မင်းသားလီဒေါင်ဝုနှင့် မင်းသမီးဆူဇီတို့ဟာ ချိန်းတွေ့နေပြီဖြစ်ကြောင်း အေဂျင်စီနှစ်ခုလုံးက အတည်ပြုလိုက်ပါတယ်။
အသက် ၁၇နှစ်ကွာပေမယ့် သံယောဇဉ်နှောင်ဖွဲ့ကြလိမ့်မယ့် နာမည်ကြီးစုံတွဲနှစ်ယောက်
မကြာသေးမီက ဘေဆူဇီနှင့် လီဒေါင်ဝုတို့ရဲ့ကောလဟာလသတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။ အေဂျင်စီနှစ်ခုလုံးက ဒီကိစ္စနှင့် ပတ်သတ်ပြီး ဟုတ်မှန်ကြောင်း အတည်ပြုခဲ့ပါတယ်။ Starship Entertainment အောက်မှ King Kongကုမ္ပဏီကတော့ “မင်းသားဟာ မကြာသေးခင်ကမှ ကိုယ်ရေးကိုယ်တာကိစ္စဖြင့် ဆူဇီနှင့် တွေ့ဆုံခဲ့ပြီး သူဟာ ကောင်းမွန်တဲ့ခံစားချက်တွေနဲ့ ဆူဇီကို တွေ့ဆုံခဲ့တာဖြစ်ပါတယ်လို့ “ပြောကြားခဲ့ပါတယ်။
“ဆူဇီသည် လက်ရှိမှာ လီဒေါင်ဝုနှင့် တွေ့ဆုံနေတယ်ဆိုတာ အမှန်ပါပဲ” လို့ ဆူဇီရဲ့အေဂျင်စီ JYP Entertainment က ပြောခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ပတ်ဝန်းကျင်မရိပ်မိအောင် ကြိုးစားနေခဲ့ကြပေမယ့် သူတို့နှစ်ယောက်ကြား အချစ်ဇာတ်လမ်းက ဖုံးကွယ်ထားလို့ မရခဲ့ပါဘူး။ သူတို့နှစ်ယောက်က အသက် ၁၃နှစ်ကွာခြားပေမယ့် အသက်အရွယ်ကွာဟမှုကို ကျော်လွှားနိုင်ခဲ့ပါတယ်။ ၂၀၁၂ နောက်ပိုင်းတုန်းက ဆူဇီသည် တချိန်မှာ သူမရဲ့လက်တွဲဖော်စံပြပုံစံဟာ လီဒေါင်ဝုဖြစ်တယ်လို့ ဖော်ပြခဲ့ပါသေးတယ်။
#Lifestyle_Myanmar
#TB_Nandar