ဘာသာစကားဆယ္မ်ိဳးေက်ာ္နဲ႔ ခရီးသြားဧည့္သည္ေတြကို အမွတ္တရပစၥည္းေရာင္းေနတဲ့ ေကာင္ေလး(႐ုပ္သံ)

0
4884
ဘာသာစကား ၁၀မ်ိဳးေက်ာ္တတ္တဲ့ ေကာင္ေလး
ဘာသာစကား ၁၀မ်ိဳးေက်ာ္တတ္တဲ့ ေကာင္ေလး

ဘာသားစကားတစ္မ်ိဳးတည္းကို ႀကိဳးစားပမ္းစားသင္ယူသူအတြက္ ခက္ခဲတဲ့အလုပ္မဟုတ္ဘူးလို႔ဆိုေပမဲ့ ဘာသာစကာ ၁၀ မ်ိဳးစလုံးကို လုံးေစ့ပတ္ေစ့ေျပာတတ္ဖို႔ဆိုတာေတာ့ ခက္ခဲတဲ့ အလုပ္တစ္ခုပဲျဖစ္ပါတယ္။
နာမည္ႀကီးမေလးရွားခရီးသြားသူ Venus ဟာ သူရဲ႕ Venus GWC ဆိုတဲ့ သူ႔ facebook အေကာင့္မွာ ခရီးသြားရင္ ႀကံဳေတြ႕ခဲ့ရတာေလးကို မွ်ေဝေပးခဲ့ပါတယ္။ ၿပီးခဲ့တဲ့ အပတ္ ႏိုဝင္ဘာလထဲမွာ Venus ဟာ ခရြန္ ဆီယမ္ရိပ္ ဘုရားေက်ာင္းသြားေရာက္လည္ပတ္ရင္ ကေမာၻဒီယား ကေလးႏွစ္ဦးနဲ႔ေတြ႕ဆုံခဲ့ပါတယ္။ အန္ေကာဝပ္ဘုရားေက်ာင္းမွာ ပထမဦးဆုံး ၇ႏွစ္အရြယ္ ေကာင္မေလးတစ္ဦးနဲ႔ ေတြ႕ဆုံၿပီး ထိုေကာင္မေလးက ခရီးသြားေတြကို ပုေလြ လိုက္လံေရာင္းခ်သူပဲျဖစ္ပါတယ္။

သူမနဲ႔ စကားေျပာၾကည့္တဲ့အခါ သူမက Tik Tok မွာ နာမည္ႀကီးေနတဲ့ ” ေျမႇာင္ ေျမႇာင္ ေျမႇာင္” ဆိုတဲ့ ေၾကာင္ သီခ်င္းကို ဆိုႏိုင္တယ္လို႔ ဆိုပါတယ္။ ဒါနဲ႔ သူမဆိုျပတဲ့ သီခ်င္းေလးကို နားေထာင္ၿပီး Video မွတ္တမ္းေလး ႐ိုက္ကူခဲ့ပါတယ္။

ေနာက္တစ္ေယာက္နဲ႔ ေတြ႕တဲ့အခါမွာေတာ့ Venus လုံးဝအ့ံၾသသြားပါတယ္။ ထိုေကာင္ေလးက ဘာသာစကား ၁၀ မ်ိဳးထက္ပိုၿပီး ေျပာဆိုႏိုင္ပါတယ္တဲ့။ ပထမဦးဆုံး ထိုကေလးေလးဟာ သူမကို တ႐ုတ္လိုေျပာၿပီး ေစ်းလာေရာင္းပါတယ္။

ဒါ့အျပင့္ ထိုေကာင္ေလးဟာ ကန္တုံ တ႐ုတ္ဘာသာစကား၊ မန္ဒရင္းတ႐ုတ္ဘာသာစကား၊ ဂ်ပန္၊ ကိုရီးယား၊ ျပင္သစ္၊ စပိန္၊ ဂ်ာမန္၊ တားဂါးေလာ့၊ ထိုင္း၊ မေလး စတဲ့ ဘာသာစကား ၁၀ မ်ိဳးကို လုံေစ့ပတ္ေစ့ေျပာဆိုႏိုင္ပါတယ္။ Venus ဟာ ျပင္သစ္၊ ဂ်ပန္၊ ကန္တုံတ႐ုတ္ဘာသာစကား၊ မန္ဒရင္းတ႐ုတ္ဘာသာစကား၊ ထိုင္း စတဲ့ ဘာသာစကားေတြနဲ႔ ထိုေကာင္ေလးကို စကားေျပာတဲ့အခါမွာေတာ့ ထိုေကာင္းေလးဟာ သူေျပာသမွ်အားလုံးကို နားလည္သေဘာေပါက္ၿပီး သူေျပာတဲ့ ဘာသာစကားေတြအလိုက္ ျပန္ၿပီး ေျပာဆိုခဲ့ပါတယ္။ Venus က ထိုေကာင္းေလးနဲ႔ စကားအျပန္အလွန္ေျပာဆိုထားတာကို Video ႐ိုက္ၿပီး Online ေပၚတင္ခဲ့တာ အင္တာနက္သုံးစြဲသူေတာ္ေတာ္မ်ားမ်ားစိတ္ဝင္စားခဲ့ပါတယ္။

ထိုေကာင္ေလးရဲ႕ ဘဝဟာ အရမ္းကို ခက္ခဲၾကမ္းတမ္းၿပီး သူ႔ရဲ႕ ဝမ္းေရးအတြက္ ဒီအမွတ္တရပစၥည္းေတြကို ေရာင္းခ်ၿပီး ေျဖရွင္းေနရပါတယ္။ ဒီလိုပစၥည္းေတြကို ေရာင္းႏိုင္ဖို႔ဆိုတာ ဘာသာစကားေတာ္ေတာ္မ်ားမ်ား တတ္ေျမာက္ မွ အဆင္ေျပမွာျဖစ္တာေၾကာင့္ ထိုေကာင္ေလးဟာ ဘာသာစကားေတြကို ခက္ခက္ခဲခဲနဲ႔ သင္ယူခဲ့ရတယ္လို႔ ဆိုပါတယ္။

#Lifestyle_Myanmar

#Thar_Nage

အေကာင္းျမင္တတ္သူနဲ႕ အဆိုးျမင္တတ္သူရဲ႕ စိတ္ထားကြာျခားပံု


Unicode

ဘာသာစကားဆယ်မျိုးကျော်နဲ့ ခရီးသွားဧည့်သည်တွေကို အမှတ်တရပစ္စည်းရောင်းနေတဲ့ ကောင်လေး
ဘာသားစကားတစ်မျိုးတည်းကို ကြိုးစားပမ်းစားသင်ယူသူအတွက် ခက်ခဲတဲ့အလုပ်မဟုတ်ဘူးလို့ဆိုပေမဲ့ ဘာသာစကာ ၁၀ မျိုးစလုံးကို လုံးစေ့ပတ်စေ့ပြောတတ်ဖို့ဆိုတာတော့ ခက်ခဲတဲ့ အလုပ်တစ်ခုပဲဖြစ်ပါတယ်။
နာမည်ကြီးမလေးရှားခရီးသွားသူ Venus ဟာ သူရဲ့ Venus GWC ဆိုတဲ့ သူ့ facebook အကောင့်မှာ ခရီးသွားရင် ကြုံတွေ့ခဲ့ရတာလေးကို မျှဝေပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ် နိုဝင်ဘာလထဲမှာ Venus ဟာ ခရွန် ဆီယမ်ရိပ် ဘုရားကျောင်းသွားရောက်လည်ပတ်ရင် ကမ္ဘောဒီယား ကလေးနှစ်ဦးနဲ့တွေ့ဆုံခဲ့ပါတယ်။ အန်ကောဝပ်ဘုရားကျောင်းမှာ ပထမဦးဆုံး ရနှစ်အရွယ် ကောင်မလေးတစ်ဦးနဲ့ တွေ့ဆုံပြီး ထိုကောင်မလေးက ခရီးသွားတွေကို ပုလွေ လိုက်လံရောင်းချသူပဲဖြစ်ပါတယ်။ သူမနဲ့ စကားပြောကြည့်တဲ့အခါ သူမက Tik Tok မှာ နာမည်ကြီးနေတဲ့ ” မြှောင် မြှောင် မြှောင်” ဆိုတဲ့ ကြောင် သီချင်းကို ဆိုနိုင်တယ်လို့ ဆိုပါတယ်။ ဒါနဲ့ သူမဆိုပြတဲ့ သီချင်းလေးကို နားထောင်ပြီး Video မှတ်တမ်းလေး ရိုက်ကူခဲ့ပါတယ်။

နောက်တစ်ယောက်နဲ့ တွေ့တဲ့အခါမှာတော့ Venus လုံးဝအ့ံသြသွားပါတယ်။ ထိုကောင်လေးက ဘာသာစကား ၁၀ မျိုးထက်ပိုပြီး ပြောဆိုနိုင်ပါတယ်တဲ့။ ပထမဦးဆုံး ထိုကလေးလေးဟာ သူမကို တရုတ်လိုပြောပြီး စျေးလာရောင်းပါတယ်။ ဒါ့အပြင့် ထိုကောင်လေးဟာ ကန်တုံ တရုတ်ဘာသာစကား၊ မန်ဒရင်းတရုတ်ဘာသာစကား၊ ဂျပန်၊ ကိုရီးယား၊ ပြင်သစ်၊ စပိန်၊ ဂျာမန်၊ တားဂါးလော့၊ ထိုင်း၊ မလေး စတဲ့ ဘာသာစကား ၁၀ မျိုးကို လုံစေ့ပတ်စေ့ပြောဆိုနိုင်ပါတယ်။ Venus ဟာ ပြင်သစ်၊ ဂျပန်၊ ကန်တုံတရုတ်ဘာသာစကား၊ မန်ဒရင်းတရုတ်ဘာသာစကား၊ ထိုင်း စတဲ့ ဘာသာစကားတွေနဲ့ ထိုကောင်လေးကို စကားပြောတဲ့အခါမှာတော့ ထိုကောင်းလေးဟာ သူပြောသမျှအားလုံးကို နားလည်သဘောပေါက်ပြီး သူပြောတဲ့ ဘာသာစကားတွေအလိုက် ပြန်ပြီး ပြောဆိုခဲ့ပါတယ်။ Venus က ထိုကောင်းလေးနဲ့ စကားအပြန်အလှန်ပြောဆိုထားတာကို Video ရိုက်ပြီး Online ပေါ်တင်ခဲ့တာ အင်တာနက်သုံးစွဲသူတော်တော်များများစိတ်ဝင်စားခဲ့ပါတယ်။

ထိုကောင်လေးရဲ့ ဘဝဟာ အရမ်းကို ခက်ခဲကြမ်းတမ်းပြီး သူ့ရဲ့ ဝမ်းရေးအတွက် ဒီအမှတ်တရပစ္စည်းတွေကို ရောင်းချပြီး ဖြေရှင်းနေရပါတယ်။ ဒီလိုပစ္စည်းတွေကို ရောင်းနိုင်ဖို့ဆိုတာ ဘာသာစကားတော်တော်များများ တတ်မြောက် မှ အဆင်ပြေမှာဖြစ်တာကြောင့် ထိုကောင်လေးဟာ ဘာသာစကားတွေကို ခက်ခက်ခဲခဲနဲ့ သင်ယူခဲ့ရတယ်လို့ ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here