ဘဝရဲ့တန်ဖိုးကို နားလည်သဘောပေါက်စေမယ့် ဒစ်စနေးစကားပြောများ

0
96

“ဘဝမှာ မဖြစ်နိုင်တာကို လုပ်ရတာဟာ ပျော်စရာပါ” လို့ တစ်ချိန်တုန်းက Walt Disney ပြောခဲ့ဖူးပါတယ်။ သူပြောခဲ့တဲ့စကားအတိုင်းပင် ဘဝဟာ သင်ထင်ထားတာထက် ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းတယ်ဆိုတာကို သူ့ဘဝတစ်လျှောက်လုံးနဲ့ သူ့ရဲ့လက်ရာတွေက သက်သေပြနေပါတယ်။ သူ့ရဲ့ဇာတ်ကားတွေထဲက ဇာတ်ကောင်တွေဟာဆိုရင်လည်း ဘဝကိုတန်ဖိုးရှိရှိ ဘယ်လိုနေထိုင်နိုင်တယ်ဆိုတဲ့ အကြောင်းတွေနဲ့ ဘဝမှာရှာမတွေ့သေးတဲ့အရာတွေကို အမြဲတမ်းလိုလို ဖော်ပြလေ့ရှိပါတယ်။

-Advertisement-

ဒါကြောင့် ကိုယ်က အရင်တုန်းကတော့ ဒစ်စနေးကားတွေကို သဘောကျလို့ ဒီအတိုင်းကြည့်ခဲ့ပေမယ့် အခုပြောပြပေးမယ့် အဖိုးတန်စကားလုံးတွေကို ကြားဖူးမိခဲ့ရဲ့လားဆိုတာကို သေချာပြန်ပြီး စဥ်းစားကြည့်လိုက်ပါ။

သင့်မှာဘာမှမရှိဘူးဆိုရင် အရာအားလုံးကို ပိုင်ဆိုင်ထားသလိုမျိုး ပြုမူပါ။
Aladdin, Aladdin (2019)

တောက်ပြောင်မှုမရှိတဲ့ နှလုံးသားတွေဟာ အမြဲတမ်းကျရှုံးစမြဲပါ။
Peter, Peter Pan

အကြောက်တရားကိုမကျော်လွှားဘူးဆိုပါက သင့်ရဲ့ရန်သူဖြစ်လာပါလိမ့်မယ်။
Pabbie, Frozen

ခက်ခက်ခဲခဲ ဖူးပွင့်ရတဲ့ ပန်းတစ်ပွင့်ဟာ အားလုံးထဲမှာ အလှဆုံးနဲ့ တန်ဖိုးအရှိဆုံး ပန်းတစ်ပွင့်ပါပဲ။
Mulan’s father, Mulan

စစ်မှန်တဲ့သူရဲကောင်းဆိုတာဟာ သူ့ရဲ့ခွန်အားပမာဏနဲ့ တိုင်းထွာတာမဟုတ်ဘဲ သူ့နှလုံးခွန်အားနဲ့သာ တိုင်းထွာခြင်းဖြစ်ပါတယ်။
Zeus, Hercules

ဘယ်အရာဖြစ်ဖြစ် နေ့တိုင်း အကောင်းဆုံးကြိုးစားလုပ်ဆောင်မယ်ဆိုရင် ကောင်းတဲ့အရာတွေသာ ကိုယ့်ထံပြန်လာမှာ သေချာပါတယ်။
Princess Tiana, The Princess and the Frog

လူတွေဟာ ဒေါသသံနဲ့ စကားအများစုကို ပြောလေ့ရှိကြပါတယ်။ ဒီစကားသံတွေကို နားထောင်၊ မထောင်ဆိုတာကတော့ ကိုယ့်ဆုံးဖြတ်ချက်ပေါ်မူတည်ပါတယ်။
Mrs. Pott, Beauty and the Beast (2017)

မိန်းကလေးတစ်ယောက်ဟာ သူမကို အသံပိတ်ချုပ်နှောင်မခံရသေးသရွေ့ သူမရဲ့အသံက ဘယ်လောက်အထိ တန်ဖိုးရှိသလဲဆိုတာကို နားလည်သဘောမပေါက်ပါဘူး။
Ursula, The Little Mermaid

ကိစ္စတစ်ခုကို တစ်ကြိမ်ထက်ပိုပြီးတော့ စိတ်ကူးအိမ်မက် မက်မိမယ်ဆိုပါက လက်တွေ့မှာ အမှန်တကယ်ဖြစ်လာနိုင်တယ်ဆိုတာ သေချာပါတယ်။
Flora, Sleeping Beauty

ကိုယ့်ကံကြမ္မာဆိုတာဟာ ကိုယ့်ဆီမှာပဲရှင်သန်နေတာဖြစ်တာကြောင့် ထိုအရာကိုထွင်းဖောက်မြင်ဖို့အတွက် သတ္တိရှိဖို့သာ လိုအပ်တာပါ။
Merida, Brave

ပြီးပြည့်စုံတဲ့ သင်ဆိုတာြဖစ်လာဖို့အတွက် တစ်စုံတစ်ယောက်ကို မလိုအပ်ပါဘူး။ ကိုယ့်ကို အရှိအတိုင်း လက်ခံနိုင်မယ့်သူကိုသာ လိုအပ်တာပါ။
Rapunzel, Tangled

ကြောက်တယ်လို့ခံစားရရင် ကိုယ့်ကိုကြောက်စိတ်ဖြစ်စေတဲ့အရာထက် ပိုပြီးကြောက်စရာကောင်းအောင် နေပြလိုက်ပါ။
Thumper, Bambi

အခုပြောပြပေးခဲ့တဲ့ စကားပြောလေးတွေထဲက စာဖတ်သူတို့ရော ဘယ်တစ်ခုကိုပိုသဘောကျကြပါလဲ။ ဒါမှမဟုတ် ဒီမှာမပါတဲ့ ကိုယ့်ရဲ့စိတ်ကြိုက် စကားပြောလေးတွေရှိသေးရင်လည်း အားလုံးသိဖို့အတွက် ပြန်လည်ဝေမျှပေးခဲ့နိုင်ပါတယ်။

Lifestyle_Myanmar

Thinzar

Source-brightside.

Zawgyi

ဘဝရဲ႕တန္ဖိုးကို နားလည္သေဘာေပါက္ေစမယ့္ ဒစ္စေနးစကားေျပာမ်ား

“ဘဝမွာ မျဖစ္ႏိုင္တာကို လုပ္ရတာဟာ ေပ်ာ္စရာပါ” လို႔ တစ္ခ်ိန္တုန္းက Walt Disney ေျပာခဲ့ဖူးပါတယ္။ သူေျပာခဲ့တဲ့စကားအတိုင္းပင္ ဘဝဟာ သင္ထင္ထားတာထက္ ပိုၿပီးေတာ့ စိတ္ဝင္စားစရာေကာင္းတယ္ဆိုတာကို သူ႔ဘဝတစ္ေလွ်ာက္လုံးနဲ႔ သူ႔ရဲ႕လက္ရာေတြက သက္ေသျပေနပါတယ္။ သူ႔ရဲ႕ဇာတ္ကားေတြထဲက ဇာတ္ေကာင္ေတြဟာဆိုရင္လည္း ဘဝကိုတန္ဖိုးရွိရွိ ဘယ္လိုေနထိုင္ႏိုင္တယ္ဆိုတဲ့ အေၾကာင္းေတြနဲ႔ ဘဝမွာရွာမေတြ႕ေသးတဲ့အရာေတြကို အၿမဲတမ္းလိုလို ေဖာ္ျပေလ့ရွိပါတယ္။

ဒါေၾကာင့္ ကိုယ္က အရင္တုန္းကေတာ့ ဒစ္စေနးကားေတြကို သေဘာက်လို႔ ဒီအတိုင္းၾကည့္ခဲ့ေပမယ့္ အခုေျပာျပေပးမယ့္ အဖိုးတန္စကားလုံးေတြကို ၾကားဖူးမိခဲ့ရဲ႕လားဆိုတာကို ေသခ်ာျပန္ၿပီး စဥ္းစားၾကည့္လိုက္ပါ။

သင့္မွာဘာမွမရွိဘူးဆိုရင္ အရာအားလုံးကို ပိုင္ဆိုင္ထားသလိုမ်ိဳး ျပဳမူပါ။
Aladdin, Aladdin (2019)

ေတာက္ေျပာင္မႈမရွိတဲ့ ႏွလုံးသားေတြဟာ အၿမဲတမ္းက်ရႈံးစၿမဲပါ။
Peter, Peter Pan

အေၾကာက္တရားကိုမေက်ာ္လႊားဘူးဆိုပါက သင့္ရဲ႕ရန္သူျဖစ္လာပါလိမ့္မယ္။
Pabbie, Frozen

ခက္ခက္ခဲခဲ ဖူးပြင့္ရတဲ့ ပန္းတစ္ပြင့္ဟာ အားလုံးထဲမွာ အလွဆုံးနဲ႔ တန္ဖိုးအရွိဆုံး ပန္းတစ္ပြင့္ပါပဲ။
Mulan’s father, Mulan

စစ္မွန္တဲ့သူရဲေကာင္းဆိုတာဟာ သူ႔ရဲ႕ခြန္အားပမာဏနဲ႔ တိုင္းထြာတာမဟုတ္ဘဲ သူ႔ႏွလုံးခြန္အားနဲ႔သာ တိုင္းထြာျခင္းျဖစ္ပါတယ္။
Zeus, Hercules

ဘယ္အရာျဖစ္ျဖစ္ ေန႔တိုင္း အေကာင္းဆုံးႀကိဳးစားလုပ္ေဆာင္မယ္ဆိုရင္ ေကာင္းတဲ့အရာေတြသာ ကိုယ့္ထံျပန္လာမွာ ေသခ်ာပါတယ္။
Princess Tiana, The Princess and the Frog

လူေတြဟာ ေဒါသသံနဲ႔ စကားအမ်ားစုကို ေျပာေလ့ရွိၾကပါတယ္။ ဒီစကားသံေတြကို နားေထာင္၊ မေထာင္ဆိုတာကေတာ့ ကိုယ့္ဆုံးျဖတ္ခ်က္ေပၚမူတည္ပါတယ္။
Mrs. Pott, Beauty and the Beast (2017)

မိန္းကေလးတစ္ေယာက္ဟာ သူမကို အသံပိတ္ခ်ဳပ္ေႏွာင္မခံရေသးသေ႐ြ႕ သူမရဲ႕အသံက ဘယ္ေလာက္အထိ တန္ဖိုးရွိသလဲဆိုတာကို နားလည္သေဘာမေပါက္ပါဘူး။
Ursula, The Little Mermaid

ကိစၥတစ္ခုကို တစ္ႀကိမ္ထက္ပိုၿပီးေတာ့ စိတ္ကူးအိမ္မက္ မက္မိမယ္ဆိုပါက လက္ေတြ႕မွာ အမွန္တကယ္ျဖစ္လာႏိုင္တယ္ဆိုတာ ေသခ်ာပါတယ္။
Flora, Sleeping Beauty

ကိုယ့္ကံၾကမၼာဆိုတာဟာ ကိုယ့္ဆီမွာပဲရွင္သန္ေနတာျဖစ္တာေၾကာင့္ ထိုအရာကိုထြင္းေဖာက္ျမင္ဖို႔အတြက္ သတၱိရွိဖို႔သာ လိုအပ္တာပါ။
Merida, Brave

ၿပီးျပည့္စုံတဲ့ သင္ဆိုတာျဖစ္လာဖို႔အတြက္ တစ္စုံတစ္ေယာက္ကို မလိုအပ္ပါဘူး။ ကိုယ့္ကို အရွိအတိုင္း လက္ခံႏိုင္မယ့္သူကိုသာ လိုအပ္တာပါ။
Rapunzel, Tangled

ေၾကာက္တယ္လို႔ခံစားရရင္ ကိုယ့္ကိုေၾကာက္စိတ္ျဖစ္ေစတဲ့အရာထက္ ပိုၿပီးေၾကာက္စရာေကာင္းေအာင္ ေနျပလိုက္ပါ။
Thumper, Bambi

အခုေျပာျပေပးခဲ့တဲ့ စကားေျပာေလးေတြထဲက စာဖတ္သူတို႔ေရာ ဘယ္တစ္ခုကိုပိုသေဘာက်ၾကပါလဲ။ ဒါမွမဟုတ္ ဒီမွာမပါတဲ့ ကိုယ့္ရဲ႕စိတ္ႀကိဳက္ စကားေျပာေလးေတြရွိေသးရင္လည္း အားလုံးသိဖို႔အတြက္ ျပန္လည္ေဝမွ်ေပးခဲ့ႏိုင္ပါတယ္။

Lifestyle_Myanmar

Thinzar

Source-brightside.

LEAVE A REPLY

Please enter your comment!
Please enter your name here