ဘာ့ကြောင့် ဒိတ်မလုပ်နိုင်သေးတာလဲ ဆိုတဲ့ ကြေကွဲဖွယ် အကြောင်းရင်းကို ဖော်ပြခဲ့တဲ့ မင်းသား Yoo Seung Ho
0
34
မင်းသား Yoo Seung Ho ဟာ ကလေးသရုပ်ဆောင်ဘဝကနေ တတ်လာတဲ့ မင်းသားတစ်ယောက်ဖြစ်ပြီး ပရိတ်သတ်တွေရဲ့ အချစ်များစွာကို ရရှိထားသူပါ။ သရုပ်ဆောင် Yoo Seung Ho ရဲ့အချစ်ရေးကို အင်တာဗျူးတစ်ခုက မေးမြန်းတဲ့အခါမှာ မင်းသားက သူ့မှာ ချစ်သူရည်းစားထားဖို့နဲ့ ချိန်းတွေဖို့ ဆန္ဒရှိကြောင်း ပြောပြခဲ့ပါတယ်။
ဘာ့ကြောင့် ချိန်းတွေ့နိုင်သေးတာလဲ ဆိုတာကို သူရှင်းပြတဲ့အခါမှာတော့ ပရိတ်သတ်တွေ ကြေကွဲခဲ့ရပါတယ်။ သရုပ်ဆောင်ဟာ သူကိုနှစ်သက်တဲ့ မိန်းကလေး မရှိသေးတာကြောင့် ဘယ်သူ့ကိုမှ ဒိတ်လုပ်ဦးမှာ မဟုတ်တဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။
“တကယ်တော့ ကျွန်တော် ဒိတ်လုပ်ချင်ပေမယ့် တွဲရမယ့် မိန်းကလေး မရှိသေးပါဘူး။ ဒါ့ကြောင့် ကျွန်တော် ဒိတ်မလုပ်နိုင်သေးတာပါ။ ကျွန်တော်မလိမ်ပါဘူး။ ဆိုးတာက ကျွန်တော့ကို ကြိုက်တဲ့ မိန်းကလေးမရှိသေးလို့ပါ” ဆိုပြီး ဖြေကြားသွားခဲ့ပါတယ်။
သူ့ကို ချစ်ခင်နှစ်သက်ကြတဲ့ အမျိုးသမီးဖန်အဖွဲ့ပဲ ရှိကြောင်းနဲ့ ဘယ်နေရာရောက်ရောက် သူ့ဖန်တွေက သူ့ကိုကာကွယ်ပေးဖို့ ချက်ချင်း ရောက်လာကြတယ်လို့ ပြောခဲ့ပါသေးတယ်။
တကယ်လို့ ရည်းစားရလာရင် အတူတူ လုပ်ချင်တဲ့ အရာလေးတွေ ရှိသလားလို့ မင်းသား ယူဆောင်းဟို ကိုမေးတဲ့အခါမှာ တကယ်တော့ “ကျွန်တော် ကောင်မလေးရလာရင် ကျွန်တော့ ကောင်မလေးနဲ့ ဘာလေးတွေ လုပ်ချင်သလဲလို့ ကျွန်တော် စဉ်းစားကြည့်ပေမယ့် ဘာမှ စဉ်းစားလို့မရဘူး။ တစ်ယောက်နဲ့ တစ်ယောက် စကားတွေပြောကြပြီး ပျော်စရာကောင်းတဲ့ တွေ့ဆုံမှုလေး ဖြစ်မှာပါ၊ အဲ့လိုပဲ ကျွန်တော်ထင်တယ်” လို့ မင်းသားယူဆောင်းဟိုက ရင်ဖွင့်ခဲ့ပါတယ်။
Lifestyle_Myanmar
LM_Nandar
ZawGyi
Lifestyle_Myanmar
LM_Nandar
LEAVE A REPLY
Please enter your comment!
Please enter your name here