ဘေဘီလေးတွေကို ထမင်းရည်တိုက်ကျွေးခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

0
46

ထမင်းရည်မှာ အာဟာရဓါတ်တွေ၊ ကစီဓါတ်တွေ ကြွယ်ဝတာကြောင့် ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒီထမင်းရည်ကို ကလေးငယ်တွေကို တိုက်တဲ့အခါ ဘယ်လိုကောင်းကျိုးတွေ ရရှိမလဲ? ဘယ်အရွယ်မှာ တိုက်လို့ရမလဲ? ဆိုတာ မေမေတို့သိချင်ကြမယ်ထင်ပါတယ်။ ထမင်းရည် ငှဲချက်တဲ့အခါ ရလာတဲ့ ထမင်းရည်ကို သွန်မပစ်ဘဲ မေမေတို့ရဲ့ကလေးကို ၅လကျော် ၆လလောက်မှာ ဖြည့်စွက်စာအနေနဲ့ တိုက်ကျွေးလို့ရပါတယ်။

ပွက်ပွက်ဆူနေတဲ့ ထမင်းရည်မှာ ကစီဓါတ်တွေ အများကြီးပါဝင်ပါတယ်။ မိခင်အများစုက ကလေးကို ထမင်းကြိတ်ချေပြီး မကျွေးခင်မှာ ထမင်းရည်ကို တိုက်ကျွေးရတာ နှစ်သက်ကြပါတယ်။ မေမေတို့ရဲ ကလေးကို ထမင်းရည် မကျွေးခင်မှာ ကလေးအတွက် ထမင်းရည်က ဘာ့ကြောင့်ကောင်းသလဲဆိုတာ သိထားသင့်တာကြောင့် ဒီဆောင်းပါးလေးကို မျှဝေပေးလိုက်ပါတယ်နော်။

၁။ ဝမ်းလျှောခြင်းကို ကုသပေးပါတယ်

ထမင်းရည်ဟာ ဝမ်းလျှောခြင်းနှင့် အခြားအစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာများအတွက် ထိရောက်တဲ့ ကုသမှု ဖြစ်ပါတယ်။ ဗြိတိန်သုတေသီများရဲ့ သုတေသနစာတမ်းတစ်ခုမှာ ထမင်းရည်သောက်သုံးခြင်းက ကလေးတွေမှာ ဝမ်းလျှောတာကို ထိထိရောက်ရောက် လျှော့ချနိုင်ကြောင်း ကောက်ချက်ချခဲ့ပါတယ်။ ထမင်းရည်က အစာအိမ်ရောဂါအပျော့စားကိုလည်း ကုသပေးပါတယ်။ ထမင်းရည် ၁ခွက်ကိုယူပြီး ၁၅မိနစ်လောက် ရေ၃ခွက်နှင့် ကျိုပါ။ ၄နာရီခြားတစ်ခါ သို့မဟုတ် ရောဂါလက္ခဏာ လျော့သွားတဲ့အထိ ကလေးကို ထမင်းရည် ၄အောင်စခန့် တိုက်ပါ။

၂။ နှင်းခူ

ထမင်းရည်က ကလေးရဲ့နှင်းခူအနာကို ကုသရာမှာ ကူညီပေးနိုင်ပါတယ်။ ငယ်ရွယ်တဲ့ကလေးတွေမှာ အရေပြားရောင်ရမ်းမှုကနေ မကြာခဏ အဖြစ်များတာကတော့ နှင်းခူရောဂါပဲဖြစ်ပါတယ်။ ထမင်းရည် ၂ခွက်ကို ယူပြီး သင့်ကလေးချိုးမယ့်ရေထဲမှာ ရောပါ။ ထမင်းထဲမှာ ပါဝင်တဲ့ အဆီတွေက သင့်ကလေးရဲ့အသားအရည်ကို အစိုဓါတ်ရရှိစေပြီး နှင်းခူကွက်ကို ခြောက်သွေ့ ချောမွေ့စေပါတယ်။

၃။ အဖျား

ထမင်းရည်က သင့်ကလေးရဲ့အဖျားကို ကျစေနိုင်ပါတယ်။ နို့စို့အရွယ် သားသားမီးမီးတွေ ဖျားတဲ့အခါ ထမင်းရည် တိုက်ကျွေးနိုင်ပါတယ်။

၄။ စွမ်းအင်ကို ထောက်ပံ့ပေး

ထမင်းရည် ပုံမှန်သောက်သုံးခြင်းက သင့်ကလေးကို စွမ်းအားတွေ ချက်ချင်းပေးပါတယ်။ ထမင်းရည်မှာ တစ်နေ့တာလုံးလှုပ်ရှားပြီးနောက် ကလေးရဲ့စွမ်းအင်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတဲ့ ကာဗိုဟိုက်ဒရိတ်မြင့်မားစွာ ပါရှိပါတယ်။ ဒါ့အပြင် ထမင်းရည်ဟာ အလွယ်တကူ အစာကြေနိုင်စွမ်း ရှိပါတယ်။

သတိပြုရမှာက
ထမင်းရည် မတိုက်ကျွေးခင်မှာ ကလေးနဲ့ ဓါတ်တည့်မတည့်ကို ကလေးအထူးကု ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုပါတယ်။ ဆန်ဓါတ်မတည့်တဲ့အခါ ဖြစ်ပေါ်နိုင်တဲ့ လက္ခဏာအချို့ကတော့
ဗိုက်နာခြင်း
အဖုအပိမ့်ထွက်ခြင်း
အန်ခြင်း
အသက်ရှုမဝခြင်း
အသက်ရှုရခက်ခဲခြင်း
အားနည်းချက်တစ်ခုက ထမင်းရည်မှာ ကလေးဝမ်းလျှောနေစဉ်အတွင်း ဆုံးရှုံးသွားတဲ့ သတ္တုဓါတ်များအတွက် အစားထိုးဖြစ်စေမယ့် လုံလောက်တဲ့ သတ္တုဓါတ်တွေ၊ ပရိုတိန်းဓါတ်တွေ မပါဝင်ပါဘူး။ ထမင်းရည်မှာ အရေးပါတဲ့ သတ္တုဓါတ်အများစုဖြစ်တဲ့ ဆိုဒီယမ်နှင့် ပိုတတ်စီယမ်ကင်းမဲ့တာကြောင့်လည်း ဖြစ်ပါတယ်။ ဘေဘီလေးဟာ ဝမ်းလျှောတာ ခံစားနေရလျှင် သူ့ခန္ဓာကိုယ်အလေးချိန် ၁၀%ခန့် ဆုံးရှုံးပါတယ်။ ပြင်းထန်တဲ့ရေဓါတ် ခန်းခြောက်မှုကို တွေ့ကြုံခံစားရနိုင်ပါတယ်။ ဆရာဝန်ဆီကို ချက်ချင်းသွားရပါမယ်။

ထမင်းရည်ဟာ လုံလောက်တဲ့ အာဟာရဓါတ်တွေ မပါဝင်တာကြောင့် မိခင်နို့ ဒါမှမဟုတ် ဖော်မြူလာနို့မှုန့် နေရာမှာ ထမင်းရည်ကို အစားမထိုးသင့်ပါဘူး။ ကျွေးချင်တယ်ဆိုရင်တော့ မိခင်နို့ သို့မဟုတ် ဖော်မြူလာနို့နှင့် ထမင်းရည်ကို ရောပြီး ကျွေးလို့ရပါတယ်။

ကောက်နုတ်ချက်အနေနဲ့ မေမေတို့ကလေးရဲ့ ဖြည့်စွက်စာထဲမှာ ထမင်းရည်ကို စိတ်ချစွာ မိတ်ဆက်ပေးနိုင်ပေမယ့် ကလေးအထူးကုနဲ့ အရင်ဆုံးတိုင်ပင်ပါ။ ထမင်းရည်က အာဟာရဖြစ်တယ်ဆိုပြီး မိခင်နို့၊ ဖော်မြူလာနို့နေရာမှာ အစားမထိုးသင့်ပါဘူးနော်။ ယခု ဘေဘီလေးတွေအတွက် ထမင်းရည်ရဲ့ကောင်းကျိုးကို သိပြီဖြစ်တာကြောင့် ဒီPost လေးကို သူငယ်ချင်းမေမေတို့ကို မျှဝေပေးလိုက်ပါနော်။

#Lifestyle_Myanmar

#LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here