ဘဝမှာပျော်ရွင်စွာ ရှင်သန်နေထိုင်နိုင်ဖို့အတွက် အရေးအကြီးဆုံး လှို့ဝှက်ချက် ၁၀ချက်

0
1


လူတိုင်းဘဝမှာ ပျော်ရွင်စွာ ရှင်သန်နေချင်ကြတာကြောင့် ပျော်ရွင်မှုကို လိုက်ဖမ်းရင်း ပျော်စရာတွေနည်းသထက်နည်းလာကြပါတယ်။ လူအများစုဟာ ငွေကြေး၊ ကျော်ကြားမှု၊ ရိုမန်တစ်ဆန်တဲ့ အချစ်ရေး စတဲ့အရာတွေဟာ သူတို့ကို ပျော်ရွင်စေနိုင်တယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် ဒီအရာတွေဟာ သဘာဝအတိုင်း ပျော်ရွင်မှုရဲ့ ရလာဒ် ဟုတ်မဟုတ်ကိုတော့ သူတို့လက်တွေ့ သက်သေမပြနိုင်ကြပါဘူး။ ပျော်ရွင်ခြင်းရဲ့ အမှန်တရားကို သင်သဘောမပေါက်သမျှကာလပတ်လုံး ဒီအရာတွေက သင့်ကိုပျော်ရွင်စေနိုင်မှာ မဟုတ်ပါဘူး။ တကယ်တော့ ပျော်ရွင်မှုဆိုတာဟာ ကိုယ်ကချည်းယူရတာကို ဆိုလိုတာမဟုတ်ပဲ ကိုယ်ကပေးလိုက်ခြင်းဖြင့်လည်း ပျော်ရွင်မှုကို ရရှိနိုင်ပါတယ်။

အခြားသူတွေကို ပျော်ရွင်အောင်လုပ်ပါ
အခြားသူတွေကို ပျော်ရွင်အောင် လုပ်ပေးခြင်းဟာ ကိုယ့်ကိုလည်း အပျော်တွေကူးစက်စေတယ်ဆိုတာကို လူတိုင်းသတိမပြုမိကြပေမယ့် တကယ်လို့အခြားတစ်ယောက်ကို သင်ကပျော်ရွင်စေခြင်းဖြင့် သင့်ကိုလည်း ပျော်ရွင်စေပါလိမ့်မယ်။

ကြင်နာမှု ရှိပါစေ
ကြင်နာမှုကို ကြုံရာအတိုင်း ပြသခြင်းဟာ သင့်ကိုအကျိုးများစွာ ဖြစ်စေပါလိမ့်မယ်။ ဒါကြောင့် သင်ကူညီလိုက်တဲ့ သူတွေသာမက လူတိုင်းကိုကြုံရင်ကြုံသလို ကြင်နာမှုပြသပေးပါ။

ဟာသတွေများများကြည့်ပါ
လူအများစုဟာ ဒရမ်မာကားတွေကို ပိုမိုနှစ်သက်တတ်ကြပါတယ်။ ဟာသကားတွကိုများများကြည့်တာတွေ မြူးကြွတဲ့သီချင်းတွေကို များများနားထောင်ခြင်းက သင့်ကိုပိုပြီးပျော်ရွင်လာစေပါလိမ့်မယ်။

နေရောင်ခြည်ပုံမှန်ရရှိပါစေ
နေရောင်ခြည်ဟာ ကျွန်တော်တို့ကိုယ်မှာရှိတဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ပေးနိုင်ဖို့ လှုံ့ဆော်ပေးနိုင်ရုံသာမက ဗီတာမင်ကိုလည်း ထုတ်လုပ်ပေးတဲ့အတွက် ကျွန်တော်တို့ကို ပျော်ရွင်စေနိုင်ကြောင်း သက်သေပြခဲ့ကြပါတယ်။

သင်နှစ်သက်တဲ့အရာကို ပိုပြီးဆောင်ရွက်ပါ
သင့်ကို ဘယ်အရာက ပျော်ရွင်စေတယ်ဆိုတာကို သင်ကောင်းသိရှိပြီး ဒီအရာကိုဘယ်နှစ်ကြိမ်လောက်လုပ်မလဲဆိုတာကိုတော့ သင်သတိမထားပဲဖြစ်တတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်သင့်ကိုပျော်ရွင်စေတဲ့ အရာတွေကို အနည်းဆုံးတစ်နေ့တစ်ကြိမ်လောက်
ပြုလုပ်ပေးဖို့ မမေ့ပါနဲ့။

အဓိပ္ပာယ်ရှိတဲ့ relationship ကိုထိန်းသိမ်းထားဖို့ မမေ့ပါနဲ့
ကောင်းမွန်တဲ့ relationship ဟာသင့်အတွက် ပျော်ရွင်မှုရင်းမြစ်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ယခုလို RELATIONSHIP ကိုပိုပြီးနက်ရှိုင်းအောင်နဲ့ အဓိပ္ပာယ်ပိုပြီး ရှိလာအောင် ကြိုးစားနေသင့်ပါတယ်။

နေ့စဥ်မှတ်တမ်းရေးပါ
နေ့စဥ်မှတ်တမ်းဟာ သင့်ရဲ့စိတ်ခံစားချက်နဲ့ အတွေးတွေကို ဖော်ြပနိုင်တဲ့ နေရာဖြစ်လို့ သင့်အတွက် အရင်းနှီးဆုံး မိတ်ဆွေတစ်ယောက် လိုပါပဲ။ သင့်အကြောင်းတွေကို ဘာမှစောဓကမတက်ပဲ နားထောင်ပေးမယ့်သူလည်းဖြစ်ပါတယ်။

ကျန်းမာရေးကို ဂရုစိုက်ပါ
ကျန်းမာအောင်နေခြင်းဟာ ပျော်ရွင်စွာအသက်ရှင်နေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။
LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here