မင်္ဂလာဆောင်လာရင်း မထင်မှတ်ဘဲ ရယ်စရာအဖြစ်နဲ့ ကြုံခဲ့ရတဲ့ လူနှစ်ဦး

0
71

လူတူမရှား နာမည်တူမရှားဆိုတဲ့ ဆိုရိုးစကားလဲ ရှိသလို တခါတလေမှာ မဖြစ်နိုင်တဲ့ အဖြစ်အပျက်မျိုးတွေ တိုက်တိုက်ဆိုင်ဆိုင် ကြုံတွေတတ်ရပါတယ်။ ယခုလည်း မလေးရှားနိုင်ငံက မင်္ဂလာဆောင်တစ်ခုမှာ ပုံစံဒီဇိုင်း အကုန်လုံးနီးပါ တူနေတဲ့ လူနှစ်ဦးကြောင့် ရယ်ရွှင်စရာအဖြစ်အပျက်အချို့ဖြစ်ပေါ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ရက်နေ့က မင်္ဂလာဆောင်တစ်ခုမှာ သတို့သား သတို့သမီးနဲ့အတူ ဓာတ်ပုံတွဲရိုက်ဖို့ မင်္ဂလာဆောင်လာတဲ့သူတွေ စောင့်ဆိုင်းနေချိန်အတွင်း အင်္ကျီအနီရောင်၊ ဂျင်းဘောင်းဘီအပြာ၊ ကတုံးဆံပင် နဲ့ မျက်မှန်တပ်ထားတာက အစ အားလုံးတူနေတဲ့ ပုံစံတူ လူနှစ်ဦးကိုတွေ့လိုက်ရတာပါ။

Bila kau pegi wedding, terjumpa clone hahahahaha

Gepostet von Amir Zulfadhli Zulkifly am Samstag, 7. September 2019

မျက်နှာပုံစံကအစ အမွှာညီအစ်ကိုတွေလို့ ထင်ရလောင်အောင် ဆင်တူတာကြောင့် ကာယကံရှင် အမျိုးသားက တွေ့တွေ့ချင်းမှာပဲ သူနဲ့ ပုံစံတူ အမျိုးသားကို ကြည့်ပြီး ရယ်လို့ မဆုံးဖြစ်ခဲ့ရပါတယ်။ တစ်ယောက်နဲ့တစ်ယောက်က တိုက်ပြီး ဒီလို ဒီဇိုင်းမျိုး လုပ်ရအောင်လည်း ရင်နှီးနေတဲ့သူတွေမဟုတ်တာကြောင့် အံ့လည်း အံ့သြမိပါတယ်။

#Lifestyle_Myanmar

#Thar_Nage

Zawgyi Fonts

မဂၤလာေဆာင္လာရင္း မထင္မွတ္ဘဲ ရယ္စရာအျဖစ္နဲ႔ ၾကဳံခဲ့ရတဲ့ လူႏွစ္ဦး
လူတူမရွား နာမည္တူမရွားဆိုတဲ့ ဆိုရိုးစကားလဲ ရွိသလို တခါတေလမွာ မျဖစ္နိုင္တဲ့ အျဖစ္အပ်က္မ်ိဳးေတြ တိုက္တိုက္ဆိုင္ဆိုင္ ၾကဳံေတြတတ္ရပါတယ္။ ယခုလည္း မေလးရွားနိုင္ငံက မဂၤလာေဆာင္တစ္ခုမွာ ပုံစံဒီဇိုင္း အကုန္လုံးနီးပါ တူေနတဲ့ လူႏွစ္ဦးေၾကာင့္ ရယ္ရႊင္စရာအျဖစ္အပ်က္အခ်ိဳ႕ျဖစ္ေပၚခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာလ ၈ရက္ေန႔က မဂၤလာေဆာင္တစ္ခုမွာ သတို႔သား သတို႔သမီးနဲ႔အတူ ဓာတ္ပုံတြဲရိုက္ဖို႔ မဂၤလာေဆာင္လာတဲ့သူေတြ ေစာင့္ဆိုင္းေနခ်ိန္အတြင္း အကၤ်ီအနီေရာင္၊ ဂ်င္းေဘာင္းဘီအျပာ၊ ကတုံးဆံပင္ နဲ႔ မ်က္မွန္တပ္ထားတာက အစ အားလုံးတူေနတဲ့ ပုံစံတူ လူႏွစ္ဦးကိုေတြ႕လိုက္ရတာပါ။

မ်က္ႏွာပုံစံကအစ အမႊာညီအစ္ကိုေတြလို႔ ထင္ရေလာင္ေအာင္ ဆင္တူတာေၾကာင့္ ကာယကံရွင္ အမ်ိဳးသားက ေတြ႕ေတြ႕ခ်င္းမွာပဲ သူနဲ႔ ပုံစံတူ အမ်ိဳးသားကို ၾကည့္ၿပီး ရယ္လို႔ မဆုံးျဖစ္ခဲ့ရပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္က တိုက္ၿပီး ဒီလို ဒီဇိုင္းမ်ိဳး လုပ္ရေအာင္လည္း ရင္ႏွီးေနတဲ့သူေတြမဟုတ္တာေၾကာင့္ အံ့လည္း အံ့ၾသမိပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here