ဦးေရျပားမွာ ေဘာက္ထတာဟာ အျဖစ္အမ်ားဆံုး ဆံေကသာႏွင့္ ဦးေရျပား ျပႆနာေတြထဲက တစ္ခုျဖစ္ပါတယ္။ ေဘာက္ျဖစ္ရတဲ့ အဓိကအေၾကာင္းရင္းက ညစ္ညမ္းမႈမ်ား၊ ဦးေရျပားေျခာက္ေသြ႕မႈႏွင့္ ဦးေရျပားအဆီျပန္မႈ စသည္တို႔ေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ေဘာက္ေပ်ာက္ေခါင္းေလွ်ာ္ရည္ေတြ သံုးေနေပမယ့္ မေပ်ာက္ႏိုင္ေသးလို႔ စိတ္မညစ္ပါနဲ႔။ ဒီေဘာက္ထမႈေတြကို ဖယ္ရွားႏိုင္မယ့္ သဘာဝ နည္းလမ္းေလးေတြရွိပါတယ္။
၁။ တမာဆီႏွင့္ သံပုရာ
တမာဆီမွာ antibacterial ဂုဏ္သတိၱေတြရွိၿပီး ၎က ဘက္တီးရီးယားႏွင့္ မိႈေၾကာင့္ ျဖစ္ပြားတဲ့ ေဘာက္ေတြကို ေသေစျခင္းမွာ ကူညီေပးပါတယ္။ သံပုရာက ဗီတာမင္C ၾကြယ္ဝၿပီး ဦးေရျပားကို သန္႔ရွင္းေစပါတယ္။ ဒါ့အျပင္ ဦးေရျပား အဆီကိုလည္း ထိန္းခ်ဳပ္ေပးပါတယ္။
ျပဳလုပ္နညး္ကေတာ့ ပန္းကန္တစ္လံုးထဲမွာ တမာဆီ ထမင္းစားဇြန္း ၁ဇြန္းထည့္ပါ။ သံပရာရည္ လက္ဖက္ရည္ဇြန္း ၁ဇြန္းထည့္ပါ။ ပါဝင္ပစၥညး္ႏွစ္မ်ိဳးစလံုးကို သမေအာင္ေမႊၿပီး သင့္လက္ေခ်ာင္းေလးေတြနဲ႔ ဦးေရျပားကို လိမ္းေပးပါ။ တစ္ညေလာက္ထားၿပီး ေနာက္မနက္မွ သင့္ဆံပင္ေတြကို ရွန္ပူအေပ်ာ့စားနဲ႔ေလွ်ာ္ပါ။ ဦးေခါင္းကို မ်က္ႏွာသုတ္ပုဝါတစ္ထည္ျဖင့္ ပတ္ထားေပးပါ။
ဒီနညး္လမ္းကို ၁ပတ္ကို ၃ႀကိမ္ျဖင့္ ၄ပတ္ေလာက္ျပဳလုပ္ေပးပါ။
၂။ ဒိန္ခ်ဥ္ႏွင့္ ကုလားပဲမႈန္႔
ဒိန္ခ်ဥ္ႏွင့္ ကုလားပဲမႈန္႔ဆံပင္ ေပါင္းတင္ေဆးက ေဘာက္ေတြို ကာကြယ္ေပးၿပီး သင့္ဦးေရျပားမွာ အဆီျပန္ျခင္းကို ထိန္းခ်ဳပ္ေပးပါတယ္။
ျပဳလုပ္နည္းကေတာ့ ပန္းကန္လံုးတစ္လံုးထဲကို ဒိန္ခ်ဥ္ ထမင္းစားဇြန္း ၂ဇြန္းထည့္ပါ။ ကုလားပဲမႈန္႔ ထမ္ငးစားဇြန္း တစ္ဝက္ထည့္ပါ၊ ပါဝင္ပစၥညး္ႏွစ္မ်ိဳးကို ေရာေမႊၿပီး သင့္ဆံပင္ႏွင္ ့ဦးေရျပားကို သုတ္လိမ္းၿပီး ႏွိပ္နယ္ေပးပါ။ တစ္နာရီေလာက္ေနမွ သင့္ဆံပင္ေတြကို အေပ်ာ့စားရွန္ပူႏွင့္ ေလွ်ာ္ေပးပါ။ ဒီနညး္လမ္းကို တစ္ပတ္ကို ၂ႀကိမ္ ေဘာက္လံုးဝေပ်ာက္သြားတဲ့အထိ တစ္လေလာက္ ျပဳလုပ္ေပးပါ။
၃။ အုန္းဆီႏွင့္ ရွားေစာင္းလပ္ပတ္
အုန္းဆီက ဦးေရျပားကို အစိုဓါတ္ရရွိေစသလို ေျခာက္ေသြ႕ေဘာက္ေတြကိုလညး္ ကာကြယ္ ကုသေပးပါတယ္။
ျပဳလုပ္နညး္ကေတာ့ ပန္းကန္လံုးတစ္လံုးထဲမွာ အုန္းဆီေႏြးေႏြးေလး ထမင္းစားဇြန္း ၁ဇြန္းထည့္ပါ။ ရွားေစာင္းလပ္ပတ္ရြက္ကို ႏွစ္ျခမ္းျခမ္းၿပီး အႏွစ္ကို ယူပါ။ အႏွစ္ကို အုန္းဆီေႏြးေႏြးေလးနဲ႔ ေရာေမႊၿပီး သင့္ဆံပင္ႏွင့္ ဦးေရျပားေပၚမွာ လိမ္းၿပီး ႏွိပ္နယ္ေပးရပါမယ္။ မိနစ္ ၃၀- ၄၅မိနစ္ ၾကာမွ ေရနဲ႔ေဆးၿပီး ေခါင္းေလွ်ာ္ရည္အေပ်ာ့စားနဲ႔ ေလွ်ာ္ပါ။ ဒီနည္းလမ္းကို ေဘာက္ေတြေပ်ာက္တဲ့အထိ တစ္ပတ္ကို ၂ႀကိမ္ျပဳလုပ္ေပးပါ။
၄။ မုန္႔ဖုတ္ေဆာ္ဒါ
မုန္႔ဖုတ္ေဆာ္ဒါက ဘက္တီးရီးယားႏွင့္မႈေၾကာင့္ျဖစ္တဲ့ ေဘာက္ေတြကို ေသေစပါတယ္။ ဦးေရျပားရဲ႕ PH Level ကိုလည္း ထိန္းေပးပါတယ္။ ျပဳလုပ္နညး္ကေတာ့ မုန္႔ဖုတ္ေဆာ္ဒါ ထမင္းစားဇြန္း တစ္ဝက္ကို ေရထမင္းစားဇြန္း ၂ဇြန္းနဲ႔ေရာပါ။ ဝါဂြမ္းလံုးကိုသံုးၿပီး သင့္ဦးေရျပားကို သုတ္လိမ္းေပးပါ။ မိနစ္ ၃၀ၾကာမွ အေပ်ာ့စားရွန္ပူႏွင့္ ေလွ်ာ္ေပးပါ။ ဒီနည္းလမ္းကို ထိေရာက္တဲ့ ရလဒ္ရရွိေစဖိို႔ တစ္ပတ္ကို တစ္ႀကိမ္ ၄ပတ္ျပဳလုပ္ေပးပါ။
#Lifestyle_Myanmar
#LM_Nandar
Source- glowpink
Unicode
ဦးရေပြားမှာ ဘောက်ထတာဟာ အဖြစ်အများဆုံး ဆံကေသာနှင့် ဦးရေပြား ပြဿနာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဘောက်ဖြစ်ရတဲ့ အဓိကအကြောင်းရင်းက ညစ်ညမ်းမှုများ၊ ဦးရေပြားခြောက်သွေ့မှုနှင့် ဦးရေပြားအဆီပြန်မှု စသည်တို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဘောက်ပျောက်ခေါင်းလျှော်ရည်တွေ သုံးနေပေမယ့် မပျောက်နိုင်သေးလို့ စိတ်မညစ်ပါနဲ့။ ဒီဘောက်ထမှုတွေကို ဖယ်ရှားနိုင်မယ့် သဘာဝ နည်းလမ်းလေးတွေရှိပါတယ်။
၁။ တမာဆီနှင့် သံပုရာ
တမာဆီမှာ antibacterial ဂုဏ်သတ္တိတွေရှိပြီး ၎င်းက ဘက်တီးရီးယားနှင့် မှိုကြောင့် ဖြစ်ပွားတဲ့ ဘောက်တွေကို သေစေခြင်းမှာ ကူညီပေးပါတယ်။ သံပုရာက ဗီတာမင်C ကြွယ်ဝပြီး ဦးရေပြားကို သန့်ရှင်းစေပါတယ်။ ဒါ့အပြင် ဦးရေပြား အဆီကိုလည်း ထိန်းချုပ်ပေးပါတယ်။
ပြုလုပ်နညး်ကတော့ ပန်းကန်တစ်လုံးထဲမှာ တမာဆီ ထမင်းစားဇွန်း ၁ဇွန်းထည့်ပါ။ သံပရာရည် လက်ဖက်ရည်ဇွန်း ၁ဇွန်းထည့်ပါ။ ပါဝင်ပစ္စညး်နှစ်မျိုးစလုံးကို သမအောင်မွှေပြီး သင့်လက်ချောင်းလေးတွေနဲ့ ဦးရေပြားကို လိမ်းပေးပါ။ တစ်ညလောက်ထားပြီး နောက်မနက်မှ သင့်ဆံပင်တွေကို ရှန်ပူအပျော့စားနဲ့လျှော်ပါ။ ဦးခေါင်းကို မျက်နှာသုတ်ပုဝါတစ်ထည်ဖြင့် ပတ်ထားပေးပါ။
ဒီနညး်လမ်းကို ၁ပတ်ကို ၃ကြိမ်ဖြင့် ၄ပတ်လောက်ပြုလုပ်ပေးပါ။
၂။ ဒိန်ချဉ်နှင့် ကုလားပဲမှုန့်
ဒိန်ချဉ်နှင့် ကုလားပဲမှုန့်ဆံပင် ပေါင်းတင်ဆေးက ဘောက်တွေို ကာကွယ်ပေးပြီး သင့်ဦးရေပြားမှာ အဆီပြန်ခြင်းကို ထိန်းချုပ်ပေးပါတယ်။
ပြုလုပ်နည်းကတော့ ပန်းကန်လုံးတစ်လုံးထဲကို ဒိန်ချဉ် ထမင်းစားဇွန်း ၂ဇွန်းထည့်ပါ။ ကုလားပဲမှုန့် ထမ်ငးစားဇွန်း တစ်ဝက်ထည့်ပါ၊ ပါဝင်ပစ္စညး်နှစ်မျိုးကို ရောမွှေပြီး သင့်ဆံပင်နှင် ့ဦးရေပြားကို သုတ်လိမ်းပြီး နှိပ်နယ်ပေးပါ။ တစ်နာရီလောက်နေမှ သင့်ဆံပင်တွေကို အပျော့စားရှန်ပူနှင့် လျှော်ပေးပါ။ ဒီနညး်လမ်းကို တစ်ပတ်ကို ၂ကြိမ် ဘောက်လုံးဝပျောက်သွားတဲ့အထိ တစ်လလောက် ပြုလုပ်ပေးပါ။
၃။ အုန်းဆီနှင့် ရှားစောင်းလပ်ပတ်
အုန်းဆီက ဦးရေပြားကို အစိုဓါတ်ရရှိစေသလို ခြောက်သွေ့ဘောက်တွေကိုလညး် ကာကွယ် ကုသပေးပါတယ်။
ပြုလုပ်နညး်ကတော့ ပန်းကန်လုံးတစ်လုံးထဲမှာ အုန်းဆီနွေးနွေးလေး ထမင်းစားဇွန်း ၁ဇွန်းထည့်ပါ။ ရှားစောင်းလပ်ပတ်ရွက်ကို နှစ်ခြမ်းခြမ်းပြီး အနှစ်ကို ယူပါ။ အနှစ်ကို အုန်းဆီနွေးနွေးလေးနဲ့ ရောမွှေပြီး သင့်ဆံပင်နှင့် ဦးရေပြားပေါ်မှာ လိမ်းပြီး နှိပ်နယ်ပေးရပါမယ်။ မိနစ် ၃၀- ၄၅မိနစ် ကြာမှ ရေနဲ့ဆေးပြီး ခေါင်းလျှော်ရည်အပျော့စားနဲ့ လျှော်ပါ။ ဒီနည်းလမ်းကို ဘောက်တွေပျောက်တဲ့အထိ တစ်ပတ်ကို ၂ကြိမ်ပြုလုပ်ပေးပါ။
၄။ မုန့်ဖုတ်ဆော်ဒါ
မုန့်ဖုတ်ဆော်ဒါက ဘက်တီးရီးယားနှင့်မှုကြောင့်ဖြစ်တဲ့ ဘောက်တွေကို သေစေပါတယ်။ ဦးရေပြားရဲ့ PH Level ကိုလည်း ထိန်းပေးပါတယ်။ ပြုလုပ်နညး်ကတော့ မုန့်ဖုတ်ဆော်ဒါ ထမင်းစားဇွန်း တစ်ဝက်ကို ရေထမင်းစားဇွန်း ၂ဇွန်းနဲ့ရောပါ။ ဝါဂွမ်းလုံးကိုသုံးပြီး သင့်ဦးရေပြားကို သုတ်လိမ်းပေးပါ။ မိနစ် ၃ဝကြာမှ အပျော့စားရှန်ပူနှင့် လျှော်ပေးပါ။ ဒီနည်းလမ်းကို ထိရောက်တဲ့ ရလဒ်ရရှိစေဖိို့ တစ်ပတ်ကို တစ်ကြိမ် ၄ပတ်ပြုလုပ်ပေးပါ။
#Lifestyle_Myanmar
#LM_Nandar
Source- glowpink