ဘောလုံးကွင်း ၂၅ကွင်းစာ အရွယ်အစား skylight အမိုး ပါရှိတဲ့ ပေကျင်းမြို့ရဲ့ ကမ္ဘာအကြီးဆုံး လေဆိပ်သစ်

0
44

တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ကမ္ဘာ့အကြီးမားဆုံး လေဆိပ်ကို တည်ဆောက်ခဲ့ပြီး စက်တင်ဘာ ၃၀မှာ ဖွင့်လှစ်မှာဖြစ်ကြောင်း သိရပါတယ်။ Daxing အမည်ပေးထားတဲ့ ဒီဒုတိယလေဆိပ်ကို အများစုက ချစ်စနိုးဖြင့် ကြယ်ငါးလေဆိပ်လို့ ခေါ်ကြပါတယ်။

၎င်းကို အထူးသဖြင့် တရုတ်မြို့တော်မှာ လေကြောင်းအသွားအလာ တိုးပွားလာတာကြောင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၅ခုနှစ်တွင် ခရီးသည် ၇၂သန်းလောက် လက်ခံနိုင်ဖို့ မျှော်လင့်ထားပါတယ်။

လေဆိပ်သစ်ဟာ ပေကျင်း မြို့လယ်၏ တောင်ဘက် ၄၆ကီလိုမီတာခန့်မှာ တည်ရှိပါတယ်။ အနာဂတ်မှာ ပြေးလမ်း ၈လမ်းအထိတိုးမြှင့်ကာ တစ်နှစ်ကို ခရီးသည် သန်း ၁၀၀လောက် လက်ခံနိုင်အောင် တိုးချဲ့သွားဖို့ စီစဉ်နေပါတယ်။ ပင်မ လေဆိပ်အဆောက်အဦးကို ဖောင်ဒေးရှင်းချပြီးနောက် ၄နှစ်အကြာ( ဇွန်လ ၁၃ရက်နေ့)မှာ အပြီးသတ်ခဲ့ပါတယ်။

လေဆိပ်အဆောက်အဦး ဟာ ၄လွှာရှိပြီး အထူးသဖြင့် ခရီးသွားတွေရဲ့ အဝင်နှင့် အထွက်ကို ခွဲခြားဖို့ ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်။ လေဆိပ်ဧရိယာမှာ ကော်ဖီဆိုင်တွေကဲ့သို့ ကြီးမားတဲ့ luxury စျေးဝယ်ဧရိယာတစ်ခုလည်း ပါဝင်ပါတယ်။

တိတ်ဆိတ်တဲ့ နေရာမှာ နေချင်တဲ့ ခရီးသည်တွေအတွက် ခန်းမတစ်ခုစီရဲ့ အဆုံးမှာ တရုတ်ရိုးရာပန်းခြံ ငါးခု ရှိပါတယ်။ ၎င်းလေဆိပ်ဟာ ဘောလုံးကွင်း ၁၀၀ အရွယ်အစားခန့် ကျယ်ဝန်းခန့် ကျယ်ဝန်းပါတယ်။

လေဆိပ်အဆောက်အဦး ဗိသုကာကို တရုတ်ရိုးရာ ဗိသုကာအခြေခံမူများနှင့်အတူ လိုင်းတွေနဲ့ တည်ဆောက်ထားပါတယ်။ လေဆိပ်အဆောက်အဦးဒီဇိုင်းကို လေယာဉ်ကနေ လေဆိပ်အဆောက်အဦးသို့ ခရီးသည်တွေ လမ်းလျှောက်သွားလို့ရမည့် အကွာအဝေး ပြုလုပ်ထားတာဖြစ်ပါတယ်။

Lifestyle_Myanmar

LM_Nandar

ZawGyi

ေဘာလုံးကြင္း ၂၅ကြင္းစာ အ႐ြယ္အစား skylight အမိုး ပါရွိတဲ့ ေပက်င္းၿမိဳ႕ရဲ႕ ကမာၻအႀကီးဆုံး ေလဆိပ္သစ္
တ႐ုတ္ႏိုင္ငံ ေပက်င္းၿမိဳ႕မွာ ကမာၻ႔အႀကီးမားဆုံး ေလဆိပ္ကို တည္ေဆာက္ခဲ့ၿပီး စက္တင္ဘာ ၃၀မွာ ဖြင့္လွစ္မွာျဖစ္ေၾကာင္း သိရပါတယ္။ Daxing အမည္ေပးထားတဲ့ ဒီဒုတိယေလဆိပ္ကို အမ်ားစုက ခ်စ္စႏိုးျဖင့္ ၾကယ္ငါးေလဆိပ္လို႔ ေခၚၾကပါတယ္။

၎ကို အထူးသျဖင့္ တ႐ုတ္ၿမိဳ႕ေတာ္မွာ ေလေၾကာင္းအသြားအလာ တိုးပြားလာတာေၾကာင့္ တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ၂၀၂၅ခုႏွစ္တြင္ ခရီးသည္ ၇၂သန္းေလာက္ လက္ခံႏိုင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။

ေလဆိပ္သစ္ဟာ ေပက်င္း ၿမိဳ႕လယ္၏ ေတာင္ဘက္ ၄၆ကီလိုမီတာခန္႔မွာ တည္ရွိပါတယ္။ အနာဂတ္မွာ ေျပးလမ္း ၈လမ္းအထိတိုးျမႇင့္ကာ တစ္ႏွစ္ကို ခရီးသည္ သန္း ၁၀၀ေလာက္ လက္ခံႏိုင္ေအာင္ တိုးခ်ဲ႕သြားဖို႔ စီစဥ္ေနပါတယ္။ ပင္မ ေလဆိပ္အေဆာက္အဦးကို ေဖာင္ေဒးရွင္းခ်ၿပီးေနာက္ ၄ႏွစ္အၾကာ( ဇြန္လ ၁၃ရက္ေန႔)မွာ အၿပီးသတ္ခဲ့ပါတယ္။

ေလဆိပ္အေဆာက္အဦး ဟာ ၄လႊာရွိၿပီး အထူးသျဖင့္ ခရီးသြားေတြရဲ႕ အဝင္ႏွင့္ အထြက္ကို ခြဲျခားဖို႔ ဒီဇိုင္းဆြဲထားတာျဖစ္ပါတယ္။ ေလဆိပ္ဧရိယာမွာ ေကာ္ဖီဆိုင္ေတြကဲ့သို႔ ႀကီးမားတဲ့ luxury ေစ်းဝယ္ဧရိယာတစ္ခုလည္း ပါဝင္ပါတယ္။

တိတ္ဆိတ္တဲ့ ေနရာမွာ ေနခ်င္တဲ့ ခရီးသည္ေတြအတြက္ ခန္းမတစ္ခုစီရဲ႕ အဆုံးမွာ တ႐ုတ္႐ိုးရာပန္းၿခံ ငါးခု ရွိပါတယ္။ ၎ေလဆိပ္ဟာ ေဘာလုံးကြင္း ၁၀၀ အ႐ြယ္အစားခန္႔ က်ယ္ဝန္းခန္႔ က်ယ္ဝန္းပါတယ္။ ေလဆိပ္အေဆာက္အဦး ဗိသုကာကို တ႐ုတ္႐ိုးရာ ဗိသုကာအေျခခံမူမ်ားႏွင့္အတူ လိုင္းေတြနဲ႔ တည္ေဆာက္ထားပါတယ္။ ေလဆိပ္အေဆာက္အဦးဒီဇိုင္းကို ေလယာဥ္ကေန ေလဆိပ္အေဆာက္အဦးသို႔ ခရီးသည္ေတြ လမ္းေလွ်ာက္သြားလို႔ရမည့္ အကြာအေဝး ျပဳလုပ္ထားတာျဖစ္ပါတယ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here