ဘေဘီလေးတွေကို အမြဲတမ်းပွေ့ဖက်ပေးခြင်းက သူတို့ရဲ့ DNA ကိုပိုကောင်းစေတယ်လို့ သိပ္ပံပညာရှင်များကဆို

0
110

မေမေတို့ရေ-ဘေဘီလေးတွေကို မကြာခဏပွေ့ဖက်ပေးခြင်းက မိဘနဲ့ သားသမီးကြားက သံယောဇဉ်ကို တိုးပွားစေသလို ကြည်နူးစရာကောင်းတဲ့ ခံစားမှုရစေတယ်ဆိုတာ မေမေတိုင်းသိကြပါတယ်နော်။ ရင်သွေးလေးတွေကို နွေးထွေးစွာ ပွေ့ဖက်ခြင်းက ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ကောင်းစေတယ်လို့ သိပ္ပံပညာမှာ ပြသထားပါတယ်။ ဒါ့အပြင် ပွေ့ဖက်ခြင်းက မေမေတို့ အသည်းကျော်လေးရဲ့ DNA ကိုပါ တိုးတတ်စေတယ်လို့ သုတေသနတချို့မှာ ဖော်ပြထားပါတယ်။

Development and Psychopathology ဂျာနယ်ထဲမှာ ဖော်ပြထားတဲ့ လေ့လာမှုတစ်ခုအရ ပွေ့ဖက်ခြင်းဟာ မော်လီကျူးအဆင့်တွေမှာ ရေရှည်တည်တံ့တဲ့ အပြုသဘောသက်ရောက်မှု ရှိပါတယ်။ အခြေခံအားဖြင့် ဘေဘီလေးကို ပွေ့ဖက်ခြင်းက သူတို့ရဲ့ မျိုးဗီဇကို အပြုသဘော သက်ရောက်မှု ရှိနိုင်ပါတယ်။

သုတေသီများက ကျန်းမာရေးကောင်းတဲ့ ၅ပတ်သား ကလေး ၉၄ယောက်ကို လေ့လာခဲ့ကြပါတယ်။ သူတို့က ကလေးတွေရဲ့ အစား၊ အအိပ်နှင့် ငိုကြွေးမှု ကဲ့သို့သော ကလေးတွေရဲ့ အချိန်ဇယားကို မှတ်တမ်းတင်ခဲ့ကြပါတယ်။ ပြုစုစောင့်ရှောက်မှုပေးနေစဉ်အတွင်း ကိုယ်ခန္ဓာထိတွေ့မှု ဘယ်လောက်များများ ရှိသလဲဆိုတာကို မိဘတွေကို မှတ်ထားဖို့ တောင်းဆိုခဲ့ပါသေးတယ်၊ လေးနှစ်ခွဲကြာပြီးနောက်မှာ သိပ္ပံပညာရှင်များက ကလေးတွေရဲ့ DNAကို စုဆောင်းခဲ့ကြပါတယ်။
မိဘတွေနဲ့ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုရရှိသူတွေနဲ့ နှိုင်းယှဉ်တဲ့အခါ ပွေ့ဖက်မှု နည်းပါးတဲ့ ကလေးတွေဟာ ဇီဝဖွံ့ဖြိုးတိုးတတ်မှုမှာ နောက်ကျကျန်ရစ်ခဲ့ကြတာကို သုတေသီများက တွေ့ရှိခဲ့ပါတယ်။ UBC ရဲ့ ဆေးဘက်ဆိုင်ရာ မျိုးဗီဇဌာနမှ ပါမောက္ခ မိုက်ကယ်ကိုဘာရဲ့ အဆိုအရ ကလေးဘဝအတွင်းမှာ ရုပ်ပိုင်းဆိုင်ရာ သံယောဇဉ်ချည်နှောင်မှု နည်းပါးတာဟာ မျိုးဗီဇရဲ့ ဇီဝအိုမင်းမှုကို နှေးကွေးစေနိုင်တယ်လို့ ဆိုပါတယ်။

သုတေသီများရဲ့ အဆိုအရ ရလဒ်တွေဟာ တသမတ်တည်းဖြစ်ကြောင်းနှင့် ပွေ့ဖက်ခံရမှုနည်းပါးတဲ့ ကလေးတွေနဲ့ မွေးကင်းစအရွယ်မှာ စိတ်ဖိစီးမှုပိုရှိတဲ့ ကလေးတွေဟာ အသက် ၄နှစ်ခွဲမှာ မျှော်မှန်းထားတာထက် ““epigenetic age” နိမ့်ကျခဲ့ကြောင်း ဖော်ပြထားပါတယ်။

ပွေ့ဖက်မှုက ကလေးကို ထက်မြက်စေဖို့ အံဖွယ်နည်းလမ်းတစ်ခုဖြစ်ကြောင်း ဒီလေ့လာမှုက ပြသခဲ့ပါတယ်။ ပွေ့ဖက်မှု ပိုခံရတဲ့ ကလေးဟာ ဦးနှောက်အကျိုးကျေးဇူးပိုရကြောင်း စစ်တမ်းတစ်ခုမှာ တွေ့ရှိခဲ့ပါတယ်၊၊ ဒီလေ့လာမှုမှာ လစေ့ကလေး ၁၂၅ယောက်နဲ့ လမစေ့တဲ့ မွေးကင်းစကလေးတွေကို လေ့လာခဲ့ကြပါတယ်။ ဆေးရုံဝန်ထမ်း သို့မဟုတ် မိဘတွေဆီကနေ ထိတွေ့မှု ပိုရရှိတဲ့ ကလေးဟာ သူတို့ရဲ့ ဦးနောက်တုံ့ပြန်မှုက ပိုပြီးအားကောင်းကြောင်း ကောက်ချက်ချခဲ့ကြပါတယ်။

သုတေသီများဟာ ရုပ်ပိုင်းဆိုင်ရာ သံယောဇဉ် ချည်နှောင်မှုနှင့် မွေးကင်းစကလေးပေါ်မှာ ၎င်းရဲ့ သက်ရောက်မှုကို နားလည်စေဖို့ နောက်ထပ် လေ့လာမှုတွေ လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။
DNA ပြုပြင်ပြောင်းလဲခြင်းက ကလေးသေးသေးလေးပေါ်မှာ ပွေ့ဖက်ခြင်းရဲ့ အကျိုးကျေးဇူးအတွက်သာ မဟုတ်ပါဘူး။ မွေးကင်းစကလေးနှင့် မိဘတွေအကြား ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုဟာအကျိုးကျေးဇူးတွေအများကြီးရှိကြောင်း သုတေသနက ပြသခဲ့ကြပါတယ်။

၁။ ပွေ့ဖက်ခြင်းက ဘေဘီလေးရဲ့ ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးပါတယ်။
၂၊ နို့တိုက်နေစဉ်အတွင်း ဘေဘီလေးတွေ့ကြုံရတဲ့ စိတ်ဖိစီးမှုများကို လျော့နည်းစေပါတယ်။
၃။ ပွေ့ဖက်ခြင်းက ကလေးတွေအတွက် အစွမ်းထက် အကိုက်အခဲပျောက်ဆေးဖြစ်တယ်လို့ လေ့လာမှုများမှာ ပြသထားပါတယ်။
၄။ ဘေဘီလေးတွေကို ပွေ့ဖက်ခြင်းက မေမေတို့ကို စိတ်တည်ငြိမ်စေကြောင်း ပြသထားပါတယ်။
၅။ ဖေဖေနဲ့ ဘေဘီလေးရဲ့ သံယောဇဉ်ကို တိုးမြှင့်ပေးပါတယ်။

Lifestyle_Myanmar

LM_Nandar

ZawGyi

ေဘဘီေလးေတြကို အၿမဲတမ္းေပြ႕ဖက္ေပးျခင္းက သူတို႔ရဲ႕ DNA ကိုပိုေကာင္းေစတယ္လို႔ သိပၸံပညာရွင္မ်ားကဆို
ေမေမတို႔ေရ-ေဘဘီေလးေတြကို မၾကာခဏေပြ႕ဖက္ေပးျခင္းက မိဘနဲ႔ သားသမီးၾကားက သံေယာဇဥ္ကို တိုးပြားေစသလို ၾကည္ႏူးစရာေကာင္းတဲ့ ခံစားမႈရေစတယ္ဆိုတာ ေမေမတိုင္းသိၾကပါတယ္ေနာ္။ ရင္ေသြးေလးေတြကို ေႏြးေထြးစြာ ေပြ႕ဖက္ျခင္းက ႐ုပ္ပိုင္းဆိုင္ရာႏွင့္ စိတ္ပိုင္းဆိုင္ရာ ဖြံ႕ၿဖိဳးမႈကို ေကာင္းေစတယ္လို႔ သိပၸံပညာမွာ ျပသထားပါတယ္။ ဒါ့အျပင္ ေပြ႕ဖက္ျခင္းက ေမေမတို႔ အသည္းေက်ာ္ေလးရဲ႕ DNA ကိုပါ တိုးတတ္ေစတယ္လို႔ သုေတသနတခ်ိဳ႕မွာ ေဖာ္ျပထားပါတယ္။

Development and Psychopathology ဂ်ာနယ္ထဲမွာ ေဖာ္ျပထားတဲ့ ေလ့လာမႈတစ္ခုအရ ေပြ႕ဖက္ျခင္းဟာ ေမာ္လီက်ဴးအဆင့္ေတြမွာ ေရရွည္တည္တံ့တဲ့ အျပဳသေဘာသက္ေရာက္မႈ ရွိပါတယ္။ အေျခခံအားျဖင့္ ေဘဘီေလးကို ေပြ႕ဖက္ျခင္းက သူတို႔ရဲ႕ မ်ိဳးဗီဇကို အျပဳသေဘာ သက္ေရာက္မႈ ရွိႏိုင္ပါတယ္။

သုေတသီမ်ားက က်န္းမာေရးေကာင္းတဲ့ ၅ပတ္သား ကေလး ၉၄ေယာက္ကို ေလ့လာခဲ့ၾကပါတယ္။ သူတို႔က ကေလးေတြရဲ႕ အစား၊ အအိပ္ႏွင့္ ငိုေႂကြးမႈ ကဲ့သို႔ေသာ ကေလးေတြရဲ႕ အခ်ိန္ဇယားကို မွတ္တမ္းတင္ခဲ့ၾကပါတယ္။ ျပဳစုေစာင့္ေရွာက္မႈေပးေနစဥ္အတြင္း ကိုယ္ခႏၶာထိေတြ႕မႈ ဘယ္ေလာက္မ်ားမ်ား ရွိသလဲဆိုတာကို မိဘေတြကို မွတ္ထားဖို႔ ေတာင္းဆိုခဲ့ပါေသးတယ္၊ ေလးႏွစ္ခြဲၾကာၿပီးေနာက္မွာ သိပၸံပညာရွင္မ်ားက ကေလးေတြရဲ႕ DNAကို စုေဆာင္းခဲ့ၾကပါတယ္။
မိဘေတြနဲ႔ ႐ုပ္ပိုင္းဆိုင္ရာထိေတြ႕မႈရရွိသူေတြနဲ႔ ႏႈိင္းယွဥ္တဲ့အခါ ေပြ႕ဖက္မႈ နည္းပါးတဲ့ ကေလးေတြဟာ ဇီဝဖြံ႕ၿဖိဳးတိုးတတ္မႈမွာ ေနာက္က်က်န္ရစ္ခဲ့ၾကတာကို သုေတသီမ်ားက ေတြ႕ရွိခဲ့ပါတယ္။ UBC ရဲ႕ ေဆးဘက္ဆိုင္ရာ မ်ိဳးဗီဇဌာနမွ ပါေမာကၡ မိုက္ကယ္ကိုဘာရဲ႕ အဆိုအရ ကေလးဘဝအတြင္းမွာ ႐ုပ္ပိုင္းဆိုင္ရာ သံေယာဇဥ္ခ်ည္ေႏွာင္မႈ နည္းပါးတာဟာ မ်ိဳးဗီဇရဲ႕ ဇီဝအိုမင္းမႈကို ေႏွးေကြးေစႏိုင္တယ္လို႔ ဆိုပါတယ္။

သုေတသီမ်ားရဲ႕ အဆိုအရ ရလဒ္ေတြဟာ တသမတ္တည္းျဖစ္ေၾကာင္းႏွင့္ ေပြ႕ဖက္ခံရမႈနည္းပါးတဲ့ ကေလးေတြနဲ႔ ေမြးကင္းစအ႐ြယ္မွာ စိတ္ဖိစီးမႈပိုရွိတဲ့ ကေလးေတြဟာ အသက္ ၄ႏွစ္ခြဲမွာ ေမွ်ာ္မွန္းထားတာထက္ ““epigenetic age” နိမ့္က်ခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။

ေပြ႕ဖက္မႈက ကေလးကို ထက္ျမက္ေစဖို႔ အံဖြယ္နည္းလမ္းတစ္ခုျဖစ္ေၾကာင္း ဒီေလ့လာမႈက ျပသခဲ့ပါတယ္။ ေပြ႕ဖက္မႈ ပိုခံရတဲ့ ကေလးဟာ ဦးေႏွာက္အက်ိဳးေက်းဇူးပိုရေၾကာင္း စစ္တမ္းတစ္ခုမွာ ေတြ႕ရွိခဲ့ပါတယ္၊၊ ဒီေလ့လာမႈမွာ လေစ့ကေလး ၁၂၅ေယာက္နဲ႔ လမေစ့တဲ့ ေမြးကင္းစကေလးေတြကို ေလ့လာခဲ့ၾကပါတယ္။ ေဆး႐ုံဝန္ထမ္း သို႔မဟုတ္ မိဘေတြဆီကေန ထိေတြ႕မႈ ပိုရရွိတဲ့ ကေလးဟာ သူတို႔ရဲ႕ ဦးေနာက္တုံ႔ျပန္မႈက ပိုၿပီးအားေကာင္းေၾကာင္း ေကာက္ခ်က္ခ်ခဲ့ၾကပါတယ္။

သုေတသီမ်ားဟာ ႐ုပ္ပိုင္းဆိုင္ရာ သံေယာဇဥ္ ခ်ည္ေႏွာင္မႈႏွင့္ ေမြးကင္းစကေလးေပၚမွာ ၎ရဲ႕ သက္ေရာက္မႈကို နားလည္ေစဖို႔ ေနာက္ထပ္ ေလ့လာမႈေတြ လုပ္ေဆာင္ေနၾကဆဲ ျဖစ္ပါတယ္။
DNA ျပဳျပင္ေျပာင္းလဲျခင္းက ကေလးေသးေသးေလးေပၚမွာ ေပြ႕ဖက္ျခင္းရဲ႕ အက်ိဳးေက်းဇူးအတြက္သာ မဟုတ္ပါဘူး။ ေမြးကင္းစကေလးႏွင့္ မိဘေတြအၾကား ႐ုပ္ပိုင္းဆိုင္ရာထိေတြ႕မႈဟာအက်ိဳးေက်းဇူးေတြအမ်ားႀကီးရွိေၾကာင္း သုေတသနက ျပသခဲ့ၾကပါတယ္။

၁။ ေပြ႕ဖက္ျခင္းက ေဘဘီေလးရဲ႕ ခႏၶာကိုယ္ အပူခ်ိန္ကို ထိန္းညႇိေပးပါတယ္။
၂၊ ႏို႔တိုက္ေနစဥ္အတြင္း ေဘဘီေလးေတြ႕ႀကဳံရတဲ့ စိတ္ဖိစီးမႈမ်ားကို ေလ်ာ့နည္းေစပါတယ္။
၃။ ေပြ႕ဖက္ျခင္းက ကေလးေတြအတြက္ အစြမ္းထက္ အကိုက္အခဲေပ်ာက္ေဆးျဖစ္တယ္လို႔ ေလ့လာမႈမ်ားမွာ ျပသထားပါတယ္။
၄။ ေဘဘီေလးေတြကို ေပြ႕ဖက္ျခင္းက ေမေမတို႔ကို စိတ္တည္ၿငိမ္ေစေၾကာင္း ျပသထားပါတယ္။
၅။ ေဖေဖနဲ႔ ေဘဘီေလးရဲ႕ သံေယာဇဥ္ကို တိုးျမႇင့္ေပးပါတယ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here