၁၈ နဲ႔ ၂၅ ၾကား အရြယ္မွာ သြားနာတာ၊ သြားကိုက္တာေတြက ခဏဆိုသလိုျဖစ္တတ္ပါတယ္။ ဒီအရြယ္ဟာ အံသြားေပါက္တဲ့ အခ်ိန္ဆိုေတာ့ မၾကာခဏဆိုသလို သြားကိုက္တဲ့ ေဝဒနာကို ခံစားရတတ္ပါတယ္။ ဒါ့ေၾကာင့္ ဒီေဝဒနာေတြ ျဖစ္ေပၚတဲ့အခါ အေကာင္းဆုံးေျဖရွင္းႏိုင္မဲ့ လြယ္လြယ္ကူကူနည္းလမ္းေလးေတြ မွ်ေဝေပးလိုက္မယ္ေနာ္။
ေရေႏြးဆားငန္ေရ
ဆားဟာ သဘာဝပိုးသတ္ေဆးတစ္မ်ိဳးပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဆားနဲ႔ ေရေႏြးဟာ သင့္သြားအတြက္ အေကာင္းဆုံးေဆးေကာင္းတစ္လတ္ပါ။ သြား တစ္ဆစ္ဆစ္ကိုက္တဲ့အခါ ေရေႏြးေႏြးေလးထဲကို ဆားအနည္းငယ္ထည့္ၿပီး တစ္ေန႔ကို ၄-၅ ႀကိမ္ငုံၿပီး ပလုတ္က်င္းေပးပါ။ ဒီနည္းလမ္းဟာ သင့္အတြက္ ထိေရာက္တဲ့ သဘာဝနည္းလမ္းေလးတစ္ခုပဲျဖစ္ပါတယ္။
မုန္႔ဖုတ္ဆိုဒါ
အံဆုံးသြားေရာင္ျခင္း၊ ကိုက္ျခင္း၊ နာျခင္း ျဖစ္ေပၚတဲ့အခါ မုန္႔ဖုတ္ဆိုဒါက သင့္အတြက္ အေကာင္းဆုံးပဲျဖစ္ပါတယ္။ သြားတိုက္တဲ့အခါ သြားတိုက္ေဆးအစာ မုန္႔ဖုတ္ဆိုဒါကို သြားတိုက္တံမွာ ထည့္ၿပီး သင့္သြားကို ညင္ညင္သာသာ ပြတ္တိုက္ေပးပါ။ မိနစ္အနည္းငယ္အတြင္း နာက်င္မႈကို သက္သာေစပါတယ္။
ေရခဲကပ္ေပးျခင္း
ေရခဲဟာ ဘယ္လိုေရာင္ရမ္းျခင္းမဆို သက္သာေစပါတယ္။ ဒါ့ေၾကာင့္ သြားကိုက္ခဲၿပီး ေရာင္ရမ္ျခင္းျဖစ္တဲ့အခါ ေရခဲဗူးကို သင့္နာက်င္တဲ့ေနရာတစ္ဝိႈက္မွာ ၁၅ မိနစ္ခန္႔ေလာက္ ကပ္ေပးထားလုိက္ပါ။ တစ္ေန႔ကို အႀကိမ္းေပါင္းမ်ားစြာျပဳလုပ္ႏိုင္ၿပီး ေရာင္ရမ္းျခင္းနဲ႔ ကိုက္ခဲျခင္းကို အခ်ိန္တိုအတြက္ သက္သာေစပါတယ္။
ဗနီလာဆီ
အံသြားမ်ားနာက်င္ကိုက္ခဲမႈကို အျမန္ဆုံးသက္သာေစဖို႔အတြက္ ဗနီလာဆီကို အသုံးျပဳႏိုင္ပါတယ္။ ဝါဂြမ္းသန္႔သန္႔ေလးကို အနည္းငယ္ယူၿပီး ဗနီလာဆီ စြတ္ေပးပါ။ ၿပီးလွ်င္ သင့္နာက်င္ကိုက္ခဲမႈျဖစ္ေပၚတဲ့ သြားေနရာမွာ ထည့္ၿပီး ၁၅မိနစ္ေလာက္ ငုံထားေပးလိုက္ပါ။ တျဖည္းျဖည္းနဲ႔ နာက်င္ကိုက္ခဲမႈ ေလ်ာ့ခ်သြားပါလိမ့္မယ္။
လက္ဖက္ရည္အိတ္
လက္ဖက္ရည္အိတ္ဟာ အံသြားေၾကာင့္ျဖစ္ေပၚတဲ့ နာက်င္ကိုက္ခဲမႈအမ်ိဳးမ်ိဳးကို သက္သာေစပါတယ္။ ထိုလက္ဖက္မွာ ပါဝင္တဲ့ Tannic အက္ဆစ္ဟာ ေရာင္ရမ္းမႈကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သြားနာတဲ့အခါ အဆိုပါ လက္ဖက္ရည္ အိတ္ထဲမွ လက္ဖက္ကို ယူၿပီး သင္ကိုက္ခဲမႈခံစားရတဲ့ သြားေပၚမွာ တင္ၿပီး ငုံထားေပးလုိက္ပါ။
ေလးညႇင္းပြင့္/ ဆီ
ေလးညႇင္းဟာ မိ႐ုိးဖလာ အသုံးျပဳလာတဲ့ ေဆးနည္းေလးပဲျဖစ္ပါတယ္။ သြားကိုက္ခဲၿပီး ေရာင္ရမ္းတဲ့အခါ ေလးညႇင္းပြင့္ကို အနည္းငယ္ သြားျဖင့္ေခ်ၿပီး ကိုက္ခဲတဲ့သြားေပၚ အုံေပးတာမ်ိဳး၊ ဝါဂြမ္းမွာ ေလးညႇင္းဆီစြတ္ၿပီး အုံေပးတာမ်ိဳးျပဳလုပ္ ေပးႏိုင္ပါတယ္။ ေလးညႇင္းရဲ႕ အရသာကို မခံစားႏိုင္ရင္ သံလြင္ဆီ အနည္းငယ္ေရာစပ္ၿပီး ျပဳလုပ္ႏိုင္ပါတယ္။
နႏြင္း

နႏြင္းဟာ ပိုးေသေစႏိုင္တဲ့ ပိုးသတ္ေဆးတစ္မ်ိဳးပဲျဖစ္ပါတယ္။ အံသြားေၾကာင့္ ျဖစ္ေပၚတဲ့ နာက်င္မႈေဝဒနာအတြက္ နႏြင္းမႈန္႔အစစ္ကို ေရျဖင့္ ေဖ်ာ္စပ္ၿပီး သင့္ပါးစပ္ကို ပလုတ္က်င္းေပးပါ။ အခ်ိန္တိုအတြင္း ရလဒ္ေကာင္းေတြ ရရွိႏိုင္မွာျဖစ္ပါတယ္။
ပူစီနံ

ပူစီနံဟာ လည္ေခ်ာင္နာျခင္းကို သက္သာေစတဲ့အျပင္ အံသြားနာက်င္ကိုက္ခဲျခင္းကိုလည္း ေပ်ာက္ကင္းေစပါတယ္။ အဆိုပါ ပူစီနံအရြက္ ၃-၄ ရြက္ေလာက္ကို လုံးၿပီး သင့္ပါးစပ္ထဲမွာ ၁၅-၂၀ မိနစ္ေလာက္ငုံထားေပးလိုက္ပါ။ ပူစီနံအရြက္မဟုတ္ဘဲ ပူစီနံဆီဆိုလည္း ဝါဂြမ္းျဖင့္ စြတ္ၿပီး သင့္နာက်င္မႈျဖစ္တဲ့ သြားေပၚမွာ အုံေပးထားႏိုင္ပါတယ္။
#Lifestle_Myanmar
#Thar_Nage
သင့္ရဲ႕က်န္းမာေရးေပၚမွာ သက္ေရာက္ေစတဲ့ အဲယားကြန္းရဲ႕ဆိုးက်ိဳး (၆)ခု
Unicode
ဘာအစားစာမှ စားမရအောင် ကိုက်နေတဲ့ အံသွားနာကျင်မှုကို ရပ်တန့်စေဖို့
၁၈ နဲ့ ၂၅ ကြား အရွယ်မှာ သွားနာတာ၊ သွားကိုက်တာတွေက ခဏဆိုသလိုဖြစ်တတ်ပါတယ်။ ဒီအရွယ်ဟာ အံသွားပေါက်တဲ့ အချိန်ဆိုတော့ မကြာခဏဆိုသလို သွားကိုက်တဲ့ ဝေဒနာကို ခံစားရတတ်ပါတယ်။ ဒါ့ကြောင့် ဒီဝေဒနာတွေ ဖြစ်ပေါ်တဲ့အခါ အကောင်းဆုံးဖြေရှင်းနိုင်မဲ့ လွယ်လွယ်ကူကူနည်းလမ်းလေးတွေ မျှဝေပေးလိုက်မယ်နော်။
ရေနွေးဆားငန်ရေ
ဆားဟာ သဘာဝပိုးသတ်ဆေးတစ်မျိုးပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဆားနဲ့ ရေနွေးဟာ သင့်သွားအတွက် အကောင်းဆုံးဆေးကောင်းတစ်လတ်ပါ။ သွား တစ်ဆစ်ဆစ်ကိုက်တဲ့အခါ ရေနွေးနွေးလေးထဲကို ဆားအနည်းငယ်ထည့်ပြီး တစ်နေ့ကို ၄-၅ ကြိမ်ငုံပြီး ပလုတ်ကျင်းပေးပါ။ ဒီနည်းလမ်းဟာ သင့်အတွက် ထိရောက်တဲ့ သဘာဝနည်းလမ်းလေးတစ်ခုပဲဖြစ်ပါတယ်။
မုန့်ဖုတ်ဆိုဒါ
အံဆုံးသွားရောင်ခြင်း၊ ကိုက်ခြင်း၊ နာခြင်း ဖြစ်ပေါ်တဲ့အခါ မုန့်ဖုတ်ဆိုဒါက သင့်အတွက် အကောင်းဆုံးပဲဖြစ်ပါတယ်။ သွားတိုက်တဲ့အခါ သွားတိုက်ဆေးအစာ မုန့်ဖုတ်ဆိုဒါကို သွားတိုက်တံမှာ ထည့်ပြီး သင့်သွားကို ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။ မိနစ်အနည်းငယ်အတွင်း နာကျင်မှုကို သက်သာစေပါတယ်။
ရေခဲကပ်ပေးခြင်း
ရေခဲဟာ ဘယ်လိုရောင်ရမ်းခြင်းမဆို သက်သာစေပါတယ်။ ဒါ့ကြောင့် သွားကိုက်ခဲပြီး ရောင်ရမ်ခြင်းဖြစ်တဲ့အခါ ရေခဲဗူးကို သင့်နာကျင်တဲ့နေရာတစ်ဝှိုက်မှာ ၁၅ မိနစ်ခန့်လောက် ကပ်ပေးထားလိုက်ပါ။ တစ်နေ့ကို အကြိမ်းပေါင်းများစွာပြုလုပ်နိုင်ပြီး ရောင်ရမ်းခြင်းနဲ့ ကိုက်ခဲခြင်းကို အချိန်တိုအတွက် သက်သာစေပါတယ်။
ဗနီလာဆီ
အံသွားများနာကျင်ကိုက်ခဲမှုကို အမြန်ဆုံးသက်သာစေဖို့အတွက် ဗနီလာဆီကို အသုံးပြုနိုင်ပါတယ်။ ဝါဂွမ်းသန့်သန့်လေးကို အနည်းငယ်ယူပြီး ဗနီလာဆီ စွတ်ပေးပါ။ ပြီးလျှင် သင့်နာကျင်ကိုက်ခဲမှုဖြစ်ပေါ်တဲ့ သွားနေရာမှာ ထည့်ပြီး ၁၅မိနစ်လောက် ငုံထားပေးလိုက်ပါ။ တဖြည်းဖြည်းနဲ့ နာကျင်ကိုက်ခဲမှု လျော့ချသွားပါလိမ့်မယ်။
လက်ဖက်ရည်အိတ်
လက်ဖက်ရည်အိတ်ဟာ အံသွားကြောင့်ဖြစ်ပေါ်တဲ့ နာကျင်ကိုက်ခဲမှုအမျိုးမျိုးကို သက်သာစေပါတယ်။ ထိုလက်ဖက်မှာ ပါဝင်တဲ့ Tannic အက်ဆစ်ဟာ ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့ကြောင့် သွားနာတဲ့အခါ အဆိုပါ လက်ဖက်ရည် အိတ်ထဲမှ လက်ဖက်ကို ယူပြီး သင်ကိုက်ခဲမှုခံစားရတဲ့ သွားပေါ်မှာ တင်ပြီး ငုံထားပေးလိုက်ပါ။
လေးညှင်းပွင့်/ ဆီ
လေးညှင်းဟာ မိရိုးဖလာ အသုံးပြုလာတဲ့ ဆေးနည်းလေးပဲဖြစ်ပါတယ်။ သွားကိုက်ခဲပြီး ရောင်ရမ်းတဲ့အခါ လေးညှင်းပွင့်ကို အနည်းငယ် သွားဖြင့်ချေပြီး ကိုက်ခဲတဲ့သွားပေါ် အုံပေးတာမျိုး၊ ဝါဂွမ်းမှာ လေးညှင်းဆီစွတ်ပြီး အုံပေးတာမျိုးပြုလုပ် ပေးနိုင်ပါတယ်။ လေးညှင်းရဲ့ အရသာကို မခံစားနိုင်ရင် သံလွင်ဆီ အနည်းငယ်ရောစပ်ပြီး ပြုလုပ်နိုင်ပါတယ်။
နနွင်း
နနွင်းဟာ ပိုးသေစေနိုင်တဲ့ ပိုးသတ်ဆေးတစ်မျိုးပဲဖြစ်ပါတယ်။ အံသွားကြောင့် ဖြစ်ပေါ်တဲ့ နာကျင်မှုဝေဒနာအတွက် နနွင်းမှုန့်အစစ်ကို ရေဖြင့် ဖျော်စပ်ပြီး သင့်ပါးစပ်ကို ပလုတ်ကျင်းပေးပါ။ အချိန်တိုအတွင်း ရလဒ်ကောင်းတွေ ရရှိနိုင်မှာဖြစ်ပါတယ်။
ပူစီနံ
ပူစီနံဟာ လည်ချောင်နာခြင်းကို သက်သာစေတဲ့အပြင် အံသွားနာကျင်ကိုက်ခဲခြင်းကိုလည်း ပျောက်ကင်းစေပါတယ်။ အဆိုပါ ပူစီနံအရွက် ၃-၄ ရွက်လောက်ကို လုံးပြီး သင့်ပါးစပ်ထဲမှာ ၁၅-၂၀ မိနစ်လောက်ငုံထားပေးလိုက်ပါ။ ပူစီနံအရွက်မဟုတ်ဘဲ ပူစီနံဆီဆိုလည်း ဝါဂွမ်းဖြင့် စွတ်ပြီး သင့်နာကျင်မှုဖြစ်တဲ့ သွားပေါ်မှာ အုံပေးထားနိုင်ပါတယ်။