ဘယ်သူမှ ညမအိပ်ရဲတဲ့ ကမ္ဘာပေါ်က ထိတ်လန့်စရာ အကောင်းဆုံး နေရာ ၁၀ ခု

0
54

စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းတွေဆိုရင် လူတိုင်းနှစ်သက်တတ်ကြပြီး အထူးသဖြင့် သရဲခြောက်တဲ့စာအုပ်၊ ဇာတ်ကားတွေနဲ့ ကြက်သီးထစရာကောင်းတဲ့ နေရာတွေကိုလည်း လူတိုင်းစိတ်ဝင်စားကြပါတယ်။ ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးပေါ်မှာပဲ လူအများစုက သွားရောက်လည်ပတ်ဖို့ ငြင်းဆန်လေ့ရှိတဲ့ နေရာတွေရှိပါတယ်။ တကယ်လို့ သင်ကဒီလိုထိတ်လန့်စရာကောင်းတဲ့ အဖြစ်အပျက်တွေကို စိတ်ဝင်စားတာ ဒါမှမဟုတ် သွားရောက်လေ့လာချင်တယ်ဆိုရင်တော့ ယခုဖော်ပြမယ့် နေရာတွေကို သွားရောက်လေ့လာဖို့ အသင့်တော်ဆုံးပါပဲ။

ပဲရစ်မြို့က ကျောက်မိုင်း

အဆိုပါကျောက်မိုင်းတွင်းဟာ ပဲရစ်မြို့ရဲ့ လမ်းမကြီးအောက်မှာ တည်ရှိနေပြီး လူအများကြီးသေခဲ့တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ လှိုင်းခေါင်းတွေအတွက်လည်း မြေပုံမရှိသလို လူအရိုးတွေ ထောင်ပေါင်းများစွာနဲ့ ပြည့်နှက်လျှက်ရှိပါတယ်။ တကယ်လို့ တွင်းပေါက်ထဲကို မတော်တဆ ပြုတ်ကျသွားခဲ့မယ်ဆိုရင်တော့ ထောင်ပေါင်းများစွာအနက်ထိ ရောက်သွားနိုင်ပါတယ်။ တကယ်လို့ သင်သွားရောက်မယ်ဆိုရင်တော့ သရဲအခြောက်ခံရတာထက် ပြုတ်မကျဖို့ကိုပဲ ပိုပြီးဂရုစိုက်ရမှာပါ။

လူမျိုးတုန်းသတ်ဖြတ်မှုကြီးဖြစ်ခဲ့တဲ့ Tuol Sleng ပြတိုက်

ဒီအိမ်ကြီးမှာ တချိန်က အရက်စက်ဆုံး နှိပ်စက်ညှင်းပန်းမှုတွေ သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ စစ်သားတွေဟာ ဖမ်းဆီးထားတဲ့ သုံ့ပန်းတွေကို ဝါယာရှော့တိုက်တာတွေ ကြာပွတ်နဲ့ရိုက်တာတွေအပြင် အရမ်းကိုရက်စက်တဲ့ နည်းလမ်းတွေနဲ့ နှိပ်စက်ခဲ့ကြပြီး အသတ်ခံခဲ့ရလို့ မကျွတ်မလွတ်တဲ့ တစ္ဆေ ပေါင်း ၁၇၀၀၀လောက်ရှိပြီး ညအချိန်အော်သံတွေ ကြားနေရကြောင်း လူတွေပြောကြပါတယ်။

မဟူရာသေမင်းလမ်း

ဒီကြောက်စရာကောင်းတဲ့ လမ်းမကြီးကတော့ နယူးဂျာစီမှာရှိပြီး နာမည်မရှိပါဘူး။ ဘယ်အချိန်ပဲဖြစ်ဖြစ် လမ်းမတစ်လျှောက်လုံး အခိုးအငွေ့တွေနဲ့ ပြည့်နေပြီး ကောင်းကင်ကိုကောင်းစွာမမြင်ရသလို တစ္ဆေမုဆိုးတွေရဲ့ ပြောပြချက်အရ ညဖက်ဆိုရင် အဆိုပါလမ်းမှာ တစ္ဆေတွေနဲ့ ပြည့်နှက်နေကြောင်း သိရှိရပါတယ်။

Leap ရဲတိုက်

ဒီရဲတိုက်ကတော့ တချိန်ကအိုင်းရစ်လူမျိုးတွေ ပိုင်ဆိုင်တဲ့ရှေးဟောင်း အဆောက်အအုံကြီးဖြစ်ပါတယ်။ တချိန်တုန်းက ခရစ်ယာန်ဘာသာရေးဆရာတွေနဲ့ အခြားအကျဉ်းသားတွေအမြောက်အများကို သတ်ဖြတ်ဖို့အတွက် အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ ယခုအချိန်ထိ အရမ်းကိုသရဲခြောက်တဲ့ နေရာတစ်ခုအဖြစ် ထင်ရှားပါတယ်။ 

Byberry စိတ္တဇဆေးရုံ

ဒီစိတ္တဇဆေးရုံဟာ နှစ်ပေါင်း ၈၀ လောက်ဖွင့်ခဲ့ပြီး ဆေးရုံအလုပ်သမားတွေဟာ လူနာတွေကို လူမဆန်စွာနှိပ်စက်ညှင်းပန်းတာကြောင့် ပိတ်ပစ်ခဲ့ရပါတယ်။ ယခုအချိန်မှာတော့ မကျွတ်မလွတ်ဖြစ်နေတဲ့ လူနာတွေရဲ့ ခြောက်လှန့်မှုကြောင့် လူတွေရှောင်ရှားကြတဲ့ နေရာတစ်ခုပါ။တချိန်တုန်းက အမျိုးသမီးတစ်ယောက်ကို စိတ်မနှံတဲ့ လူနာတွေက အပိုင်းပိုင်းဖြတ်ပြီး ဆေးရုံတစ်ခုလုံးမှာ ဖြန့်ကျဲခဲ့တဲ့ ဖြစ်ရပ်လည်း ရှိခဲ့ပါတယ်။ 

Humberstone နဲ့ LaNoria 

ဒီမြို့နှစ်မြို့ဟာချီလီမှာတည်ရှိပါပြီးမိုင်းတွင်းဖြစ်ခဲ့တဲ့နေရာပါ။အဆိုပါနေရာကသင်္ချိုင်းဟာတခါတစ်လေညဖက်ဆိုရင်သရဲတစ္ဆေတွေ   လမ်းထလျှောက်လေ့ရှိပြီးမြို့ထဲကိုဝင်ရောက်လာလေ့ရှိကြောင်းနဲ့လူတွေအတော်များများကဓါတ်ပုံရိုက်ပြီးမှတ်တမ်းယူခဲ့ကြသလိုကလေးတွေပြေးလွှားပြီးရယ်မောနေတာတွေလည်းမြင်တွေရကြောင်းဒါပေမယ့်အနီးကပ်သွားကြည့်ရင်မရှိတော့ကြောင်းမြို့ခံတွေကပြောကြပါတယ်။

The Ridge

အဆိုပါနေရာဟာလည်းတချိန်ကစိတ္တဇဆေးရုံဖြစ်ခဲ့ပြီးကမ္ဘာ့သရဲအခြောက်ဆုံးနေရာမှာနံပါတ်၁၃ချိတ်လျှက်ရှိပါတယ်။ဒီအိမ်ကြီးမှာသရဲတွေအမြောက်အများကခြောက်လှန့်နေပြီးတစ္ဆေတစ်ကောင်ဖြစ်တဲ့အသက်၅၄နှစ်အရွယ်အမျိုးသမီးကတော့အဆိုးဆုံးဖြစ်ကြောင်းသိရပါတယ်။သူမဟာ၆ပတ်လောက်ပျောက်သွားခဲ့ပြီးဆေးရုံရဲ့နေရာတစ်ခုမှအလောင်းကိုပြန်တွေ့ခဲ့တာပါ။သူမကတော့အဆိုပါနေရာမှာညတိုင်းခြောက်လှန့်နေတတ်ပါတယ်။

Stull သင်္ချိုင်း

ဒီသရဲခြောက်တဲ့နေရာကတော့ငရဲတံခါး၇ပေါက်ကတစ်ပေါက်ဖြစ်ကြောင်းလူတွေပြောကြပါတယ်။လူပေါင်းများစွာဒီနေရာမှာပျောက်ဆုံးခဲ့ကြပြီးသေဆုံးလျှက်ပြန်တွေ့ရတဲ့အကြိမ်လည်းမနည်းလှပါဘူး။ယနေအချိန်ထိကြက်သီးထလောက်အောင်ခြောက်လှန့်နေတုန်းပါပဲ။

ငရဲမြို့

 ဒီမြို့နာမည်ကိုတော့ထူးထူးဆန်းဆန်းငရဲမြို့လို့ပေးထားပါတယ်။အဆိုပါမြို့မှာများပြားလှတဲ့သရဲပုံပြင်တွေလည်းအများကြီးပါပဲ။သရဲအရမ်းခြောက်ယုံသာမကညဖက်ဆိုရင်ရွေ့လျားနေတဲ့သစ်ပင်တွေနဲ့အဆိပ်ပြင်းပြီးရန်မူတတ်တဲ့မြွေဆိုးတွေလည်းပေါများပါတယ်။  

Riddle အိမ်ကြီး

ဒီအိမ်ကြီးတော့ယနေ့ချိန်ထိဖလော်ရီဒါမှာရှိနေပါတယ်။အရင်တည်းကအသုဘအိမ်ကြီးလို့လူတွေခေါ်ခဲ့ကြပြီးနက်နဲတဲ့လှို့ဝှက်ချက်တွေလည်းအများကြီးရှိနေပါတယ်အစေခံတစ်ယောက်ဟာလှေကားမှာကိုယ့်ကိုယ်ကိုသတ်သေခဲ့ပြီးယခုအချိန်ထိအိမ်ရှင်အသစ်တွေအလည်လာတဲ့သူတွေကိုခြောက်လှန့်နေကြောင်းသိရှိရပါတယ်။

LM_Naung_Naung

Lifestyle_Myanmar


LEAVE A REPLY

Please enter your comment!
Please enter your name here