ဘာသာရေးပွဲတော်မှာ ၁၀ရက်လောက် အလုပ်လုပ်ပြီးနောက် အာဟာရချို့တဲ့ပြီး သေဆုံးသွားတဲ့ ဆင်

0
196
Tikiri

Tikiri ဆိုတဲ့ အသက် ၇၀အရွယ် ဆင်မလေးဟာ သီရီလင်္ကာနိုင်ငံ Perahera ပွဲတော်မှာ အတင်းအကြပ်စေခိုင်းခံရပြီးနောက် ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ဆုံးပါးသွားခဲ့ပါတယ်။ ပွဲတော်ကျင်းပတဲ့ အချိန်မှာတော့ ဆင်မကြီးရဲ့ ကိုယ်ပေါ်မှာ အဝတ်တန်ဆာတွေ ဖုံးအုပ်ထားပြီး အလှဆင်ထားပါတယ်။ ဒါ့ကြောင့် အများအမြင်မှာတော့ ဆင်မကြီးဟာ ကျန်းမာပြီးသန်မာထွားကြိုင်းတဲ့ ဆင်တစ်ကောင်လို့ထင်ချင်ထင်နေကြမှာပါ။

-Advertisement-

တကယ်တမ်းတော့ ဆင်မကြီးကိုယ်ပေါ်က အဆင်တန်ဆာတွေ ဖယ်လိုက်ရင် အရမ်းကို ပိန်ချုံးပြီး နံရိုးအပြိုင်းပြိုင်းနဲ့ နေမကောင်းဖြစ်နေတာကို တွေ့မြင်ရမှာပါ။ သီရိလင်္ကာမှာ နှစ်စဉ် Perahera ပွဲတော်ရက်ဆို ဆင်အကောင် ၆၀ လောက်ဟာ ဆင်ပိုင်ရှင်တွေရဲ့ အတင်းအကြပ်စေခိုင်းခြင်းကို ခံကြရပါတယ်။

၁၀ရက်ကြာဆင်နွှဲလေ့ရှိတဲ့ ဘာသာရေးပွဲတော်မှာ အကအဖွဲ့တွေ၊ မီးအလှပြကွက်တွေ အပြင် တိရိစ္ဆာန်တွေကို အဆင်တန်ဆာတွေနဲ့ အလှဆင်ပြီး ပါဝင်ဆင်နွှဲလေ့ရှိပါတယ်။ ပွဲတော်ရက်မှာ Tikiri ဆင်ကြီးရဲ့ အခြေအနေဟာ စိုးရိမ်စရာရှိကြောင့် ပုံတွေ အွန်လိုင်းပေါ် တက်လာပြီး ဝေဖန်မှုများရှိတဲ့အပြင် ထိုင်းနိုင်ငံ ဆင်ထိန်းသိမ်းရေး ဖောင်ဒေးရှင်းကလည်း အဖြစ်အပျက်ကို Shared ပြီး သတိပေးထားခဲ့ပါတယ်။

Tikiri ဟာ ပွဲတော်ရက် ၁၀ညလောက်ကို မီးရှူးမီးပန်းတွေ၊ မီးခိုးငွေ့တွေကြားမှာ ကီလိုမီတာ တော်တော်များများ လမ်းလျှောက်ရပါတယ်။ အစာအဟာရ ချို့တဲ့ပြီး နေမကောင်းဖြစ်နေတဲ့ကြားမှာ ၁၀ရက်လောက် နေရော ညပါ ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရတဲ့အတွက် အခုလိုသေဆုံးသွားခဲ့တာဖြစ်ပါတယ်။ ပွဲတော်ရက်မှာ ကတည်းက ဆင်မကြီးရဲ့ အာဟာရချို့တဲ့ပြီး ပိန်ချုံ့နေတဲ့ ပုံရိပ်တွေထွက်ပေါ်လာတာကြောင့် လူပြောများခဲ့ပြီး အခုသေဆုံးမှုဖြစ်သွားခဲ့တယ်ဆိုတော့ လူတော်တော်များများရဲ့ ရှုတ်ချဝေဖန်တွေ ပိုမိုများပြားလာခဲ့ပါတယ်။

ယခုလို ဘာသာရေးပွဲပြုလုပ်တဲ့နေရာမှာ ရက်စက်ကြမ်းကြုတ်မှုတွေ ရှိနေတာကြောင့် သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ်ထံလည်း အစီရင်ခံစားတွေတော်တော်များများ ပို့ပြီး ရပ်တန့်စေဖို့ တိုက်တွန်းထားကြပါတယ်။

#Lifestyle_Myanmar

#Thar_Nage

မွေးနေ့လက်ဆောင် BMW ကားသစ်ကြီးဝယ်ပေးပေမဲ့ မလိုချင်လို့ မြစ်ထဲမောင်းချတဲ့ သားဖြစ်သူရဲ့ လုပ်ရပ်

Zawgyi Fonts

ပြဲေတာ္ ၁၀ရက္မွာ အလုပ္လုပ္ၿပီးေနာက္ အာဟာရခ်ိဳ႕တဲ့ၿပီး ေသဆုံးသြားတဲ့ အသက္ ၇၀အရြယ္ဆင္

Tikiri ဆိုတဲ့ အသက္ ၇၀အရြယ္ ဆင္မေလးဟာ သီရီလကၤာနိုင္ငံ Perahera ပြဲေတာ္မွာ အတင္းအၾကပ္ေစခိုင္းခံရၿပီးေနာက္ ၿပီးခဲ့တဲ့ ရက္ပိုင္းမွာပဲ ဆုံးပါးသြားခဲ့ပါတယ္။ ပြဲေတာ္က်င္းပတဲ့ အခ်ိန္မွာေတာ့ ဆင္မႀကီးရဲ့ ကိုယ္ေပၚမွာ အဝတ္တန္ဆာေတြ ဖုံးအုပ္ထားၿပီး အလွဆင္ထားပါတယ္။ ဒါ့ေၾကာင့္ အမ်ားအျမင္မွာေတာ့ ဆင္မႀကီးဟာ က်န္းမာၿပီးသန္မာထြားႀကိဳင္းတဲ့ ဆင္တစ္ေကာင္လို႔ထင္ခ်င္ထင္ေနၾကမွာပါ။

တကယ္တမ္းေတာ့ ဆင္မႀကီးကိုယ္ေပၚက အဆင္တန္ဆာေတြ ဖယ္လိုက္ရင္ အရမ္းကို ပိန္ခ်ဳံးၿပီး နံရိုးအၿပိဳင္းၿပိဳင္းနဲ႔ ေနမေကာင္းျဖစ္ေနတာကို ေတြ႕ျမင္ရမွာပါ။ သီရိလကၤာမွာ ႏွစ္စဥ္ Perahera ပြဲေတာ္ရက္ဆို ဆင္အေကာင္ ၆၀ ေလာက္ဟာ ဆင္ပိုင္ရွင္ေတြရဲ့ အတင္းအၾကပ္ေစခိုင္းျခင္းကို ခံၾကရပါတယ္။

၁၀ရက္ၾကာဆင္ႏႊဲေလ့ရွိတဲ့ ဘာသာေရးပြဲေတာ္မွာ အကအဖြဲ႕ေတြ၊ မီးအလွျပကြက္ေတြ အျပင္ တိရိစၧာန္ေတြကို အဆင္တန္ဆာေတြနဲ႔ အလွဆင္ၿပီး ပါဝင္ဆင္ႏႊဲေလ့ရွိပါတယ္။ ပြဲေတာ္ရက္မွာ Tikiri ဆင္ႀကီးရဲ့ အေျခအေနဟာ စိုးရိမ္စရာရွိေၾကာင့္ ပုံေတြ အြန္လိုင္းေပၚ တက္လာၿပီး ေဝဖန္မွုမ်ားရွိတဲ့အျပင္ ထိုင္းနိုင္ငံ ဆင္ထိန္းသိမ္းေရး ေဖာင္ေဒးရွင္းကလည္း အျဖစ္အပ်က္ကို Shared ၿပီး သတိေပးထားခဲ့ပါတယ္။

Tikiri ဟာ ပြဲေတာ္ရက္ ၁၀ညေလာက္ကို မီးရွူးမီးပန္းေတြ၊ မီးခိုးေငြ႕ေတြၾကားမွာ ကီလိုမီတာ ေတာ္ေတာ္မ်ားမ်ား လမ္းေလၽွာက္ရပါတယ္။ အစာအဟာရ ခ်ိဳ႕တဲ့ၿပီး ေနမေကာင္းျဖစ္ေနတဲ့ၾကားမွာ ၁၀ရက္ေလာက္ ေနေရာ ညပါ ပင္ပင္ပန္းပန္း အလုပ္လုပ္ခဲ့ရတဲ့အတြက္ အခုလိုေသဆုံးသြားခဲ့တာျဖစ္ပါတယ္။ ပြဲေတာ္ရက္မွာ ကတည္းက ဆင္မႀကီးရဲ့ အာဟာရခ်ိဳ႕တဲ့ၿပီး ပိန္ခ်ဳံ႕ေနတဲ့ ပုံရိပ္ေတြထြက္ေပၚလာတာေၾကာင့္ လူေျပာမ်ားခဲ့ၿပီး အခုေသဆုံးမွုျဖစ္သြားခဲ့တယ္ဆိုေတာ့ လူေတာ္ေတာ္မ်ားမ်ားရဲ့ ရွုတ္ခ်ေဝဖန္ေတြ ပိုမိုမ်ားျပားလာခဲ့ပါတယ္။

ယခုလို ဘာသာေရးပြဲျပဳလုပ္တဲ့ေနရာမွာ ရက္စက္ၾကမ္းၾကဳတ္မွုေတြ ရွိေနတာေၾကာင့္ သီရိလကၤာနိုင္ငံ ဝန္ႀကီးခ်ဳပ္ထံလည္း အစီရင္ခံစားေတြေတာ္ေတာ္မ်ားမ်ား ပို႔ၿပီး ရပ္တန္႔ေစဖို႔ တိုက္တြန္းထားၾကပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here