ဘဝမှာနေထိုင်ရင်းနဲ့ လူတစ်ချို့ကို မပြောသင့်တဲ့ စကားများ

0
1204

လောကမှာ ဘယ်သူနဲ့မှ စကားမပြော၊ ဘယ်သူနဲ့မှ အပေါင်းအသင်းမလုပ်ဘဲနဲ့ ကိုယ်တစ်ယောက်တည်း နေထိုင်လို့မဖြစ်နိုင်ဘူးဆိုတာ အားလုံးသိထားပါတယ်။ ကိုယ့်ပတ်ဝန်းကျင်က လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါမှာ ငါကတော်ပြီးသား၊ ငါကဘယ်သူ့အကူအညီမှမလိုဘူးဆိုတဲ့ မာနစိတ်နဲ့ ဆက်ဆံမိမယ်ဆိုရင်တော့ အားလုံးကချဥ်သွားကြပါလိမ့်မယ်။
ကိုယ်လိုအပ်ချိန်မှာ ဘယ်သူကမှ လှည့်မကြည့်တော့တဲ့ အခြေအနေမျိုးကို မရောက်ချင်ဘူးဆိုပါက သူများမကြိုက်မယ့်စကားတွေမပြောမိအောင်၊ သူများစိတ်အနှောင့်အယှက်ဖြစ်စေမယ့် ကိစ္စတွေကို မလုပ်ဖို့အတွက် အထူးသတိထားပေးပါ။

အထက်အလူကြီးကို မပြောသင့်တဲ့ စကားများ

အထက်လူကြီးက ကိုယ့်ကိုအလုပ်တစ်ခုခုခိုင်းလိုက်တဲ့အခါ “ဒါလုပ်ရမှာ ငါ့တာဝန်မဟုတ်ဘူး၊ ငါလုပ်စရာမဟုတ်ဘူး” ဆိုပြီးတော့ ပြန်ပြောမိမယ်ဆိုရင် လစာတိုးဖို့၊ ရာထူးတိုးဖို့ဆိုတာ အလွန်ကိုအလှမ်းဝေးသွားပါလိမ့်မယ်။ ကိုယ့်လုပ်ရမယ့်တာဝန်ထက်ပိုပြီးတော့ တခြားအလုပ်တွေကိုလည်း ညည်းညူခြင်းမရှိဘဲ တက်တက်ကြွကြွလုပ်ဆောင်နိုင်တယ်ဆိုတဲ့ ဝန်ထမ်းသဘောထားကိုပြသရာရောက်ပါတယ်။

ယောက္ခမတွေကို မပြောသင့်တဲ့ စကားများ

မွေးထားတဲ့မိဘမို့လို့ ပိုသိတယ်ဆိုတဲ့ စကားကို ငယ်စဥ်ကတည်းက ကြားဖူးလောက်မှာပါ။ ဒါကြောင့် ကိုယ်ကယောက္ခမအရှေ့မှာ အမေ့သားက ဒီလိုမျိုးကြိုက်တာဆိုပြီးတော့ သွားမပြောမိအောင် အထူးသတိထားပါ။ မတော်တဆ ယောင်မှားပြီးထွက်သွားမယ်ဆိုပါက အလကားသပ်သပ် ယောက္ခမရဲ့ မျက်မုန်းကျိုးခြင်းခံရနိုင်ပါတယ်။

သားသမီးကို မပြောသင့်တဲ့ စကားများ

မိဘတွေအနေနဲ့ သားသမီးတွေကို ပျိုးထောင်ရာမှာ လိုက်နာရမယ့် စည်းမျဥ်းတစ်ခုကတော့ ကိုယ့်ကလေးကို နောက်ကလေးတစ်ယောက်နဲ့ ဘယ်တော့မှ မနှိုင်းယှဥ်မိပါစေနဲ့။ “နင့်အမလို ဘာလို့မလုပ်နိုင်ရတာလဲ” ဆိုပြီးတော့ ကလေးကိုပြောလိုက်ခြင်းဖြင့် ချို့ယွင်းချက်ရှိသလိုခံစားသွားရစေပြီးတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှုအားလည်း လျော့နည်းသွားစေနိုင်ပါတယ်။ ကလေးက တစ်ခုခုကို မလုပ်နိုင်ဘဲ အခက်အခဲတွေ့နေချိန်မှာ ချက်ချင်းကူညီမယ့်အစား သူတို့ဘာသာသူတို့ ဘယ်လိုမျိုးအဖြေရှာနိုင်လဲဆိုတဲ့ မေးခွန်းလေးတွေ မေးပေးခြင်းဖြင့် ကူညီပေးလိုက်ပါ။

အိမ်သူဇနီးမယားကို မပြောသင့်တဲ့ စကားများ

ကိုယ်ချစ်လို့ ဘဝတစ်လျှောက်လုံး လက်တွဲဖော်အနေနဲ့ ရွေးချယ်ထားတဲ့ အိမ်သူဇနီးမယားကို “မယုံဘူး” ဆိုတဲ့ စကား လုံးဝသွားမပြောမိပါစေနဲ့။ ဒီလိုစကားလုံးတွေဟာ တစ်ဖက်လူကို စွပ်စွဲရာရောက်တဲ့အတွက် အခန့်မသင့် ပြဿနာကြီးသွားမယ်ဆိုပါက မီးစလေးကနေ မီးတောက်ကြီးဖြစ်သွားနိုင်လို့ တစ်ဖက်လူနားခံသာမယ့် စကားလုံးလေးတွေကိုသာ ရွေးချယ်ပြောဆိုပေးပါ။

သူငယ်ချင်းကို မပြောသင့်တဲ့ စကားများ

ကိုယ့်သူငယ်ချင်းတစ်ယောက်က အချိန်အကြာကြီးတွဲလာတဲ့ ချစ်သူနဲ့ လမ်းခွဲလိုက်တဲ့အချိန်မှာ “စိတ်ညစ်မနေပါနဲ့၊ အချိန်တွေအများကြီးရှိပါသေးတယ်” ဆိုပြီး မပြောမိအောင် ရှောင်ကြဥ်ပါ။ ကိုယ်ကတော့ နှစ်သိမ့်စကားအနေနဲ့ ပြောလိုက်တာဆိုပေမယ့်လည်း အသည်းကွဲနေတဲ့ သူငယ်ချင်းကို နောက်ထပ်ရည်းစားထားခိုင်းနေသလို သို့မဟုတ် ရည်းစားဖို့ သင့်မသင့်ကို စဥ်းစားခိုင်းနေသလိုဖြစ်သွားစေနိုင်ပါတယ်။

မောင်နှမ၊ ညီအစ်မ၊ ညီအစ်ကို အချင်းချင်း မပြောသင့်တဲ့ စကားများ

ကိုယ့်အစ်ကို သို့မဟုတ် ကိုယ့်အစ်မကို “ဘာလို့အဲ့လောက်တောင် လိုက်ပြီး ချုပ်ချယ်နေတာလဲ” ဆိုပြီး လုံးဝမမေးလိုက်ပါနဲ့။ ကိုယ့်ရဲ့အငယ်တွေကို ကာကွယ်ပေး၊ ကြည့်ရှုစောင့်ရှောက်ပေးရတာဟာ အကြီးတွေရဲ့တာဝန်ပဲဖြစ်တာကြောင့် ကိုယ့်ကို အရိပ်တကြည့်ကြည့်နဲ့ လိုက်ပြောနေရတာပါ။ ဒါကို အဆိုးဘက်က မမြင်ဘဲနဲ့ ကိုယ့်အတွက်ပြောတာပါလေ ဆိုတဲ့ စိတ်လေးမွေးလိုက်ပါ။ စေတနာကို ဝေဒနာလုပ်လိုက်မိပါက နှစ်ဦးသားဆက်ဆံရေးဟာ အသက်ကြီးတဲ့အထိ တည့်မရ၊ ညှိမရဖြစ်သွားနိုင်ပါတယ်။

မိဘကို မပြောသင့်တဲ့ စကားများ

“မုန်းတယ်” ဆိုပြီး ကိုယ်ပြောလိုက်တဲ့ စကားလုံးလေးနှစ်လုံးက ကိုယ်အချစ်ဆုံးလူတွေကို အများကြီး စိတ်ဒဏ်ရာပေးလိုက်နိုင်ပါတယ်။ ဘယ်လောက်ပဲ စိတ်တိုတို၊ ဒေါသထွက်နေပါစေ ဒီလိုစကားလုံးတွေဟာ အင်မတန်ဆိုးရွားတဲ့အတွက်ကြောင့် ပြောမိလိုက်ပြီးမှ နောင်တမရစေဖို့အတွက် ထိန်းမရဖြစ်နေပြီဆို ရှောင်ထွက်သွားလိုက်ပါ၊ သို့မဟုတ် ပါးစပ်ကိုတင်းတင်းစေ့ထားပါ သို့မဟုတ် သက်ပြင်းကို ခပ်ပြင်းပြင်းချလိုက်ပါ။ ဘယ်လောက်ပဲ ကိုယ့်ကိုခွင့်လွှတ်နိုင်၊ သည်းခံနိုင်တဲ့ မိသားစုဝင်တွေ၊ မိဘတွေဖြစ်နေပါစေ “မုန်းတယ်” ဆိုတဲ့ စကားလုံးကို လုံးဝ လုံးဝ မပြောမိပါစေနဲ့။

Lifestyle_Myanmar

Thinzar

Source: rd

Zawgyi

ဘဝမွာေနထိုင္ရင္းနဲ႔ လူတစ္ခ်ိဳ႕ကို မေျပာသင့္တဲ့ စကားမ်ား
ေလာကမွာ ဘယ္သူနဲ႔မွ စကားမေျပာ၊ ဘယ္သူနဲ႔မွ အေပါင္းအသင္းမလုပ္ဘဲနဲ႔ ကိုယ္တစ္ေယာက္တည္း ေနထိုင္လို႔မျဖစ္ႏိုင္ဘူးဆိုတာ အားလုံးသိထားပါတယ္။ ကိုယ့္ပတ္ဝန္းက်င္က လူေတြနဲ႔ေပါင္းသင္းဆက္ဆံတဲ့အခါမွာ ငါကေတာ္ၿပီးသား၊ ငါကဘယ္သူ႔အကူအညီမွမလိုဘူးဆိုတဲ့ မာနစိတ္နဲ႔ ဆက္ဆံမိမယ္ဆိုရင္ေတာ့ အားလုံးကခ်ဥ္သြားၾကပါလိမ့္မယ္။
ကိုယ္လိုအပ္ခ်ိန္မွာ ဘယ္သူကမွ လွည့္မၾကည့္ေတာ့တဲ့ အေျခအေနမ်ိဳးကို မေရာက္ခ်င္ဘူးဆိုပါက သူမ်ားမႀကိဳက္မယ့္စကားေတြမေျပာမိေအာင္၊ သူမ်ားစိတ္အေႏွာင့္အယွက္ျဖစ္ေစမယ့္ ကိစၥေတြကို မလုပ္ဖို႔အတြက္ အထူးသတိထားေပးပါ။
အထက္အလူႀကီးကို မေျပာသင့္တဲ့ စကားမ်ား
အထက္လူႀကီးက ကိုယ့္ကိုအလုပ္တစ္ခုခုခိုင္းလိုက္တဲ့အခါ “ဒါလုပ္ရမွာ ငါ့တာဝန္မဟုတ္ဘူး၊ ငါလုပ္စရာမဟုတ္ဘူး” ဆိုၿပီးေတာ့ ျပန္ေျပာမိမယ္ဆိုရင္ လစာတိုးဖို႔၊ ရာထူးတိုးဖို႔ဆိုတာ အလြန္ကိုအလွမ္းေဝးသြားပါလိမ့္မယ္။ ကိုယ့္လုပ္ရမယ့္တာဝန္ထက္ပိုၿပီးေတာ့ တျခားအလုပ္ေတြကိုလည္း ညည္းညဴျခင္းမရွိဘဲ တက္တက္ႂကြႂကြလုပ္ေဆာင္ႏိုင္တယ္ဆိုတဲ့ ဝန္ထမ္းသေဘာထားကိုျပသရာေရာက္ပါတယ္။
ေယာကၡမေတြကို မေျပာသင့္တဲ့ စကားမ်ား
ေမြးထားတဲ့မိဘမို႔လို႔ ပိုသိတယ္ဆိုတဲ့ စကားကို ငယ္စဥ္ကတည္းက ၾကားဖူးေလာက္မွာပါ။ ဒါေၾကာင့္ ကိုယ္ကေယာကၡမအေရွ႕မွာ အေမ့သားက ဒီလိုမ်ိဳးႀကိဳက္တာဆိုၿပီးေတာ့ သြားမေျပာမိေအာင္ အထူးသတိထားပါ။ မေတာ္တဆ ေယာင္မွားၿပီးထြက္သြားမယ္ဆိုပါက အလကားသပ္သပ္ ေယာကၡမရဲ႕ မ်က္မုန္းက်ိဳးျခင္းခံရႏိုင္ပါတယ္။
သားသမီးကို မေျပာသင့္တဲ့ စကားမ်ား

မိဘေတြအေနနဲ႔ သားသမီးေတြကို ပ်ိဳးေထာင္ရာမွာ လိုက္နာရမယ့္ စည္းမ်ဥ္းတစ္ခုကေတာ့ ကိုယ့္ကေလးကို ေနာက္ကေလးတစ္ေယာက္နဲ႔ ဘယ္ေတာ့မွ မႏႈိင္းယွဥ္မိပါေစနဲ႔။ “နင့္အမလို ဘာလို႔မလုပ္ႏိုင္ရတာလဲ” ဆိုၿပီးေတာ့ ကေလးကိုေျပာလိုက္ျခင္းျဖင့္ ခ်ိဳ႕ယြင္းခ်က္ရွိသလိုခံစားသြားရေစၿပီးေတာ့ ကိုယ့္ကိုယ္ကိုယုံၾကည္မႈအားလည္း ေလ်ာ့နည္းသြားေစႏိုင္ပါတယ္။ ကေလးက တစ္ခုခုကို မလုပ္ႏိုင္ဘဲ အခက္အခဲေတြ႕ေနခ်ိန္မွာ ခ်က္ခ်င္းကူညီမယ့္အစား သူတို႔ဘာသာသူတို႔ ဘယ္လိုမ်ိဳးအေျဖရွာႏိုင္လဲဆိုတဲ့ ေမးခြန္းေလးေတြ ေမးေပးျခင္းျဖင့္ ကူညီေပးလိုက္ပါ။

အိမ္သူဇနီးမယားကို မေျပာသင့္တဲ့ စကားမ်ား

ကိုယ္ခ်စ္လို႔ ဘဝတစ္ေလွ်ာက္လုံး လက္တြဲေဖာ္အေနနဲ႔ ေ႐ြးခ်ယ္ထားတဲ့ အိမ္သူဇနီးမယားကို “မယုံဘူး” ဆိုတဲ့ စကား လုံးဝသြားမေျပာမိပါေစနဲ႔။ ဒီလိုစကားလုံးေတြဟာ တစ္ဖက္လူကို စြပ္စြဲရာေရာက္တဲ့အတြက္ အခန႔္မသင့္ ျပႆနာႀကီးသြားမယ္ဆိုပါက မီးစေလးကေန မီးေတာက္ႀကီးျဖစ္သြားႏိုင္လို႔ တစ္ဖက္လူနားခံသာမယ့္ စကားလုံးေလးေတြကိုသာ ေ႐ြးခ်ယ္ေျပာဆိုေပးပါ။

သူငယ္ခ်င္းကို မေျပာသင့္တဲ့ စကားမ်ား

ကိုယ့္သူငယ္ခ်င္းတစ္ေယာက္က အခ်ိန္အၾကာႀကီးတြဲလာတဲ့ ခ်စ္သူနဲ႔ လမ္းခြဲလိုက္တဲ့အခ်ိန္မွာ “စိတ္ညစ္မေနပါနဲ႔၊ အခ်ိန္ေတြအမ်ားႀကီးရွိပါေသးတယ္” ဆိုၿပီး မေျပာမိေအာင္ ေရွာင္ၾကဥ္ပါ။ ကိုယ္ကေတာ့ ႏွစ္သိမ့္စကားအေနနဲ႔ ေျပာလိုက္တာဆိုေပမယ့္လည္း အသည္းကြဲေနတဲ့ သူငယ္ခ်င္းကို ေနာက္ထပ္ရည္းစားထားခိုင္းေနသလို သို႔မဟုတ္ ရည္းစားဖို႔ သင့္မသင့္ကို စဥ္းစားခိုင္းေနသလိုျဖစ္သြားေစႏိုင္ပါတယ္။

ေမာင္ႏွမ၊ ညီအစ္မ၊ ညီအစ္ကို အခ်င္းခ်င္း မေျပာသင့္တဲ့ စကားမ်ား

ကိုယ့္အစ္ကို သို႔မဟုတ္ ကိုယ့္အစ္မကို “ဘာလို႔အဲ့ေလာက္ေတာင္ လိုက္ၿပီး ခ်ဳပ္ခ်ယ္ေနတာလဲ” ဆိုၿပီး လုံးဝမေမးလိုက္ပါနဲ႔။ ကိုယ့္ရဲ႕အငယ္ေတြကို ကာကြယ္ေပး၊ ၾကည့္ရႈေစာင့္ေရွာက္ေပးရတာဟာ အႀကီးေတြရဲ႕တာဝန္ပဲျဖစ္တာေၾကာင့္ ကိုယ့္ကို အရိပ္တၾကည့္ၾကည့္နဲ႔ လိုက္ေျပာေနရတာပါ။ ဒါကို အဆိုးဘက္က မျမင္ဘဲနဲ႔ ကိုယ့္အတြက္ေျပာတာပါေလ ဆိုတဲ့ စိတ္ေလးေမြးလိုက္ပါ။ ေစတနာကို ေဝဒနာလုပ္လိုက္မိပါက ႏွစ္ဦးသားဆက္ဆံေရးဟာ အသက္ႀကီးတဲ့အထိ တည့္မရ၊ ညႇိမရျဖစ္သြားႏိုင္ပါတယ္။

မိဘကို မေျပာသင့္တဲ့ စကားမ်ား

“မုန္းတယ္” ဆိုၿပီး ကိုယ္ေျပာလိုက္တဲ့ စကားလုံးေလးႏွစ္လုံးက ကိုယ္အခ်စ္ဆုံးလူေတြကို အမ်ားႀကီး စိတ္ဒဏ္ရာေပးလိုက္ႏိုင္ပါတယ္။ ဘယ္ေလာက္ပဲ စိတ္တိုတို၊ ေဒါသထြက္ေနပါေစ ဒီလိုစကားလုံးေတြဟာ အင္မတန္ဆိုး႐ြားတဲ့အတြက္ေၾကာင့္ ေျပာမိလိုက္ၿပီးမွ ေနာင္တမရေစဖို႔အတြက္ ထိန္းမရျဖစ္ေနၿပီဆို ေရွာင္ထြက္သြားလိုက္ပါ၊ သို႔မဟုတ္ ပါးစပ္ကိုတင္းတင္းေစ့ထားပါ သို႔မဟုတ္ သက္ျပင္းကို ခပ္ျပင္းျပင္းခ်လိုက္ပါ။ ဘယ္ေလာက္ပဲ ကိုယ့္ကိုခြင့္လႊတ္ႏိုင္၊ သည္းခံႏိုင္တဲ့ မိသားစုဝင္ေတြ၊ မိဘေတြျဖစ္ေနပါေစ “မုန္းတယ္” ဆိုတဲ့ စကားလုံးကို လုံးဝ လုံးဝ မေျပာမိပါေစနဲ႔။

Lifestyle_Myanmar

Thinzar

Source: rd

LEAVE A REPLY

Please enter your comment!
Please enter your name here