ဘာသာစကား ၁၀မျိုးနဲ့ ခရီးသွားတွေကို စျေးရောင်းနေတဲ့ကလေး တရုတ်မှာပညာသင်ခွင့်ရရှိ

0
266
ဘာသာစကား ၁၀မျိုးနဲ့ နိုင်ငံခြားသားတွေကို အမှတ်တရပစ္စည်းလေးတွေလိုက်ရောင်းနေတဲ့ ကမ္ယောဒီးယား ကလေးငယ်
ဘာသာစကား ၁၀မျိုးနဲ့ နိုင်ငံခြားသားတွေကို အမှတ်တရပစ္စည်းလေးတွေလိုက်ရောင်းနေတဲ့ ကမ္ယောဒီးယား ကလေးငယ်

မကြာသေးခင်က ဘုရားကျောင်းတွေမှာ ဘာသာစကား ၁၀မျိုးနဲ့ နိုင်ငံခြားသားတွေကို အမှတ်တရပစ္စည်းလေးတွေလိုက်ရောင်းနေတဲ့ ကမ္ယောဒီးယား ကလေးငယ်ကို ဆိုရှယ်မီဒီယာမှာ သတိထားမိကြမှာပါ။

သူကတော့ အသက် ၁၄နှစ်သာရှိသေးတဲ့ Salik ဆိုတဲ့ ကောင်လေးပဲဖြစ်ပါတယ်။ ဘာသာစကား ၁၀မျိုးလောက်နဲ့ ခရီးသွားတွေကို စွဲဆောင်ပြီး စျေးရောင်းနေတဲ့ ဗီဒီယိုဖိုင် လိုင်းပေါ်မှာပြန့်နှံ့ခဲ့တာကြောင့် ဒီကလေးကို အွန်လိုင်းမှာ လူသိများလာခဲ့တာပဲဖြစ်ပါတယ်။

Salik ဟာ အသက် ၁၁နှစ်အရွယ်မှာ စျေးစတင်ရောင်းခဲ့ရပြီး အဲ့ဒီအချိန်တုန်းက ဘာသာစကား ၁မျိုးထဲကိုသာ တက်ကျွမ်းခဲ့ပါတယ်။ နောက် ၃နှစ်လောက်ကြာတဲ့အခါမှာတော့ ကျန်တဲ့ ဘာသာစကားတွေကို အနည်းငယ်ဆီ တတ်ကျွမ်းလာခဲ့တာဖြစ်ပါတယ်။

တရုတ်ခရီးသွားတွေ အံ့အားသင့်သွားအောင်စကားပြောကျွမ်းကျင်ရုံမကပါဘူး တရုတ်သီချင်းတွေ၊ အင်္ဂလိပ်သီချင်းတွေကိုလည်း ပိုင်ပိုင်နိုင်နိုင် ဆိုတတ်ပါတယ်။ Salik ဟာ မောင်နှမတွေ ပညာရေးစရိတ်အပြင် မိသားစုစားဝတ်နေရေးနဲ့ အိမ်က တင်ထားတဲ့ အကြွေးတွေကိုလည်း စျေးရောင်းပြီး ဝိုင်းကူးဆပ်ပေးရတဲ့သူ တစ်ယောက်ပါ။

ယခုအချိန်မှာတော့ Salik ရဲ့ ဘဝလေးဟာ တစ်ဆစ်ချိုးပြောင်းလဲသွားတော့မှာဖြစ်ပါတယ်။ ကမ္ယောဒီယား စီးပွားရေးလုပ်ငန်းရှင် Khit Chhern ဆိုတဲ့အမျိုးသားတစ်ဦးက Salik ရဲ့ ပညာသင်စရိတ်ကို တက္ကသိုလ်ပြီးတဲ့အထိ ထောက်ပံ့ပြီး တရုတ်နိုင်ငံမှာ ပညာသွားသင်ဖို့ ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၂ရက်နေ့တုန်းက Khit Chhern က Salik ကို facebook ပေါ်မှာ နှုတ်ဆက်ခဲ့ပြီး ကြိုးစားဖို့ရယ်နဲ့ နိုင်ငံသားကောင်းတစ်ဦးဖြစ်အောင် နေထိုင်ဖို့ရယ် စကားဆိုခဲ့ပါတယ်။

အခုဆို Salik တစ်ယောက် Zhejiang ပြည်နယ် Hailiang နိုင်ငံညာခြားဘာသာစကားကျောင်းမှာကျောင်းတက်နေရပြီဖြစ်ပါတယ်။ Salik လေဆိပ်ကိုရောက်တော့ သူ့တက်မဲ့ကျောင်းက ကျောင်းသူ/သားတွေနဲ့ ဝန်ထမ်းတွေက ပန်းစည်းပေး၊ အကလေးတွေနဲ့ ဖျော်ဖြေပြီး နွေးနွေးထွေးထွေးကြိုဆိုတာကိုလည်း တွေ့ရပါတယ်။

https://www.facebook.com/sola.khang.14/videos/343106246400987/

Salik ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက အွန်လိုင်းမှာ လူသိများလာခဲ့တာဖြစ်ပါတယ်။ အင်္ဂလိပ်၊ ဂျပန်၊ မန်းဒရင်း၊ ထိုင်း၊ ပြင်သစ် အပါအဝင် ဘာဝစကား ၁၀မျိုးနဲ့ စျေးရောင်းနေတဲ့ Salik ကို မလေးရှားခရီးသွားတစ်ဦးက သဘောကျသွားတာကြောင့် ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ်မှာ မျှဝေရင်း လူသိများလာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက သူဟာ Angkor Wat ဘုရားကျောင်းကို အလည်လာတဲ့ ခရီးသွားတွေကို အမှတ်တရပစ္စည်းရောင်းနေခဲ့တာဖြစ်ပါတယ်။

လူသိများလာတဲ့နောက်မှာတော့ Salik မိသားစုကို ထောက်ပံ့သူတွေ လှူဒါန်သူတွေ များလာခဲ့တာပဲဖြစ်ပါတယ်။ ယခု အွန်လိုင်းပေါ်မှာတွေ့မြင်ရတဲ့ပုံကတော့ Salik ကို ပညာတော်သင်ပို့ပေးမဲ့ စီးပွားရေးလုပ်ငန်ရှင်မိသားစုနဲ့ အခြားကလေးတွေနဲ့အတူ ရင်းရင်းနှီးနှီးရှိနေတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

တိုက်မိလို့ ကျကွဲသွားတဲ့ ပန်းအိုးကြီးထဲက ၁၃နှစ်တာ ဖခင်စုဆောင်းထားတဲ့ငွေတွေထွက်လာ

Zawgyi fonts

ဘာသာစကား ၁၀မ်ိဳးနဲ႔ ခရီးသြားေတြကို ေစ်းေရာင္းေနတဲ့ကေလး တ႐ုတ္မွာပညာသင္ခြင့္ရရွိ
မၾကာေသးခင္က ဘုရားေက်ာင္းေတြမွာ ဘာသာစကား ၁၀မ်ိဳးနဲ႔ နိုင္ငံျခားသားေတြကို အမွတ္တရပစၥည္းေလးေတြလိုက္ေရာင္းေနတဲ့ ကေမ္ယာဒီးယား ကေလးငယ္ကို ဆိုရွယ္မီဒီယာမွာ သတိထားမိၾကမွာပါ။ သူကေတာ့ အသက္ ၁၄ႏွစ္သာရွိေသးတဲ့ Salik ဆိုတဲ့ ေကာင္ေလးပဲျဖစ္ပါတယ္။ ဘာသာစကား ၁၀မ်ိဳးေလာက္နဲ႔ ခရီးသြားေတြကို စြဲေဆာင္ၿပီး ေစ်းေရာင္းေနတဲ့ ဗီဒီယိုဖိုင္ လိုင္းေပၚမွာျပန္႔ႏွံ့ခဲ့တာေၾကာင့္ ဒီကေလးကို အြန္လိုင္းမွာ လူသိမ်ားလာခဲ့တာပဲျဖစ္ပါတယ္။

Salik ဟာ အသက္ ၁၁ႏွစ္အရြယ္မွာ ေစ်းစတင္ေရာင္းခဲ့ရၿပီး အဲ့ဒီအခ်ိန္တုန္းက ဘာသာစကား ၁မ်ိဳးထဲကိုသာ တက္ကၽြမ္းခဲ့ပါတယ္။ ေနာက္ ၃ႏွစ္ေလာက္ၾကာတဲ့အခါမွာေတာ့ က်န္တဲ့ ဘာသာစကားေတြကို အနည္းငယ္ဆီ တတ္ကၽြမ္းလာခဲ့တာျဖစ္ပါတယ္။ တ႐ုတ္ခရီးသြားေတြ အံ့အားသင့္သြားေအာင္စကားေျပာကၽြမ္းက်င္႐ုံမကပါဘူး တ႐ုတ္သီခ်င္းေတြ၊ အဂၤလိပ္သီခ်င္းေတြကိုလည္း ပိုင္ပိုင္နိုင္နိုင္ ဆိုတတ္ပါတယ္။ Salik ဟာ ေမာင္ႏွမေတြ ပညာေရးစရိတ္အျပင္ မိသားစုစားဝတ္ေနေရးနဲ႔ အိမ္က တင္ထားတဲ့ အေႂကြးေတြကိုလည္း ေစ်းေရာင္းၿပီး ဝိုင္းကူးဆပ္ေပးရတဲ့သူ တစ္ေယာက္ပါ။

ယခုအခ်ိန္မွာေတာ့ Salik ရဲ့ ဘဝေလးဟာ တစ္ဆစ္ခ်ိဳးေျပာင္းလဲသြားေတာ့မွာျဖစ္ပါတယ္။ ကေမ္ယာဒီယား စီးပြားေရးလုပ္ငန္းရွင္ Khit Chhern ဆိုတဲ့အမ်ိဳးသားတစ္ဦးက Salik ရဲ့ ပညာသင္စရိတ္ကို တကၠသိုလ္ၿပီးတဲ့အထိ ေထာက္ပံ့ၿပီး တ႐ုတ္နိုင္ငံမွာ ပညာသြားသင္ဖို႔ ဖိတ္ေခၚခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေမလ ၁၂ရက္ေန႔တုန္းက Khit Chhern က Salik ကို facebook ေပၚမွာ ႏွုတ္ဆက္ခဲ့ၿပီး ႀကိဳးစားဖို႔ရယ္နဲ႔ နိုင္ငံသားေကာင္းတစ္ဦးျဖစ္ေအာင္ ေနထိုင္ဖို႔ရယ္ စကားဆိုခဲ့ပါတယ္။ အခုဆို Salik တစ္ေယာက္ Zhejiang ျပည္နယ္ Hailiang နိုင္ငံညာျခားဘာသာစကားေက်ာင္းမွာေက်ာင္းတက္ေနရၿပီျဖစ္ပါတယ္။ Salik ေလဆိပ္ကိုေရာက္ေတာ့ သူ႔တက္မဲ့ေက်ာင္းက ေက်ာင္းသူ/သားေတြနဲ႔ ဝန္ထမ္းေတြက ပန္းစည္းေပး၊ အကေလးေတြနဲ႔ ေဖ်ာ္ေျဖၿပီး ေႏြးေႏြးေထြးေထြးႀကိဳဆိုတာကိုလည္း ေတြ႕ရပါတယ္။

Salik ဟာ ၿပီးခဲ့တဲ့ နိုဝင္ဘာလတုန္းက အြန္လိုင္းမွာ လူသိမ်ားလာခဲ့တာျဖစ္ပါတယ္။ အဂၤလိပ္၊ ဂ်ပန္၊ မန္းဒရင္း၊ ထိုင္း၊ ျပင္သစ္ အပါအဝင္ ဘာဝစကား ၁၀မ်ိဳးနဲ႔ ေစ်းေရာင္းေနတဲ့ Salik ကို မေလးရွားခရီးသြားတစ္ဦးက သေဘာက်သြားတာေၾကာင့္ ဗီဒီယိုရိုက္ၿပီး အြန္လိုင္းေပၚမွာ မၽွေဝရင္း လူသိမ်ားလာခဲ့တာျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္တုန္းက သူဟာ Angkor Wat ဘုရားေက်ာင္းကို အလည္လာတဲ့ ခရီးသြားေတြကို အမွတ္တရပစၥည္းေရာင္းေနခဲ့တာျဖစ္ပါတယ္။ လူသိမ်ားလာတဲ့ေနာက္မွာေတာ့ Salik မိသားစုကို ေထာက္ပံ့သူေတြ လွူဒါန္သူေတြ မ်ားလာခဲ့တာပဲျဖစ္ပါတယ္။ ယခု အြန္လိုင္းေပၚမွာေတြ႕ျမင္ရတဲ့ပုံကေတာ့ Salik ကို ပညာေတာ္သင္ပို႔ေပးမဲ့ စီးပြားေရးလုပ္ငန္ရွင္မိသားစုနဲ႔ အျခားကေလးေတြနဲ႔အတူ ရင္းရင္းႏွီးႏွီးရွိေနတာကို ေတြ႕ျမင္ရမွာပဲျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here