Alcohol ပါတဲ့ အချိုရည်ကို သောက်တာက လူ့ခန္ဓာကိုယ်ကို ဆိုးကျိုးတွေပေးပြီး အသည်းကိုပျက်ဆီးစေနိုင်တဲ့ အထိဖြစ်နိုင်တယ်ဆိုပေမယ့် ဆေးဖြစ်ဝါးဖြစ်သောက်တတ်ရင် ကောင်းကျိုးတွေလည်း ခံစားရနိုင်ပါလို့ သုတေသနပညာရှင်တွေက ဆိုထားပါတယ်။ Alcohol ကိုမူးအောင် သောက်တဲ့သူနဲ့ Alcohol ကိုကြိုက်လို့ သောက်တဲ့သူဆိုတာ မတူပါဘူး။ တစ်ချို့ကမူးရင်ပြီးရော သောက်တဲ့သူတွေက ဘေးဥပဒ်ဖြစ်စေတဲ့အထိ သောက်ကြပြီး၊ Alcohol ကိုကြိုက်လို့သောက်တဲ့ သူနဲ့မတူပါဘူး။
Alcohol ကိုကြိုက်တယ်ဆိုတာ သူ့ရဲ့အနံ့လေးနဲ့ သူ့ရဲ့အရသာ၊ ပြီးတော့ သူ့ရဲ့ဝန်ဆောင်မှုကိုပါ သဘောကျလို့ သောက်တာပါ။ တစ်ချို့လူတွေက သောက်ပြီးမှ ပြောမထွက်ခဲ့တဲ့ စကားလုံးတွေကို ပြောရဲလာပြီး သူတို့ရဲ့ ထွက်ပေါက်ရဖို့ Alcohol ကိုသောက်တတ်ကြပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ထွက်ပေါက်ရဖို့ အတွက်နဲ့တော့ သူများကို ဒုက္ခပေးဖို့လို့ ဆိုလိုတာ မဟုတ်ပါဘူး။ အရက်သမားတစ်ယောက်ရဲ့ ခံယူချက်ဆိုတာက သူတို့ကြိုက်လို့သောက်တယ်၊ သူတို့ရဲ့ ကိုယ်ပိုင်ကမ္ဘာကို အရောင်ခြယ်တယ်၊ ဒါပါပဲ အရမ်းရိုးရှင်းတဲ့ ဘဝတစ်ခုပါပဲ။

၁။ တခြားဘာသာစကား ပြောဆိုရာမှာ ကူညီပေးနိုင်ပါတယ်
Alcohol သောက်သုံးတာက သင့်ကို အခြားဘာသာစကားတွေ ပြောဆိုရာမှာ ယခင်ကထက် ပိုကောင်းအောင် ကူညီပေးနိုင်ပါတယ်။ ဘီယာ ၊ ဝိုင် ၊ အရက် ပဲဖြစ်ဖြစ် Alcohol အနည်းငယ် ပါတာ သောက်သုံးခြင်းက သင့်ရဲ့ ဘာသာစကား ကျွမ်းကျင်မှုကို မြှင့်တင်ပေးပြီး သွက်လက်မှုကို တိုးမြင့်လာစေနိုင်တယ်လို့ The Journal of Psychopharmacology တွင် ဖော်ပြ ထားတဲ့ လေ့လာမှု တစ်ခု အရ သိရပါတယ်။ လက်တွေ့မှာလဲ အရက်သောက်ထားတဲ့ လူက တခြားမသောက်ထားတဲ့ လူထက် ဘာသာစကားစွမ်းရည်ထက် ပိုမိုမြင့်မားတဲ့ အဆင့်မှာ ရှိတယ်ဆိုတာ သိမှာပါ။

၂။ လူနေမှုဘဝကိုလည်း ကောင်းမွန်တိုးတတ်စေပါတယ်
Alcohol ပါတဲ့ အချိုရည် အနည်းငယ်ကို သောက်တာက ဘာမှ မသောက်တာထက် ကျန်းမာရေးအတွက် ပိုကောင်းနိုင်ပါတယ်။ လူနေမှုအစိတ်အပိုင်းမှာလည်း အများကြီး တိုးတတ်ကောင်းမွန် စေနိုင်ပါတယ်။ တစ်ယောက်အကြောင်း တစ်ယောက်ရင်းနှီးစေဖို့နဲ့ သူ့ရဲ့နေထိုင်မှု အခြေအနေကိုသိဖို့က အရက်ဝိုင်းကနေ စတင်လိုက်တာက အကောင်းဆုံးစကားဝိုင်းပါပဲ။ ဒီထက်ပိုကောင်းတဲ့ လွတ်လပ်တဲ့ စကားဝိုင်းမျိုး မရှိနိုင်တော့ပါဘူး။ မလိုအပ်တဲ့စကားတွေ အများကြီးမပြောဖို့တော့ လိုအပ်ပါတယ်။

၃။ အသက်ရှည်ဖို့ အားပေးတယ်
နေ့တိုင်း Alcohol ပါတဲ့ အချိုရည်ကို သောက်ခြင်းက အသက် ၉၀ အထိ ရှည်ဖို့ အခွင့်အလမ်းတွေ တိုးလာနိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ လူပေါင်း ၅၀၀၀ မှာ အမျိုးသမီး ၃၄ ရာခိုင်နှုန်းနှင့် အမျိုးသား ၁၆ ရာခိုင်နှုန်းခန့်က အသက် ၉၀ အထိ အမှန်တကယ် အသက်ရှင်နေထိုင်ကြပြီး အရက်ကို တစ်နေ့ ၅ မှ ၁၅ ဂရမ် အထိသောက်သုံးကြပါတယ်။ တစ်နေ့ကို အရက် ၁၅ ဂရမ်ထက် ပိုသောက်တဲ့သူတွေဟာ အရွယ်မတိုင်ခင် သေဆုံးမှုနှုန်း မြင့်မားပြီး တခြားဆိုးရွားတဲ့ သက်ရောက်မှုတွေနဲ့ အဆုံးသတ်သွားကြတဲ့ အတွက် အလွန်အကျွံ သောက်သုံးဖို့ မသင့်ပါဘူး။

၄။ Alcohol အနည်းငယ်ပါတဲ့ အချိုရည်ကို သောက်သုံးခြင်းက ကျန်းမာရေးကို အထောက်အကူပြုတယ်
ဘီယာ ၊ ဝိုင် ၊ အရက် ပဲဖြစ်ဖြစ် Alcohol အနည်းငယ် ပါတာ သောက်သုံးခြင်းက ဆီးချိုရောဂါ၊ အရိုးနဲ့ ကိုလက်စထရောကို လျှော့ချပေးနိုင်ပါတယ်။ ခန္ဓာကိုယ်က အရာအားလုံးကို မျှတအောင်လုပ်ဆောင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်မှုပုံစံကို ဖြတ်သန်းပြီး တစ်ခါတစ်ရံမှာ Alcohol ကို နှစ်သက်စွာ သောက်သုံးနိုင်ပါတယ်။ အလွန်အကျွံသောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။
Nadi
Lifestyle_Myanmar
ref-bolde