မကြာမကြာ ကြုံတွေ့ရတဲ့ ဆံပင်ရှုပ်ထွေးခြင်းပြဿနာအတွက် ဖြေရှင်းနည်းများ

0
94

ငယ်စဥ်ကတည်းကကြည့်လာရတဲ့ တီဗွီကြော်ြငာတွေမှာတော့ ခေါင်းလျှော်ရည်ကြောြငာပြီဆိုရင် မင်းသမီးတွေရဲ့ ဆံပင်လေးတွေက ပျော့ပျောင်းပြီးတော့ လေအတိုက်မှာ ဝဲလွင့်နေတာကိုပဲ အမြဲမြင်တွေ့ရမှာပါ။ လက်တွေ့ကိုယ့်ဆံပင်လည်း ဒီလိုလားဆိုတော့ မဟုတ်ပါဘူး။ ညအိပ်ပြီး မနက်မိုးလင်းချိန် သို့မဟုတ် ခေါင်းလျှော်ပြီးချိန်တွေမှာဆိုရင် ဆံပင်တွေက တစ်ပင်နဲ့တစ်ပင်ညှိပြီးတော့ အမြဲပြန်ရှင်းနေရတာကို မိန်းကလေးအများစုကြုံဖူးကြမှာပါ။

ရှင်းရတာ စိတ်မရှည်တဲ့ ပျိုမေများကျတော့လည်း ဆံပင်ကိုဘီးကြဲတွေနဲ့ အတင်းဖြီးချတတ်လေ့ရှိကြပါတယ်။ ဒီလိုလုပ်တာဟာ ဆံပင်ကို ပိုမိုပျက်စီးစေပြီး ဘယ်လိုမှကြည့်လို့မကောင်းအောင်ဖြစ်စေတာကြောင့် ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းရမလဲဆိုတာကို အခုပဲဖော်ပြပေးချင်ပါတယ်။

• ဆံပင်ရှုပ်နေပြီဆိုပါက ဘီးနဲ့အရင်ဖြီးမချခင်မှာ လက်ချောင်းလေးတွေကိုသုံးပြီး အရင်ခွဲပေးပါ။ ရှုပ်ထွေးနေတဲ့ ဆံပင်အထုံးပမာဏကို တော်တော်များများ လျော့သွားစေပြီး ဘီးနဲ့ဖြီးတဲ့ခါ နာကျင်တဲ့ဒဏ်ကို သက်သာစေမှာြဖစ်ပါတယ်။
• ဆံပင်မရှင်းခင် ခွဲကြောင်းကိုသေချာပြန်ပြင်ပါ။ မဟုတ်ပါက တစ်ခေါင်းလုံးရဲ့ဆံပင်တွေစုပြီးတော့ ပိုရှုပ်သွားနိုင်ပါတယ်။


• အဖျားနှစ်ခွဖြစ်ခြင်းတွေကို သက်သာစေဖို့အတွက် သုံးလတစ်ခါ ဆံပင်အဖျားတိပေးပါ။
• ဆံပင်ရေစိုနေချိန်မှာ ဘီးဖြီးခြင်းက ဆံပင်ကျွတ်စေတာကြောင့် ဆံပင်ထုံးနေပါက ဘီးအစား လက်ချောင်းလေးတွေကိုသုံးကာ ရှင်းပေးလိုက်ပါ။
• တတ်နိုင်သမျှ ဆံပင်အတွက် အပူအလှပြင်ပစ္စည်းများကို မသုံးပါနဲ့။ အပူအသုံးများတာက ဆံပင်ရှုပ်ဖို့အတွက် ရာခိုင်နှုန်းကို ပိုများစေပါတယ်။


• ခေါင်းလျှော်ပြီးတိုင်းမှာ Leave-in Conditioner ကိုသုံးပေးပါ။ ဆံပင်ရှုပ်တာသက်သာစေမှာဖြစ်သလို ဆံသားကျိုးကြေပျက်စီးခြင်းမဖြစ်အောင် ကာကွယ်ပေးပါလိမ့်မယ်။
• ဒိန်ချဥ် နှင့် ပျားရည်တို့လို ပါဝင်ပစ္စည်းများနှင့် ပြုလုပ်ထားတဲ့ သဘာဝအိမ်လုပ် Hair Mask တို့ကို ရက်သတ္တပတ်အနည်းငယ်ခြားတိုင်း အသုံးပြုပေးပါ။


• အပြင်ထွက်တော့မယ်ဆိုရင် နေရောင်ခြည်၊ လေ၊ ဖုန်၊ အညစ်အကြေးတို့မှ ဆံသားကို ကာကွယ်နိုင်ရန်အတွက် ပုဝါ သို့မဟုတ် ဦးထုပ်ကိုအသုံးပြုပါ။
• နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ ခေါင်းမလျှော်ခင် တစ်နာရီအလိုမှ သဘာဝအဆီတစ်မျိုးမျိုးကိုလူးပေးပြီး ဆံသားကိုနှပ်ထားလိုက်ပါ။ ပြီးမှခေါင်းလျှော်ပေးပါ။

အခုဖော်ပြပေးခဲ့တဲ့ နည်းလမ်းလေးတွေဟာဆိုရင် လိုက်လုပ်ရတာလွယ်ကူပြီးတော့ ဆံသားအတွက်အထောက်အကူဖြစ်စေတဲ့ အချက်တွေဖြစ်တာကြောင့် သေချာမှတ်သားထားပြီး လိုက်လုပ်ကြည့်ပါလို့ တိုက်တွန်းလိုက်ရပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref-stylecraze

Zawgyi Font

မၾကာမၾကာ ႀကဳံေတြ႕ရတဲ့ ဆံပင္ရႈပ္ေထြးျခင္းျပႆနာအတြက္ ေျဖရွင္းနည္းမ်ား

ငယ္စဥ္ကတည္းကၾကည့္လာရတဲ့ တီဗြီေၾကာ္ျငာေတြမွာေတာ့ ေခါင္းေလွ်ာ္ရည္ေၾကာျငာၿပီဆိုရင္ မင္းသမီးေတြရဲ႕ ဆံပင္ေလးေတြက ေပ်ာ့ေပ်ာင္းၿပီးေတာ့ ေလအတိုက္မွာ ဝဲလြင့္ေနတာကိုပဲ အၿမဲျမင္ေတြ႕ရမွာပါ။ လက္ေတြ႕ကိုယ့္ဆံပင္လည္း ဒီလိုလားဆိုေတာ့ မဟုတ္ပါဘူး။ ညအိပ္ၿပီး မနက္မိုးလင္းခ်ိန္ သို႔မဟုတ္ ေခါင္းေလွ်ာ္ၿပီးခ်ိန္ေတြမွာဆိုရင္ ဆံပင္ေတြက တစ္ပင္နဲ႔တစ္ပင္ညႇိၿပီးေတာ့ အၿမဲျပန္ရွင္းေနရတာကို မိန္းကေလးအမ်ားစုႀကဳံဖူးၾကမွာပါ။

ရွင္းရတာ စိတ္မရွည္တဲ့ ပ်ိဳေမမ်ားက်ေတာ့လည္း ဆံပင္ကိုဘီးႀကဲေတြနဲ႔ အတင္းၿဖီးခ်တတ္ေလ့ရွိၾကပါတယ္။ ဒီလိုလုပ္တာဟာ ဆံပင္ကို ပိုမိုပ်က္စီးေစၿပီး ဘယ္လိုမွၾကည့္လို႔မေကာင္းေအာင္ျဖစ္ေစတာေၾကာင့္ ဘယ္လိုနည္းလမ္းေတြနဲ႔ ေျဖရွင္းရမလဲဆိုတာကို အခုပဲေဖာ္ျပေပးခ်င္ပါတယ္။

• ဆံပင္ရႈပ္ေနၿပီဆိုပါက ဘီးနဲ႔အရင္ၿဖီးမခ်ခင္မွာ လက္ေခ်ာင္းေလးေတြကိုသုံးၿပီး အရင္ခြဲေပးပါ။ ရႈပ္ေထြးေနတဲ့ ဆံပင္အထုံးပမာဏကို ေတာ္ေတာ္မ်ားမ်ား ေလ်ာ့သြားေစၿပီး ဘီးနဲ႔ၿဖီးတဲ့ခါ နာက်င္တဲ့ဒဏ္ကို သက္သာေစမွာျဖစ္ပါတယ္။
• ဆံပင္မရွင္းခင္ ခြဲေၾကာင္းကိုေသခ်ာျပန္ျပင္ပါ။ မဟုတ္ပါက တစ္ေခါင္းလုံးရဲ႕ဆံပင္ေတြစုၿပီးေတာ့ ပိုရႈပ္သြားႏိုင္ပါတယ္။
• အဖ်ားႏွစ္ခြျဖစ္ျခင္းေတြကို သက္သာေစဖို႔အတြက္ သုံးလတစ္ခါ ဆံပင္အဖ်ားတိေပးပါ။
• ဆံပင္ေရစိုေနခ်ိန္မွာ ဘီးၿဖီးျခင္းက ဆံပင္ကြၽတ္ေစတာေၾကာင့္ ဆံပင္ထုံးေနပါက ဘီးအစား လက္ေခ်ာင္းေလးေတြကိုသုံးကာ ရွင္းေပးလိုက္ပါ။
• တတ္ႏိုင္သမွ် ဆံပင္အတြက္ အပူအလွျပင္ပစၥည္းမ်ားကို မသုံးပါနဲ႔။ အပူအသုံးမ်ားတာက ဆံပင္ရႈပ္ဖို႔အတြက္ ရာခိုင္ႏႈန္းကို ပိုမ်ားေစပါတယ္။
• ေခါင္းေလွ်ာ္ၿပီးတိုင္းမွာ Leave-in Conditioner ကိုသုံးေပးပါ။ ဆံပင္ရႈပ္တာသက္သာေစမွာျဖစ္သလို ဆံသားက်ိဳးေၾကပ်က္စီးျခင္းမျဖစ္ေအာင္ ကာကြယ္ေပးပါလိမ့္မယ္။
• ဒိန္ခ်ဥ္ ႏွင့္ ပ်ားရည္တို႔လို ပါဝင္ပစၥည္းမ်ားႏွင့္ ျပဳလုပ္ထားတဲ့ သဘာဝအိမ္လုပ္ Hair Mask တို႔ကို ရက္သတၱပတ္အနည္းငယ္ျခားတိုင္း အသုံးျပဳေပးပါ။
• အျပင္ထြက္ေတာ့မယ္ဆိုရင္ ေနေရာင္ျခည္၊ ေလ၊ ဖုန္၊ အညစ္အေၾကးတို႔မွ ဆံသားကို ကာကြယ္ႏိုင္ရန္အတြက္ ပုဝါ သို႔မဟုတ္ ဦးထုပ္ကိုအသုံးျပဳပါ။
• ေနာက္ဆုံးတစ္ခ်က္အေနနဲ႔ကေတာ့ ေခါင္းမေလွ်ာ္ခင္ တစ္နာရီအလိုမွ သဘာဝအဆီတစ္မ်ိဳးမ်ိဳးကိုလူးေပးၿပီး ဆံသားကိုႏွပ္ထားလိုက္ပါ။ ၿပီးမွေခါင္းေလွ်ာ္ေပးပါ။

အခုေဖာ္ျပေပးခဲ့တဲ့ နည္းလမ္းေလးေတြဟာဆိုရင္ လိုက္လုပ္ရတာလြယ္ကူၿပီးေတာ့ ဆံသားအတြက္အေထာက္အကူျဖစ္ေစတဲ့ အခ်က္ေတြျဖစ္တာေၾကာင့္ ေသခ်ာမွတ္သားထားၿပီး လိုက္လုပ္ၾကည့္ပါလို႔ တိုက္တြန္းလိုက္ရပါတယ္။

#Lifestyle_Myanmar

#Thinzar

Ref-stylecraze

LEAVE A REPLY

Please enter your comment!
Please enter your name here