ဘယ်အကဟာ ကိုယ်အလေးချိန်ကျဖို့အတွက်အကောင်းဆုံးလဲ?

0
114

ပျိုမေတို့ရေ…cardio ကစားရမှာ၊ ပြေးရမှာ၊ gymဆော့ရမှာကို ပျင်းနေသလား? ပြောင်းလဲမှုတစ်ချို့ကို ရှာဖွေနေသလား? ပျိုမေတို့မှာ ဝိတ်လည်းချချင်တယ်။ ဒီလိုအားကစားလုပ်ရမှာလည်း ပျင်းနေတယ်ဆိုရင် နည်းလမ်းကောင်းတစ်ချို့ကို မျှဝေပေးမယ်နော်။

ပျိုမေတို့မှာ ဝိတ်လည်းကျချင်တယ်၊ ကိုရီးယားမလေးတွေလို လှလှပပလေးတွေ ဝတ်ချင်တဲ့ စိတ်ကူးရှိမှာပါ။ ဒီစိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့ လေ့ကျင့်ခန်းလုပ်စရာမလိုပါဘူး။ ပျိုမေတို့အနေနဲ့ ကခုန်ရတာကို နှစ်သက်မှာပါနော်။ ကခုန်ခြင်းက ကိုယ်အလေးချိန်ကို လျော့ကျစေပြီး ကိုယ်ကာယကြံ့ခိုင်မှုကို တိုးတတ်စတဲ့ လေ့ကျင့်ခန်းပုံစံတစ်ခုဖြစ်ကြောင်း ကျန်းမာရေးကျွမ်းကျင်သူများက အတည်ပြုထားပါတယ်။ အကပုံစံအများကြီးရှိတာကြောင့် ဘယ်အက ကကိုယ်အလေးချိန်ကျဖို့အတွက် အကောင်းဆုံးလဲဆိုတာကို ပြောပြပေးပါမယ်။

၁။ Zumba

Zumba အကဟာ အေရိုးဗစ်လှုပ်ရှားမှုနှင့်အတူ ရောနှောပေါင်းစပ်ထားတဲ့ အကပုံစံတစ်ခုဖြစ်ပါတယ်။ Zumba အကဟာ မြူးကြွဖွယ်ဂီတနှင့်အတူ ပျော်စရာကောင်းတဲ့ ကကွက်တွေနဲ့ ကရတာဖြစ်တာကြောင့် လူအတော်များများ နှစ်သက်ကြပါတယ်။ Zumba အတန်းတွေကို အများအားဖြင့် fitness clubs တွေ၊ gymsတွေမှာ တတ်လို့ရပါတယ်။ ဒီအေရိုးဗစ်လေ့ကျင့်ခန်းပုံစံက ခန္ဓာကိုယ်တခုလုံး ကျန်းမာကြံခိုင်ဖို့အတွက် အထူးကောင်းမွန်ပါတယ်။ ဒီ ဇန်ဘာလေ့ကျင့်ခန်းကို တစ်ပတ်မှာ အနည်းဆုံး ၃-၄ရက်ပြုလုပ်ဖို့ အကြံပြုပါတယ်။

၂။ Hip-Hop

Hip-Hopအကစတိုင်က လမ်းပေါ်မှာကခုန်ဖို့ ရည်ညွှန်းတာပါ။ ဒီအကပုံစံက Hip-Hop ဂီတနှင့်အတူ ဖျော်ဖြေရတာပါ။ ဒီအကဟာ ခန္ဓာကိုယ်တစ်ခုလုံးကို ပစ်မှတ်ထားတာကြောင့် စွမ်းအင်မြင့်မားနေဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ ဝမ်းဗိုက်ကြွက်သားကို သန်မာစေဖို့ ကူညီပေးတဲ့ ခါးနှင့်တင်ပါးဧရိယာမှာ အများစု လှုပ်ရှားရတဲ့ အကပုံစံဖြစ်တာကြောင့် Hip-Hop ဆိုတဲ့ နာမည်ကိုပေးထားခြင်း ဖြစ်ပါတယ်။ Youtube ဗီဒီယိုကြည့်ရင်း ကတာပဲဖြစ်ဖြစ်၊ fitness club တစ်ခုမှာကတာပဲဖြစ်ဖြစ် ကယ်လိုရီ ၃၀၀-၄၀၀ လောင်ကျွမ်းဖို့ အနည်းဆုံး ၁နာရီလောက် ကသင့်ပါတယ်။

၃။ Indian Classical Dance

အိန္ဒိယအကကလည်း ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို လှုံ့ဆော်ပေးနိုင်ပါတယ်။ ကခုန်တဲ့ပုံစံအများစုက နှလုံးနှင့် အဆုတ်ကို သက်ရှည်ကျန်းမာစေတဲ့ နှလုံးသွေးကြောဆိုင်ရာခံနိုင်ရည် တည်ဆောက်ခြင်းကို ကူညီပေးပါတယ်။ ပေါင်နှင့် ခြေသလုံးကြွက်သားများ၊ ခြေလက်အင်္ဂါအောက်ပိုင်းကိုသန်မာစေခြင်းမှာ ကောင်းမွန်တဲ့ အကဖြစ်ပါတယ်။ ခြေဖဝါး၊ လည်ပင်း၊ လက်ကောက်ဝတ်၊ အပေါ်ကိုယ်ထည်နှင့် ခြေထာက်တွေအားလုံးရဲ့ လှုပ်ရှားမှုတွေလည်း ပါဝင်ပါတယ်။ အိန္ဒိယအကဟာ သွေးလည်ပတ်မှုစနစ်ကို တိုးတတ်စေပြီး ခန္ဓာကိုယ်ကြွက်သားတွေကို အကူအညီဖြစ်စေပါတယ်။

၄။ Salsa dance

Salsa

လက်တင်အမေရိကန်အကပုံစံက sensual လေ့ကျင့်ခန်းပုံစံတစ်ခုဖြစ်ပြီး ကခုန်ဖို့ ပါတနာတစ်ဦး လိုအပ်ပါတယ်။ ဆဲလ်ဆာအကဟာ 1,2,3,4,5,6,7,8ဆိုတဲ့ တိုင်ပင်ရှစ်ခုနှင့်အတူ ခြေ ၆လှမ်း လှမ်းရတဲ့ပုံစံ ဖြစ်ပါတယ်။ ဒီအကကို တစ်နေ့ တစ်နာရီလောက် ပုံမှန်လေ့ကျင့်သွားရင် ကယ်လိုရီ ၄၀၀-၅၀၀ ခန့်ကို လောင်ကျွမ်းနိုင်ပါတယ်။
သင်ယခု ဘယ်အက ကမယ်လို့ ဆုံးဖြတ်ထားပါသလဲ? သင့်မှာ ခန္ဓာကိုယ်အောက်ပိုင်း ပိုလေးလံရင် ဟစ်ဟော့နှင့် အိန္ဒိယအကပုံစံက အကောင်းဆုံးရွေးချယ်မှုဖြစ်ပြီး ခန္ဓာကိုယ်မှာ ပြည့်နေတဲ့ အဆီတွေလောင်ကျွမ်းချင်ရင်တော့ ဇန်ဘားအကဟာ ပိုပြီးထိရောက်ပါတယ်၊ ဝိတ်ကျချင်တဲ့ ပျိုမေတို့ရေ…ယခုပဲ မြူးကြွတဲ့ ဂီတနှင့်အတူ လှုပ်ရှားမှုတစ်ချို့နဲ့ ပျော်ပျော်ကြီး ကလိုက်ပါနော်။

Lifestyle_Myanmar

LM_Nandar

ZawGyi

ဘယ္အကဟာ ကိုယ္အေလးခ်ိန္က်ဖို႔အတြက္အေကာင္းဆုံးလဲ?
ပ်ိဳေမတို႔ေရ…cardio ကစားရမွာ၊ ေျပးရမွာ၊ gymေဆာ့ရမွာကို ပ်င္းေနသလား? ေျပာင္းလဲမႈတစ္ခ်ိဳ႕ကို ရွာေဖြေနသလား? ပ်ိဳေမတို႔မွာ ဝိတ္လည္းခ်ခ်င္တယ္။ ဒီလိုအားကစားလုပ္ရမွာလည္း ပ်င္းေနတယ္ဆိုရင္ နည္းလမ္းေကာင္းတစ္ခ်ိဳ႕ကို မွ်ေဝေပးမယ္ေနာ္။ ပ်ိဳေမတို႔မွာ ဝိတ္လည္းက်ခ်င္တယ္၊ ကိုရီးယားမေလးေတြလို လွလွပပေလးေတြ ဝတ္ခ်င္တဲ့ စိတ္ကူးရွိမွာပါ။ ဒီစိတ္ကူးေတြကို အေကာင္အထည္ေဖာ္ဖို႔ ေလ့က်င့္ခန္းလုပ္စရာမလိုပါဘူး။ ပ်ိဳေမတို႔အေနနဲ႔ ကခုန္ရတာကို ႏွစ္သက္မွာပါေနာ္။ ကခုန္ျခင္းက ကိုယ္အေလးခ်ိန္ကို ေလ်ာ့က်ေစၿပီး ကိုယ္ကာယႀကံ့ခိုင္မႈကို တိုးတတ္စတဲ့ ေလ့က်င့္ခန္းပုံစံတစ္ခုျဖစ္ေၾကာင္း က်န္းမာေရးကြၽမ္းက်င္သူမ်ားက အတည္ျပဳထားပါတယ္။ အကပုံစံအမ်ားႀကီးရွိတာေၾကာင့္ ဘယ္အက ကကိုယ္အေလးခ်ိန္က်ဖို႔အတြက္ အေကာင္းဆုံးလဲဆိုတာကို ေျပာျပေပးပါမယ္။

၁။ Zumba

Zumba အကဟာ ေအ႐ိုးဗစ္လႈပ္ရွားမႈႏွင့္အတူ ေရာေႏွာေပါင္းစပ္ထားတဲ့ အကပုံစံတစ္ခုျဖစ္ပါတယ္။ Zumba အကဟာ ျမဴးႂကြဖြယ္ဂီတႏွင့္အတူ ေပ်ာ္စရာေကာင္းတဲ့ ကကြက္ေတြနဲ႔ ကရတာျဖစ္တာေၾကာင့္ လူအေတာ္မ်ားမ်ား ႏွစ္သက္ၾကပါတယ္။ Zumba အတန္းေတြကို အမ်ားအားျဖင့္ fitness clubs ေတြ၊ gymsေတြမွာ တတ္လို႔ရပါတယ္။ ဒီေအ႐ိုးဗစ္ေလ့က်င့္ခန္းပုံစံက ခႏၶာကိုယ္တခုလုံး က်န္းမာႀကံခိုင္ဖို႔အတြက္ အထူးေကာင္းမြန္ပါတယ္။ ဒီ ဇန္ဘာေလ့က်င့္ခန္းကို တစ္ပတ္မွာ အနည္းဆုံး ၃-၄ရက္ျပဳလုပ္ဖို႔ အႀကံျပဳပါတယ္။

၂။ Hip-Hop

Hip-Hopအကစတိုင္က လမ္းေပၚမွာကခုန္ဖို႔ ရည္ၫႊန္းတာပါ။ ဒီအကပုံစံက Hip-Hop ဂီတႏွင့္အတူ ေဖ်ာ္ေျဖရတာပါ။ ဒီအကဟာ ခႏၶာကိုယ္တစ္ခုလုံးကို ပစ္မွတ္ထားတာေၾကာင့္ စြမ္းအင္ျမင့္မားေနဖို႔ လိုအပ္ပါတယ္။ သင့္ရဲ႕ ဝမ္းဗိုက္ႂကြက္သားကို သန္မာေစဖို႔ ကူညီေပးတဲ့ ခါးႏွင့္တင္ပါးဧရိယာမွာ အမ်ားစု လႈပ္ရွားရတဲ့ အကပုံစံျဖစ္တာေၾကာင့္ Hip-Hop ဆိုတဲ့ နာမည္ကိုေပးထားျခင္း ျဖစ္ပါတယ္။ Youtube ဗီဒီယိုၾကည့္ရင္း ကတာပဲျဖစ္ျဖစ္၊ fitness club တစ္ခုမွာကတာပဲျဖစ္ျဖစ္ ကယ္လိုရီ ၃၀၀-၄၀၀ ေလာင္ကြၽမ္းဖို႔ အနည္းဆုံး ၁နာရီေလာက္ ကသင့္ပါတယ္။

၃။ Indian Classical Dance

အိႏၵိယအကကလည္း ကယ္လိုရီေတြကို ေလာင္ကြၽမ္းေစၿပီး စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးကို လႈံ႕ေဆာ္ေပးႏိုင္ပါတယ္။ ကခုန္တဲ့ပုံစံအမ်ားစုက ႏွလုံးႏွင့္ အဆုတ္ကို သက္ရွည္က်န္းမာေစတဲ့ ႏွလုံးေသြးေၾကာဆိုင္ရာခံႏိုင္ရည္ တည္ေဆာက္ျခင္းကို ကူညီေပးပါတယ္။ ေပါင္ႏွင့္ ေျခသလုံးႂကြက္သားမ်ား၊ ေျခလက္အဂၤါေအာက္ပိုင္းကိုသန္မာေစျခင္းမွာ ေကာင္းမြန္တဲ့ အကျဖစ္ပါတယ္။ ေျခဖဝါး၊ လည္ပင္း၊ လက္ေကာက္ဝတ္၊ အေပၚကိုယ္ထည္ႏွင့္ ေျခထာက္ေတြအားလုံးရဲ႕ လႈပ္ရွားမႈေတြလည္း ပါဝင္ပါတယ္။ အိႏၵိယအကဟာ ေသြးလည္ပတ္မႈစနစ္ကို တိုးတတ္ေစၿပီး ခႏၶာကိုယ္ႂကြက္သားေတြကို အကူအညီျဖစ္ေစပါတယ္။

၄။ Salsa dance

လက္တင္အေမရိကန္အကပုံစံက sensual ေလ့က်င့္ခန္းပုံစံတစ္ခုျဖစ္ၿပီး ကခုန္ဖို႔ ပါတနာတစ္ဦး လိုအပ္ပါတယ္။ ဆဲလ္ဆာအကဟာ 1,2,3,4,5,6,7,8ဆိုတဲ့ တိုင္ပင္ရွစ္ခုႏွင့္အတူ ေျခ ၆လွမ္း လွမ္းရတဲ့ပုံစံ ျဖစ္ပါတယ္။ ဒီအကကို တစ္ေန႔ တစ္နာရီေလာက္ ပုံမွန္ေလ့က်င့္သြားရင္ ကယ္လိုရီ ၄၀၀-၅၀၀ ခန္႔ကို ေလာင္ကြၽမ္းႏိုင္ပါတယ္။
သင္ယခု ဘယ္အက ကမယ္လို႔ ဆုံးျဖတ္ထားပါသလဲ? သင့္မွာ ခႏၶာကိုယ္ေအာက္ပိုင္း ပိုေလးလံရင္ ဟစ္ေဟာ့ႏွင့္ အိႏၵိယအကပုံစံက အေကာင္းဆုံးေ႐ြးခ်ယ္မႈျဖစ္ၿပီး ခႏၶာကိုယ္မွာ ျပည့္ေနတဲ့ အဆီေတြေလာင္ကြၽမ္းခ်င္ရင္ေတာ့ ဇန္ဘားအကဟာ ပိုၿပီးထိေရာက္ပါတယ္၊ ဝိတ္က်ခ်င္တဲ့ ပ်ိဳေမတို႔ေရ…ယခုပဲ ျမဴးႂကြတဲ့ ဂီတႏွင့္အတူ လႈပ္ရွားမႈတစ္ခ်ိဳ႕နဲ႔ ေပ်ာ္ေပ်ာ္ႀကီး ကလိုက္ပါေနာ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here