ဘဝမှာ တစ်ခေါက်လောက် ရူးရူးမူးမူး ရောက်ဖူးချင်တဲ့ နေရာလေးများ

0
554
သဘာဝအလှတရား
သဘာဝအလှတရား

လူတိုင်းလိုလို ခရီးသွားရပြီး သဘာဝရဲ့ အလှတရားတွေကို ခံစားရတာ ကြိုက်နှစ်သက်တဲ့သူတွေချည်းပါပဲ။ အခုသင့်မှာ ခရီးသွားဖို့ စိတ်ကူးရှိပေမဲ့ ဘယ်နေရာကို သွားရမလဲ စဉ်းစားရခက်နေပြီလား။ ဒါဆို ခရီးသွားချင်တဲ့ Lifestyle_Myanmar က ပရိတ်သတ်တွေအတွက် လူ့ပြည့်မှာရှိတဲ့ နတ်ဘုံအချို့ကို လမ်းညွှန်ပေးလိုက်မယ်နော်။

၁။ ဗီယက်နမ်နိုင်ငံ၊ ဒါနန်မြို့မှာရှိတဲ့ လက်ပေါ်ကရွှေရောင်တံတားဟာဆိုရင် သဘာဝအလှတွေကို မြင်ကွင်းတစ်ဆုံး ခံစားနိုင်ပြီး နေဝင်ဆည်းဆာချိန်ဟာဆိုရင်လည်း အရမ်းကို ကြည်နူးဖို့ကောင်းပါတယ်။

၂။ တရုတ်နိုင်ငံရှိ Zhangjiajie အမျိုးသားသစ်တောဥယျာဉ် ဟာ ဆိုရင် ရာသီဥတုအလိုက် အရမ်းကိုစွဲဆောင်မှုရှိပြီး အပင်မျိုးစေ့ပေါင်း ၉၈% နဲ့ တိရိစ္ဆာန်မျိုးပေါင်း ၇၀၀ လောက် ကျက်စားရာနေရာလဲဖြစ်ပါတယ်။

၃။ ပင်လယ်ရှိတဲ့အရပ်ဆိုတော့ ကြည့်လိုက်တာနဲ့ တိမ်တွေဆိုင်းပြီး အရမ်းကို လှပတဲ့ Beachy Head ကမ်းဘားတစ်ခုပဲဖြစ်ပြီး ယူနိုက်တက်ကင်းဒမ်းမှာတည်ရှိနေပါတယ်။

၎။ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာတည်ရှိပြီး ပန်းချီပမာအရမ်းလှပတဲ့ Hamilton ရေကူးကန်ပဲဖြစ်ပါတယ်။ ဒီလိုနေရာမှာ လူတိုင်း ဓာတ်ပုံကောင်းကောင်းလေးတစ်ပုံလောက်တော့ ရိုက်သွားချင်မိမှာအမှန်ပါပဲ။

၅။ ဖိလစ်ပိုင်နိုင်ငံ၊ ဖိလစ်ပိုင်ပင်လယ်ထဲကို စီးဆင်းနေတဲ့ Hinatuan မြစ်ပဲဖြစ်ပါတယ်။ မြစ်တစ်လျှောက် ရေတွေက ကြည်ပြီး ပြာလဲ့နေတာကိုတွေ့မြင်ရမှာဖြစ်ပြီး ဘာမှမလုပ်ဘဲ ဒီရေပြင်ကြီးကို ကြည့်နေရုံနဲ့တင် အပန်တော်တော်ပြေပျောက်သွားမှာဖြစ်ပါတယ်။

၆။ ရုရှားနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ Baikal ကန်တော်ကြီးပဲဖြစ်ပါတယ်။ ပန်းပုထုထားသလို ရေခဲပြင်မှာရှိတဲ့ ရေခဲချပ်တွေက အရမ်းကိုလှပပြီး စွဲဆောင်မှုရှိစေပါတယ်။

၇။ တူရကီနိုင်ငံမှာရှိတဲ့ Travertine ရေအိုင်ဟာဆိုရင် Pamukkale မှာတည်ရှိပါတယ်။ စကျင်ကျောက်နဲ့အတူ ကာဗွန်နိတ်တွင်းထွက်ရေတစ်မျိုးပဲဖြစ်ပြီး ရေအိုင်လေးတွေဟာဆိုရင် လှေကားထစ်ပုံစံတစ်ခုနဲ့တစ်ခုထပ်ကာ ရေတံခွန်သဖွယ်စီးဆင်းနေပါတယ်။

၈။ ချီလီနိုင်ငံရှိ စကျင်ကျောက်ဂူနဲ့ Ceneral Carrera ရေကန်ဟာဆိုရင် နှစ်ပေါင်း ၆၀၀၀ ကျော်လောက်သဘာဝက အလှဆင်ထားတာဖြစ်ပါတယ်။ အာဂျင်တီးနားနဲ့ ချီလီအကြားမှာတည်ရှိနေပါတယ်။

၉။ အမေရိကန်နိုင်ငံ Wyoming မှာရှိတဲ့ Grand Prismatic Spring ပဲဖြစ်ပါတယ်။ အဆိုပါ ရေအိုင်ဟာဆိုရင် အကျယ် ၃၇၀ မိတာပတ်လည်ရှိပြီး ရေအနက်ကတော့ ၆၀မီတာရှိပါတယ်။ ရေကန်ရဲ့ အနားစပ်တွေမှာ သက်တံရောင်ကဲ့သို့ အရောင်တွေထွက်နေတာတွေ့မြင်ရမှာဖြစ်ပါတယ်။

၁၀။ ပီရူးနိုင်ငံ Huacachina မြို့လေ ဟာဆိုရင် လှပတဲ့ သဲကန္တရက ဝိုင်းထားပေမဲ့ ရေအိုင်လေးတစ်ခုရှိပါတယ်။ ဒေသခံ ၁၀၀ ကျော်လောက်ရှိပြီး အဆိုပါမြို့ရဲ့ ၅မီတာအကွာမှာတော့ အီကာမြို့လေးရှိပါတယ်။

#Lifestyle_Myanmar

#Thar_Nage

မသေခင် တစ်ခေါက်လောက်တော့ ရောက်ဖူးချင်တဲ့ ကမ်းခြေ ၁၀ခု

LEAVE A REPLY

Please enter your comment!
Please enter your name here