မင်းကျောခိုင်းထွက်သွားဖို့တွန့်ဆိုင်းနေတဲ့RSတစ်ခုကိုပြတ်ပြတ်သားသားစွန့်ခွာနိုင်မယ့်နည်းလ မ်းများ
0
118
သင့်မှာဆိုးဝါးတဲ့relationshipတခုရှိနေပြီဆိုရင်၊ ဒီလိုrelationshipမျိုးသင့်ဆီမှာဖြစ်နေပြီလို့ ခံစားရပြီဆိုရင် ဒီထဲကနေသင့်ကိုသင်ရုန်းထွက်ဖို့ အတော်အတန်ခက်ခဲပါလိမ့်မယ်။ မကောင်းတဲ့relationshipတခုကို တာ့တာပြပြီး ချန်ရစ်ခဲ့ဖို့ကအတော်လွယ်ကူတယ်လို့ လူအများကထင်ကောင်းထင်ပါလိမ့်မယ်။
-Advertisement-
သို့သော် အဲ့လောက်လဲမရိုးရှင်းလှပါဘူး။ ဘယ်လိုဆက်ဆံရေးမျိုးမဆို ချန်ထားခဲ့တယ်၊ တာ့တာပြနှုတ်ဆက်လမ်းခွဲသွားတယ်ဆိုတာက မကြာခဏလိုလို ဖြစ်နေကျဖြစ်ရိုးဖြစ်စဉ်တခုပါပဲ။
ဘာကြောင့်လဲဆိုတော့ ဆိုးဝါးတဲ့ အခြေအနေမကောင်းတဲ့ဆက်ဆံရေးတခုရဲ့လွှမ်းမိုးမှုခံရတဲ့အခါ မရုန်းထွကိဘဲရှေ့ဆက်သွားမိမယ်ဆိုရင် ကိုယ့်ကိုကိုယ်တန်ဖိုးထားမှု၊ ကိုယ့်ရဲ့ထိုက်တန်မှုတွေ ပျောက်ဆုံးလာတတ်လို့ပါပဲ။
ဒါကြောင့် ဖြတ်တောက်ပစ်လိုက်ခြင်းက ကိုယ်ပိုင်အချိန်တွေပိုရှိလာနိုင်သလို စိတ်ပိုင်းဆိုင်ရာ အနာတရတွေလဲမရနိုင်တော့ဘူး။ အခြားသောမိတ်ဆွေကောင်း သူငယ်ချငိးကောင်းတွေကိုလဲ သေချာအချိန်ပေးလာနိုင်တဲ့အပြင် ကိုယ့်ကိုကိုယ်တန်ဖိုးထားချစ်ခင်မှုတွေလဲ တိုးလာစေနိုင်တာကြောင့်ပါ။ သင်ဟာ သင်ရပ်တည်ချင်တဲ့နေရာတခုကို သင့်အတွေးထဲကအတိုင်းရှာတွေ့နိုင်ပါတယ်။
ငါဟာဘယ်အရာတွေကို ပိုမိုတောင့်တလိုချင်တဲ့သူဖြစ်သလဲ ငါကကောပြည့်စုံတဲ့သူမဟုတ်ဘူးလား,ငါကပျော်ရွှင်ရမယ့်သူမဟုတ်ဘူးလား၊ငါဒီလိုဖြတ်တောက်ပစ်ပြီးတဲ့နောက်မှာရော ငါ့ကိုဘယ်သူတွေကနှစ်သက်ကြဦးမှာလဲ၊ လိုချင်ဦးမှာလဲဆိုတဲ့ သင့်ခေါင်းထဲက အတွေးမျှင်တန်းတွေကို သချာပုံဖော်အဖြေရှာနိုင်တဲ့ နေရာတခုကို သင်ရှာတွေ့နိုင်ပါတယ်။
သို့သော် ဒီလိုဖြစ်လာဖို့ဆိုရင်တော့ unhealthy relationshipတခုကို အဆုံးသတ်ဖို့အတွက် အဆင်သင့်ဖြစ်နေဖို့လို အ ပ်ပါတယ်။ သင်သတိရနေဖို့အရေးကြီးဆုံးအချက်ကတော့ သင်ဟာထိုက်တန်တဲ့သူဖြစ်ဖို့လိုအပ်တာပါပဲ။ ဒါဆိုသင်ပျော်ရွှင်ရပါလိမ့်မယ်။
ဒီ့ထက်ပိုပြီးထိုက်တန်တဲ့သူဖြစ်လာပါလိမ့်မယ်။ ဆိုးဝါးလာတဲ့ဆက်ဆံရေးတခုကို အဆုံးသတ်ပစ်ဖို့ဆိုတာကလဲ ခက်ခဲရှုပ်ထွေးတဲ့ ကိစ္စရပ်တခုပါပဲ။ သို့သော်လဲ
မဖြစ်နိုငိဘူးဆိူတာမရှိပါဘူး။ သင့်အတွက်သင်ဘယ်လိုဖြစ်တည်စေချင်သလဲဆိုတာသိလာရင် သင့်ကိုသင်ချစ်ဖို့ အချိန်တွေပေးလာနိုင်ပါလိမ့်မယ်။ သင့်အတွက်သင်အချိန်တွေပေးဖို့၊ အချစ်တွေပေးဖို့၊ စာနာမှုတွေပေးဖို့အတွက် သင့်ဘဝထဲက bad relationshipတခုကို အဆုံးသတ်နိုင်မယ့်ခွန်အားတွေ ရှိဖို့လိုပါတယ်။
အောက်ဖော်ပြပါအချက်တွေကတော့ သင့်ကိုသင်ပိုကောင်းအောင်ထားနိုင်ဖို့ အထောက်အကူဖြစ်စေမယ့်နည်းလမ်းလေးတွေဖြစ်ပါတယ်။ ကြည့်လိုက်ကြရအောင်နော်။
အတွေးမှားတွေကိုစွန့်ခွာပါ
သင့်ကိုသင်အကောင်းမြင်စိတ်နဲ့တွေးပါ။ ဒီလိုလုပ်ဖို့က အပြောလွယ်ပေမယ့် လုပ်ရခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် တဖြေ းဖြေးနဲ့ ကောင်းမွန်မှုတွေကို သင်ခံစားရပါလိမ့်မယ်။
တိုက်ထုတ်ပစ်ဖို့အကြီးမားဆုံး အခက်ခဲဆုံးအရာတွေထဲကတခုက သင့်ကိုသင့်ကော သင့်ရဲ့ဆက်ဆံရေးကိုနှောင့်ယှက်နေတဲ့ အတွေးမှားတွေ(negative thoughts)ပါပဲ။ တခါတရံပယ်သင့်တာပယ်၊ စွန့်သင့်တာကိုစွန့်ရပါတယ်။
ဒီလိုအတွေးဟောင်း အတွေးမှားတွေနေရာမှာ သင့်တင့်မျှတတဲ့ ကာင်းမွန်တဲ့ အတွေးအမြင်သစ်တွေကို အစားထိုးပြောင် းလဲလိုက်ခြင်းဟာ သင့်ကိုအကျိုးမပြုတဲ့အတွေးတွေထပ်မဖြစ်ဖို့်အတွက် အကောင်းဆူံးနည်းလမ်းပါပဲ။
သင့်စိတ်ကိုအဆင်မပြေစေမယ့်အတွေးတွေဝင်လာတာနဲ့တပြိုင်နက် သင့်ကိုခွန်းအားပေးမယ့်အတွေးခလုတ်ကို ချက်ချင်းဖွင့်လိုက်ပါ။
ငါဒီလိုလူတွေနဲ့အတူရှိနေတာအတော်မိုက်မဲရူးသွပ်တာပဲ ငါကိုကမစွန့်နိုင်တာ ငါကိုကမှားယွင်းနေတာလို့တွေးနေမယိ့အ စား ဒါဟာသင်ယူလို့မရတဲ့အတွေ့အကြုံတခုပဲ ဒါဟာငါ့ကိုငါဘယ်လိုချစ်ရမလဲ တန်ဖိုးထားရမလဲဆိုတာသင်ကြားပေးနေတာပဲလို့တွေးပါ။
သင့်ရဲ့relationshipတခုကိုဖြတ်တောက်ပစ်ပြီးတဲ့နောက် ငါ့ကိုဘယ်သူမှနှစ်သက်ကြတော့မှာမဟုတ်ဘူး ၊ လိုချင်ကြမှာချစ်ချင်ကြတော့မှာမဟုတ်ဘူးလို့ တွေးမယိ့အစား ပိုကောင်းတဲ့ဆက်ဆံရေးတွေကိုတည်ဆောက်နိုင်ဖိူ့ ကြိုဆိုနိုင်ဖို့အတွက်၊ ငါလဲဒီ့ထက်ပိုကောင်းအောင်ပြင်ဆင်ထားရမယ်လို့သာတွေးပါ။
ဆက်ဆံရေးတခုဟာ အလုပ်တွေအရမ်းများတယ် ရှုပ်တယ် ဒီထဲမှာပဲငါနစ်မြုပ်နေတယ်၊သေသာသေပစ်လိုက်ချင်တယ်လို့တွေးမယိ့အစား ငါဘယ်သူလဲဆိုတာကိုသေချာပုံဖော်ပေးနိုင်တဲ့ ငါ့အပေါ်မြတ်နိုးတန်ဖိုးထားမှုတွေပေးစွမ်းနိုင်တဲ့လူတွေနဲ့ ငါဟာထိုက်တန်တဲ့သူဖြစ်တယ်လို့တွေးပါ။
ငါပျော်နေရတယ်လို့မထင်ဘူး၊ ဘယ်တော့မှလဲပျော်ရွှင်မှူကိုခံစားရတော့မှာမဟုတ်ဘူးလို့တွေးမယ့်အစား ငါဟာပျော်ရွှင်မှုကိုရှာတွေ့နိုင်တဲ့သူဖြစ်တယ်။
ငါ့ကိုပျော်ရွှင်အောင်ထားနိုင်တဲ့သူနဲ့လဲဆုံတွေ့လာနိုင်တယ်လို့သာတွေးပါ။ တကယ်တော့သင်ဟာ တယောက်ထဲမဟုတ်ပါဘူး။ အထီးကျန်နေရတာမဟုတ်ပါဘူး။ မပျော်ရွှင်ရတာမဟုတ်ပါဘူး။ ဒီလိုအရာတွေထဲသင်တဒင်္ဂနစ်မြုပ်နေတာပါ။ ရုန်းထွက်နိုင်ဖို့တခုတည်းပဲလိုအပ်တာပါ။
ဒီလိုရုန်းထွက်မှသာ သင်နဲ့ထိုက်တန်တဲ့သူကို သင်ရှာဖွေတွေ့ရှိလာနိုင်မှာပါ။ ယခုထက်ပိုကောင်းတဲ့အနေအထားတွေကို သင်ရှာဖွေမျှော်လင့်နေသရွေ့ သင်ဟာ သင်ဖြစ်ချင်တဲ့လမ်းကြောင်းပေါ်မှာရပ်တည်နိုင်ဖို့ခွန်အားတွေ ရှိနေသေးတယ်ဆိုတာကိုမမေ့ပါနဲ့။
အကြံဉာဏ်မှားတွေကို ငြင်းဆန်ပါ။
သင့်မိတ်ဆွေ အပေါင်းအသင်းတွေက သင့်relationshipတခုနဲ့ပတ်သတ်ပြီး ဘယ်လိုလုပ်သင့်ကြောင်းအကြံတွေပေးကြပါလိမ့်မယ်။ ကောင်းကောင်းမကောင်းကောင်း အနည်းဆုံးတော့ သင့်အတွက်လူတယောက်ရှိနေတာပဲ သည်းခံပြီးနေပေါ့ ဒါမှမဟုတ် လူမကောင်းပေမယ့်ဝင်ငွေကောင်းတယ်သူ့ကိုလုံးဝလက်မလွှတ်လိုက်နဲ့စသဖြင့် ဒီလိုအကြံတွေအပြင် တခြားသော bad adviceတွေလဲပေးချင်ပေးပါလိမ့်မယ်။
ဒီလိုအကြံတွေက တကယ်တမ်းကျတော့ ဆက်ဆံရေးတခုကိုမပြေလည်စေတဲ့အပြင် ပိုပြီးရှုပ်ထွေးခက်ခဲအောင်လုပ်နေသလိုပါပဲ။ လက်တွေ့ကျကျအသုံးချလို့လဲမရပါဘူး။ ဒါကြောင့်ဒီလိုအကြံမှားတွေကို နားမယောင်မိဖို့လဲလိုအပ်ပါတယ်။
သင့်ခွန်အားတွေက သင့်ဆီမှာပဲရှိနေတာပါ။
ဒါကြောင့် ဒီလိုဖြစိလာပြီဆိုရင် သူတို့ရဲ့အကြံတွေအတိုင်းလုပ်ဆောင်မယ့်အစား ယူရမယ့်သင်ခန်းစာတွေ အတွေ့အကြုံတွေကို သင်ကိုယ်တိုင် ရင်ဆိူင်ဖြေရှင်းပြီးရှာဖွေပါ။ တခြားသောသူတွေကိုလဲ ကောင်းမွန်တဲ့အကြံတွေလက်ဆင့်ကမ်းပေးဝေပါ။
သင်နှစ်သက်ရာလုပ်ဆောင်ပါ။
ဒီလိုလုပ်ဆောင်တာက သင့်ကိုခွန်အားတွေအများကြီးမပေးစွမ်းနိုင်ပေမယ့်လဲ စိတ်ညစ်ညူးမှူတွေ အရှင်းပျောက်မသွားပေမယ့်လဲ တခါတရံမှာ အသေးငယ်ဆုံးအရာလေးတွေက သင့်လမ်းကြောင်းကိုရှာဖွေရာမှာမမှား ယွင်းဖို့အတွက် လုံလောက်တဲ့အလင်းတွေပေးစွမ်းနိုင်စေပါတယ်။ သင့်ဝါသနာတွေကိုပြန်တူးဆွပါ။
စာရေးတာလား ပန်းချီဆွဲတာလား သီချင်းဆိုတာလား အပင်စိုက်တာလားစသဖြင့် သင့်ရဲ့ဝါသနာဟောင်းတွေကိူ ပန်လည်မွမ်းမံလုပ်ဆောင်ပါ။ relationshipတခုကြောင့် သင်မလုပ်ဖြစ်တော့တဲ့ စ်သက်ရာလေးတွေကို ပန်လုပ်ဆောင်ပါ။ နေထွ က်ချိန်ကစ နေဝင်ချိန်ထိတိုင် သင့်ဝါသနာပါရာတခုခုကို လုပ်ဆောင်ရင်းနဲ့ ကြည်နူးမှုတွေရှာဖွေပါ။
တေးသီချင်းတွေနားထောင်ပါ
သင့်ကိုပျော်စေမယ့်အရာလေးတွေကို လုပ်ဆောင်ဖို့မမေ့ပါနဲ့။ အဲ့ဒီ့အရာတွေနဲ့သင်ဟာ အမြဲတသားတည်းရှိနေဖို့လဲလိုပါတယ်။
ဒီလိုနေထိူင်ခြင်းဟာ သင့်ကိုသင်ကျေနပ်ပီတိဖြစ်မှုတွေခံစားရစေနိုင်ပါတယ်။ နှစ်သက်ရာတခုခုကို စိတ်နှစ်ပြီးလုပ်ဆောင်နေခြင်းဟာ သင့်ကိုသင် special personတယောက်လို ခံစားရစေတဲ့အတွက် ရှေ့ဆက်လှမ်းနိုင်ဖို့ခွန်အားတွေကိုလဲ သင်ရရှိနိုင်လာပါလိမ့်မယ်။
သင့်အပေါ်မကောင်းတဲ့လူကို ထွက်သွားခွင့်ပြုလိုက်ပါ သို့မဟုတ် လက်လွှတ်လိုက်ပါ။ မကောင်းတဲ့ဆက်ဆံရေးတခုရဲ့အနားကနေ အဝေးကိုတလှမ်းချင်းလှမ်းကာ လျှာက်လာခဲ့လိုက်ပါ။ သင့်ဘဝမှာသင့်ကိုပျော်အောင်ထားမယ့်သူဘယ်သူမှမရှိဘူးဆိုရင်တောင်မှ သင့်ကိုအပြုံးတွေပေးမယ့် သင်ဝါသနာပါရာ စ်သက်ရာလေးတွေကတော့ သင့်အတွက်အမြဲရှိနေပါလိမ့်မယ်။
ကောင်းမွန်တဲ့ရပ်ဝန်းနဲ့ထိတွေ့ပါ။
သင့်အပေါ်ကောင်းတဲ့သူတွေနဲ့ တသီးတခြားနေထိုင်ခြင်းတွေ၊ အဆက်အသွယ်ပျက်နေခြင်းတွေက သင့်ကိုအထီးကျန်အားငယ်မှုတွေ ဖြစ်လာစေနိုငိတာအမှန်ပါပဲ။
သငိ့အပေါ်ကောင်းတဲ့ မိသားစု၊ သူငယ်ချင်းတွေဟာသင့်ဘဝရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းတွေပါပဲ။ သူတို့တွေနဲ့ ဝးကွာနေရခြင်းဟာ bad relationshipတခုကိုပိုထိခိုက်စေနိုင်တဲ့အကြောင်းတရားတွေထဲကတခုပါပဲ။
မိသားစု မောင်နှမမိတ်ဆွေ သူငယ်ချင်းတွေဆီက ထွးမှု၊ အားပေးမှု၊ အကြံဉာဏ်ကောင်းတွေဟာ သငိ့ဘဝရဲ့ခက်ခဲမှုတွေကို သက်သာစေတဲ့ ကောင်းမွန်တဲ့အရာတွေပါပဲ။ သူတို့နဲ့ အဆက်အသွယ်ရှိခြင်း အနေနီးခြင်းကြောင့် သင့်ရဲ့ bad relationshipနဲ့ပတ်သတ်ပြီး သင့်ကိုသင်စိတ်လိုက်မာန်ပါလုပ်မိတာမျိုးတွေလဲ လျော့နည်းလာနိုင်သလိူ အတွေးမှားတွေနဲ့တကိုယ်တည်းနာကျင်နေရတာမျိုးတွေလဲ ပြေလျော့လာစေနိုင်ပါတယ်။
ဒါကြောင့် သင့်အပေါ်ကောင်းမွန်တဲ့ရပ်ဝန်းနဲ့ အမြဲထိတွေ့နေဖို့လိုပါတယ်။ အဲ့ဒီကရတဲ့ဝေဖန်အကြံပြုချက်တွေကနေတဆင့် သင်ဘာဆက်လုပ်ရမလဲဆိုတဲ့ ဆုံးဖြတ်ချက်တွေကိုချနိုင်တဲ့ခွန်အားတွေ ရရှိလာနိုင်ပါတယ်။
Relationshipတခုကြောင့် သင့်ကိုသင်ဘယ်သူလဲဆိုတာတောင် မ့လျော့ပျောက်ကွယ်သွားရပြီဆိုရင် သင့်ပုံရိပ်တခုဟာတဖြေးဖြေးမှေးမှိန်လာပြီဆိုရင် သင့်ကိုချစ်တဲ့သူတွေသင့်အနားမှာရှိနေသေးတာကိုသတိရပါ။ ဆက်သွယ်ပါ။ သူတို့ပေးတဲ့အကြံတွေ ထွးမှု အားပေးမှုတွေက သင့်အတွက်bad relationshipတခုကို အကောင်းဆုံး အဆုံးသတ်ပစ်နိုင်ဖို့ ခွန်အားတွေဖြစ်လာစေမှာပါ။
ကဲ..ဒီအချက်တွေကိုဖတ်ပြီး Lifestyle ပရိသတ်တွေလဲ မကောင်းတဲ့ဆက်ဆံရေးတွေကို ပြုပြင်ပြောင်းလဲနိုင်ဖို့နဲ့ စွန့်ခွာပြီးအသစ်ကပြန်စတင်နိုင်ဖို့ခွန်အားတွေ ရှာဖွေတွေ့ရှိနိုင်ပါစေနော်။
#Lifestyle Myanmar
#Mg_Htet
REF_Jointonelove
ways to find the courage (you already have)to leave
Zawgyi Version
မကောင်းတဲ့relationshipတခုကို တာ့တာပြပြီး ချန်ရစ်ခဲ့ဖို့ကအတော်လွယ်ကူတယ်လို့်
ရှ့ဆက်သွားမိမယ်ဆိုရင် ကိုယ့်ကိုကိုယ်တန်ဖိုးထားမှု၊ ကိုယ့်ရဲ့ထိုက်တန်မှုတွေ ပျာက်ဆုံးလာတတ်လို့ပါပဲ။
ဒါကြောင့် ဖတ်တောက်ပစ်လိုက်ခြင်းက ကိုယ်ပိုင်အချိန်တွေပိုရှိလာနိုင်သလို စိတ်ပိုင်းဆိုင်ရာ
သချာအချိန်ပေးလာနိုင်တဲ့အပြင် ကိုယ့်ကိုကိုယ်တန်ဖိုးထားချစ်ခင်မှုတွေလဲ တိုးလာစေနိုင်တာကြောင့်ပါ။
ငါကပျော်ရွှင်ရမယ့်သူမဟုတ်ဘူးလား ငါဒီလိုဖြတ်တောက်ပစ်ပြီးတဲ့နောက်မှာကော
အတွေးမျှင်တန်းတွေကို သချာပုံဖော်အဖြေရှာနိုင်တဲ့ နရာတခုကို သင်ရှာတွေ့နိုင်ပါတယ်။
သင့်ကိုသင့်ကော သင့်ရဲ့ဆက်ဆံရေးကိုကောပါ င့်ယှက်နေတဲ့
လိုချင်ကြမှာချစ်ချင်ကြတော့မှာမဟုတ်ဘူးလို့ တွးမယိ့အစား
ပိုကောင်းတဲ့ဆက်ဆံရေးတွေကိုတည်ဆောက်နိုင်ဖို့ ကြိုဆိုနိုင်ဖို့အတွက်
သသာသေပစ်လိုက်ချင်တယ်လို့တွေးမယိ့အစား ငါဘယ်သူလဲဆိုတာကိုသေချာပုံဖော်ပေးနိုင်တဲ့
အကြံဥာဏ်မှားတွေကို ငင်းဆန်ပါ။
ကာင်းကောင်းမကောင်းကောင်း အနည်းဆုံးတော့ သင့်အတွက်လူတယောက်ရှိနေတာပဲ
အတွေ့အကြုံတွေကို သင်ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းပြီးရှာဖွေပါ။ တခြားသောသူတွေကိုလဲ
ကာင်းမွန်တဲ့အကြံတွေလက်ဆင့်ကမ်းပေးဝေပါ။
တးသီချင်းတွေနားထောင်ပါ။
အဆက်အသွယ်ပျက်နေခြင်းတွေက သင့်ကိုအထီးကျန်အားငယ်မှုတွေ ဖစ်လာစေနိုငိတာအမှန်ပါပဲ။
မိတ်ဆွေ သူငယ်ချင်းတွေဆီက ထွးမှု၊ အားပေးမှု၊ အကြံဥာဏ်ကောင်းတွေဟာ
သငိ့ဘဝရဲ့ခက်ခဲမှုတွေကို သက်သာစေတဲ့ ကာင်းမွန်တဲ့အရာတွေပါပဲ။ သူတို့နဲ့
သင့်ကိုသင်စိတ်လိုက်မာန်ပါလုပ်မိတာမျိုးတွေလဲ လျာ့နည်းလာနိုင်သလို
အတွေးမှားတွေနဲ့တကိုယ်တည်းနာကျင်နေရတာမျိုးတွေလဲ ပလျော့လာစေနိုင်ပါတယ်။
ပုပြင်ပြောင်းလဲနိုင်ဖို့နဲ့ စွန့်ခွာပြီးအသစ်ကပြန်စတင်နိုင်ဖို့ခွန်အားတွေ
LEAVE A REPLY
Please enter your comment!
Please enter your name here