Home News ဘိလပ်မြေထမ်းပြီး တက္ကသိုလ် ဆက်တက်ရတဲ့ တရုတ်နိုင်ငံက မိန်းကလေး

ဘိလပ်မြေထမ်းပြီး တက္ကသိုလ် ဆက်တက်ရတဲ့ တရုတ်နိုင်ငံက မိန်းကလေး

0
200
တရုတ်နိုင်ငံက မိန်းကလေး
တရုတ်နိုင်ငံက မိန်းကလေး

မိသားစု စားဖို့နေရေးအတွက် ဘဝကိုရုန်းကန်နေရတဲ့အချိန်မှာ အချို့အလုပ်သမားတွေကို အလုပ်ရှင်က ကိုယ့်အပေါ်ခေါင်းပုံဖြတ် လက်ဝါးကြီးအုပ်လေ့ရှိပါတယ်။ ပုံမှန်ဝင်ငွေလေးနဲ့ အလုပ်မရမှာ ကြောက်တဲ့အတွက် ကိုယ့်အပေါ် အနိုင်ကျင့်ခြယ်လှယ်နေတာကို သိသိကြီး ခေါင်းငုံ့ခံနေရတဲ့ အလုပ်သမားတွေ ကမ္ဘာပေါ်မှာ အနည်းနဲ့အများရှိနေပါသေးတယ်။ ဒီအထဲမှာတော့ အခုတရုတ်က ဘိလပ်မြေထမ်းတဲ့ အမျိုးသမီးလေးလည်း အပါအဝင်ပါပဲ။

သူဟာ ယောကျ်ားလေးတွနဲ့ တန်းတူး ဘိလပ်မြေထမ်းတဲ့အလုပ်ကို လုပ်ကိုင်နေတဲ့ ငယ်ရွယ်လှပတဲ့ မိန်းကလေးတစ်ဦးပဲဖြစ်ပါတယ်။ ပုံစံအနေအထားက သာမန်မိန်းကလေးတွေလို နူညံ့မယ်ထင်ထားပေမဲ့ သူမဟာ သန်မာပြီး ဇွဲရှိတဲ့ မိန်းကလေးတစ်ယောက်ပါ။

မိသားစုကို ထောက်ပံ့နေရသူဖြစ်တာကြောင့် မရှိ ရှိတဲ့ ဒီဘိလပ်မြေထမ်းတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့ရပါတယ်။ သူမရဲ့ မိဘတွေက အသက် ၄၀ကျော်မှ သူမကို မွေးဖွားခဲ့တာဖြစ်ပြီး သူမအရွယ်ရောက်လာတဲ့အခါမှာတော့ မိဘတွေက အသက်အရွယ်ကြီးလာခဲ့ပါပြီး။ ဒါ့ကြောင့် သူမရဲ့ မိဘနှစ်ပါးစလုံး ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ပါဘူး။

အဲ့ဒီအခါ သူမအတွက် မိဘတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ဘိလပ်မြေစက်ရုံမှာ အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူမမှာ ဒီအလုပ်တစ်ဖက်နဲ့ တက္ကသိုလ်ဆက်တက်ခဲ့ရတာဖြစ်ပါတယ်။ ဒီအလုပ်ကရတဲ့ ပိုက်ဆံဟာ သူမကျောင်းတက်တဲ့အခါ အသုံးပြုဖို့ အသုံးစရိတ်နဲ့ မိဘတွေ နာမကျန်းဖြစ်တဲ့အခါ ထောက်ပံ့ဖို့ရယ်အတွက် ဖြစ်ပါတယ်။

သာမန်မိန်းကလေးတစ်ယောက် မလုပ်နိုင်တဲ့ အလုပ်မျိုးကို သူမလုပ်ခဲ့ပြီး သူမပုံကို ကြည့်ရင်တော့ အမြဲ ဘိလပ်မြေမှုန့်တွေ ပေပွနေတာကို တွေ့ရမှာြဖစ်ပါတယ်။ သူမနဲ့ တန်တူရွယ်တူ မိန်းကလေးတွေကို တွေ့တဲ့အခါ သူမအဖြစ်ကို သူမကြည့်ပြီး မျက်ရည်ကျဖူးတဲ့အချိန်တွေလည်း ရှိခဲ့ပါတယ်။ သူမဘွဲ့ရပြီးတဲ့အခါမှာတော့ ဝင်ငွေကောင်းတဲ့ အလုပ်လေးနဲ့ သူမရဲ့ မိသားစုဘဝလေးကို တိုးတက်ဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။

#Lifestyle_Myanmar

#Thar_Nage

အိပ်ချင်နေတဲ့ တက္ကစီဒရိုင်ဘာအဘကို ပေးအိပ်ပြီး သူကိုယ်တိုင် ကားမောင်ပေးတဲ့ ခရီးသည်မလေး

Zawgyi fonts

ဘိလပ္ေျမထမ္းၿပီး တကၠသိုလ္ ဆက္တက္ရတဲ့ တ႐ုတ္နိုင္ငံက မိန္းကေလး
မိသားစု စားဖို႔ေနေရးအတြက္ ဘဝကို႐ုန္းကန္ေနရတဲ့အခ်ိန္မွာ အခ်ိဳ႕အလုပ္သမားေတြကို အလုပ္ရွင္က ကိုယ့္အေပၚေခါင္းပုံျဖတ္ လက္ဝါးႀကီးအုပ္ေလ့ရွိပါတယ္။ ပုံမွန္ဝင္ေငြေလးနဲ႔ အလုပ္မရမွာ ေၾကာက္တဲ့အတြက္ ကိုယ့္အေပၚ အနိုင္က်င့္ျခယ္လွယ္ေနတာကို သိသိႀကီး ေခါင္းငုံ႔ခံေနရတဲ့ အလုပ္သမားေတြ ကမၻာေပၚမွာ အနည္းနဲ႔အမ်ားရွိေနပါေသးတယ္။ ဒီအထဲမွာေတာ့ အခုတ႐ုတ္က ဘိလပ္ေျမထမ္းတဲ့ အမ်ိဳးသမီးေလးလည္း အပါအဝင္ပါပဲ။

သူဟာ ေယာက်္ားေလးတြနဲ႔ တန္းတူး ဘိလပ္ေျမထမ္းတဲ့အလုပ္ကို လုပ္ကိုင္ေနတဲ့ ငယ္ရြယ္လွပတဲ့ မိန္းကေလးတစ္ဦးပဲျဖစ္ပါတယ္။ ပုံစံအေနအထားက သာမန္မိန္းကေလးေတြလို ႏူညံ့မယ္ထင္ထားေပမဲ့ သူမဟာ သန္မာၿပီး ဇြဲရွိတဲ့ မိန္းကေလးတစ္ေယာက္ပါ။

မိသားစုကို ေထာက္ပံ့ေနရသူျဖစ္တာေၾကာင့္ မရွိ ရွိတဲ့ ဒီဘိလပ္ေျမထမ္းတဲ့ အလုပ္ကို လုပ္ကိုင္ခဲ့ရပါတယ္။ သူမရဲ့ မိဘေတြက အသက္ ၄၀ေက်ာ္မွ သူမကို ေမြးဖြားခဲ့တာျဖစ္ၿပီး သူမအရြယ္ေရာက္လာတဲ့အခါမွာေတာ့ မိဘေတြက အသက္အရြယ္ႀကီးလာခဲ့ပါၿပီး။ ဒါ့ေၾကာင့္ သူမရဲ့ မိဘႏွစ္ပါးစလုံး ေကာင္းေကာင္း အလုပ္မလုပ္နိုင္ေတာ့ပါဘူး။

အဲ့ဒီအခါ သူမအတြက္ မိဘေတြ ဝန္ထုပ္ဝန္ပိုးမျဖစ္ေအာင္ ဘိလပ္ေျမစက္႐ုံမွာ အလုပ္လုပ္ဖို႔ ဆုံးျဖတ္ခဲ့တာပါ။ သူမမွာ ဒီအလုပ္တစ္ဖက္နဲ႔ တကၠသိုလ္ဆက္တက္ခဲ့ရတာျဖစ္ပါတယ္။ ဒီအလုပ္ကရတဲ့ ပိုက္ဆံဟာ သူမေက်ာင္းတက္တဲ့အခါ အသုံးျပဳဖို႔ အသုံးစရိတ္နဲ႔ မိဘေတြ နာမက်န္းျဖစ္တဲ့အခါ ေထာက္ပံ့ဖို႔ရယ္အတြက္ ျဖစ္ပါတယ္။

သာမန္မိန္းကေလးတစ္ေယာက္ မလုပ္နိုင္တဲ့ အလုပ္မ်ိဳးကို သူမလုပ္ခဲ့ၿပီး သူမပုံကို ၾကည့္ရင္ေတာ့ အျမဲ ဘိလပ္ေျမမွုန္႔ေတြ ေပပြေနတာကို ေတြ႕ရမွာျဖစ္ပါတယ္။ သူမနဲ႔ တန္တူရြယ္တူ မိန္းကေလးေတြကို ေတြ႕တဲ့အခါ သူမအျဖစ္ကို သူမၾကည့္ၿပီး မ်က္ရည္က်ဖူးတဲ့အခ်ိန္ေတြလည္း ရွိခဲ့ပါတယ္။ သူမဘြဲ႕ရၿပီးတဲ့အခါမွာေတာ့ ဝင္ေငြေကာင္းတဲ့ အလုပ္ေလးနဲ႔ သူမရဲ့ မိသားစုဘဝေလးကို တိုးတက္ဖို႔ ဆႏၵရွိတယ္လို႔ ဆိုပါတယ္။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here