သစ္စာစောင့်သိမှု၊ သစ္စာရှိမှု လို့ ပြောတဲ့အချိန်မှာ ကိုယ့်ရဲ့ချစ်သူရည်းစားအပေါ်မှာ မဖောက်ပြန်တဲ့အချက်တစ်ခုတည်းကို ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ့်ကို သူလိုအပ်တဲ့အချိန်တိုင်းမှာ အနားမှာရှိနေပေးတတ်ပြီး သူနဲ့ပတ်သက်လာရင် အမြဲတမ်း ကာကွယ်ပေးခြင်းတို့လည်း ပါဝင်နေပါတယ်။ လူတွေက စကားနဲ့သာ သစ္စာရှိတယ်လို့ လွယ်လွယ်ပြောတတ်ကြပေမယ့် တကယ်တမ်း စောင့်ထိန်းဖို့ကြတော့ တွန့်ဆုတ်တတ်ကြပြီး အမှန်တကယ် တစ်သက်သာလုံး လက်တွဲသွားဖို့ ရည်ရွယ်ပြီး ချစ်တဲ့သူတွေသာ သစ္စာရှိမှုကို ပြသနိုင်တာပါ။
ရာသီခွင်အလိုက်လည်း တစ်ယောက်နဲ့ တစ်ယောက် စိတ်နေစိတ်ထား ခံယူချက်တွေ ကွဲပြားတတ်ပါတယ်။ အခုတစ်ခေါက် ဖော်ပြပေးချင်တဲ့ ရာသီခွင် (၄) ခုကတော့ သစ္စာရှိတဲ့ ရာသီခွင်တွေပါ။ သူတို့က သူငယ်ချင်းအပေါ်ဖြစ်ဖြစ် ချစ်သူအပေါ်ဖြစ်ဖြစ် သစ္စာရှိကြပါတယ်။ ဒီတော့ လက်တွဲဖော်ရှာမယ်ဆိုရင် ဒီရာသီခွင်တွေကို ဦးစားပေးလိုက်ပါ။
Taurus (April 20 – May 20)
Taurus ရာသီဖွားတွေက သစ္စာဖောက်တာကို သက်သက်ကြီး အချိန်ကုန်စရာ အရာလို့ မြင်သူတွေပါ။ လူတစ်ယောက်ကို ခင်မင်ရင်းနှီးဖို့ အချိန်ယူရတတ်သူတွေဖြစ်ပါတယ်။ သူတို့ဘဝရဲ့ ဖူးစာရှင်ကို သတ်မှတ်လိုက်ပြီဆိုတာနဲ့ ဒီလူအနားက တစ်သက်လုံး ခွဲခွာတော့မှာမဟုတ်ပါဘူး။

Capricorn (December 22 – January 19)
Capricorn တွေက ရည်းစားထားဖို့ စိတ်မဝင်စားသူတွေဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့စိတ်ဝင်စားတာတွေ၊ ဝါသနာတွေ၊ ရည်မှန်းချက်တွေနောက်လိုက်နေရလို့ပါ။ တကယ်လို့ ချစ်မိပြီဆိုရင်တော့ Capricorn တွေက သူတို့အချိန်တွေအားလုံးကို ချစ်သူဆီ အချိန်ပြည့်ပေးတတ်ပါတယ်။ သစ္စာဖောက်ဖို့ထက် စိတ်မပါတော့ရင်တောင် လမ်းခွဲတာပဲ လုပ်တတ်တဲ့ ရာသီခွင်တွေဖြစ်ပါတယ်။

Scorpio (October 23 – November 21)
Scorpio တွေက လူတစ်ယောက်ကို ယုံကြည်ဖို့ အချိန်ယူတတ်ကြပါတယ်။ တစ်ယောက်ယောက်ကို လက်ခံလိုက်ချိန်မှာ သို့မဟုတ် တစ်စုံတစ်ခုကို သဘောကျတယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် နောက်ထပ်ပြောင်းဖို့ စိတ်မကူးတော့ပါဘူး။ သူတို့ဆီက ယုံကြည်မှုရရှိဖို့ မလွယ်ကူသလို ချစ်မိတဲ့အချိန်ကျရင်လည်း သစ္စာရှိသူတွေဖြစ်ပါတယ်။ ဒါဟာ သူငယ်ချင်းဖြစ်ဖြစ် မိသားစုဖြစ်ဖြစ် လက်တွဲဖော်ပဲဖြစ်ဖြစ်ပါ။

Cancer (June 21 – July 22)
Cancer တွေက သူတို့ချစ်ရင် ချစ်တဲ့အတိုင်း ထုတ်ဖော်ပြသတတ်ကြပါတယ်။ သူတို့က ဘဝမှာ တကယ်ချစ်တဲ့သူနဲ့တွေ့တဲ့အချိန် သစ္စာဖောက်မယ့် အတွေးမျိုး ဘယ်တော့မှ မတွေးကြတော့ပါဘူး။ ချစ်တဲ့သူရှိနေပြီပဲ ဘာလို့ နောက်တစ်ယောက်အကြောင်းတွေးရမှာလဲ ဆိုတဲ့ အတွေးရှိသူတွေပါ။

Lifestyle_Myanmar
ref-timesofindia