မကျက်တဲ့ဟော့ပေါ့စားမိလို့ဦးနောက်ထဲတုတ်ပြားကောင်တွယ်ခံခဲ့ရသူ

0
246

သတင်းတွေမှာ သူ့နာမည်ကိုအတိုကောက်Zhu လို့သိကြတဲ့ အသက်၄၆နှစ် အရွယ် တရုတ်လူမျိုး ဆောက်လုပ်ရေးလုပ်သားတစ်ဦးဟာ မကျက်သေးတဲ့ အသားတွေကို စားသုံးခဲ့တာ ကြောင့် တုတ်ပြားကောင်တွေတွေဦးနှောက်ထဲ ရောက်ရှိတာကို ခံခဲ့ရပါတယ်။ သူ့ကိုကုသပေးနေတဲ့ဆရာ၀န်က ခုလိုပြောကြားခဲ့တာလို့ CNNသတင်းအရ သိရပြီး ပြီးခဲ့တဲ့လက Zhu ဟာ ၀က်သားနဲ့သိုးသားကို ခပ်စပ်စပ် ဟော့ပေါ့တစ်ပွဲမှာ ထည့်ချက်ရာမှခုလိုစဖြစ်ခဲ့တာပါ။

-Advertisement-

Zhejiang တက္ကသိုလ်မှာဖွင့်ထားတဲ့ဆေးရုံ ရဲ့ အသေးစိတ်အစီရင်ခံစာအရ နောက်ရက်နည်းနည်းကြာတဲ့ အချိန်မှာ သူဟာ မူး၀ေခြင်းကို စတင်ခံစားလာရပြီး နေ့တိုင်းနီးပါး ခေါင်းကိုက်တာကိုခံစားလာရတယ်လို့ဆိုပါတယ်။ အဲ့ဒီနောက် ညဘက် သူအိပ်ပျော်နေတဲ့ အချိန်တွေမှာZhuဟာ ဝက်ရူးပြန်ရောဂါနှင့်ဆင်တူတဲ့ အတက်ရောဂါလို ရောဂါလာက္ခဏာတွေကိုလည်းခံစားလာခဲ့ရပါတယ်။


အဲ့ဒီနောက် အလုပ်အတွင်း ဒီလိုအဖြစ်အပျက်ကိုခံစားခဲ့ရတဲ့အတွက် သူ့အလုပ်ဖော်များက သူ့ကိုအနီးအနားမှာရှိတဲ့ ဆေးရုံကို ပို့ပေးခဲ့ရပြီးသူ့ကို CT စကန်ရိုက်လိုက်တဲ့ အခါမှာတော့ သူ့ ဦးခေါင်းခွံထဲမှာ “intracranial calcifications” ကို တွေ့ရှိခဲ့ရပါတယ်။ ဒီလိုတွေ့ခဲ့ပေမယ့် Zhuဟာ ငွေကုန်ကြေးကျမများချင်တာကြောင့် သူဟာ နောက်ထပ် စစ်ဆေးစမ်းသပ်မှုတွေ မလုပ်တော့ပဲ သူ့အိမ်ကိုပဲ ပြန်လာခဲ့ပါတယ်။

ဒါပေမယ့် သူရဲ့ အတက်ရောဂါလို ရောဂါလက္ခဏာတွေ ဟာ ပျောက်မသွားပဲပိုဆိုးလာတဲ့အတွက် ၀ေဒနာကို ကြာရှည် သည်းမခံနိင်တော့ပဲ နောက်ဆုံးမှာတော့ သူဟာ Zhejiang တက္ကသိုလ်ဆေးရုံကိုသွားခဲ့ရတာပါ။ အဲ့ဒီ ဆေးရုံက ဆရာဝန်တွေက MRI စစ်ဆေးမှုကိုပြုလုပ်ခဲ့တဲ့ အခါမှာတော့သူ ဦး နှောက်မှာ neurocysticercosis သို့မဟုတ် တုတ်ပြားကောင် tapeworms တွေရှိနေတယ် ဆိုတာတွေ့ရှိခဲ့ကြပါတယ်။


Neurocysticercosis ဆိုတာကပ်ပါးပိုးကူးစက်မှုအမျိုးအစားဖြစ်ပြီးလူနာတစ်ယောက်ဟာ tapeworm ဥတွေကိုစားလိုက်တဲ့အခါဖြစ်တတ်တာမျိုးပါ။ ဥတွေဟာ ပိုးလောင်းတွေ ဖြစ်လာပြီးအဲ့ဒီကမှတဆင့် ကြွက်သားတွေနဲ့ ဦး နှောက်တစ်သျှူးတွေကို သို့တွားသွား၀င်ရောက်ခဲ့တာပါ။ လူနာဖြစ်တဲ့ Zhuကို မေးမြန်းပြီးနောက် မှာတော့ သူဟာ မကြာသေးမီက ဟော့ပေါ့စားခဲ့တယ်ဆိုတာကို သိရှိခဲ့ရပြီး သူစားခဲ့တဲ့ ဟော့ပေါ့ ထဲမှာ ပါ၀င်တဲ့ ၀က်သားနဲ့ သိုးသားတွေဟာ tapeworm ပိုးကူးစက်ခံရနိုင်တယ်လို့ ဆရာဝန်ကြီးက ထင်မြင်ခဲ့ပါတယ်။


အသားတွေကို စနစ်တကျ ချက်ပြုတ်နိုင်ခြင်းမရှိတဲ့ အတွက် ပိုးလောင်းတွေကို အသက်ရှင်ခွင့်ပေးလိုက်သလို ဖြစ်ပြီး သူတို့တွေဟာ Zhu ရဲ့ အစာခြေကြောင်းကတစ်ဆင့် ဦးနောက်ထဲထိရောက်ရှိခဲ့တယ်လို့ ဆရာ၀န်ကြီးက သုံးသပ်ခဲ့ပါတယ်။

“ကျွန်တော်အသားတွေကို နဲနဲပဲ ပြုတ်ခဲ့တယ်”လို့ Zhu က အစီရင်ခံစာမှာ၀န်ခံထားပြီး အိုးရဲ့အောက်ခြေမှာ ဟင်းရည်တွေဟာနီနေတဲ့အတွက်အသားတွေဟာ ကျက်လားမကျက်လားဆိုတာ ခင်ဗျားတို့လည်းမြင်နိုင်ကြမှာ မဟုတ်ပါဘူးဗျာလို့လည်းသူက ဆက်လက် ပြောခဲ့ပါသေးတယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့ ဆရာ၀န်ဟာ တုတ်ပြားကောင် တွေကို ဖယ်ရှားပေးခဲ့ပြီး သူ့ဦးနောက်ထဲက ဖိအားတွေ သက်သာသွားသလို သူဟာထူထူထောင်ထောင်ပြန်ဖြစ်လာခဲ့ပါတော့တယ်။

Mg_Htet

Lifestyle_Myanmar

Ref-nextshark

LEAVE A REPLY

Please enter your comment!
Please enter your name here