ဘယ်သူ့ကိုမဆို ဘီကနီဝတ်လာရင် ဓါတ်ငွေ့အလကားဖြည့်ပေးတဲ့ ရုရှားက ဓါတ်ဆီဆိုင်
0
414
ကိုယ့်ရဲ့ဆိုင် လူသိများဖို့၊ နာမည်ကြီးဖို့ဆိုရင် ဝန်ဆောင်မှုကောင်းဖို့လိုသလို မာကတ်တင်း ကောင်းဖို့လည်း လိုပါတယ်နော်။ ရုရှားဓါတ်ဆီဆိုင် တစ်ဆိုင်ရဲ့ စျေးကွက်ရှာဖွေရေး စိတ်ကူးကတော့ ထူးထူးခြားခြားနဲ့ ပျော်စရာကောင်းခဲ့ပါတယ်။
-Advertisement-
ရုရှားတိုင်ငံ ဆာမာရာရှိ Olvi ဓါတ်ဆီဆိုင်က သူ့ဆိုင်နာမည်ကြီးလာစေဖို့အတွက် ထူးဆန်းတဲ့ အတွေးတစ်ခုရှိခဲ့ပါတယ်။ သူတို့က ဘီကီနီဝတ်စုံ ဝတ်ထားသူတိုင်းကို လောင်စာအခမဲ့ပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
သူတို့ဟာ အမျိုးသမီးတွေသာ ဒီစွန့်စားမှုမှာ စာရင်းသွင်းမယ်လို့ မျှော်လင့်ခဲ့ပုံရပါတယ်။ အချို့သော အမျိုးသားတွေလည်း ရေကူးဝတ်စုံ ဝတ်ဆင်ကြလိမ်မယ်လို့ သူတို့မမျှော်လင့်ထားခဲ့ကြပါဘူး။
ဓါတ်ဆီဆိုင်ကတော့ သူတို့ရဲ့ ရက်ရက်ရောရော ကမ်းလှမ်းမှုဟာ လစ်ဟာသွားခဲ့ပါတယ်။ ဘီကနီဝတ်ဆင်သူတွေကို ကျား/မလို့ မဖော်ပြခဲ့တာကြောင့် သူတို့နောင်တရသွားလောက်မှာပါ။
ဒီအထူးကမ်းလှမ်းချက်က သုံးနာရီသာကြာပြီး ဓါတ်ဆီဆိုင်ရှေ့မှာ ဘီကနီ ဝတ်ထားတဲ့ အမျိုးသား /အမျိုးသမီးတွေ တစ်သီတစ်တန်းကြီး ရောက်လာခဲ့ပါတယ်။ တချို့က ဘီကနီဝတ်စုံအပြင် ဒေါက်မြင့်ဖိနပ်တွေစီးပြီး မိုင်ပေါင်းများစွာကနေ ရောက်လာခဲ့ကြတာပါ။
Lifestyle_Myanmar
LM_Nandar
Source-boredpanda
Zawgyi
Lifestyle_Myanmar
LM_Nandar
Source-boredpanda
LEAVE A REPLY
Please enter your comment!
Please enter your name here