မကြာခဏဆိုသလို ‌ခေါင်းကိုက်တတ်သူများအတွက် သက်သာစေမယ့် နည်းလမ်းကောင်းများ

0
60

ခေါင်းကိုက်တဲ့ဝေဒနာက စိုးရိမ်စရာတော့မဟုတ်ဘူးဆိုပေမယ့်လည်း ဒီလိုမျိုးခံစားနေရတဲ့အချိန်မှာတော့ ဘာမှလုပ်ချင်စိတ်မရှိအောင်ကို ခံစားရတဲ့ဝေဒနာမျိုးပါ။ ခေါင်းကိုက်တဲ့ဝေဒနာက ကွန်ပျူတာအကြည့်များတဲ့သူတွေ၊ စိတ်ညစ်စရာတွေ စိတ်ဖိစီးစရာတွေများတဲ့သူတွေ၊ အာရုံကြောအားနည်းတဲ့သူတွေ တော်တော်များများ မကြာခဏဆိုသလိုခံစားရတာပဲဖြစ်ပါတယ်။

-Advertisement-

ဘာကြောင့်ပဲ ခေါင်းကိုက်နေပါစေ အချိန်တိုအတွင်းမှာ သက်သာသွားအောင်လုပ်နိုင်မှ အဆင်ပြေပြေနဲ့လုပ်စရာရှိတာကို ဆက်လုပ်လို့ရမှာဆိုတော့ ဒါတွေကိုသိထားဖို့လိုမယ်နော်။

ရေများများသောက်ပေးလိုက်ပါ။ ခေါင်းကိုက်တယ်ဆိုတာ ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်နေတာကြောင့်လည်း ဖြစ်နိုင်တာဆိုတော့ ရေများများသောက်ပေးပြီး ခဏလောက်နားနေလိုက်ပါနော်။

အနည်းငယ်လောက်နှိပ်ပေးဖို့လိုပါတယ်။ တခြားသူကိုနှိပ်ခိုင်းတာထက် ခေါင်းကိုက်နေတဲ့နေရာနားကို လက်ချောင်းထိပ်လေးတွေနဲ့ ဖွဖွလေးဖိပြီးနှိပ်ပေးတာက ခေါင်းကိုက်တာကိုအချိန်တိုအတွင်း သက်သာစေမှာပဲဖြစ်ပါတယ်။

အသက်ပြင်းပြင်းရှုပြီး ပြန်ထုတ်ပေးလိုက်ပါ။ စိတ်ဖိစီးမှုတွေများလွန်းပြီး ခေါင်းကိုက်ရတာဆိုရင်လည်း စိတ်ဖိစီးမှုတွေလည်းလျော့နည်းပြီး ခေါင်းကိုက်တာကိုသက်သာစေဖို့ နည်းလမ်းကောင်းလေးတစ်ခုကတော့ အသက်ကိုပြင်းပြင်းရှုထုတ်ပြီး ရှုသွင်းတဲ့လေ့ကျင့်ခန်းလေးကို ၅ မိနစ်လောက်လုံးပေးလိုက်လို့ရပါတယ်။

ကော်ဖီတစ်ခွက်သောက်ပေးဖို့ စီစဉ်ကြည့်ပါ။ ခေါင်းကိုက်တယ်ဆိုတာ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ သွေးကြောတွေကျယ်လာတာကြောင့်လည်း ဖြစ်နိုင်တာကြောင့် ကော်ဖီတစ်ခွက်သောက်လိုက်မယ်ဆိုရင် သွေးကြောတွေကိုပုံမှန်ပြန်ဖြစ်သွားစေပြီး ခေါင်းကိုလည်းကြည်လင်လာစေမှာပါ။

#Lifestyle_Myanmar

#Thinzar

Ref- medicalnewstoday

LEAVE A REPLY

Please enter your comment!
Please enter your name here