ဘယ်သူမှ မတိုက်တွန်းဘဲ လေဖြတ်နေတဲ့ အတန်းဖော်ကို ပြုစုပေးနေတဲ့ မူလတန်း ကလေး၂ယောက်

0
132
Yuan နဲ့ Karl

ပြီးခဲ့တဲ့ ဇွန်လ ၂၅ရက်နေ့တုန်းက Cristine Lopez (Tin-tin Lopez) ဆိုတဲ့ facebook အကောင့်က တင်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုပြန့်နှံ့ခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်ဟာ ဖိလစ်ပိုင်နိုင်ငံ၊ Pampanga ပြည်နယ်၊ Mabalacat မြို့ မှာရှိတဲ့ မူလတန်းကျောင်းတစ်ကျောင်းကကျောင်းသား ၃ယောက်ရဲ့ အဖြစ်အပျက်လေးကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တစ်ခုပဲဖြစ်ပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်ကိုတော့ အတန်းပိုင်ဆရာမကိုယ်တိုင် ရိုက်ကူးပြီး facebook ပေါ်မှာ ပြန်လည်မျှဝေပေးခဲ့တာပါ။

ထို ဗီဒီယိုဖိုင်ထဲမှာ မူလတန်းကျောင်းသားနှစ်ဦးဖြစ်တဲ့ Yuan နဲ့ Karl ဟာ Cerebral Palsy ဝေဒနာခံစားနေရတဲ့ အတန်းဖော်တစ်ဦးကို ညီအစ်ကိုရင်းချာတွေကို သေချာပြုစုပေးနေတာပဲဖြစ်ပါတယ်။ Cerebral Palsy ရောဂါဟာ မီးမဖွားခင် ဒါမှမဟုတ် မီးဖွားပြီးအချိန်မှာချို့ယွင်းမှုတစ်ခုခုကြောင့် ဦးနှောက်ထိခိုက်ပြီး လေဖြတ်တဲ့ ဝေဒနာ ခံစားရတဲ့ ရောဂါတစ်မျိုးပါ။ ဒါ့ကြောင့် Yuan နဲ့ Karl ဟာ သနားပြီး အကူအညီပေးခဲ့တာဖြစ်ပါတယ်။

ထူးခြားတာက သူတို့နှစ်ယောက်ကို ဘယ်ဆရာမကမှ ကူညီဖို့ တိုက်တွန်းပြောဆိုချင်းမရှိဘဲ သူတို့အသိစိတ်ဓာတ်နဲ့ သူတို့ ကူညီနေကြတာဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတော့ Yuan က ရောဂါခံစားနေရတဲ့ အတန်းဖော်ကောင်လေးကို သူ့ဆီမှာပါလာတဲ့ မုန့်ကို ခွံ့ကျွေးနေပြီး Karl ကတော့ ပူနေမှာဆိုလို့ပန်ကာကိုယူပြီး ကြမ်းပြင်ပေါ်မှာ ဖွင့်ပေးနေတာပဲဖြစ်ပါတယ်။

God bless these kids. 🙏💖

Gepostet von Tin-tin Lopez am Montag, 24. Juni 2019

Inquirer.Web သတင်းဌာနတစ်ခုရဲ့ အဆိုအရ Yuan နဲ့ Karl ဟာ ဇွန်လ ၃ရက်နေ့ ကျောင်းပထမဦးဆုံးတက်တဲ့နေ့မှာပဲ အဆိုပါ အတန်းဖော်ကိုမြင်ပြီး သူ့အတွက် အစာစားတဲ့အခါနဲ့ စာရေးတဲ့အခါမှာ ကူညီပေးပါရစေဆိုပြီး ဆရာမဆီမှာ ခွင့်ပြုချက်တောင်းခဲ့ဖူးပါတယ်။ အခုချိန်မှာ တော့ အဆိုပါ ဗီဒီယိုကို ကြည့်ရှု့သူ ၁သန်း၆သောင်းကျော်နဲ့ မျှဝေပေးသူ ၃သောင်း ၇ထောင်ကျော် ရှိနေပါတယ်။

#Lifestyle_Myanmar

#Thar_Nage

ဗြိတိန် ငါးမျှားသမား ထိုင်းနိုင်ငံမှာဖမ်းမိတဲ့ ပေါင် ၂၃၂ ရှိ ကမ္ဘာ့အကြီးဆုံးငါးကြင်းကြီး

Zawgyi Fonts

ဘယ္သူမွ မတိုက္တြန္းဘဲ ေလျဖတ္ေနတဲ့ အတန္းေဖာ္ကို ျပဳစုေပးေနတဲ့ မူလတန္း ကေလး၂ေယာက္
ၿပီးခဲ့တဲ့ ဇြန္လ ၂၅ရက္ေန႔တုန္းက Cristine Lopez (Tin-tin Lopez) ဆိုတဲ့ facebook အေကာင့္က တင္ခဲ့တဲ့ ဗီဒီယိုဖိုင္တစ္ခုျပန္႔ႏွံ့ခဲ့ပါတယ္။ အဆိုပါ ဗီဒီယိုဖိုင္ဟာ ဖိလစ္ပိုင္နိုင္ငံ၊ Pampanga ျပည္နယ္၊ Mabalacat ၿမိဳ႕ မွာရွိတဲ့ မူလတန္းေက်ာင္းတစ္ေက်ာင္းကေက်ာင္းသား ၃ေယာက္ရဲ့ အျဖစ္အပ်က္ေလးကို ရိုက္ကူးထားတဲ့ ဗီဒီယိုဖိုင္တစ္ခုပဲျဖစ္ပါတယ္။ အဆိုပါ ဗီဒီယိုဖိုင္ကိုေတာ့ အတန္းပိုင္ဆရာမကိုယ္တိုင္ ရိုက္ကူးၿပီး facebook ေပၚမွာ ျပန္လည္မၽွေဝေပးခဲ့တာပါ။

ထို ဗီဒီယိုဖိုင္ထဲမွာ မူလတန္းေက်ာင္းသားႏွစ္ဦးျဖစ္တဲ့ Yuan နဲ႔ Karl ဟာ Cerebral Palsy ေဝဒနာခံစားေနရတဲ့ အတန္းေဖာ္တစ္ဦးကို ညီအစ္ကိုရင္းခ်ာေတြကို ေသခ်ာျပဳစုေပးေနတာပဲျဖစ္ပါတယ္။ Cerebral Palsy ေရာဂါဟာ မီးမဖြားခင္ ဒါမွမဟုတ္ မီးဖြားၿပီးအခ်ိန္မွာခ်ိဳ႕ယြင္းမွုတစ္ခုခုေၾကာင့္ ဦးေႏွာက္ထိခိုက္ၿပီး ေလျဖတ္တဲ့ ေဝဒနာ ခံစားရတဲ့ ေရာဂါတစ္မ်ိဳးပါ။ ဒါ့ေၾကာင့္ Yuan နဲ႔ Karl ဟာ သနားၿပီး အကူအညီေပးခဲ့တာျဖစ္ပါတယ္။

ထူးျခားတာက သူတို႔ႏွစ္ေယာက္ကို ဘယ္ဆရာမကမွ ကူညီဖို႔ တိုက္တြန္းေျပာဆိုခ်င္းမရွိဘဲ သူတို႔အသိစိတ္ဓာတ္နဲ႔ သူတို႔ ကူညီေနၾကတာျဖစ္ပါတယ္။ ဗီဒီယိုထဲမွာေတာ့ Yuan က ေရာဂါခံစားေနရတဲ့ အတန္းေဖာ္ေကာင္ေလးကို သူ႔ဆီမွာပါလာတဲ့ မုန္႔ကို ခြံ့ေကၽြးေနၿပီး Karl ကေတာ့ ပူေနမွာဆိုလို႔ပန္ကာကိုယူၿပီး ၾကမ္းျပင္ေပၚမွာ ဖြင့္ေပးေနတာပဲျဖစ္ပါတယ္။

Inquirer.Web သတင္းဌာနတစ္ခုရဲ့ အဆိုအရ Yuan နဲ႔ Karl ဟာ ဇြန္လ ၃ရက္ေန႔ ေက်ာင္းပထမဦးဆုံးတက္တဲ့ေန႔မွာပဲ အဆိုပါ အတန္းေဖာ္ကိုျမင္ၿပီး သူ႔အတြက္ အစာစားတဲ့အခါနဲ႔ စာေရးတဲ့အခါမွာ ကူညီေပးပါရေစဆိုၿပီး ဆရာမဆီမွာ ခြင့္ျပဳခ်က္ေတာင္းခဲ့ဖူးပါတယ္။ အခုခ်ိန္မွာ ေတာ့ အဆိုပါ ဗီဒီယိုကို ၾကည့္ရွု႔သူ ၁သန္း၆ေသာင္းေက်ာ္နဲ႔ မၽွေဝေပးသူ ၃ေသာင္း ၇ေထာင္ေက်ာ္ ရွိေနပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here