ်။ သွေးတွင်းသကြားဓါတ်က အပြန်အလှန်အားဖြင့် ကိုယ်အလေးချိန်တတ်စေပြီး အရေပြားပိုးဝင်မှုအန္တရာယ်ကိုတောင် မြင့်တတ်စေနိုင်ပါတယ်။

Lifestyle_Myanmar
LM_Nandar
Source-brightside